သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးနဲ႔ ရခိုင္ ဝန္ႀကီးခ်ဳပ္ေတြကို အမ်ားျပည္သူအၾကားတည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေအာင္လံႈ့ေဆာ္မႈနဲ႔ တရားစြဲဆို


မႏၱေလးတုိင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္(ဝဲ) နဲ႔ ရခုိင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပု (ယာ)။

[Zawgyi/Unicode]

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးခံထားရတဲ့ မႏၱေလးတိုင္းနဲ႔ ရခုိင္ျပည္နယ္ ဝန္ႀကီး ခ်ဳပ္တို႔ကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မနဲ႔ ဒီကေန႔ပဲ တရားစြဲဆိုလိုက္ပါတယ္။ ဖမ္း ဆီးထားသူေတြကုိ ျပန္လႊတ္ေပးဖုိ႔ ႏုိင္ငံတကာအသုိင္းအ၀န္းက ေတာင္းဆုိေနခ်ိန္မွာပဲ အစုိး ရေခါင္းေဆာင္ေတြအေပၚ တရားစဲြဆုိ အေရးယူဖုိ႔ ျပင္ဆင္ေနတဲ့ အေျခအေနေတြကုိေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ျပေပးပါမယ္။

ဖမ္းဆီးခံထားရတဲ့ မႏၱေလးတုိင္း၀န္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္နဲ႔ ရခုိင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ ဦးညီပုတုိ႔ကုိ ဒီကေန႔ပဲ အာဏာပုိင္ေတြက ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅ (ခ) နဲ႔ အမႈဖြင့္လုိက္တာ ျဖစ္ပါတယ္။ ေဒါက္တာေဇာ္ျမင့္ေမာင္ကုိေတာ့ NLD အမ်ဳိးသား ဒီမုိကေရစီ အဖဲြ႔ခ်ဳပ္က ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ေတြနဲ႔ ဆက္ႏြယ္ၿပီး ဒီတပတ္ထဲမွာပဲ တရားစဲြဆုိခဲ့တာ ျဖစ္ေၾကာင္းလည္း မႏၱေလးတုိင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္ တရားရံုးက သတင္းျပန္ၾကားေရး အရာရွိ ဦးလွမ်ိဳးဝင္းကေျပာပါတယ္။

“ဆြဲဆိုရတာကေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟုိအလုပ္မႈေဆာင္အဖြဲ႔ကေန ေၾကာျငာခ်က္ ၅ ေစာင္ထုတ္ခဲ့တယ္။ ေၾကျငာခ်က္ေတြက လက္ရွိ ႏိုင္ငံေတာ္ အစိုးရကိုျဖစ္ေစႏိုင္ငံေတာ္ ၿငိမ္ဝပ္ ပိျပားေရးကို ျဖစ္ေစ၊ ထိခိုက္တဲ့ ျပစ္မႈ တစ္ဦး၊ တစ္ေယာက္ေသာ သူက က်ဴးလြန္ခ်င္လာေအာင္ အမ်ားျပည္သူကိုေသာ္လည္းေကာင္း သီးျခားလူစုကို ေသာ္ လည္း ေကာင္ ေၾကာက္ျခင္း ထိတ္လန္႔ျခင္း တစ္ခုခု ျဖစ္ေစရန္ အၾကံရွိေၾကာင္း သို႔မဟုတ္ ထိုသို႔ ျဖစ္ ေစႏိုင္ျခင္း အေၾကာင္းရွိေသာေၾကာင့္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ကုိ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (ခ)အရ အေရးယူေပးပါဆိုၿပီး ဦးတိုက္ေလ်ာက္လႊာမွာ ေဖာ္ျပလာျခင္း ျဖစ္ပါတယ္ ခင္ဗ်ာ။ ေလာေလာဆယ္မွာေတာ့ ဒီအမႈ တစ္ခုပဲ စြဲထားတာရွိပါတယ္။ ၁၅ ရက္ ၂ လ ေန႔က စြဲထားတာပါ။”

ေဒါက္တာေဇာ္ျမင့္ေမာင္ကုိ ဒီကေန႔မွာပဲ ရံုးထုတ္ခ်ဳပ္ရက္ ရမန္ယူခဲ့ၿပီး လာမယ့္ တနလၤာေန႔ မွာ ရံုးထုတ္သြားမယ္လို႔လည္း သတင္းျပန္ၾကားေရး အရာရွိ ဦးလွမ်ိဳးဝင္းက ေျပာပါတယ္။

“ဒီေန႔ကေတာ့ video conferencing နဲ႔ပဲ စြပ္စြဲခံရသူ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ကို ခ်ဳပ္ရက္ရမန္ေပးလိုက္တယ္။ ရံုးခ်ိန္း ၂၂ ရက္ေန႔ကုိ ခ်ိန္းလိုက္တယ္ေပါ့ေနာ္။ တရားလို က ေတာ့ ေဒၚႏြယ္နီခိုင္ျဖစ္ပါတယ္ လက္ေထာက္ညြန္ၾကားေရးမွဴးပါ ေထြအုပ္ရံုးကပဲ ျဖစ္ပါ တယ္ခင္ဗ်ာ။”

ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔ကတည္းက ဖမ္းဆီးခံထားရတဲ့ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပုကို လည္း အလားတူ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ)နဲ႔ အမႈဖြင့္လိုက္တယ္လို႔ သမီးျဖစ္သူ ေဒၚၾကည္ၾကည္ဦးက ေျပာပါတယ္။ ဒါေပမဲ့ မိသားစုနဲ႔ေတာ့ ေတြ႔ခြင့္မရေသးတဲ့ အတြက္ အေသးစိတ္ မသိရေသးဘူးလုိ႔လည္း ေျပာပါတယ္။

“ဟုတ္ကဲ့ ၅၀၅ (ခ)နဲ႔ အမႈ ဖြင့္တယ္လို႔ပဲ ၾကားတယ္။ အခုအခ်ိန္ထိလည္း အဆက္အသြယ္ မရေသးပါဘူး။ ဒီဟာကေတာ့ မတရားဖမ္းဆီးထားတာလို႔ ျမင္တယ္။အဲဒါေၾကာင့္ အျမန္ဆံုး ျပန္လႊတ္ေပးေစခ်င္ပါတယ္။ အခုက ဘယ္မွာထားမွန္မသိေတာ့ ဘယ္ကိုေျပာၿပီး၊ ဘယ္လို ေတြ႔ရမလဲ ဆိုတာေတာင္ မသိဘူးျဖစ္ေနပါတယ္။”

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို တရားစြဲဆိုထားတဲ့အေၾကာင္း ရွင္းရွင္းလင္းလင္း သိႏုိင္ဖုိ႔ ျပည္ နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႔ဝင္ ဗိုလ္မွဴးႀကီး မင္းသန္းကုိ ေမးျမန္းခဲ့ေပမဲ့ အေသးစိတ္ မသိေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

“အတိအက်ေတာ့ မသိဘူး၊ မသိဘူးဆိုတာ အတိအက် မမွတ္မိလိုက္တာ ရဲကေတာ့ သတင္းတင္တာ ရွိတယ္။ တရားစြဲၿပီး ရံုးထုတ္တာတို႔ ဘာတို႔ လုပ္မယ္ဆိုတာေလ အတိအက်ေတာ့ မမွတ္မိဘူး။”

ရခုိင္ျပည္နယ္မွာ ဖမ္းဆီးခံခဲ့ရတဲ့ အစုိးရအဖဲြ႔၀င္ေတြထဲက တခ်ဳိ႕ကုိ ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ထိန္းသိမ္းထားေပမဲ့ အမ်ားစုကုိ ျပန္လႊတ္ေပးခဲ့ေၾကာင္းလည္း ဗုိုလ္မွဴးႀကီး မင္းသန္းကေျပာ ပါတယ္။

ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္တို႔ကုိ တရားစြဲထားတဲ့ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ)အရ ျပစ္မႈ ထင္ရွားတယ္ဆိုရင္ က်ဴးလြန္သူကို အမ်ားဆံုးေထာင္ဒဏ္ ႏွစ္ႏွစ္နဲ႔ ေငြဒဏ္ျဖစ္ေစ ခ်မွတ္ႏိုင္ၿပီး ျပစ္ဒဏ္ႏွစ္မ်ိဳးလံုးလည္း ခ်မွတ္ႏိုင္ပါတယ္။

အစုိးရထိပ္တန္းေခါင္းေဆာင္ေတြျဖစ္တဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကုိလည္း အာဏာပုိင္ေတြက သဘာ၀ေဘးအႏၱရာယ္ စီမံခန္႔ခဲြမႈ ဥပေဒပုဒ္မ ၂၅၊ ပုိ႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈ တုိ႔နဲ႔ တရားစဲြထားသလုိ သမၼတ ဦး၀င္းျမင့္ကုိလည္း သဘာ၀ ေဘးအႏၱရာယ္ စီမံခန္႔ခဲြမႈနဲ႔ တရားစဲြထားပါတယ္။ ကုလသမဂၢနဲ႔ အေမရိကန္ အပါအ၀င္ ႏုိင္ငံ တကာ အသုိင္းအ၀န္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ ဖမ္းဆီးထား သူေတြ ကုိ ျပန္လႊတ္ေပးဖုိ႔နဲ႔ ႏုိင္ငံေရးျပႆနာကုိ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေျဖရွင္းဖုိ႔လည္း တုိက္တြန္းထားပါတယ္။

[Unicode Version]

မန္တလေးနဲ့ ရခိုင် ဝန်ကြီးချုပ်တွေကို အများပြည်သူအကြားတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လှုံ့ဆော်မှုနဲ့ တရားစွဲဆို

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ဒီကနေ့ပဲ တရားစွဲဆိုလိုက်ပါတယ်။ ဖမ်း ဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝန်းက တောင်းဆိုနေချိန်မှာပဲ အစိုး ရခေါင်းဆောင်တွေအပေါ် တရားစွဲဆို အရေးယူဖို့ ပြင်ဆင်နေတဲ့ အခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြပေးပါမယ်။

ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ကို ဒီကနေ့ပဲ အာဏာပိုင်တွေက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ကိုတော့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေနဲ့ ဆက်နွယ်ပြီး ဒီတပတ်ထဲမှာပဲ တရားစွဲဆိုခဲ့တာ ဖြစ်ကြောင်းလည်း မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် တရားရုံးက သတင်းပြန်ကြားရေး အရာရှိ ဦးလှမျိုးဝင်းကပြောပါတယ်။

“ဆွဲဆိုရတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ကနေ ကြောငြာချက် ၅ စောင်ထုတ်ခဲ့တယ်။ ကြေငြာချက်တွေက လက်ရှိ နိုင်ငံတော် အစိုးရကိုဖြစ်စေနိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်တဲ့ ပြစ်မှု တစ်ဦး၊ တစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း သီးခြားလူစုကို သော် လည်း ကောင် ကြောက်ခြင်း ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိကြောင်း သို့မဟုတ် ထိုသို့ ဖြစ် စေနိုင်ခြင်း အကြောင်းရှိသောကြောင့် ဒေါက်တာ ဇော်မြင့်မောင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)အရ အရေးယူပေးပါဆိုပြီး ဦးတိုက်လျောက်လွှာမှာ ဖော်ပြလာခြင်း ဖြစ်ပါတယ် ခင်ဗျာ။ လောလောဆယ်မှာတော့ ဒီအမှု တစ်ခုပဲ စွဲထားတာရှိပါတယ်။ ၁၅ ရက် ၂ လ နေ့က စွဲထားတာပါ။”

ဒေါက်တာဇော်မြင့်မောင်ကို ဒီကနေ့မှာပဲ ရုံးထုတ်ချုပ်ရက် ရမန်ယူခဲ့ပြီး လာမယ့် တနင်္လာနေ့ မှာ ရုံးထုတ်သွားမယ်လို့လည်း သတင်းပြန်ကြားရေး အရာရှိ ဦးလှမျိုးဝင်းက ပြောပါတယ်။

“ဒီနေ့ကတော့ video conferencing နဲ့ပဲ စွပ်စွဲခံရသူ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ချုပ်ရက်ရမန်ပေးလိုက်တယ်။ ရုံးချိန်း ၂၂ ရက်နေ့ကို ချိန်းလိုက်တယ်ပေါ့နော်။ တရားလို က တော့ ဒေါ်နွယ်နီခိုင်ဖြစ်ပါတယ် လက်ထောက်ညွန်ကြားရေးမှူးပါ ထွေအုပ်ရုံးကပဲ ဖြစ်ပါ တယ်ခင်ဗျာ။”

ဖေဖော်ဝါရီလ ၁၀ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို လည်း အလားတူ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်လိုက်တယ်လို့ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ပြောပါတယ်။ ဒါပေမဲ့ မိသားစုနဲ့တော့ တွေ့ခွင့်မရသေးတဲ့ အတွက် အသေးစိတ် မသိရသေးဘူးလို့လည်း ပြောပါတယ်။

“ဟုတ်ကဲ့ ၅၀၅ (ခ)နဲ့ အမှု ဖွင့်တယ်လို့ပဲ ကြားတယ်။ အခုအချိန်ထိလည်း အဆက်အသွယ် မရသေးပါဘူး။ ဒီဟာကတော့ မတရားဖမ်းဆီးထားတာလို့ မြင်တယ်။အဲဒါကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ အခုက ဘယ်မှာထားမှန်မသိတော့ ဘယ်ကိုပြောပြီး၊ ဘယ်လို တွေ့ရမလဲ ဆိုတာတောင် မသိဘူးဖြစ်နေပါတယ်။”

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို တရားစွဲဆိုထားတဲ့အကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ပြည် နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်းကို မေးမြန်းခဲ့ပေမဲ့ အသေးစိတ် မသိကြောင်း ဗွီအိုအေကို ပြောပါတယ်။

“အတိအကျတော့ မသိဘူး၊ မသိဘူးဆိုတာ အတိအကျ မမှတ်မိလိုက်တာ ရဲကတော့ သတင်းတင်တာ ရှိတယ်။ တရားစွဲပြီး ရုံးထုတ်တာတို့ ဘာတို့ လုပ်မယ်ဆိုတာလေ အတိအကျတော့ မမှတ်မိဘူး။”

ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အစိုးရအဖွဲ့ဝင်တွေထဲက တချို့ကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားပေမဲ့ အများစုကို ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ဗိုလ်မှူးကြီး မင်းသန်းကပြော ပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်တို့ကို တရားစွဲထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)အရ ပြစ်မှု ထင်ရှားတယ်ဆိုရင် ကျူးလွန်သူကို အများဆုံးထောင်ဒဏ် နှစ်နှစ်နဲ့ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ပြီး ပြစ်ဒဏ်နှစ်မျိုးလုံးလည်း ချမှတ်နိုင်ပါတယ်။

အစိုးရထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အာဏာပိုင်တွေက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ တို့နဲ့ တရားစွဲထားသလို သမ္မတ ဦးဝင်းမြင့်ကိုလည်း သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနဲ့ တရားစွဲထားပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံ တကာ အသိုင်းအဝန်းကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထား သူတွေ ကို ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG