သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕ ၁၃ ရက္ေျမာက္ ဆႏၵျပပြဲျမင္ကြင္းမ်ား

[Zawgyi/Unicode]

ရန္ကုန္ၿမိဳ႕ ေနရာအႏွံ႔မွာ ဒီကေန႔လည္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြဆက္ျဖစ္ခဲ့ပါတယ္။ ဒီကေန႔မွာေတာ့ တိုင္းရင္းသားလူမ်ဳိးေပါင္းစံု စုေဝးၿပီးေတာ့လည္း ကန္႔ကြက္ဆႏၵျပၾကပါတယ္။

စစ္ေကာင္စီကလည္း ရဲတပ္ဖြဲ႔နဲ႔အတူ ေျမထိုးေျမေကာ္ကားႀကီးေတြ၊ ကရိန္းကားႀကီးေတြကိုပါ တြဲၿပီး ခ်ထားခဲ့ပါတယ္။ မေန႔က ေမာ္ေတာ္ယာဥ္ေတြ လမ္းေတြေပၚမွာ ပိတ္ဆို႔ရပ္ၿပီးေတာ့ ဆႏၵျပခဲ့ၾကတာကို တံု႔ျပန္ဖို႔ ရည္ရြယ္ပံုရေပမဲ့ အဲဒီအေျခအေနထိ ေရာက္မသြားခဲ့ပါဘူး။

~~~
[Unicode]
ရန်ကုန်မြို့ ၁၃ ရက်မြောက် ဆန္ဒပြပွဲမြင်ကွင်းများ

ရန်ကုန်မြို့ နေရာအနှံ့မှာ ဒီကနေ့လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုဝေးပြီးတော့လည်း ကန့်ကွက်ဆန္ဒပြကြပါတယ်။

စစ်ကောင်စီကလည်း ရဲတပ်ဖွဲ့နဲ့အတူ မြေထိုးမြေကော်ကားကြီးတွေ၊ ကရိန်းကားကြီးတွေကိုပါ တွဲပြီး ချထားခဲ့ပါတယ်။ မနေ့က မော်တော်ယာဉ်တွေ လမ်းတွေပေါ်မှာ ပိတ်ဆို့ရပ်ပြီးတော့ ဆန္ဒပြခဲ့ကြတာကို တုံ့ပြန်ဖို့ ရည်ရွယ်ပုံရပေမဲ့ အဲဒီအခြေအနေထိ ရောက်မသွားခဲ့ပါဘူး။

ေနာက္ထပ္ၾကည့္႐ႈရန္

XS
SM
MD
LG