သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ဆႏၵျပပြဲ အေျခခံပညာေက်ာင္း ဆရာ၊ ဆရာမေတြပါဝင္


ရန္ကုန္ဆႏၵျပပြဲ အေျခခံပညာေက်ာင္း ဆရာ၊ ဆရာမေတြပါဝင္

{{Zawgyi/Unicode}}

စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ ရန္ကုန္ၿမိဳ႕က ဆႏၵျပပဲြေတြမွာ ေထာင္ေသာင္းခ်ီတဲ့ ေက်ာင္းဆရာ၊ ဆရာမေတြလည္း ပါ၀င္လာၾကပါတယ္။ လုံၿခံဳေရးေတြ တင္းတင္းက်ပ္က်ပ္ ခ်ထားတဲ့ ရန္ကုန္ၿမိဳ႕က သီတင္း ၂ ပတ္ေက်ာ္ၾကာ ဆႏၵျပလႈပ္ရွားမႈေတြမွာ ပညာေရး၀န္ထမ္းေတြ ပူးေပါင္းပါ၀င္လာတဲ့အေၾကာင္းကုိေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

ဆႏၵျပပဲြေတြေၾကာင့္ လုံၿခံဳေရးတပ္ဖဲြ႔ေတြ တုိးျမွင့္ခ်ထားေပမဲ့ ရန္ကုန္ၿမိဳ႕မွာ ဆႏၵျပလႈပ္ရွားမႈေတြ အားေကာင္းေနဆဲျဖစ္ၿပီး၊ အခုဆုိရင္ ပညာေရး ၀န္ထမ္းေတြလည္း လမ္းေပၚထြက္ ဆႏၵျပပဲြေတြမွာ ပါ၀င္လာၾကတာပါ။ ရန္ကုန္ၿမိဳ႕ အခ်က္အျခာေနရာေတြကုိ ခ်ီတက္ဆႏၵျပတဲ့ လႈပ္ရွားမႈမွာ အေျခခံပညာ ေက်ာင္းဆရာ၊ ဆရာမေတြ ေထာင္ေသာင္းခ်ီ ပူးေပါင္းပါ၀င္ခဲ့ၾကတာလုိ႔လည္း ဦးေဆာင္လႈပ္ရွားသူ တဦးျဖစ္တဲ့ ဆရာဦးစုိးသူရေက်ာ္က ဗြီအိုေအကို ေျပာပါတယ္။

“ရန္ကုန္တုိင္း တတုိင္းလုံးက ဆရာ၊ ဆရာမေတြပါမယ္၊ ၃ ေသာင္းခဲြေလာက္ရွိတယ္။”

စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့အေနနဲ႔ ၀န္ထမ္းေတြ အလုပ္မဆင္းပဲ အႏုနည္းနဲ႔ အာဏာဖီဆန္ၾကဖုိ႔၊ လမ္းေပၚထြက္ ဆႏၵျပၾကဖုိ႔ လႈ႔ံေဆာ္မႈေတြ ရွိခဲ့ၿပီးေနာက္၊ ဆႏၵျပလႈပ္ရွားမႈေတြလည္း အားေကာင္းလာခဲ့တာပါ။ အေျခခံပညာ ပညာေရးလုပ္သားမ်ား သမဂၢ ေျပာေရးဆိုခြင့္ရသူလည္းျဖစ္တဲ့ ဦးစိုးသူရေက်ာ္ကေတာ့ လူထုလႈပ္ရွားမႈေတြ ေအာင္ျမင္တဲ့အထိ ပူးေပါင္းပါ၀င္သြားဖုိ႔ ရည္ရြယ္ထားတယ္လုိ႔ ေျပာပါတယ္။

“ က်ေနာ္တို႔ကေတာ့ရွင္းတယ္ စစ္အာဏာရွင္စနစ္ကို ဘယ္သူမွအလိုမရွိဘူး၊ ျပည္သူေတြလည္း အလိုမရွိဘူး၊ က်ေနာ္တို႔လည္း အလိုမရွိဘူး။ က်ေနာ္တို႔သည္ ျပည္သူနဲ႔ တသားတည္း ရပ္တည္ေနတာျဖစ္တယ္။ ဒါေၾကာင့္မို႔ ျပည္သူ႔ဆႏၵသည္ က်ေနာ္တို႔ ဆႏၵျဖစ္တယ္။ စစ္အာဏာရွင္စနစ္ လုံးဝ ျပဳတ္က်သြားတဲ့အထိ က်ေနာ္တို႔က တိုက္ပြဲဝင္သြားမွာျဖစ္တယ္။”

ေရြးေကာက္ပဲြ လုပ္ငန္းစဥ္က အားနည္းခ်က္ေတြကုိ ေျဖရွင္းဖုိ႔ ပ်က္ကြက္ခဲ့တယ္ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ အရပ္သား အစုိးရကုိ ဖယ္ရွားခဲ့တဲ့ တပ္မေတာ္ရဲ႕ လုပ္ရပ္အေပၚ ဆန္႔က်င္ကန္႔ကြက္သူေတြထဲမွာေတာ့ ပညာေရး၀န္ထမ္းေတြ အပါအ၀င္ ျပည္သူ႔၀န္ထမ္းေတြ၊ အလုပ္သမားေတြလည္း ပါ၀င္ေနၾကတာပါ။ ပညာေရး၀န္ထမ္းေတြရဲ႕ လႈပ္ရွားမႈမွာ ပူးေပါင္းပါ၀င္ခဲ့တဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးေဌးကလည္း NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ အႏုိင္ရခဲ့တဲ့ ေရြးေကာက္ပဲြ ရလဒ္ရဲ႕ တရား၀င္မႈကုိ ကာကြယ္ဖုိ႔ ဆႏၵျပပဲြေတြမွာ ပါ၀င္ခဲ့တာလုိ႔ ေျပာပါတယ္။

“ ၂၀၂၀ ေရြးေကာက္ပြဲဟာ က်ေနာ္တို႔ နိုင္ငံသူ၊ နိုင္ငံသားေတြ ေရြးခ်ယ္တင္ေျမႇာက္ထားတဲ့ ေရြေကာက္ပြဲရလဒ္ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ဟာ နိုင္ငံသားေတြရဲ့ အခြင့္အေရးကို ကာကြယ္တဲ့အေနနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို ေလးစားအသိအမွတ္ျပဳ ေထာက္ခံပါတယ္။”

ရန္ကုန္ၿမိဳ႕က ဆႏၵျပသူေတြ အဓိက စုေ၀းရာေနရာေတြျဖစ္တဲ့ လွည္းတန္း၊ ေျမနီကုန္း၊ ဆူးေလ စတဲ့ေနရာေတြမွာ မၾကာေသးခင္ကစလုိ႔ လုံၿခံဳေရးတပ္ဖဲြ႔ေတြ တုိးျမွင့္ထားေပမဲ့ ၀န္ထမ္းေတြအပါအ၀င္ လူတန္းစားအလႊာအသီးသီးက ဆႏၵျပေနၾကတာပါ။ ဆႏၵျပလႈပ္ရွားမႈေတြနဲ႔ အလုပ္မဆင္းပဲ အာဏာဖီဆန္တဲ့လႈပ္ရွားမႈမွာ ပါ၀င္တဲ့ ၀န္ထမ္းေတြကုိ အာဏာပုိင္ေတြက ဖမ္းဆီးအေရးယူတာ၊ ဖိအားေပးတာေတြ ရွိေနခ်ိန္မွာပဲ လုံၿခံဳေရးတပ္ဖဲြ႔၀င္တခ်ဳိ႕ အပါအ၀င္ ျမန္မာႏုိင္ငံအ၀န္းက လႈပ္ရွားမႈေတြမွာ ပူးေပါင္းပါ၀င္လာသူေတြလည္း ရွိေနပါတယ္ခင္ဗ်ာ။

.........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ထောင်သောင်းချီတဲ့ ကျောင်းဆရာ၊ ဆရာမတွေလည်း ပါဝင်လာကြပါတယ်။ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ ရန်ကုန်မြို့က သီတင်း ၂ ပတ်ကျော်ကြာ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပညာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာတဲ့အကြောင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ဆန္ဒပြပွဲတွေကြောင့် လုံခြုံရေးတပ်ဖွဲ့တွေ တိုးမြှင့်ချထားပေမဲ့ ရန်ကုန်မြို့မှာ ဆန္ဒပြလှုပ်ရှားမှုတွေ အားကောင်းနေဆဲဖြစ်ပြီး၊ အခုဆိုရင် ပညာရေး ဝန်ထမ်းတွေလည်း လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ ပါဝင်လာကြတာပါ။ ရန်ကုန်မြို့ အချက်အခြာနေရာတွေကို ချီတက်ဆန္ဒပြတဲ့ လှုပ်ရှားမှုမှာ အခြေခံပညာ ကျောင်းဆရာ၊ ဆရာမတွေ ထောင်သောင်းချီ ပူးပေါင်းပါဝင်ခဲ့ကြတာလို့လည်း ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်တဲ့ ဆရာဦးစိုးသူရကျော်က ဗွီအိုအေကို ပြောပါတယ်။

“ရန်ကုန်တိုင်း တတိုင်းလုံးက ဆရာ၊ ဆရာမတွေပါမယ်၊ ၃ သောင်းခွဲလောက်ရှိတယ်။”

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ဝန်ထမ်းတွေ အလုပ်မဆင်းပဲ အနုနည်းနဲ့ အာဏာဖီဆန်ကြဖို့၊ လမ်းပေါ်ထွက် ဆန္ဒပြကြဖို့ လှုံ့ဆော်မှုတွေ ရှိခဲ့ပြီးနောက်၊ ဆန္ဒပြလှုပ်ရှားမှုတွေလည်း အားကောင်းလာခဲ့တာပါ။ အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂ ပြောရေးဆိုခွင့်ရသူလည်းဖြစ်တဲ့ ဦးစိုးသူရကျော်ကတော့ လူထုလှုပ်ရှားမှုတွေ အောင်မြင်တဲ့အထိ ပူးပေါင်းပါဝင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

“ ကျနော်တို့ကတော့ရှင်းတယ် စစ်အာဏာရှင်စနစ်ကို ဘယ်သူမှအလိုမရှိဘူး၊ ပြည်သူတွေလည်း အလိုမရှိဘူး၊ ကျနော်တို့လည်း အလိုမရှိဘူး။ ကျနော်တို့သည် ပြည်သူနဲ့ တသားတည်း ရပ်တည်နေတာဖြစ်တယ်။ ဒါကြောင့်မို့ ပြည်သူ့ဆန္ဒသည် ကျနော်တို့ ဆန္ဒဖြစ်တယ်။ စစ်အာဏာရှင်စနစ် လုံးဝ ပြုတ်ကျသွားတဲ့အထိ ကျနော်တို့က တိုက်ပွဲဝင်သွားမှာဖြစ်တယ်။”

ရွေးကောက်ပွဲ လုပ်ငန်းစဉ်က အားနည်းချက်တွေကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သား အစိုးရကို ဖယ်ရှားခဲ့တဲ့ တပ်မတော်ရဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်သူတွေထဲမှာတော့ ပညာရေးဝန်ထမ်းတွေ အပါအဝင် ပြည်သူ့ဝန်ထမ်းတွေ၊ အလုပ်သမားတွေလည်း ပါဝင်နေကြတာပါ။ ပညာရေးဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးဌေးကလည်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ရဲ့ တရားဝင်မှုကို ကာကွယ်ဖို့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာလို့ ပြောပါတယ်။

“ ၂၀၂၀ ရွေးကောက်ပွဲဟာ ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ရွေကောက်ပွဲရလဒ် ဖြစ်တဲ့အတွက် ကျနော်တို့ဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားအသိအမှတ်ပြု ထောက်ခံပါတယ်။”

ရန်ကုန်မြို့က ဆန္ဒပြသူတွေ အဓိက စုဝေးရာနေရာတွေဖြစ်တဲ့ လှည်းတန်း၊ မြေနီကုန်း၊ ဆူးလေ စတဲ့နေရာတွေမှာ မကြာသေးခင်ကစလို့ လုံခြုံရေးတပ်ဖွဲ့တွေ တိုးမြှင့်ထားပေမဲ့ ဝန်ထမ်းတွေအပါအဝင် လူတန်းစားအလွှာအသီးသီးက ဆန္ဒပြနေကြတာပါ။ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ အလုပ်မဆင်းပဲ အာဏာဖီဆန်တဲ့လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူတာ၊ ဖိအားပေးတာတွေ ရှိနေချိန်မှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ အပါအဝင် မြန်မာနိုင်ငံအဝန်းက လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်လာသူတွေလည်း ရှိနေပါတယ်ခင်ဗျာ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG