သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုဘဏ် နဲ့ ကာချုပ်ရုံး Website တွေ တိုက်ခိုက်ခံရ (တပ်မတော်ပြန်ကြားရေး)


တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ website
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ website

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို အနုနည်းနဲ့ အာခံတဲ့နည်း CDM အပါအဝင် နည်းအမျိုးမျိုးနဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေချိန် မှာပဲ မြန်မာနိုင်ငံဗဟိုဘဏ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ တပ်မတော် သတင်းမှန် ပြန်ကြားရေးတို့ရဲ့ တရားဝင် website တွေဟက်ကာ တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးနဲ့ MRTV တို့ရဲ့ Facebook စာမျက်နှာတွေမှာ ထုတ်ပြန် ထားပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရက်စွဲနဲ့ အဲဒီ ထုတ်ပြန်ချက်တွေမှာ မသမာသူတွေက website တွေ ခေတ္တရပ်ဆိုင်းသွားအောင် နှောင့်ယှက် ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် စစ်တပ်က ကွန်ပြူတာ ပညာရှင်တွေရဲ့ ကြိုးပမ်းမှုကြောင့် နာရီပိုင်းအတွင်း လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ထုတ်ပြန်ထားချိန်မှာ ဗဟိုဘဏ်ရဲ့ website ကို လုပ်ဆောင်ပေးနေတဲ့ ကုမ္ပဏီကို ခေါ်ယူပြီး လည်ပတ်စေဖို့ ဆောင်ရွက်နေ ပြီး မူလ အခြေအနေ မကြာခင် ပြန်လည် ရောက်ရှိမယ်လို့လည်း ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သူတွေက CDMအနုနည်းနဲ့အာဏာဖီ ဆန်ရာမှာ IT နည်းပညာနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာလို မိမိတတ်ကျွမ်းတဲ့အတတ်ပညာတွေအသုံးချဖို့ ဆော်ဩနေချိန်မှာ အခုလိုတပ်မတော် ရဲ့ websites တွေ ဟက်ကာတွေရဲ့တိုက်ခိုက်မှုကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)





XS
SM
MD
LG