သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၱေလးပစ္ခတ္မႈ ႏွင္႔ NLD တံု႔ျပန္ခ်က္ 


မႏၱေလး ရထားသံလမ္းေပၚမွာ ပစ္ခတ္မူျဖစ္ (crd -သန္း၀င္း)

(Zawgyi/Unicode)

စစ္အာဏာသိမ္းဆန္႔က်င္ဆႏၵျပပြဲေတြ ရန္ကုန္မွာႀကီးမားလာခ်ိန္၊ မႏၱေလးမွာလည္း လူမူဝန္ထမ္းအလႊာေပါင္းစံုပါဝင္ခဲ့ၿပီး၊ ညဖက္ပိုင္းမွာ ပစ္ခတ္မူေတြပါ ႀကံဳခဲ့ရေပမဲ့၊ ဆက္လက္အင္အားျဖည့္ ခ်ီတက္သြားမယ္လို႔ ေရြးေကာက္ပြဲအႏိုင္ရ ပါတီေခါင္းေဆာင္တစ္ဦးက ဆိုပါတယ္။

မႏၱေလးဘူတာရံုမွာ မေန႔က ရထားကို သပိတ္တားခဲ့သူေတြလူစုခြဲအၿပီး ည ၈ နာရီအေက်ာ္မွာ၊ ရဲေတြက ၿမိဳ.ထဲမွာပဲရွိတဲ့ ရထားသံလမ္းေပၚတက္လာၿပီး ပစ္ခတ္မူေတြျဖစ္ခဲ့တယ္လို႔ ရထားဝန္ထမ္းေတြက ဆိုပါတယ္။ မႏၱေလးက ေနာက္ဆံုးအေျခအေနကို ကိုဝင္းမင္းက ေမးထားပါတယ္။

အခု မႏၱေလး အျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီးေတာ့ အမည္မေဖာ္လိုတဲ့ ရထား၀န္ထမ္းတဦးက

“ ျဖစ္ပ်က္ပံုကေတာ့ ည ၈ နာရီေက်ာ္ေက်ာ္ေလာက္ ရဲေတြ၀င္လာေတာ့၊ သံပံုးတီးလို႔ဆိုၿပီးေတာ့၊ ဟို ေဘးနားကရွိတဲ့ ရပ္ကြက္ကလူေတြကေန သံပံုးတီးလို႔ဆိုၿပီး လိုက္ပစ္တာ၊ လွမ္းပစ္တာ၊ ဗီြဒီယိုဖိုင္ေတြ တက္ေနတယ္ေလ။”

ဒီ ဗီြဒီယိုဖိုင္ထဲက ပစ္ခတ္ႀကိမ္းေမာင္းသံေတြပါ။

အဲဒီေတာ့ ရထားထြက္သြားႏိုင္ၿပီလားလို႔ ေမးရာမွာ ျမစ္ႀကီးနားကို ထြက္ဖို႔ သင္တန္းက ၂ ဦးေခၚၿပီး ေမာင္းဖို႔ ျပင္ခဲ့ေပမဲ႔၊ မေန႔ည သန္းေခါင္ေက်ာ္အထိေတာ့ မထြက္ႏိုင္ေသးဘူးလို႔ ဒီရထား၀န္ထမ္းက ဆက္ေျပာပါတယ္။

“အခုအထိေတာ့ မထြက္ေသးဘူး တိုင္းမန္ေနဂ်ာကို ဗိုလ္ႀကီးေဆြလြင္၊ ဗိုလ္မူးမ်ိဳးဝင္း၊ ဗို္လ္ႀကီးစံသာေအာင္ ဒီ ၃ ေယာက္ကေနၿပီးေတာ့ အတင္းအဓမၼလုပ္ခိုင္းလိုု႔ ေခၚလာတာေလ၊ မိတၳီလာမွာ နည္းျပဆရာလုပ္ေနၾကရတဲ့ သင္တန္းဆရာေတြ လူ ၂ ေယာက္ကို ေခၚလာတာ။”

ဒီေနရာမွာ အခုလို ရထားမထြက္ႏိုင္ဖို႔ မေန႔ ညေနကတည္းက တားခဲ့တဲ့ ပံုကိုလည္း ဒီရထား၀န္ထမ္းကပဲ

“တားတာကေတာ့ ညေနကတည္းက တားေနတာပဲ က်ေနာ္တို႔ကေတာ့။ ည ၈ နာရီေလာက္က်ေတာ့ လူစုခြဲလိုက္တာကို ။ လူစုခြဲေတာ့ ဒီနားမွာ သံလမ္းေဘးနားမွာ အိပ္တဲ့လူေတြရွိတယ္ေလ ၊ က်ပန္းသမားေတြရွိတယ္ေလ။ က်ပန္းသမားေတြထိုင္ေနတာေပါ့ သူတို႔ထိုင္ေနတဲ့ေနရာကို ပစ္တာေပါ့။ ေျခာက္ပစ္တာေလ။”

ဒါ့အျပင္ ဖမ္းဆီးခံထားရတဲ့ ရထား၀န္ထမ္း ၂ ဦးကို ေတြ႔ဖို႔ ညိွတာမွာလည္း အဆင္မေျပခဲ့ဘူးလို႔ ဒီရထား၀န္ထမ္းက ဆက္ေျပာပါတယ္။

“လူႀကီးေတြနဲ႔ လူႀကီးနဲ႔ညိွုမယ္ဆိုၿပီးေတာ့၊ ဗိုလ္မူးမ်ိဳးဝင္းနဲ႔ ညိွုေသးတယ္၊ ညိုွၿပီးေတာ့ လူႀကီးက ခဏေစာင့္ဆိုၿပီးေတာ့ ဒီ စက္ဗိုလ္ကိုေခၚေပးမယ္ဆိုၿပီးေတာ့ ၀င္သြားတာ ျပန္မထြက္လာေတာ့ဘူး။ ကၽြန္ေတာ္တို႔ ဒီမွာဖမ္းထားတဲ့စက္ဗိုလ္နဲ႔ကိုလည္း ေတြ႔ခြင့္မေပးဘူး၊ ၂ ေယာက္။ စက္ဗိုလ္က ကိုသန္းေဇာ္နဲ႔ ကိုေဇာ္ကိုကိုေအာင္။”

အဲဒီေတာ့ ဘာေၾကာင့္အခုလို ပစ္ခတ္မႈအထိ ျဖစ္ႏိုင္တာပါလဲလို႔ မႏၱေလးတိုင္းေဒသႀကီး NLD ပါတီ ဒုဥကၠ႒ ေဒၚ၀င္းျမျမကို ေမးရာမွာ

“ပစ္ခတ္မႈေတြျဖစ္တဲ့ေနရာ ဒါက မေန႔ကဆိုရင္လည္း ၂၇ လမ္းဖက္မွာဆိုလို႔ရွိရင္၊ ဘဏ္ (၂) ေရွ႕မွာဆုိရင္လည္း၊ ရဲေတြက ေကာ္ဘတ္ (ရာဘာက်ည္) ေတြနဲ႔ ပစ္တယ္။ CDM လုပ္ဖို႔ ျပည္သူေတြက ေတာင္းဆို တယ္။ တခ်ိဳ႕ ဘဏ္၀န္ထမ္းေတြက CDM မလုပ္ပဲ တခ်ိဳ႕ရွိေနတယ္။ အဲဒီလိုမ်ိဳး ျပည္သူလူထုရဲ႕ ေတာင္းဆိုမႈေတြကို ကန္႔သတ္တဲ့အေနနဲ႔၊ ျပည္သူကို ၿခိမ္းေျခာက္တဲ့ အေနနဲ႔ ပစ္ပံုရပါတယ္။ ဒါေပမယ့္ ျပည္သူကေတာ့ ေန႔စဥ္ေန႔တဓူ၀ လမ္းေပၚမွာ အင္နဲ႔အားနဲ႔ ရွိေနတယ္၊ က် မသြားဘူး လႈပ္ရွားမႈေတြက။ ေအာင္ျမင္တဲ့အထိ အကုန္လံုးလုပ္ၾကမွာပဲေလ၊ ျပည္သူလူထု ကေတာ့။”

ဒီေနရာမွာ NLD အေနနဲ႔ အခုလႈပ္ရွားမႈေတြကို ဘယ္လို ဆက္လုပ္ဖို႔ ရွိပါသလဲလို႔ ေမးရာမွာ စဥ့္ကိုင္ၿမိဳ႕နယ္က ေရြးခ်ယ္ခံ အခု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္တဲ့ ေဒၚ၀င္းျမျမက

“က်မတို႔ကေတာ့ ခ်ိတ္ပိတ္ခံထားရတဲ့ တိုင္းရံုးေရွ႕မွာ က်မတို႔ ရံုးထိုင္တဲ့သေဘာမ်ိဳးနဲ႔ ထိုင္တယ္၊ သပိတ္စခန္း သေဘာမ်ိဳးေပါ့ေနာ္ အကုန္လံုးထိုင္ၿပီးေတာ့မွ၊ ဒီ က်မတို႔ရံုးေရွ႕မွာ ဆႏၵျပတဲ့ အဖြဲ႔ေတြအသီးသီးေပါ့ေနာ္။ ဒီေန႔ဆိုရင္လည္း လြတ္လပ္ေသာ ေက်ာင္းဆရာ၊ ဆရာမမ်ားအဖြဲ႔ လြတ္လပ္ေသာ အင္ဂ်င္နီယာမ်ားအဖြဲ႔ အဲလိုပဲေပါ့ေနာ္ တန္းစီလွည့္လည္တယ္။ ဆႏၵေဖာ္ထုတ္သူ ျပည္သူလူထုက က်မတို႔ ရံုးႀကီးေရွ႕ကေနျဖတ္ရင္းနဲ႔ က်မတို႔န႔ဲ အျမဲထိေတြ႔တယ္။ ေနာက္တခါက်ေတာ့ တပ္ေပါင္းစုေတြနဲ႔ ထိုင္သပိတ္တို႔ဘာတို႔ လုပ္တဲ့အခါက်ရင္ က်မတို႔လည္း ပါ၀င္ၿပီးေတာ့မွ သြားၿပီးေတာ့မွ အားေပးတယ္။ မနက္ျဖန္ဆိုရင္လည္း က်မတို႔ တရုတ္ေကာင္စစ္၀န္ရံုးေရွ႕မွာ သြားၿပီးေတာ့ စုေ၀းၿပီးေတာ့မွ ဆႏၵျပ ေတာင္းဆိုဖို႔ရွိတယ္။ ဒီလိုအလုပ္ေတြကို က်မတို႔ ျပည္သူနဲ႔အတူတူပဲ လုပ္ေနပါတယ္။ ေန႔စဥ္နဲ႔အမွ် က်မတို႔ မနားပါဘူး။”

ဒါ့အျပင္ မႏၱေလးက NLD ေခါင္းေဆာင္ေတြကို အေရးယူုေနပံုနဲ႔ ပတ္သက္ၿပီး ေဒၚ၀င္းျမျမကပဲ

“ ဒီေန႔ သဘာ၀သံယံဇာတ၀န္ႀကီး ဦးမ်ိဳးသစ္ ဒီေန႔ သူတို႔ရံုးထုတ္တယ္၊ အာမခံ ၂ ေယာက္ေပးရတယ္၊ သူ႔ေနအိမ္ကို ျပန္ေခၚျပန္ေခၚသြားတယ္။ မနက္ျဖန္ခါေတာ့ ေဒါက္တာေဇာ္ျမင့္ေမာင္ ရံုးထုတ္မယ္လို႔ ၾကားရပါတယ္။ ေအာင္ေျမသာဇံရံုးလို႔ေျပာပါတယ္။ ဦး၀င္းထိန္ကေတာ့ သန္ဘက္ခါ ရံုးထုတ္မယ္လို႔ ေျပာတယ္ ေနျပည္ေတာ္မွာပါ။”

ဒီေနရာမွာ မေန႔က ရံုးထုတ္ခဲ့ပံု အေသးစိတ္ကို ေဒၚ၀င္းျမျမကဆက္ၿပီး

“ ဒီေန႔ ရံုးထုတ္တာ လူကိုယ္တိုင္ပါ ၊ ဦးမ်ိဳးသစ္ေနတဲ့အိမ္ကေနပဲ ရဲ ၂ ေယာက္နဲ႔ ေခၚလာတယ္။ ဒီရံုးမွာပဲ အာမခံ ၂ ေယာက္ေပးရမယ္ဆိုၿပီး လူ၂ေယာက္သြားၿပီေတာ့မွ ကိုယ့္ရဲ႕ ပိုင္ဆိုင္တဲ့ စာရြက္စာတမ္းေတြနဲ႔ သြားၿပီး အာမခံေပးတဲ့အလုပ္ကို လုပ္ခဲ့ၾကပါတယ္။”

တကယ္ေတာ့ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲအၿပီး တပ္မေတာ္ကေန မဲစာရင္းမွားယြင္းမွႈေတြ ရွိခဲ့တယ္လို႔ စြပ္စြဲကာ၊ ေနာက္ဆံုးမွာ အာဏာသိမ္းခဲ့အၿပီး၊ ဒါကို ဆန္႔က်င္တဲ့ လူထုဆႏၵျပပြဲေတြ၊ ၁၉၈၈ ေနာက္ပိုင္းမွာ အႀကီးမားဆံုးအျဖစ္ တႏိုင္ငံလံုး ထြက္ေပၚလာေနတာပါ။

မႏၱေလးပစ္ခတ္မႈ ႏွင္႔ NLD တံု႔ျပန္ခ်က္
please wait

No media source currently available

0:00 0:04:59 0:00
တိုက္႐ိုက္ လင့္ခ္


................

မန္တလေးပစ်ခတ်မှု နှင့် NLD တုံ့ပြန်ချက်

(Unicode)

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေရန်ကုန်မှာကြီးမားလာချိန်၊ မန္တလေးမှာလည်း လူမူဝန်ထမ်းအလွှာပေါင်းစုံပါဝင်ခဲ့ပြီး၊ ညဖက်ပိုင်းမှာ ပစ်ခတ်မူတွေပါ ကြုံခဲ့ရပေမဲ့၊ ဆက်လက်အင်အားဖြည့် ချီတက်သွားမယ်လို့ ရွေးကောက်ပွဲအနိုင်ရ ပါတီခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။

မန္တလေးဘူတာရုံမှာ မနေ့က ရထားကို သပိတ်တားခဲ့သူတွေလူစုခွဲအပြီး ည ၈ နာရီအကျော်မှာ၊ ရဲတွေက မြို.ထဲမှာပဲရှိတဲ့ ရထားသံလမ်းပေါ်တက်လာပြီး ပစ်ခတ်မူတွေဖြစ်ခဲ့တယ်လို့ ရထားဝန်ထမ်းတွေက ဆိုပါတယ်။ မန္တလေးက နောက်ဆုံးအခြေအနေကို ကိုဝင်းမင်းက မေးထားပါတယ်။

အခု မန္တလေး အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ အမည်မဖော်လိုတဲ့ ရထားဝန်ထမ်းတဦးက

“ ဖြစ်ပျက်ပုံကတော့ ည ၈ နာရီကျော်ကျော်လောက် ရဲတွေဝင်လာတော့၊ သံပုံးတီးလို့ဆိုပြီးတော့၊ ဟို ဘေးနားကရှိတဲ့ ရပ်ကွက်ကလူတွေကနေ သံပုံးတီးလို့ဆိုပြီး လိုက်ပစ်တာ၊ လှမ်းပစ်တာ၊ ဗွီဒီယိုဖိုင်တွေ တက်နေတယ်လေ။”

ဒီ ဗွီဒီယိုဖိုင်ထဲက ပစ်ခတ်ကြိမ်းမောင်းသံတွေပါ။

အဲဒီတော့ ရထားထွက်သွားနိုင်ပြီလားလို့ မေးရာမှာ မြစ်ကြီးနားကို ထွက်ဖို့ သင်တန်းက ၂ ဦးခေါ်ပြီး မောင်းဖို့ ပြင်ခဲ့ပေမဲ့၊ မနေ့ည သန်းခေါင်ကျော်အထိတော့ မထွက်နိုင်သေးဘူးလို့ ဒီရထားဝန်ထမ်းက ဆက်ပြောပါတယ်။

“အခုအထိတော့ မထွက်သေးဘူး တိုင်းမန်နေဂျာကို ဗိုလ်ကြီးဆွေလွင်၊ ဗိုလ်မူးမျိုးဝင်း၊ ဗိုလ်ကြီးစံသာအောင် ဒီ ၃ ယောက်ကနေပြီးတော့ အတင်းအဓမ္မလုပ်ခိုင်းလို့ ခေါ်လာတာလေ၊ မိတ္ထီလာမှာ နည်းပြဆရာလုပ်နေကြရတဲ့ သင်တန်းဆရာတွေ လူ ၂ ယောက်ကို ခေါ်လာတာ။”

ဒီနေရာမှာ အခုလို ရထားမထွက်နိုင်ဖို့ မနေ့ ညနေကတည်းက တားခဲ့တဲ့ ပုံကိုလည်း ဒီရထားဝန်ထမ်းကပဲ

“တားတာကတော့ ညနေကတည်းက တားနေတာပဲ ကျနော်တို့ကတော့။ ည ၈ နာရီလောက်ကျတော့ လူစုခွဲလိုက်တာကို ။ လူစုခွဲတော့ ဒီနားမှာ သံလမ်းဘေးနားမှာ အိပ်တဲ့လူတွေရှိတယ်လေ ၊ ကျပန်းသမားတွေရှိတယ်လေ။ ကျပန်းသမားတွေထိုင်နေတာပေါ့ သူတို့ထိုင်နေတဲ့နေရာကို ပစ်တာပေါ့။ ခြောက်ပစ်တာလေ။”

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ရထားဝန်ထမ်း ၂ ဦးကို တွေ့ဖို့ ညှိတာမှာလည်း အဆင်မပြေခဲ့ဘူးလို့ ဒီရထားဝန်ထမ်းက ဆက်ပြောပါတယ်။

“လူကြီးတွေနဲ့ လူကြီးနဲ့ညှိုမယ်ဆိုပြီးတော့၊ ဗိုလ်မူးမျိုးဝင်းနဲ့ ညှိုသေးတယ်၊ ညိုှပြီးတော့ လူကြီးက ခဏစောင့်ဆိုပြီးတော့ ဒီ စက်ဗိုလ်ကိုခေါ်ပေးမယ်ဆိုပြီးတော့ ဝင်သွားတာ ပြန်မထွက်လာတော့ဘူး။ ကျွန်တော်တို့ ဒီမှာဖမ်းထားတဲ့စက်ဗိုလ်နဲ့ကိုလည်း တွေ့ခွင့်မပေးဘူး၊ ၂ ယောက်။ စက်ဗိုလ်က ကိုသန်းဇော်နဲ့ ကိုဇော်ကိုကိုအောင်။”

အဲဒီတော့ ဘာကြောင့်အခုလို ပစ်ခတ်မှုအထိ ဖြစ်နိုင်တာပါလဲလို့ မန္တလေးတိုင်းဒေသကြီး NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြကို မေးရာမှာ

“ပစ်ခတ်မှုတွေဖြစ်တဲ့နေရာ ဒါက မနေ့ကဆိုရင်လည်း ၂၇ လမ်းဖက်မှာဆိုလို့ရှိရင်၊ ဘဏ် (၂) ရှေ့မှာဆိုရင်လည်း၊ ရဲတွေက ကော်ဘတ် (ရာဘာကျည်) တွေနဲ့ ပစ်တယ်။ CDM လုပ်ဖို့ ပြည်သူတွေက တောင်းဆို တယ်။ တချို့ ဘဏ်ဝန်ထမ်းတွေက CDM မလုပ်ပဲ တချို့ရှိနေတယ်။ အဲဒီလိုမျိုး ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကို ကန့်သတ်တဲ့အနေနဲ့၊ ပြည်သူကို ခြိမ်းခြောက်တဲ့ အနေနဲ့ ပစ်ပုံရပါတယ်။ ဒါပေမယ့် ပြည်သူကတော့ နေ့စဉ်နေ့တဓူ၀ လမ်းပေါ်မှာ အင်နဲ့အားနဲ့ ရှိနေတယ်၊ ကျ မသွားဘူး လှုပ်ရှားမှုတွေက။ အောင်မြင်တဲ့အထိ အကုန်လုံးလုပ်ကြမှာပဲလေ၊ ပြည်သူလူထု ကတော့။”

ဒီနေရာမှာ NLD အနေနဲ့ အခုလှုပ်ရှားမှုတွေကို ဘယ်လို ဆက်လုပ်ဖို့ ရှိပါသလဲလို့ မေးရာမှာ စဉ့်ကိုင်မြို့နယ်က ရွေးချယ်ခံ အခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်ဝင်းမြမြက

“ကျမတို့ကတော့ ချိတ်ပိတ်ခံထားရတဲ့ တိုင်းရုံးရှေ့မှာ ကျမတို့ ရုံးထိုင်တဲ့သဘောမျိုးနဲ့ ထိုင်တယ်၊ သပိတ်စခန်း သဘောမျိုးပေါ့နော် အကုန်လုံးထိုင်ပြီးတော့မှ၊ ဒီ ကျမတို့ရုံးရှေ့မှာ ဆန္ဒပြတဲ့ အဖွဲ့တွေအသီးသီးပေါ့နော်။ ဒီနေ့ဆိုရင်လည်း လွတ်လပ်သော ကျောင်းဆရာ၊ ဆရာမများအဖွဲ့ လွတ်လပ်သော အင်ဂျင်နီယာများအဖွဲ့ အဲလိုပဲပေါ့နော် တန်းစီလှည့်လည်တယ်။ ဆန္ဒဖော်ထုတ်သူ ပြည်သူလူထုက ကျမတို့ ရုံးကြီးရှေ့ကနေဖြတ်ရင်းနဲ့ ကျမတို့နဲ့ အမြဲထိတွေ့တယ်။ နောက်တခါကျတော့ တပ်ပေါင်းစုတွေနဲ့ ထိုင်သပိတ်တို့ဘာတို့ လုပ်တဲ့အခါကျရင် ကျမတို့လည်း ပါဝင်ပြီးတော့မှ သွားပြီးတော့မှ အားပေးတယ်။ မနက်ဖြန်ဆိုရင်လည်း ကျမတို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ သွားပြီးတော့ စုဝေးပြီးတော့မှ ဆန္ဒပြ တောင်းဆိုဖို့ရှိတယ်။ ဒီလိုအလုပ်တွေကို ကျမတို့ ပြည်သူနဲ့အတူတူပဲ လုပ်နေပါတယ်။ နေ့စဉ်နဲ့အမျှ ကျမတို့ မနားပါဘူး။”

ဒါ့အပြင် မန္တလေးက NLD ခေါင်းဆောင်တွေကို အရေးယူုနေပုံနဲ့ ပတ်သက်ပြီး ဒေါ်ဝင်းမြမြကပဲ

“ ဒီနေ့ သဘာဝသံယံဇာတဝန်ကြီး ဦးမျိုးသစ် ဒီနေ့ သူတို့ရုံးထုတ်တယ်၊ အာမခံ ၂ ယောက်ပေးရတယ်၊ သူ့နေအိမ်ကို ပြန်ခေါ်ပြန်ခေါ်သွားတယ်။ မနက်ဖြန်ခါတော့ ဒေါက်တာဇော်မြင့်မောင် ရုံးထုတ်မယ်လို့ ကြားရပါတယ်။ အောင်မြေသာဇံရုံးလို့ပြောပါတယ်။ ဦးဝင်းထိန်ကတော့ သန်ဘက်ခါ ရုံးထုတ်မယ်လို့ ပြောတယ် နေပြည်တော်မှာပါ။”

ဒီနေရာမှာ မနေ့က ရုံးထုတ်ခဲ့ပုံ အသေးစိတ်ကို ဒေါ်ဝင်းမြမြကဆက်ပြီး

“ ဒီနေ့ ရုံးထုတ်တာ လူကိုယ်တိုင်ပါ ၊ ဦးမျိုးသစ်နေတဲ့အိမ်ကနေပဲ ရဲ ၂ ယောက်နဲ့ ခေါ်လာတယ်။ ဒီရုံးမှာပဲ အာမခံ ၂ ယောက်ပေးရမယ်ဆိုပြီး လူ၂ယောက်သွားပြီတော့မှ ကိုယ့်ရဲ့ ပိုင်ဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ သွားပြီး အာမခံပေးတဲ့အလုပ်ကို လုပ်ခဲ့ကြပါတယ်။”

တကယ်တော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပြီး တပ်မတော်ကနေ မဲစာရင်းမှားယွင်းမှှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲကာ၊ နောက်ဆုံးမှာ အာဏာသိမ်းခဲ့အပြီး၊ ဒါကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ၊ ၁၉၈၈ နောက်ပိုင်းမှာ အကြီးမားဆုံးအဖြစ် တနိုင်ငံလုံး ထွက်ပေါ်လာနေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG