(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းယူထားတဲ့အေပၚ ဆန္႔က်င္ဆႏၵျပ တဲ့ အေနနဲ႔ ျမန္မာအစိုးရ ဝက္ဘ္ဆိုက္ေတြကို မေန႔တုန္းက ပစ္မွတ္ထားတိုက္ခိုက္ခဲ့တဲ့ ဟက္ကာေတြက ျမန္မာႏိုင္ငံမွာ တရားမၽွတမႈ ရရွိေစဖို႔ တိုက္ခိုက္ရတာလို႔ ေျပာပါတယ္။
ျမန္မာ ဟက္ကာမ်ား ဆိုၿပီး ဖြဲ႕စည္းထားတဲ့ အဖြဲ႕ရဲ့ Facebook စာမ်က္ႏွာမွာ ကၽြန္ေတာ္တို႔ ျမန္မာနိုင္ငံတြင္း တရားမၽွတမႈအ တြက္ တိုက္ပြဲ ဝင္ေနတယ္လို႔ ေရးသားထားတာပါ။
ဒီလိုလုပ္တာက အစိုးရဝက္ဘ္ဆိုက္ေတြေရွ႕မွာ လူအမ်ားစုေဝးဆႏၵျပတဲ့ သေဘာလိုပဲျဖစ္တယ္လို႔လည္း ေရးသားထားပါတယ္။
စစ္တပ္အုပ္ခ်ဳပ္ေရး ဝက္ဘ္ဆိုက္တခ်ိဳ႕ ေဖာက္ထြင္းဝင္ေရာက္ခံရေၾကာင္းလည္း နိုင္ငံပိုင္ ျမန္မာ့အလင္းသတင္းစာက ဗုဒၶဟူးေန႔က အတည္ျပဳေျပာၾကားထားတာပါ။
မေန႔က ဝက္ဘ္ဆိုက္ေတြကို ထြင္းေဖာက္တိုက္ခိုက္ခဲ့တဲ့ အေနအထားအရ သိပ္ၿပီးထိခိုက္မႈ မရွိေပမဲ့ သတိေပးလိုက္တဲ့ သေဘာ ျဖစ္နိုင္တယ္လို႔ ၾသစေတးလ်နိုင္ငံ RMIT တကၠသိုလ္ ဆိုက္ဘာလုံျခဳံေရး ကၽြမ္းက်င္ပညာရွင္ Matt Warren က AFP ကို ေျပာ ပါတယ္။
၈၈ မ်ိဳးဆက္ေက်ာင္းသား ေခါင္းေဆာင္ ကိုမင္းကိုနိုင္ အပါအဝင္ အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ သူေတြက CDM အႏုနည္းနဲ႔အာဏာဖီ ဆန္ရာမွာ IT နည္းပညာနဲ႔ ဘဏ္လုပ္ငန္းဆိုင္ရာလို မိမိတတ္ကၽြမ္းတဲ့ အတတ္ပညာေတြအသုံးခ်ဖို႔ေဆာ္ဩေနခ်ိန္မွာ ျမန္မာ ဟက္ကာမ်ား အဖြဲ႕က အခုလိုတပ္မေတာ္ ရဲ႕ websites ေတြကို တိုက္ခိုက္ခဲ့တာလည္း ျဖစ္ပါတယ္။
.............
စစ်တပ်နဲ့ ဗဟိုဘဏ် ဝက်ဘ်ဆိုက်တွေ သူတို့တိုက်ခိုက်ခဲ့ကြောင်း မြန်မာ Hackers များအဖွဲ့ပြော
(Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူထားတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြ တဲ့ အနေနဲ့ မြန်မာအစိုးရ ဝက်ဘ်ဆိုက်တွေကို မနေ့တုန်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဟက်ကာတွေက မြန်မာနိုင်ငံမှာ တရားမျှတမှု ရရှိစေဖို့ တိုက်ခိုက်ရတာလို့ ပြောပါတယ်။
မြန်မာ ဟက်ကာများ ဆိုပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်း တရားမျှတမှုအ တွက် တိုက်ပွဲ ဝင်နေတယ်လို့ ရေးသားထားတာပါ။
ဒီလိုလုပ်တာက အစိုးရဝက်ဘ်ဆိုက်တွေရှေ့မှာ လူအများစုဝေးဆန္ဒပြတဲ့ သဘောလိုပဲဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
စစ်တပ်အုပ်ချုပ်ရေး ဝက်ဘ်ဆိုက်တချို့ ဖောက်ထွင်းဝင်ရောက်ခံရကြောင်းလည်း နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာက ဗုဒ္ဓဟူးနေ့က အတည်ပြုပြောကြားထားတာပါ။
မနေ့က ဝက်ဘ်ဆိုက်တွေကို ထွင်းဖောက်တိုက်ခိုက်ခဲ့တဲ့ အနေအထားအရ သိပ်ပြီးထိခိုက်မှု မရှိပေမဲ့ သတိပေးလိုက်တဲ့ သဘော ဖြစ်နိုင်တယ်လို့ သြစတေးလျနိုင်ငံ RMIT တက္ကသိုလ် ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်ပညာရှင် Matt Warren က AFP ကို ပြော ပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သူတွေက CDM အနုနည်းနဲ့အာဏာဖီ ဆန်ရာမှာ IT နည်းပညာနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာလို မိမိတတ်ကျွမ်းတဲ့ အတတ်ပညာတွေအသုံးချဖို့ဆော်ဩနေချိန်မှာ မြန်မာ ဟက်ကာများ အဖွဲ့က အခုလိုတပ်မတော် ရဲ့ websites တွေကို တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။