[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ လူထု ဆႏၵျပပြဲေတြ အရွိန္ ေကာင္းေနခ်ိန္မွာပဲ ႏိုင္ငံတကာ အသိုင္းအဝိုင္းကလည္း အာဏာသိမ္းထားတဲ့ ျမန္မာစစ္တပ္ကို ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔ အေရးယူမႈေတြ ထိထိေရာက္ေရာက္ ခ်မွတ္ ေဆာင္ရြက္သင့္တယ္လို႔ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Tom Andrews က ထပ္မံ တိုက္တြန္း ေျပာဆိုလိုက္ပါတယ္။
“အခုခ်ိန္မွာ အေရးႀကီးဆံုးက ႏိ္ုင္ငံတကာ အသိုင္းအဝိုင္းတခုလံုးအေနနဲ႔ ျမန္မာစစ္တပ္ကို သံတမန္ေရးအရ၊ စီးပြားေရးအရ ထိေရာက္တဲ့ ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို အာရံုစိုက္ လုပ္ေဆာင္ရမွာျဖစ္တယ္။” လို႔ လူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ Tom Andrews ေျပာသြားတာပါ။
ကုလသမဂၢလံုျခံဳေရးေကာင္စီအေနနဲ႔ ဒဏ္ခတ္ပိတ္ဆို႔ အေရးယူမႈေတြ ခ်မွတ္ႏိုင္ရင္ေတာ့ အေကာင္းဆံုးပဲလို႔လည္း သူကေျပာပါတယ္။ ဒါေပမဲ့ ဒီလို မျဖစ္လာရင္ေတာင္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ တျခား ထိေရာက္တဲ့နည္းလမ္းေတြနဲ႔ ျမန္မာစစ္တပ္ကို ပစ္မွတ္ထား ဖိအားေပးတာေတြ လုပ္ႏိုင္ပါေသးတယ္လို႔လည္း သူကေျပာပါတယ္။
ျမန္မာႏိုင္ငံကို ဖိအားေပးတဲ့ေနရာမွာ တ႐ုတ္ႏိုင္ငံရဲ႕ အခန္းက႑က အင္မတန္ကို အေရးႀကီးတယ္ ဆိုတာကိုလည္း သူက အေလးေပး ေျပာပါတယ္။ တ႐ုတ္ဟာ ျမန္မာႏိုင္ငံအတြင္း ရင္းႏွီးျမွဳပ္ႏွံမႈေတြနဲ႔ ကုန္သြယ္ေရးမွာ အဓိကက်တာမို႔ ျမန္မာစစ္တပ္ကို ေနာက္ကြယ္ကေန ဖိအားေပးႏိုင္မယ္ဆိုရင္ အင္မတန္ထိေရာက္ႏိုင္တယ္လို႔ မစၥတာ Andrews ကေျပာပါတယ္။
ျမန္မာႏိုင္ငံတဝန္း စစ္အုပ္ခ်ဳပ္ေရးကိုဆန္႔က်င္တဲ့ လမ္းေပၚထြက္ ဆႏၵျပပြဲေတြ ပိုၿပီး အားေကာင္းလာတာနဲ႔အမွ် အာဏာပိုင္ေတြဘက္က အင္အားသံုး ဖိႏွိပ္ ႏွိမ္နင္းမႈေတြ ျဖစ္လာမွာကို စိုးရိမ္တယ္လို႔လည္း အထူးသံတမန္က ေျပာပါတယ္။ ဒီလိုအခ်ိန္မွာ ေသြးထြက္သံယိုမႈေတြ မျဖစ္ဘဲ ျမန္မာစစ္တပ္ကို သူတို႔ လုပ္ရပ္ေတြ ျပင္ၿပီး အရပ္သားအစိုးရကို အာဏာျပန္လႊဲေပးလာေအာင္ ဖိအားေပးႏိုင္တဲ့ အေျခအေနေတြ၊ အခြင့္အလမ္းေတြ ႏိုင္ငံတကာ အသိုင္းအဝိုင္းမွာ ရွိေနပါတယ္လို႔လည္း ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Tom Andrews က တိုက္တြန္းေျပာၾကားခဲ့ပါတယ္။
[Unicode Version]
အာဏာသိမ်းစစ်တပ်ပေါ် ပစ်မှတ်ထား အရေးယူဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ထပ်မံတောင်းဆို
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထု ဆန္ဒပြပွဲတွေ အရှိန် ကောင်းနေချိန်မှာပဲ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ထိထိရောက်ရောက် ချမှတ် ဆောင်ရွက်သင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ထပ်မံ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
“အခုချိန်မှာ အရေးကြီးဆုံးက နိုင်ငံတကာ အသိုင်းအဝိုင်းတခုလုံးအနေနဲ့ မြန်မာစစ်တပ်ကို သံတမန်ရေးအရ၊ စီးပွားရေးအရ ထိရောက်တဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အာရုံစိုက် လုပ်ဆောင်ရမှာဖြစ်တယ်။” လို့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews ပြောသွားတာပါ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်နိုင်ရင်တော့ အကောင်းဆုံးပဲလို့လည်း သူကပြောပါတယ်။ ဒါပေမဲ့ ဒီလို မဖြစ်လာရင်တောင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တခြား ထိရောက်တဲ့နည်းလမ်းတွေနဲ့ မြန်မာစစ်တပ်ကို ပစ်မှတ်ထား ဖိအားပေးတာတွေ လုပ်နိုင်ပါသေးတယ်လို့လည်း သူကပြောပါတယ်။
မြန်မာနိုင်ငံကို ဖိအားပေးတဲ့နေရာမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက အင်မတန်ကို အရေးကြီးတယ် ဆိုတာကိုလည်း သူက အလေးပေး ပြောပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေးမှာ အဓိကကျတာမို့ မြန်မာစစ်တပ်ကို နောက်ကွယ်ကနေ ဖိအားပေးနိုင်မယ်ဆိုရင် အင်မတန်ထိရောက်နိုင်တယ်လို့ မစ္စတာ Andrews ကပြောပါတယ်။
မြန်မာနိုင်ငံတဝန်း စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ပိုပြီး အားကောင်းလာတာနဲ့အမျှ အာဏာပိုင်တွေဘက်က အင်အားသုံး ဖိနှိပ် နှိမ်နင်းမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်လို့လည်း အထူးသံတမန်က ပြောပါတယ်။ ဒီလိုအချိန်မှာ သွေးထွက်သံယိုမှုတွေ မဖြစ်ဘဲ မြန်မာစစ်တပ်ကို သူတို့ လုပ်ရပ်တွေ ပြင်ပြီး အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးလာအောင် ဖိအားပေးနိုင်တဲ့ အခြေအနေတွေ၊ အခွင့်အလမ်းတွေ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ရှိနေပါတယ်လို့လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းပြောကြားခဲ့ပါတယ်။