သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ နဲ႔ ပတ္သက္လို႔ ျမန္မာ-တရုတ္ခ်စ္ၾကည္ေရး ဥကၠဌတဦးရဲ႕ အျမင္


ျမန္မာ - တရုတ္ အလံ

(Zawgyi/Unicode)

စစ္အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ တရုတ္ႏိုင္ငံအေပၚ ျမန္မာျပည္သူေတြရဲ႕ အျမင္မၾကည္မလင္ျဖစ္မႈ ပိုမ်ားလာေနတာေတြ႔ရသလို၊ ျမန္မာ-တရုတ္ ခ်စ္ၾကည္ေရးအသင္းအေနနဲ႔ အရင္လို ႏွစ္ႏိုင္ငံ ျပည္သူခ်င္းဆက္ဆံေဆာင္ရြက္တာမ်ဳိးေတြ မရွိေၾကာင္း ျမန္မာ-တရုတ္ခ်စ္ၾကည္ေရးအသင္း (မႏၱေလး) ဥကၠဌ ဦးပိုျမင့္က ဗီြအိုေအကို ေျပာပါတယ္။ လက္ရွိျမန္မာစစ္အာဏာသိမ္းမႈအေပၚ တရုတ္ႏိုင္ငံရဲ႕ ရပ္တည္ခ်က္နဲ႔ ပတ္သက္လို႔ ျမန္မာ-တရုတ္ခ်စ္ၾကည္ေရးအသင္း (မႏၱေလး) ဥကၠဌ ဦးပိုျမင့္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။ ။ မႏၱေလးၿမိဳ႕မွာေပါ့ေနာ္ အခုညဘက္ လံုၿခံဳေရးဘယ္လိုရွိသလဲရွင့္။ ဥပမာ-ရန္ကုန္မွာဆိုရင္ေတာ့ လူေတြ ညဘက္ထြက္ၿပီးေတာ့ ကင္းေစာင့္ေနရတဲ့အေျခအေန၊ ကိုယ့္လံုၿခံဳေရးကို ရပ္ကြက္အလိုက္ယူေနရတယ္ဆိုေတာ့ မႏၱေလးၿမိဳ႕မွာ အေျခအေနေတြ ဘယ္လိုရွိပါသလဲရွင့္။

ဦးပိုျမင့္။ ။ အခုရပ္ကြက္ လူငယ္ေလးေတြကေတာ့ ဦးေဆာင္ေနတာေပါ့ေလ။ ကိုယ့္မိတ္ေဆြအိမ္ကေန စုၿပီးေတာ့ ေစာင့္ၾကတာေပါ့ေလ။ က်ေနာ္တုိ႔ရပ္ကြက္ကေတာ့ ေအးေဆးပဲ ဘာမွ ဘာသံမွ မၾကားဘူး။

အင္ၾကင္းႏိုင္။ ။မႏၱေလးၿမိဳ႕မွာ အခုလို လူထုလႈပ္ရွားတာေတြျဖစ္ေပၚလာတာ၊ အေျခအေနေတြ ေျပာင္းလဲသြားတဲ့အေနအထားမွာေရာ ဘယ္လို ယူဆသလဲရွင့္။ ျမန္ျမန္ၿပီးသြားမလား ဒါမွမဟုတ္ရင္ ဘယ္လိုေမွ်ာ္လင့္ခ်က္ေတြရွိ သလဲရွင့္။

ဦးပိုျမင့္။ ။ အခုကေတာ့ ျပည္သူလူထုေတြကေတာ့ ေတာ္ေတာ္ေလးကို ပူးေပါင္းပါ၀င္မႈေတာ့မ်ားပါတယ္ မၾကာခင္မွာေတာ့ ၿပီးသြားမယ္လို႔ ထင္ပါတယ္။ ႏိုင္ငံတကာကလည္း ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ကလည္း ေမးျမန္းၿပီးေတာ့ ဖိအားေတြေပးေနတယ္ေပါ့ေလ။ ဒီဘက္ကလည္း လံုး၀ အၾကမ္းမဖက္ပဲနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနၾကတယ္ဆိုေတာ့ အထိအခိုက္မမ်ားပဲနဲ႔ ၿပီးသြားမယ္လို႔ က်ေန္ာယံုၾကည္ပါတယ္။

အင္ၾကင္းႏိုင္။ ။ ျမန္မာ-တရုတ္ ခ်စ္ၾကည္ေရးအသင္းအေနနဲ႔ အန္ကယ္တို႔ရဲ႕ ရပ္တည္ခ်က္ကို ရွင္းျပလို႔ ရမလား။

ဦးပိုျမင့္။ ။ က်ေနာ္ကေတာ့ တိုင္းျပည္အေျခအေနေကာင္းတုန္းကေတာ့ ျမန္မာ-တရုတ္ ခ်စ္ၾကည္ေရးအသင္းအေနနဲ႔ တရုတ္ႏိုင္ငံနဲ႔ ဆက္ဆံလုပ္ေဆာင္တာေပါ့ေလ။ အဲဒီမွာေတာ့ မ်ားေသာအားျဖင့္ေတာ့ ျမန္မာျပည္ဖြားတရုတ္အမ်ိဳးသားေတြနဲ႔ က်ေနာ္တို႔ ေျပာတာမ်ားတယ္။ ျမန္မာႏိုင္ငံ အဆက္ရွိေနေတာ့ ေအးေအးခ်မ္းခ်မ္းနဲ႔ ေနခ်င္ၾကတာပဲေလ။ သူတို႔ကလည္း ၀ိုင္းၿပီးေတာ့ ျမန္မာျပည္အတြက္ လွဴတာေတြရွိတယ္။ အရင္တုန္းက အေျခအေနေကာင္းတုန္းကေတာ့ က်ေနာ္တို႔က ခ်စ္ၾကည္ေရးအတြက္ပဲ လုပ္တယ္။ ဟိုဘက္က လွဴတာတန္းတာေတြ ဒီဘက္က လိုအပ္တဲ့ေနရာေတြလည္းရွိေတာ့ ခ်စ္ၾကည္ေရးကိစၥပဲလုပ္တယ္ဆိုေတာ့ အဆင္ေျပ တာေပါ့ေလ။ သပ္ျပႆနာေတြဘာေတြ မရွိဘူး ။ အခုကေတာ့ ျပည္သူအမ်ားစုက တရုတ္ႏိုင္ငံအေပၚမွာ သိပ္မၾကည္ဘူးေပ့ါ။ အဲဒီအေနအထားဆိုေတာ့ က်ေန္ာတို႔က အေရးအခင္းကာလျဖစ္တဲ့အတြက္လည္း လႈပ္ရွားမႈေတြ မရွိဘူး။

အင္ၾကင္းႏိုင္။။ ခုဆိုလည္း ျမန္မာႏိုင္ငံကို တရုတ္စစ္သားေတြလာတယ္ဆိုတဲ့ သတင္းေတြ ထြက္ေနတဲ့အေပၚမွာ ျမန္မာ-တရုတ္ခ်စ္ၾကည္ေရးအသင္းနဲ႕ဘယ္လို တံု႔ျပန္ခ်င္ပါသလဲ။

ဦးပိုျမင့္။ ။ ကမၻာ့ေရးရာမွာ တျခားႏိုင္ငံက စစ္သားေတြလာတယ္ဆိုတာကေတာ့မျဖစ္သင့္ဘူးလို႔ ျမင္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ ျမန္မာႏိုင္ငံမွာ စစ္တလင္းျဖစ္မွာ က်ေနာ္မလိုလားဘူး။ က်ေနာ္တို႔ ျပည္သူေတြဘက္ကလည္း ၿငိမ္းခ်မ္းစြာ ဆႏၵျပေနၾကတာ။ အဲဒီမွာ ႏွစ္ဖက္ညွဳိႏႈိင္းႏိုင္ရင္ ေတာ္ေတာ္ကုိေကာင္းမယ့္ အေနအထားရွိပါတယ္။ ေနာက္ ျမန္မာ-တရုတ္ ခ်စ္ၾကည္ေရးအသင္းနဲ႔ ေျပာမယ္ဆိုရင္ ျမန္မာျပည္ဖြား တရုတ္အမ်ဳိးသားေတြကေတာ့ တကယ့္ျမန္မာျပည္သူျပည္သားစိတ္ဓါတ္ အျပည့္အ၀ရွိေနတယ္။ ေအးေအးခ်မ္းခ်မ္းနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ၿပီးသြားေစလိုတဲ့ ဆႏၵရွိတယ္။

အင္ၾကင္းႏိုင္။။ အခု စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြမွာေရာ ျမန္မာ-တရုတ္ ခ်စ္ၾကည္ေရးအသင္းရဲ႕ ရပ္တည္ခ်က္ ဘယ္လိုရွိပါသလဲ။

ဦးပိုျမင့္။ ။ ဟိုးတေန႔ကေတာ့ ျမန္မာ-တရုတ္ခ်စ္ၾကည္ေရးအသင္းအေနနဲ႔ မဟုတ္ပဲနဲ႔ ျမန္မာျပည္ဖြား တရုတ္အမ်ဳိးသားေတြအေနနဲ႔ဆႏၵျပခ်ီတက္လမ္းေၾကာင္းကို က်ေနာ္တို႔ ေတြ႔လိုက္ရတယ္။ ေတြ႕လိုက္ရေတာ့ က်ေနာ္လည္း ျမန္မာ-တရုတ္ခ်စ္ၾကည္ေရးအသင္း ဥကၠဌတေယာက္အေနနဲ႔အဲဒီလို ၿငိမ္းခ်မ္းစြာဆႏၵျပတာကို က်ေနာ္တို႔က ၀မ္းသာတယ္လို႔ က်ေနာ္တို႔ အသင္းရဲ႕ ေပ့ခ်္မွာ တင္လိုက္ပါတယ္။

အင္ၾကင္းႏိုင္။။ အန္ကယ္တို႔ဘက္က တရုတ္ႏိုင္ငံနဲ႔ ခ်စ္ၾကည္ေရးအရ ျပည္သူခ်င္း ဆက္ဆံေရးလည္း လုပ္ခဲ့တဲ့အခါက်ေတာ့ အခု ျမန္မာႏိုင္ငံ စစ္အာဏာသိမ္းလိုက္တဲ့ ကိစၥမွာ တရုတ္ႏိုင္ငံအေနနဲ႔ ၾကား၀င္ေစ့စပ္ညွဳိႏႈိင္းသင့္သလား၊ တရုတ္ႏိုင္ငံအေနနဲ႔ ဘယ္လိုမ်ဳိး ရပ္တည္ေဆာင္ရြက္ေပးသင့္လဲလို ျမင္သလဲရွင့္။

ဦးပိုျမင့္။။ က်ေနာ္တို႔ ၾကားရတဲ့ သတင္းအရေပါ့ေလ တရုတ္သံအမတ္ႀကီး ကိုယ္တိုင္က ဖမ္းဆီးထားတဲ့ ပုဂၢိဳလ္ေတြ လႊတ္ေပးဖို႔ မေန႔က ေျပာဆိုလိုက္တာ ေတြ႕ရတယ္။ ေတြ႕ရေတာ့ သူတို႔ကလည္း ၿငိမ္းခ်မ္းစြာျဖစ္ေစခ်င္တဲ့ ဆႏၵေတာ့ ျပလာတယ္ေပါ့ဗ်ာ။ အဲဒါကုိေတာ့ က်ေနာ္တို႔ သေဘာက်ပါတယ္။

က်ေနာ္တို႔ အသင္းထဲမွာကေတာ့ က်ေနာ္ကေတာ့ ျမန္မာေပါ့ေလ။ တ၀က္ေလာက္က ျမန္မာျပည္ဖြား တရုတ္ေတြပါတယ္။ တခ်ဳိ႕ကလည္း က်ေနာ္တို႔နဲ႔ ဆႏၵမတူတာေတြ ရွိႏိုင္တယ္။ ဒါေၾကာင့္ အသင္းအေနနဲ႔ က်ေနာ္တို႔က လႈပ္ရွားလို႔ မရဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ အသင္းအေနနဲ႔က ေဆြးေႏြးဆံုးျဖတ္ၿပီးမွ လုပ္လို႔ရတာကိုး။ လုပ္ရင္ေတာ့ ပုဂၢိဳလ္ေရးအေနနဲ႔ ပဲ လုပ္လို႔ရပါတယ္။

ျမန္မာ-တရုတ္ ခ်စ္ၾကည္ေရးအသင္း (မႏၱေလး) ဥကၠဌ ဦးပိုျမင့္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


.................

စစ်အာဏာသိမ်းမှု နဲ့ ပတ်သက်လို့ မြန်မာ-တရုတ်ချစ်ကြည်ရေး ဥက္ကဌတဦးရဲ့ အမြင်

(Unicode)

စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် တရုတ်နိုင်ငံအပေါ် မြန်မာပြည်သူတွေရဲ့ အမြင်မကြည်မလင်ဖြစ်မှု ပိုများလာနေတာတွေ့ရသလို၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းအနေနဲ့ အရင်လို နှစ်နိုင်ငံ ပြည်သူချင်းဆက်ဆံဆောင်ရွက်တာမျိုးတွေ မရှိကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (မန္တလေး) ဥက္ကဌ ဦးပိုမြင့်က ဗွီအိုအေကို ပြောပါတယ်။ လက်ရှိမြန်မာစစ်အာဏာသိမ်းမှုအပေါ် တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (မန္တလေး) ဥက္ကဌ ဦးပိုမြင့်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ မန္တလေးမြို့မှာပေါ့နော် အခုညဘက် လုံခြုံရေးဘယ်လိုရှိသလဲရှင့်။ ဥပမာ-ရန်ကုန်မှာဆိုရင်တော့ လူတွေ ညဘက်ထွက်ပြီးတော့ ကင်းစောင့်နေရတဲ့အခြေအနေ၊ ကိုယ့်လုံခြုံရေးကို ရပ်ကွက်အလိုက်ယူနေရတယ်ဆိုတော့ မန္တလေးမြို့မှာ အခြေအနေတွေ ဘယ်လိုရှိပါသလဲရှင့်။

ဦးပိုမြင့်။ ။ အခုရပ်ကွက် လူငယ်လေးတွေကတော့ ဦးဆောင်နေတာပေါ့လေ။ ကိုယ့်မိတ်ဆွေအိမ်ကနေ စုပြီးတော့ စောင့်ကြတာပေါ့လေ။ ကျနော်တို့ရပ်ကွက်ကတော့ အေးဆေးပဲ ဘာမှ ဘာသံမှ မကြားဘူး။

အင်ကြင်းနိုင်။ ။မန္တလေးမြို့မှာ အခုလို လူထုလှုပ်ရှားတာတွေဖြစ်ပေါ်လာတာ၊ အခြေအနေတွေ ပြောင်းလဲသွားတဲ့အနေအထားမှာရော ဘယ်လို ယူဆသလဲရှင့်။ မြန်မြန်ပြီးသွားမလား ဒါမှမဟုတ်ရင် ဘယ်လိုမျှော်လင့်ချက်တွေရှိ သလဲရှင့်။

ဦးပိုမြင့်။ ။ အခုကတော့ ပြည်သူလူထုတွေကတော့ တော်တော်လေးကို ပူးပေါင်းပါဝင်မှုတော့များပါတယ် မကြာခင်မှာတော့ ပြီးသွားမယ်လို့ ထင်ပါတယ်။ နိုင်ငံတကာကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ကလည်း မေးမြန်းပြီးတော့ ဖိအားတွေပေးနေတယ်ပေါ့လေ။ ဒီဘက်ကလည်း လုံး၀ အကြမ်းမဖက်ပဲနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတယ်ဆိုတော့ အထိအခိုက်မများပဲနဲ့ ပြီးသွားမယ်လို့ ကျနေ်ာယုံကြည်ပါတယ်။

အင်ကြင်းနိုင်။ ။ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းအနေနဲ့ အန်ကယ်တို့ရဲ့ ရပ်တည်ချက်ကို ရှင်းပြလို့ ရမလား။

ဦးပိုမြင့်။ ။ ကျနော်ကတော့ တိုင်းပြည်အခြေအနေကောင်းတုန်းကတော့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းအနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံလုပ်ဆောင်တာပေါ့လေ။ အဲဒီမှာတော့ များသောအားဖြင့်တော့ မြန်မာပြည်ဖွားတရုတ်အမျိုးသားတွေနဲ့ ကျနော်တို့ ပြောတာများတယ်။ မြန်မာနိုင်ငံ အဆက်ရှိနေတော့ အေးအေးချမ်းချမ်းနဲ့ နေချင်ကြတာပဲလေ။ သူတို့ကလည်း ဝိုင်းပြီးတော့ မြန်မာပြည်အတွက် လှူတာတွေရှိတယ်။ အရင်တုန်းက အခြေအနေကောင်းတုန်းကတော့ ကျနော်တို့က ချစ်ကြည်ရေးအတွက်ပဲ လုပ်တယ်။ ဟိုဘက်က လှူတာတန်းတာတွေ ဒီဘက်က လိုအပ်တဲ့နေရာတွေလည်းရှိတော့ ချစ်ကြည်ရေးကိစ္စပဲလုပ်တယ်ဆိုတော့ အဆင်ပြေ တာပေါ့လေ။ သပ်ပြဿနာတွေဘာတွေ မရှိဘူး ။ အခုကတော့ ပြည်သူအများစုက တရုတ်နိုင်ငံအပေါ်မှာ သိပ်မကြည်ဘူးပေ့ါ။ အဲဒီအနေအထားဆိုတော့ ကျနေ်ာတို့က အရေးအခင်းကာလဖြစ်တဲ့အတွက်လည်း လှုပ်ရှားမှုတွေ မရှိဘူး။

အင်ကြင်းနိုင်။။ ခုဆိုလည်း မြန်မာနိုင်ငံကို တရုတ်စစ်သားတွေလာတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အပေါ်မှာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနဲ့ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

ဦးပိုမြင့်။ ။ ကမ္ဘာ့ရေးရာမှာ တခြားနိုင်ငံက စစ်သားတွေလာတယ်ဆိုတာကတော့မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံမှာ စစ်တလင်းဖြစ်မှာ ကျနော်မလိုလားဘူး။ ကျနော်တို့ ပြည်သူတွေဘက်ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာ။ အဲဒီမှာ နှစ်ဖက်ညှိုနှိုင်းနိုင်ရင် တော်တော်ကိုကောင်းမယ့် အနေအထားရှိပါတယ်။ နောက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းနဲ့ ပြောမယ်ဆိုရင် မြန်မာပြည်ဖွား တရုတ်အမျိုးသားတွေကတော့ တကယ့်မြန်မာပြည်သူပြည်သားစိတ်ဓါတ် အပြည့်အဝရှိနေတယ်။ အေးအေးချမ်းချမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပြီးသွားစေလိုတဲ့ ဆန္ဒရှိတယ်။

အင်ကြင်းနိုင်။။ အခု စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာရော မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းရဲ့ ရပ်တည်ချက် ဘယ်လိုရှိပါသလဲ။

ဦးပိုမြင့်။ ။ ဟိုးတနေ့ကတော့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းအနေနဲ့ မဟုတ်ပဲနဲ့ မြန်မာပြည်ဖွား တရုတ်အမျိုးသားတွေအနေနဲ့ဆန္ဒပြချီတက်လမ်းကြောင်းကို ကျနော်တို့ တွေ့လိုက်ရတယ်။ တွေ့လိုက်ရတော့ ကျနော်လည်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဌတယောက်အနေနဲ့အဲဒီလို ငြိမ်းချမ်းစွာဆန္ဒပြတာကို ကျနော်တို့က ဝမ်းသာတယ်လို့ ကျနော်တို့ အသင်းရဲ့ ပေ့ချ်မှာ တင်လိုက်ပါတယ်။

အင်ကြင်းနိုင်။။ အန်ကယ်တို့ဘက်က တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရေးအရ ပြည်သူချင်း ဆက်ဆံရေးလည်း လုပ်ခဲ့တဲ့အခါကျတော့ အခု မြန်မာနိုင်ငံ စစ်အာဏာသိမ်းလိုက်တဲ့ ကိစ္စမှာ တရုတ်နိုင်ငံအနေနဲ့ ကြားဝင်စေ့စပ်ညှိုနှိုင်းသင့်သလား၊ တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုမျိုး ရပ်တည်ဆောင်ရွက်ပေးသင့်လဲလို မြင်သလဲရှင့်။

ဦးပိုမြင့်။။ ကျနော်တို့ ကြားရတဲ့ သတင်းအရပေါ့လေ တရုတ်သံအမတ်ကြီး ကိုယ်တိုင်က ဖမ်းဆီးထားတဲ့ ပုဂ္ဂိုလ်တွေ လွှတ်ပေးဖို့ မနေ့က ပြောဆိုလိုက်တာ တွေ့ရတယ်။ တွေ့ရတော့ သူတို့ကလည်း ငြိမ်းချမ်းစွာဖြစ်စေချင်တဲ့ ဆန္ဒတော့ ပြလာတယ်ပေါ့ဗျာ။ အဲဒါကိုတော့ ကျနော်တို့ သဘောကျပါတယ်။

ကျနော်တို့ အသင်းထဲမှာကတော့ ကျနော်ကတော့ မြန်မာပေါ့လေ။ တဝက်လောက်က မြန်မာပြည်ဖွား တရုတ်တွေပါတယ်။ တချို့ကလည်း ကျနော်တို့နဲ့ ဆန္ဒမတူတာတွေ ရှိနိုင်တယ်။ ဒါကြောင့် အသင်းအနေနဲ့ ကျနော်တို့က လှုပ်ရှားလို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းအနေနဲ့က ဆွေးနွေးဆုံးဖြတ်ပြီးမှ လုပ်လို့ရတာကိုး။ လုပ်ရင်တော့ ပုဂ္ဂိုလ်ရေးအနေနဲ့ ပဲ လုပ်လို့ရပါတယ်။

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မန္တလေး) ဥက္ကဌ ဦးပိုမြင့်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG