[Zawgyi/Unicode]
[Unicode Version]
မန္တလေးတိုင်းဝန်ကြီးချုပ် ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့မြင်ကွင်းများ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ကို အောင်မြေသာစံမြို့နယ် တရားရုံးမှာ ရုံးထုတ်မယ်ဆိုတဲ့ သတင်းကြောင့် ရာနဲ့ချီတဲ့ မြို့ခံတွေ တရားရုံးရှေ့မှာ စုဝေးပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဒါပေမဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ကို ဒီကနေ့ တရားရုံးထုတ်လာတာမရှိဘဲ ဗီဒီယိုနဲ့သာရုံးတင်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ လက်မှတ်ထိုးဖို့သာ ပြုလုပ်ခဲ့ပြီးတော့ နောက်ရုံးချိန်းကို လာမယ့် ၂၂ ရက်နေ့မှာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။