[Zawgyi/Unicode]
စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့လႈပ္ရွားမႈေတြ ျမန္မာႏုိင္ငံအႏွံ႔ ေပၚေပါက္ေနရာမွာ ဒီကေန႔ စစ္ကုိင္းတိုင္း၊ မံုရြာၿမိဳ႕မွာေတာ့ တပ္မေတာ္သားတဦးလည္း ဆႏၵျပပဲြမွာ ပါ၀င္လာပါတယ္။ တပ္ၾကပ္တဦး ဆႏၵျပပဲြမွာ ပူးေပါင္းပါ၀င္လာၿပီးေနာက္ လုံၿခံဳေရး အာဏာပုိင္ေတြနဲ႔ ဆႏၵျပသူေတြၾကား တင္းမာမႈေတြလည္း ေပၚေပါက္ခဲ့တာပါ။ အျပည့္အစုံကုိေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးမွာပါ။
အရပ္သားအစုိးရကုိ ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြ ေပၚေပါက္ေနတဲ့ စစ္ကိုင္းတုိင္း မုံရြာၿမိဳ႕က လႈပ္ရွားမႈမွာ တပ္ၾကပ္အဆင့္ရွိတဲ့ တပ္မေတာ္သားတဦး ပူးေပါင္းပါ၀င္လာခဲ့တာပါ။ လူထုအေပၚ အင္အားသုံး ႏွိမ္နင္းတာမ်ဳိးကုိလည္း လက္မခံႏုိင္ေၾကာင္း ဆႏၵျပပဲြမွာ ပူးေပါင္းပါ၀င္လာတဲ့ တပ္မေတာ္သားက ေျပာဆုိသြားပါတယ္။
“က်ေနာ္က ေျပာခ်င္တာ ျပည္သူကုိ ေသြးထြက္သံယို ျဖစ္တာကို က်ေနာ္လည္း မႀကိဳက္ဘူး။”
ဆႏၵျပသူေတြနဲ႔ လာေရာက္ပူးေပါင္းတဲ့ တပ္မေတာ္သားကုိ ျပန္လႊဲေျပာင္းေပးဖုိ႔လည္း ေနာက္ပုိင္းမွာ ေဒသခံအာဏာပုိင္ေတြက ေတာင္းဆုိခဲ့ေၾကာင္းလည္း မံုရြာျမိဳ႕နယ္ အရပ္ဘက္ပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီ၀င္တဦးျဖစ္တဲ့ ဦးေနဦးကေျပာပါတယ္။
“လက္နက္ေတာ့မပါလာဘူး။ စစ္၀တ္စစ္စားနဲ႔ ထြက္လာခဲ့ပါတယ္။ က်ေနာ္တုိ႔ သပိတ္စစ္ေႀကာင္းမွာလည္း ခရိုင္ညိွႏိႈင္းေရးေကာင္စီက သူကိုထုတ္ေပးဖို႔ လာျပီးညိွႏိႈင္းပါတယ္။ က်ေနာ္တုိ႔ကေျပာျပတယ္။ ေဟာေျပာျပီး ျပန္သြားျပီ။ သူလံုျခံဳတဲ့ေနရာကို သြားပါျပီေျပာလိုက္တယ္။ ၀င္ရွာခ်င္ပါတယ္... သူတို႔ေျပာလာတယ္။ အစပ္ေလာက္ပဲ ရွာလို႔ရမယ္။ လူအုပ္ၾကားထဲထိဆို ခင္ဗ်ားတုိ႔ရဲ႕ လံုျခံဳေရးကို တာ၀န္မယူႏိုင္ဘူး။ ခင္ဗ်ားတုိ႔ဆီက လႊတ္ထားတဲ့ အၾကမ္းဖက္သမားေတြက ၀ိုင္းဒိုင္းလုပ္ရင္က်ေနာ္တုိ႔ သပိတ္စစ္ေၾကာင္းကပဲ အၾကမ္းဖက္တယ္ ျဖစ္ဦးမယ္။ အနားက ရပ္ၾကည့္ပါ... တကယ္မရွိေတာ့ပါဘူးလို႔ ေျပာရတယ္။”
ဆႏၵျပပဲြမွာ ပူးေပါင္းပါ၀င္သူ တပ္မေတာ္သားကုိ အရပ္၀တ္နဲ႔ ဗုိလ္မွဴးအဆင့္ရွိသူက လူအုပ္ထဲမွာ ၀င္ေရာက္ ရွာေဖြခဲ့တယ္လုိ႔လည္း ဦးေနဦးက ေျပာပါတယ္။ ေနာက္ပုိင္းမွာေတာ့ လုံၿခံဳေရးတပ္ဖဲြ႔ေတြနဲ႔ ဆႏၵျပသူေတြၾကား တင္းမာမႈေတြလည္း ႀကံဳခဲ့ရတယ္လုိ႔ ေျပာပါတယ္။
“သူရဲ့ဆရာျဖစ္တဲ့ ဗုိလ္မွဴး ေအာင္သူဟိန္းနဲ႔ တပည့္တေယာက္က လူအုပ္ၾကားထဲမွာအရပ္၀တ္နဲ႔ လာျပိီး လက္သီးလက္ေမာင္းတန္းတယ္။ ေႀကြးေႀကာ္တယ္။ လက္ခုတ္တီးတယ္။ ၀င္ျပီး အေျခအေနစံုစမ္းေနတယ္။ က်ေနာ္တုိ႔ ျပည္သူဘက္ကလည္း သတင္းရတယ္။ ဓါတ္ပံုေတြ ပုိုလုိက္ေတာ့ က်ေနာ္တုိ႔ စည္းကမ္းထိန္းသိမ္းေရးနဲ႔ လံုျခံဳေရးက လိုက္ရွာတယ္။ အဲဒီမွာေတြ ့တယ္။ သူတို႔ကို က်ေနာ္ကုိယ္တိုင္ လက္ကုတ္ျပိီး ေခၚလိုက္တယ္။ အျပင္မွာေဆြးေႏြးပါတယ္။ သူတို႔က လာရွာတာပါတဲ့ ျပန္သြားျပီ။ လာမရွာနဲ႔ က်ေနာ္တုိ႔လည္း မသိဘူးလို႔ ေျပာလိုက္တယ္။ သူတို႔ ျပန္သြားျပီးတာနဲ႔ စစ္အင္အား ရဲအင္အားနဲ႔ ေရွ႕တုိးတက္လာျပီး ဒီလူကိုထုတ္ေပးဖို႔ အတင္းအဓမၼ ေတာင္းဆိုတယ္။ က်ေနာ္တို႔ ျပည္သူေတြက မရွိေတာ့တဲ့အေၾကာင္း အတန္တန္ျငင္းဆိုတယ္။ ေျပာဆိုတယ္။ အဲဒါ ေရကားေတြ၊ စစ္ကားေတြ တက္လာတယ္။ က်ေနာ္တုိ႔ကလည္း မိုးကာေတြနဲ႔ ကာျပီးေစာင့္ေနတယ္။ အျပန္အလွန္ေျပာၾကဆုိၾကတယ္။ သူတို႔လည္းေနာက္ဆုတ္သြားသလို က်ေနာ္တို႔ သပိတ္စစ္ေၾကာင္းလည္းျပန္လွည့္လာခဲ့တယ္။"
ဒီလဆန္းမွာပဲ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ အႏုနည္းနဲ႔ အာဏာဖီဆန္ေရး လႈပ္ရွားမႈေတြ၊ လမ္းေပၚထြက္ ဆႏၵျပတာေတြ လုပ္ၾကဖုိ႔ တုိက္တြန္းမႈေတြ ထြက္ေပၚခဲ့ရာက ႏုိင္ငံအႏွံ႔မွာ ဆႏၵျပလႈပ္ရွားမႈေတြ ေပၚေပါက္ေနတာပါ။ မံုရြာၿမိဳ႕က လႈပ္ရွားမႈေတြမွာလည္း တက္ၾကြလႈပ္ရွားသူေတြ၊ ေက်ာင္းသားလူငယ္ေတြ၊ ၀န္ထမ္းေတြ၊ အလုပ္သမားေတြ၊ လယ္သမားေတြ ပူးေပါင္းၿပီး သိန္းဂဏန္းနဲ႔ခ်ီ ေန႔စဥ္လုိလုိ လမ္းေပၚထြက္ ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။
[Unicode Version]
မုံရွာဆန္ဒပြပွဲ တပ်ကြပ်တစ်ဦး ပူးပေါင်းပါဝင်
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်နေရာမှာ ဒီကနေ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာတော့ တပ်မတော်သားတဦးလည်း ဆန္ဒပြပွဲမှာ ပါဝင်လာပါတယ်။ တပ်ကြပ်တဦး ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်လာပြီးနောက် လုံခြုံရေး အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေကြား တင်းမာမှုတွေလည်း ပေါ်ပေါက်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။
အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့က လှုပ်ရှားမှုမှာ တပ်ကြပ်အဆင့်ရှိတဲ့ တပ်မတော်သားတဦး ပူးပေါင်းပါဝင်လာခဲ့တာပါ။ လူထုအပေါ် အင်အားသုံး နှိမ်နင်းတာမျိုးကိုလည်း လက်မခံနိုင်ကြောင်း ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်လာတဲ့ တပ်မတော်သားက ပြောဆိုသွားပါတယ်။
“ကျနော်က ပြောချင်တာ ပြည်သူကို သွေးထွက်သံယို ဖြစ်တာကို ကျနော်လည်း မကြိုက်ဘူး။”
ဆန္ဒပြသူတွေနဲ့ လာရောက်ပူးပေါင်းတဲ့ တပ်မတော်သားကို ပြန်လွှဲပြောင်းပေးဖို့လည်း နောက်ပိုင်းမှာ ဒေသခံအာဏာပိုင်တွေက တောင်းဆိုခဲ့ကြောင်းလည်း မုံရွာမြို႕နယ် အရပ်ဘက်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင်တဦးဖြစ်တဲ့ ဦးနေဦးကပြောပါတယ်။
“လက်နက်တော့မပါလာဘူး။ စစ်ဝတ်စစ်စားနဲ့ ထွက်လာခဲ့ပါတယ်။ ကျနော်တို့ သပိတ်စစ်ကြောင်းမှာလည်း ခရိုင်ညှိနှိုင်းရေးကောင်စီက သူကိုထုတ်ပေးဖို့ လာပြီးညှိနှိုင်းပါတယ်။ ကျနော်တို့ကပြောပြတယ်။ ဟောပြောပြီး ပြန်သွားပြီ။ သူလုံခြုံတဲ့နေရာကို သွားပါပြီပြောလိုက်တယ်။ ဝင်ရှာချင်ပါတယ်... သူတို့ပြောလာတယ်။ အစပ်လောက်ပဲ ရှာလို့ရမယ်။ လူအုပ်ကြားထဲထိဆို ခင်ဗျားတို့ရဲ့ လုံခြုံရေးကို တာဝန်မယူနိုင်ဘူး။ ခင်ဗျားတို့ဆီက လွှတ်ထားတဲ့ အကြမ်းဖက်သမားတွေက ဝိုင်းဒိုင်းလုပ်ရင်ကျနော်တို့ သပိတ်စစ်ကြောင်းကပဲ အကြမ်းဖက်တယ် ဖြစ်ဦးမယ်။ အနားက ရပ်ကြည့်ပါ... တကယ်မရှိတော့ပါဘူးလို့ ပြောရတယ်။”
ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်သူ တပ်မတော်သားကို အရပ်ဝတ်နဲ့ ဗိုလ်မှူးအဆင့်ရှိသူက လူအုပ်ထဲမှာ ဝင်ရောက် ရှာဖွေခဲ့တယ်လို့လည်း ဦးနေဦးက ပြောပါတယ်။ နောက်ပိုင်းမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား တင်းမာမှုတွေလည်း ကြုံခဲ့ရတယ်လို့ ပြောပါတယ်။
“သူရဲ့ဆရာဖြစ်တဲ့ ဗိုလ်မှူး အောင်သူဟိန်းနဲ့ တပည့်တယောက်က လူအုပ်ကြားထဲမှာအရပ်ဝတ်နဲ့ လာပြီး လက်သီးလက်မောင်းတန်းတယ်။ ကြွေးကြော်တယ်။ လက်ခုတ်တီးတယ်။ ဝင်ပြီး အခြေအနေစုံစမ်းနေတယ်။ ကျနော်တို့ ပြည်သူဘက်ကလည်း သတင်းရတယ်။ ဓါတ်ပုံတွေ ပိုလိုက်တော့ ကျနော်တို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ လုံခြုံရေးက လိုက်ရှာတယ်။ အဲဒီမှာတွေ့တယ်။ သူတို့ကို ကျနော်ကိုယ်တိုင် လက်ကုတ်ပြီး ခေါ်လိုက်တယ်။ အပြင်မှာဆွေးနွေးပါတယ်။ သူတို့က လာရှာတာပါတဲ့ ပြန်သွားပြီ။ လာမရှာနဲ့ ကျနော်တို့လည်း မသိဘူးလို့ ပြောလိုက်တယ်။ သူတို့ ပြန်သွားပြီးတာနဲ့ စစ်အင်အား ရဲအင်အားနဲ့ ရှေ့တိုးတက်လာပြီး ဒီလူကိုထုတ်ပေးဖို့ အတင်းအဓမ္မ တောင်းဆိုတယ်။ ကျနော်တို့ ပြည်သူတွေက မရှိတော့တဲ့အကြောင်း အတန်တန်ငြင်းဆိုတယ်။ ပြောဆိုတယ်။ အဲဒါ ရေကားတွေ၊ စစ်ကားတွေ တက်လာတယ်။ ကျနော်တို့ကလည်း မိုးကာတွေနဲ့ ကာပြီးစောင့်နေတယ်။ အပြန်အလှန်ပြောကြဆိုကြတယ်။ သူတို့လည်းနောက်ဆုတ်သွားသလို ကျနော်တို့ သပိတ်စစ်ကြောင်းလည်းပြန်လှည့်လာခဲ့တယ်။"
ဒီလဆန်းမှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အနုနည်းနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ၊ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ လုပ်ကြဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်ခဲ့ရာက နိုင်ငံအနှံ့မှာ ဆန္ဒပြလှုပ်ရှားမှုတွေ ပေါ်ပေါက်နေတာပါ။ မုံရွာမြို့က လှုပ်ရှားမှုတွေမှာလည်း တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေ၊ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ ပူးပေါင်းပြီး သိန်းဂဏန်းနဲ့ချီ နေ့စဉ်လိုလို လမ်းပေါ်ထွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။