သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ စီးပွားရေးဆက်မလုပ်ဖို့ ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီတွေကို ဆန္ဒပြသူတွေတောင်းဆို


ရန်ကုန်မြို့က စစ်အာဏာဆန့်ကျင် ဆန္ဒပြ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁)
ရန်ကုန်မြို့က စစ်အာဏာဆန့်ကျင် ဆန္ဒပြ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁)

[Zawgyi/Unicode]

အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်မလုပ်အောင် ရေနံနဲ့ သဘာဝဓါတ်ငွေ့တူးဖော်ရေးလုပ်နေတဲ့ လုပ်ငန်းတွေရှေ့မှာ ဒီနေ့ တောင်းဆိုဆန္ဒပြကြပါတယ်။ မြန်မာနိုင်ငံထဲမှာ အဲဒီလုပ်ငန်းတွေလုပ်နေတဲ့ ပြင်သစ်ပိုင် Total၊ ထိုင်းပိုင် PTTEP နဲ့ မလေးရှားပိုင် Petronas ကုမ္ပဏီတွေရဲ့ လုပ်ငန်းလုပ်နေတဲ့ နေရာတွေကို သွားပြီး တောင်းဆိုကြတာဖြစ်ပါတယ်။

ဒီတူးဖော်ရေးလုပ်ငန်းတွေကနေ အာဏာသိမ်းစစ်ကောင်စီ ဝင်ငွေမရစေအောင်တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

မြန်မာနိုင်ငံ ပွင့်လင်း မြင်သာမှုနဲ့ တာဝန်ခံ တာဝန်ယူမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ MATA ကလည်း သယံဇာတ ရှာဖွေသည့်အဆင့်သို့ရောက်ရှိနေတဲ့ ကုမ္ပဏီများအနေနဲ့ စစ်အာဏာသိမ်းအစိုးရ မဆင်းသရွေ့ လုပ်ငန်းများရပ်တန့်ထားဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ အာဏာသိမ်းတပ်မတော်အတွက် ဝင်ငွေလမ်းကြောင်းပေးမယ့် လုပ်ငန်းများအားလုံးကို ရပ်တန့်ထားပြီး သူတို့ကို တရားဝင် အသိအမှတ်မပြုဖို့လည်း တိုက်တွန်းထားပါတယ်။

သယံဇာတထုတ်လုပ်တဲ့အဆင့်ရောက်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ ရရှိထားတဲ့ ဝင်ငွေ၊ အခွန်တွေကို သီးခြားထိန်းသိမ်းထားဖို့နဲ့ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ထားတဲ့ အစိုးရတက်မှ ပြန်လည်ပေးချေဖို့လည်း MATA အဖွဲ့က တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေ အဓိကရှာပေးနေတဲ့ထဲမှာ ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

မွနျမာမှာ စီးပှားရေးဆကျမလုပျဖို့ ရနေံနဲ့ဓာတျငှေ့ကုမ်ပဏီတှကေို ဆန်ဒပွသူတှတေောငျးဆို





XS
SM
MD
LG