သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈေၾကာင့္ ျမန္မာကို ဖြံ႔ၿဖိဳးေရးအကူအညီေပးမႈေတြ ေနာ္ေ၀းႏိုင္ငံ ရပ္ဆိုင္း


ေနာ္ေ၀းႏိုင္ငံ၀န္ႀကီးခ်ဳပ္ Erna Solberg ႏွင့္ ေနာ္ေဝး နိုင္ငံတကာ ဖြံ့ၿဖိဳး တိုးတက္ေရး ဝန္ႀကီး Dag-Inge Ulstein

(Zawgyi/Unicode)

ေဖေဖာ္ဝါရီ ၁ရက္ေန႔ အာဏာသိမ္းမႈ ျဖစ္ပြားၿပီးတဲ့ေနာက္ ျမန္မာနိုင္ငံကို ဖြံ့ၿဖိဳး တိုးတက္ေရးဆိုင္ရာ အကူအညီ ေပးအပ္ေနတဲ့ အေျခအေနေတြ ေျပာင္းလဲသြားၿပီျဖစ္ေၾကာင္း ေနာ္ေဝနိုင္ငံက ေၾကညာလိုက္ပါတယ္။

အဲဒီ အေျပာင္းအလဲေၾကာင့္ ေနာ္ေဝးနဲ႔ ျမန္မာ ႏွစ္နိုင္ငံ အစိုးရ အဖြဲ႕အစည္းေတြ အၾကား ေဆာင္ရြက္ေနတဲ့ အသိပညာေပးဆိုင္ရာ အစီအစဥ္ အားလုံးကို ရပ္ဆိုင္းလိုက္ၿပီလို႔ ေနာ္ေဝအစိုးရ ေျပာပါတယ္။

ျမန္မာနိုင္ငံဟာ အာရွမွာ အဆင္းရဲဆုံးနိုင္ငံ တစ္နိုင္ငံျဖစ္ၿပီး အာဏာသိမ္းမႈက ျမန္မာျပည္သူေတြအတြက္ ပိုၿပီး အခက္အခဲျဖစ္ေစ မယ္လို႔ ေျပာပါတယ္။ အစိုးရျခင္း ဆက္ဆံေနတဲ့ အစီအစဥ္ေတြကို ရပ္ဆိုင္းလိုက္ခ်ိန္မွာ ကုလသမဂၢနဲ႔ လူမႈအဖြဲ႕အစည္း ေတြက တဆင့္ ေပးအပ္တဲ့ အကူအညီေတြကို ဆက္လက္ေပးအပ္သြားမယ္လို႔ ေနာ္ေဝး နိုင္ငံတကာ ဖြံ့ၿဖိဳး တိုးတက္ေရး ဝန္ႀကီး Dag-Inge Ulstein က ေျပာပါတယ္။

၂၀၂၁ ခုႏွစ္အတြက္ ေနာ္ေဝးက ျမန္မာနိုင္ငံက အစိုးရ အဖြဲ႕အစည္းေတြရဲ့ ကၽြမ္းက်င္မႈနဲ႔ စြမ္းေဆာင္ရည္ ျမႇင့္တင္ေရးအတြက္ ေနာ္ေဝး ကရိုနာ ၆၆.၅ သန္း (ေဒၚလာ ၇.၈၆) ေပးအပ္ဖို႔ ဘတ္ဂ်က္ လ်ာထားတာ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္တုန္းကေတာ့ ေနာ္ေဝး ကရိုနာ ၂၇၉ သန္း (ေဒၚလာ ၃၃သန္းနီးပါး) ႏွစ္နိုင္ငံ ဆက္ဆံေရး အကူအညီအျဖစ္ ေပးအပ္ခဲ့တာပါ။

နိုင္ငံတကာရဲ့ နိုင္ငံေရးနဲ႔ စီးပြားေရး အားေပးကူညီမႈေတြ လိုအပ္ေနဆဲ ျဖစ္တာကို ျမန္မာနိုင္ငံအတြင္းက ဒီမိုကရက္တစ္ အင္အားစုေတြက ျပသခဲ့ၿပီ ျဖစ္ေၾကာင္း၊ ဒါေၾကာင့္ ျမန္မာနိုင္ငံ အတြင္းက လုပ္ငန္းအားလုံးကို ရပ္ဆိုင္းပစ္မွာ မဟုတ္ေၾကာင္း ေနာ္ေဝနိုင္ငံက ေျပာပါတယ္။

လုံျခဳံေရးေကာင္စီမွာ ျမန္မာ အာဏာသိမ္းကိစၥကို ထည့္သြင္းစဥ္းစားေရးအတြက္ လုံျခဳံေရးေကာင္စီ အဖြဲ႕ဝင္ နိုင္ငံ တစ္နိုင္ငံ အေနနဲ႔ ေနာ္ေဝနိုင္ငံႀကိဳးပမ္းခဲ့ေၾကာင္း၊​ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က လုံျခဳံေရး ေကာင္စီရဲ့ ေၾကညာခ်က္က အေကာင္းဖက္ကို ဦးတည္တဲ့ လုပ္ရပ္ ျဖစ္ၿပီး အာဏာသိမ္းရာမွာ တာဝန္ရွိသူေတြကို ရွင္းရွင္းလင္းလင္း ေျပာၾကားလိုက္တဲ့ သတင္းစကား ျဖစ္ေၾကာင္း ေနာ္ေဝး နိုင္ငံက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

စစ်အာဏာသိမ်းမှုကြောင့် မြန်မာကို ဖွံ့ဖြိုးရေးအကူအညီပေးမှုတွေ နော်ဝေးနိုင်ငံ ရပ်ဆိုင်း

(Unicode)

ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် မြန်မာနိုင်ငံကို ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကူအညီ ပေးအပ်နေတဲ့ အခြေအနေတွေ ပြောင်းလဲသွားပြီဖြစ်ကြောင်း နော်ဝေနိုင်ငံက ကြေညာလိုက်ပါတယ်။

အဲဒီ အပြောင်းအလဲကြောင့် နော်ဝေးနဲ့ မြန်မာနှစ်နိုင်ငံ အစိုးရ အဖွဲ့အစည်းတွေ အကြား ဆောင်ရွက်နေတဲ့ အသိပညာပေးဆိုင်ရာ အစီအစဉ် အားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ နော်ဝေအစိုးရ ပြောပါတယ်။

မြန်မာနိုင်ငံဟာ အာရှမှာ အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဏာသိမ်းမှုက မြန်မာပြည်သူတွေအတွက် ပိုပြီး အခက်အခဲဖြစ်စေ မယ်လို့ ပြောပါတယ်။ အစိုးရခြင်း ဆက်ဆံနေတဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ချိန်မှာ ကုလသမဂ္ဂနဲ့ လူမှုအဖွဲ့အစည်း တွေက တဆင့် ပေးအပ်တဲ့ အကူအညီတွေကို ဆက်လက်ပေးအပ်သွားမယ်လို့ နော်ဝေး နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး Dag-Inge Ulstein က ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွက် နော်ဝေးက မြန်မာနိုင်ငံက အစိုးရ အဖွဲ့အစည်းတွေရဲ့ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် နော်ဝေး ကရိုနာ ၆၆.၅ သန်း (ဒေါ်လာ ၇.၈၆) ပေးအပ်ဖို့ ဘတ်ဂျက် လျာထားတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကတော့ နော်ဝေး ကရိုနာ ၂၇၉ သန်း (ဒေါ်လာ ၃၃သန်းနီးပါး) နှစ်နိုင်ငံ ဆက်ဆံရေး အကူအညီအဖြစ် ပေးအပ်ခဲ့တာပါ။

နိုင်ငံတကာရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အားပေးကူညီမှုတွေ လိုအပ်နေဆဲ ဖြစ်တာကို မြန်မာနိုင်ငံအတွင်းက ဒီမိုကရက်တစ် အင်အားစုတွေက ပြသခဲ့ပြီ ဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံ အတွင်းက လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပစ်မှာ မဟုတ်ကြောင်း နော်ဝေနိုင်ငံက ပြောပါတယ်။

လုံခြုံရေးကောင်စီမှာ မြန်မာ အာဏာသိမ်းကိစ္စကို ထည့်သွင်းစဉ်းစားရေးအတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အနေနဲ့ နော်ဝေနိုင်ငံကြိုးပမ်းခဲ့ကြောင်း၊ဖေဖော်ဝါရီလ ၄ ရက်နေ့က လုံခြုံရေး ကောင်စီရဲ့ ကြေညာချက်က အကောင်းဖက်ကို ဦးတည်တဲ့ လုပ်ရပ် ဖြစ်ပြီး အာဏာသိမ်းရာမှာ တာဝန်ရှိသူတွေကို ရှင်းရှင်းလင်းလင်း ပြောကြားလိုက်တဲ့ သတင်းစကား ဖြစ်ကြောင်း နော်ဝေး နိုင်ငံက ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG