{{Zawgyi/Unicode}}
စစ္ေကာင္စီက ဖမ္းဆီးထားတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီရဲ႕ နာယကအဖြဲ႕ဝင္ ဦးဝင္းထိန္ကို ေနျပည္ေတာ္၊ ဒကၡိဏခ႐ိုင္ တရား႐ုံးမွာ အြန္လိုင္းကေနတဆင့္ ဒီကေန႔ ႐ုံးထုတ္ခဲ့တာမွာ ဦးဝင္းထိန္က အမိန႔္ တခါထဲခ်ေပးဖို႔ ေျပာခဲ့တယ္လို႔ တရား႐ုံး ျပန္ၾကားေရးအရာရွိ ေဒၚျဖဴ၀င္းလတ္က တရားခြင္အၿပီးမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။
"အမူစစ္တရားသူႀကီးကေနၿပီးေတာ့ ျပန္ေလွ်ာက္ခံရသူ ဦးဝင္းထိန္ကို Zoom Application နဲ႔ ေမးျမန္းပါတယ္။ အဲဒီအခါမွာ ေရွ႕ေနကိုယ္စားလွယ္စာတင္ဖို႔ခ်ိန္းဆိုထားတဲ့အတြက္ ေရွ႕ေနကိုယ္စားလွယ္စာတင္ဖို႔ ခ်ိန္းဆိုထားတဲ့အခါမွာ ဦးဝင္းထိန္ က တခါတည္းအမိန္႔ခ်ေပးဖို႔ေျပာဆိုခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ အမႈစစ္တရားသူႀကီးကေနၿပီးေတာ့ ဥပေဒနဲ႔အညီသက္ေသခံခ်က္ေတြရယူၿပီးမွပဲ အမိန္႔ခ်မွတ္မယ္ျဖစ္ေၾကာင္း ျပန္ရွင္းလင္းေျပာၾကားခဲ့ပါတယ္။ အဲဒီအခါမွာ ျပန္ေလွ်ာက္ခံရသူ ဦးဝင္းထိန္ ကေနၿပီးေတာ့ လာမယ့္ရုံးခ်ိန္မွာ ေရွ႕ေနကိုယ္စားလွယ္စာတင္မယ္ေျပာတဲ့အတြက္ က်မတို႔ရုံးခ်ိန္းျပန္လည္ခ်ိန္းဆိုေပးခဲ့ပါတယ္။ "
ေနျပည္ေတာ္၊ ဥတၱရခ႐ိုင္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႔ဥကၠ႒ ဦးေအးလူက တရားလိုလုပ္ၿပီး ဒီလ ၄ ရက္ေန႔မွာ ပုဒ္မ ၁၂၄-က နဲ႔ တရားစြဲဆိုခဲ့တာျဖစ္ၿပီး သက္ေသအျဖစ္ တရားလိုအပါအဝင္ ၃ ဦး တင္ထားတယ္လို႔လည္း ေဒၚျဖဴဝင္းလတ္ကေျပာပါတယ္။
ႏုိင္္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မအျဖစ္ သိထားၾကတဲ့ ဒီအမႈမွာ အျပစ္ရွိတယ္ဆိုရင္ ေငြဒဏ္နဲ႔ ေထာင္ဒဏ္ ႏွစ္ ၂၀ ဒါမွမဟုတ္ ေငြဒဏ္နဲ႔ ေထာင္ ၇ ႏွစ္၊ ဒါမွမဟုတ္ ေငြဒဏ္သက္သက္ ခ်မွတ္ႏုိင္တယ္လို႔လည္း ရွင္းျပပါတယ္။
ဒါေပမယ့္လည္း ဦးဝင္းထိန္ရဲ႕ ဘယ္လိုေျပာဆိုခ်က္၊ ေရးသားခ်က္၊ လုပ္ေဆာင္ခ်က္ တခုခုေၾကာင့္ အခုလိုပုဒ္မနဲ႔ တရားစြဲဆိုထားတာလည္းဆိုတာကိုေတာ့ တရား႐ံုးျပန္ၾကားေရးအရာရွိက ရွင္းရွင္းလင္းလင္း ေျပာမသြားပါဘူး။
ေနာက္ထပ္႐ံုးခ်ိန္းကေတာ့ ေမလ ၃ ရက္ေန႔မွာျဖစ္ပါတယ္။ ဦးဝင္းထိန္ကို ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ေနအိမ္ကေန ဖမ္းဆီးသြားတာျဖစ္ပါတယ္။
.....................................
{{Unicode}}
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယကအဖွဲ့ဝင် ဦးဝင်းထိန်ကို နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးမှာ အွန်လိုင်းကနေတဆင့် ဒီကနေ့ ရုံးထုတ်ခဲ့တာမှာ ဦးဝင်းထိန်က အမိန့် တခါထဲချပေးဖို့ ပြောခဲ့တယ်လို့ တရားရုံး ပြန်ကြားရေးအရာရှိ ဒေါ်ဖြူဝင်းလတ်က တရားခွင်အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
"အမူစစ်တရားသူကြီးကနေပြီးတော့ ပြန်လျှောက်ခံရသူ ဦးဝင်းထိန်ကို Zoom Application နဲ့ မေးမြန်းပါတယ်။ အဲဒီအခါမှာ ရှေ့နေကိုယ်စားလှယ်စာတင်ဖို့ချိန်းဆိုထားတဲ့အတွက် ရှေ့နေကိုယ်စားလှယ်စာတင်ဖို့ ချိန်းဆိုထားတဲ့အခါမှာ ဦးဝင်းထိန် က တခါတည်းအမိန့်ချပေးဖို့ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ အမှုစစ်တရားသူကြီးကနေပြီးတော့ ဥပဒေနဲ့အညီသက်သေခံချက်တွေရယူပြီးမှပဲ အမိန့်ချမှတ်မယ်ဖြစ်ကြောင်း ပြန်ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီအခါမှာ ပြန်လျှောက်ခံရသူ ဦးဝင်းထိန် ကနေပြီးတော့ လာမယ့်ရုံးချိန်မှာ ရှေ့နေကိုယ်စားလှယ်စာတင်မယ်ပြောတဲ့အတွက် ကျမတို့ရုံးချိန်းပြန်လည်ချိန်းဆိုပေးခဲ့ပါတယ်။ "
နေပြည်တော်၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက တရားလိုလုပ်ပြီး ဒီလ ၄ ရက်နေ့မှာ ပုဒ်မ ၁၂၄-က နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး သက်သေအဖြစ် တရားလိုအပါအဝင် ၃ ဦး တင်ထားတယ်လို့လည်း ဒေါ်ဖြူဝင်းလတ်ကပြောပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မအဖြစ် သိထားကြတဲ့ ဒီအမှုမှာ အပြစ်ရှိတယ်ဆိုရင် ငွေဒဏ်နဲ့ ထောင်ဒဏ် နှစ် ၂၀ ဒါမှမဟုတ် ငွေဒဏ်နဲ့ ထောင် ၇ နှစ်၊ ဒါမှမဟုတ် ငွေဒဏ်သက်သက် ချမှတ်နိုင်တယ်လို့လည်း ရှင်းပြပါတယ်။
ဒါပေမယ့်လည်း ဦးဝင်းထိန်ရဲ့ ဘယ်လိုပြောဆိုချက်၊ ရေးသားချက်၊ လုပ်ဆောင်ချက် တခုခုကြောင့် အခုလိုပုဒ်မနဲ့ တရားစွဲဆိုထားတာလည်းဆိုတာကိုတော့ တရားရုံးပြန်ကြားရေးအရာရှိက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။
နောက်ထပ်ရုံးချိန်းကတော့ မေလ ၃ ရက်နေ့မှာဖြစ်ပါတယ်။ ဦးဝင်းထိန်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ နေအိမ်ကနေ ဖမ်းဆီးသွားတာဖြစ်ပါတယ်။