သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကို EITI အဖြဲ႔၀င္အျဖစ္က ရပ္ဆိုင္းေတာ့မည္


EITI website စာမ်က္ႏွာ

(Zawgyi/Unicode)

EITI လို႔ အတိုေခါက္ေခၚတဲ့ တြင္းထြက္သယံဇာတထုတ္လုပ္မူပြင့္လင္းျမင္သာေရး ႏိုင္ငံတကာအဖြဲ႔ႀကီးက ျမန္မာႏိုင္ငံအေပၚ၊ ၂၀၁၄ ခုႏွစ္ကစျဖစ္လာတဲ့ အဖြဲ႔ဝင္ (Candidate Country) ကေန ယာယီရပ္ဆိုင္းဖို႔ရွိေနပါတယ္။ အခုလို ရပ္ဆိုင္းဖို႔ သူတို႔ဘက္က ေတာင္းဆိုခဲ့တယ္လို႔ ျမန္မာႏိုင္ငံ EITI အဖြဲ႔၀င္ျဖစ္လာေရး က်ဳိးပမ္းေဆာင္ရြက္ခဲ့တဲ့ အဖြဲ႔၀င္ေဟာင္းတဦးက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းအၿပီး ေနာက္တေန႔မွာဘဲ ႏိုင္ငံတကာ EITI ဥကၠဌ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ေဟာင္း Helen Clark ကေန အထူးစိုးရိမ္ေၾကာင္းေၾကညာခ်က္ထုတ္ျပန္ခဲ့အၿပီးမွာ ျမန္မာကို အဖြဲ႔၀င္အျဖစ္က ယာယီရပ္ဆိုင္းဖို႔အေျခအေနထိ ျဖစ္လာခဲ့တာပါ။

အျပည့္အစုံကိုေတာ့ ကို၀င္းမင္းက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ EITI အဖြဲ႔စျဖစ္ေပၚေရး ၆ ႏွစ္ေက်ာ္ဆက္တိုက္ႀကိဳးပမ္းလုပ္ေဆာင္ခဲ့ က်ဳိးပမ္းေဆာင္ရြက္ခဲ့ၾကတဲ့ ျမန္မာအစိုးရဝန္ႀကီးအဆင့္ရွိသူေတြ၊ တြင္းထြက္စီးပြားေရး ကုမၸဏီအရာရွိႀကီးေတြနဲ႔ ထင္သာျမင္သာရွိေရးအ ရပ္ဖက္အဖြဲ႔အစည္းေခါင္းေဆာင္ေတြ စတဲ့ ၃ ပြင့္ဆိုင္အဖြဲ႔မွာ ပါ၀င္ခဲ့သူ အဖြဲ႔၀င္ေဟာင္း မမိုးမိုးထြန္းက -

“ စစ္အာဏာသိမ္းခဲ့တဲ့အခ်ိန္ကေန စၿပီးေတာ့ က်မတို႔ ဘာစလုပ္ခဲ့သလဲဆိုေတာ့ International EITI အဖြဲ႔ကို က်မတို႔က စာပို႔ခဲ့တယ္ ၿပီးေတာ့ International EITI အဖြဲ႔ရဲ႕ ဥကၠ႒ကလည္း က်မတို႔ ျမန္မာႏိုင္ငံအတြက္ စိုးရိမ္တယ္။ ဒီလို အာဏာသိမ္းတာကို သူ႔ရဲ႕ စိုးရိမ္ပူပန္မႈေတြကို ပထမဆံုးေျပာခဲ့တယ္။ ေျပာခဲ့တဲ့အခါက်ေတာ့ က်မတို႔ကလည္း ႏိုင္ငံအတြင္းျဖစ္တဲ့ ျဖစ္စဥ္ေလးေတြ အားလံုးကို ေျပာခဲ့တယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ အခုလို အခ်ိန္တိုတိုအတြင္း တံု႔ျပန္လာတာက EITI အဖြဲ႔ကေရာ ဘယ္လိုမ်ိဳး ျမန္မာႏိုင္ငံအေပၚ စိတ္၀င္စားမႈေတြ ရွိေနသလဲ။

မမိုးမိုးထြန္း။ ။ က်မတို႔ ေတာင္းဆိုတယ္ဆိုတာထက္ ပထမဦးဆံုး က်မတို႔ မေတာင္းဆိုခင္မွာ စၿပီးေတာ့ သူတို႔ဘက္က ထုတ္ျပန္လာတာရွိတယ္။ EITI ရဲ႕ Chair ျဖစ္တဲ့ Helen Clark ကေနၿပီးေတာ့ သူတို႔သည္ ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ ျဖစ္စဥ္ေတြ အေပၚမွာ သူတို႔ စိုးရိမ္တယ္။ ဒီလိုမ်ိဳး စစ္အာဏာသိမ္းတယ္ဆိုတဲ့ စကားလံုးေတြကိုလည္း သူ သံုးလာတာမ်ိဳး က်မတို႔ ေတြ႔ရတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ အဲဒီေတာ့ ျမန္မာႏိုင္ငံဘက္ကေရာ ဒီလိုမ်ိဳး ႏိုင္ငံတကာ EITI ဘက္ကို ဘာေတြျပန္ရွင္းျပျဖစ္ခဲ့ပါသလဲ။

မမိုးမိုးထြန္း။ ။ EITI ရဲ႕အဓိက ၀န္ႀကီးဌာနေတြမွာရွိတဲ့ ၀န္ႀကီးေတြ ဒု၀န္ႀကီးေတြ MOPFI တို႔ သံယံဇာတနဲ႔ သဘာ၀ပတ္၀န္းက်င္နဲ႔ ထိန္းသိမ္းေရး ၀န္ႀကီးဌာနက ၀န္ႀကီးေတြ ဒု၀န္ႀကီးေတြကို သူတို႔ ဖမ္းဆီးထားတာမ်ိဳးေတြရွိပါတယ္။ ေနာက္တခုကေတာ့ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈ၀န္ႀကီး ဌာနက ၀န္ႀကီး ဦးစိုး၀င္းဆိုရင္ ဒီကေန႔အခ်ိန္အထိ မလႊတ္ေျမာက္ေသးပါဘူး။ ဖမ္းဆီးထိန္းသိမ္းခံထားရတာေတြရွိပါတယ္ ဆိုတဲ့အေၾကာင္းကို က်မတို႔ EITI အေပၚမွာ သက္ေရာက္မယ့္ သက္ေရာက္မႈေတြကို က်မတို႔ စာထဲမွာ က်မတို႔ ရွင္းရွင္းလင္းလင္း ထည့္ေပးထားခဲ့တယ္ေပါ့ေနာ္။ ဒီစစ္အာဏာသိမ္းမႈေၾကာင့္ အဓိက ၀န္ႀကီးေတြကို ဖယ္ရွားလိုက္တယ္ ။ ျမန္မာႏိုင္ငံရဲ႕ သြားေနတဲ့ ပြင့္လင္းျမင္သာတဲ့ လုပ္ငန္းစဥ္ေတြအားလံုးကို က်မတို႔ တိုက္ရိုက္အေနွာင့္အယွက္ျဖစ္ေစတယ္ဆိုတာလည္း က်မတို႔ ထည့္ထားတာမ်ိဳးေတြရွိတယ္။ ဒါက်ေတာ့ က်မတို႔သည္ ဒီမုိကေရစီႏိုင္ငံကိုသြားေနတာ ၊ ဒီမုိကေရစီႏိုင္ငံတခုအျဖစ္ တည္ေဆာက္ေနတဲ့ အခ်ိန္ကာလအတြင္းမွာ ဒီလိုမ်ိဳးေနာက္ျပန္ဆုတ္တဲ့ အာဏာသိမ္းမႈေတြကို က်မတို႔ အရပ္ဘက္အဖြဲ႔အစည္းေတြကေန လက္မခံသင့္တဲ့အရာျဖစ္တာျဖစ္တဲ့အတြက္ က်မတို႔ ျမန္မာႏိုင္ငံနဲ႔ ေဆာင္ရြက္ေနတဲ့ EITI လုပ္ငန္းစဥ္ေတြကို စစ္အစိုးရနဲ႔ ဆက္မလုပ္ဖို႔ suspend ခ်ေပးဖို႔ ဆိုၿပီးေတာ့ က်မတို႔ အရပ္ဘက္အဖြဲ႔အစည္းေတြကေန စတင္ေတာင္းဆိုခဲ့ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ျမန္မာ EITI ဘက္ကေန အခုလို ေတာင္းဆိုခ်က္အရ ႏိုင္ငံတကာ EITI ဘက္ကလည္း ျမန္မာႏိုင္ငံကို ယာယီရပ္ဆိုင္းဖို႔ ျပင္ဆင္လာတဲ့သေဘာေပ့ါေနာ္။

မမိုးမိုးထြန္း။ ။ ဟုတ္ကဲ့

ကို၀င္းမင္း။ ။ အဲဒီေတာ့ အခုလို ရပ္ဆိုင္းလိုက္ရင္ ျမန္မာႏိုင္ငံအေပၚ ဘယ္လိုသက္ေရာက္မႈေတြ ရွိလာႏိုင္မလဲ။

မမိုးမိုးထြန္း။ ။ က်မတို႔ ႏိုင္ငံရဲ႕ ပံုရိပ္ကို အရမ္းထိခိုက္ပါတယ္။ ေနာက္ က်မတို႔ ႏိုင္ငံကို ရင္းႏွီးျမွဳပ္ႏွံမႈ ဖိတ္ေခၚဖို႔ အင္မတန္မွ ခက္သြားတဲ့အေျခအေနမ်ိဳးရွိပါတယ္။ ေနာက္ က်မတို႔က အေစာကတည္းကေန သြားတဲ့ေနတဲ့ လုပ္ငန္းစဥ္ႀကီးတခုလံုးမွာ မရွင္းလင္းေနတာေတြက ရွိပါတယ္။ က်မတို႔သည္ စစ္တပ္က ပိုင္ဆိုင္တဲ့ MEC (Myanmar Economic Corporation) တို႔ MEHL (Myanmar Economic Holdings Limited) ဆိုတဲ့ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္းနဲ႔ ဦးပိုင္ေပါ့ ။ ဒါေတြက ႏိုင္ငံပိုင္ စီးပြားေရးလုပ္ငန္းလားဆိုတာ ဒီေန႔အခ်ိန္အထိ EITI စားပြဲ၀ိုင္းမွာ ေဆြးေႏြးေနတဲ့ ကိစၥပါ။ က်မတို႔ ျပည္သူျပည္သားေတြအေနနဲ႔ ဆံုးျဖတ္ရတာ ခက္တဲ့အတြက္ ဒါသည္ ျပည္ေထာင္စုလႊတ္ေတာ္ကို တင္ၿပီးေတာ့ MEC နဲ႔ MEHL သည္ ႏိုင္ငံပိုင္ စီးပြားေရးလုပ္ငန္း ဟုတ္လား မဟုတ္ဘူးလား ဆံုးျဖတ္ေပးဖို႔အတြက္ က်မတို႔ တင္ျပေတာင္းဆိုထားတာ။ ဒါေတြလည္္း လုပ္ေနရင္းတန္းလန္းနဲ႔ ဒီစစ္အာဏာသိမ္းတာ ျဖစ္သြားတာေပါ့ေနာ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ အဲဒီေတာ့ အခုဒီ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္းမွာေရာ ေနာက္ထပ္ဒီ တြင္းထြက္ သံယံဇာတပစၥည္းဆိုင္ရာ ထင္သာျမင္သာရွိမႈအတြက္ ဘာေတြ စိုးရိမ္ရဖြယ္ရွိေနေသးသလဲ။

မမိုးမိုးထြန္း။ ။ က်မတို႔ ဒီထက္ပိုၿပီးေတာ့ ေရွ႕ေလ်ာက္ ပြင့္လင္းျမင္သာမႈ မရွိတာေတြ၊ က်မတို႔ အဂတိလိုက္စားတာေတြ ၿပီးေတာ့ လုပ္ပိုင္ခြင့္အာဏာကို အလြဲသံုးစားၿပီးေတာ့ သံယံဇာတ က႑မွာ လက္၀ါးႀကီးအုပ္တာေတြ ပိုျဖစ္လာႏိုင္တယ္။ လုပ္ပိုင္ခြင့္အာဏာကို အလြဲသံုးတာေတြ ပိုျဖစ္လာႏိုင္တာ ျဖစ္တဲ့အတြက္ က်မတို႔ ရင္းႏွီးျမွဳပ္ႏွံမႈက ဆိုရင္ ေတာ္ေတာ္ကို ႏိုင္ငံတကာကေရာ စဥ္းစားမယ္ဆိုတာကေတာ့ ေသခ်ာေပါက္ေျပာလို႔ရတဲ့အရာပါ။

ျမန္မာကို EITI အဖြဲ႔၀င္အျဖစ္က ရပ္ဆိုင္းေတာ့မည္
please wait

No media source currently available

0:00 0:04:21 0:00
တိုက္႐ိုက္ လင့္ခ္


..............

မြန်မာကို EITI အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းတော့မည်

(Unicode)

EITI လို့ အတိုခေါက်ခေါ်တဲ့ တွင်းထွက်သယံဇာတထုတ်လုပ်မူပွင့်လင်းမြင်သာရေး နိုင်ငံတကာအဖွဲ့ကြီးက မြန်မာနိုင်ငံအပေါ်၊ ၂၀၁၄ ခုနှစ်ကစဖြစ်လာတဲ့ အဖွဲ့ဝင် (Candidate Country) ကနေ ယာယီရပ်ဆိုင်းဖို့ရှိနေပါတယ်။ အခုလို ရပ်ဆိုင်းဖို့ သူတို့ဘက်က တောင်းဆိုခဲ့တယ်လို့ မြန်မာနိုင်ငံ EITI အဖွဲ့ဝင်ဖြစ်လာရေး ကျိုးပမ်းဆောင်ရွက်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်းတဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး နောက်တနေ့မှာဘဲ နိုင်ငံတကာ EITI ဥက္ကဌ နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း Helen Clark ကနေ အထူးစိုးရိမ်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့အပြီးမှာ မြန်မာကို အဖွဲ့ဝင်အဖြစ်က ယာယီရပ်ဆိုင်းဖို့အခြေအနေထိ ဖြစ်လာခဲ့တာပါ။

အပြည့်အစုံကိုတော့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ EITI အဖွဲ့စဖြစ်ပေါ်ရေး ၆ နှစ်ကျော်ဆက်တိုက်ကြိုးပမ်းလုပ်ဆောင်ခဲ့ ကျိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ မြန်မာအစိုးရဝန်ကြီးအဆင့်ရှိသူတွေ၊ တွင်းထွက်စီးပွားရေး ကုမ္ပဏီအရာရှိကြီးတွေနဲ့ ထင်သာမြင်သာရှိရေးအ ရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေ စတဲ့ ၃ ပွင့်ဆိုင်အဖွဲ့မှာ ပါဝင်ခဲ့သူ အဖွဲ့ဝင်ဟောင်း မမိုးမိုးထွန်းက -

“ စစ်အာဏာသိမ်းခဲ့တဲ့အချိန်ကနေ စပြီးတော့ ကျမတို့ ဘာစလုပ်ခဲ့သလဲဆိုတော့ International EITI အဖွဲ့ကို ကျမတို့က စာပို့ခဲ့တယ် ပြီးတော့ International EITI အဖွဲ့ရဲ့ ဥက္ကဋ္ဌကလည်း ကျမတို့ မြန်မာနိုင်ငံအတွက် စိုးရိမ်တယ်။ ဒီလို အာဏာသိမ်းတာကို သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပထမဆုံးပြောခဲ့တယ်။ ပြောခဲ့တဲ့အခါကျတော့ ကျမတို့ကလည်း နိုင်ငံအတွင်းဖြစ်တဲ့ ဖြစ်စဉ်လေးတွေ အားလုံးကို ပြောခဲ့တယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အခုလို အချိန်တိုတိုအတွင်း တုံ့ပြန်လာတာက EITI အဖွဲ့ကရော ဘယ်လိုမျိုး မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုတွေ ရှိနေသလဲ။

မမိုးမိုးထွန်း။ ။ ကျမတို့ တောင်းဆိုတယ်ဆိုတာထက် ပထမဦးဆုံး ကျမတို့ မတောင်းဆိုခင်မှာ စပြီးတော့ သူတို့ဘက်က ထုတ်ပြန်လာတာရှိတယ်။ EITI ရဲ့ Chair ဖြစ်တဲ့ Helen Clark ကနေပြီးတော့ သူတို့သည် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေ အပေါ်မှာ သူတို့ စိုးရိမ်တယ်။ ဒီလိုမျိုး စစ်အာဏာသိမ်းတယ်ဆိုတဲ့ စကားလုံးတွေကိုလည်း သူ သုံးလာတာမျိုး ကျမတို့ တွေ့ရတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ မြန်မာနိုင်ငံဘက်ကရော ဒီလိုမျိုး နိုင်ငံတကာ EITI ဘက်ကို ဘာတွေပြန်ရှင်းပြဖြစ်ခဲ့ပါသလဲ။

မမိုးမိုးထွန်း။ ။ EITI ရဲ့အဓိက ဝန်ကြီးဌာနတွေမှာရှိတဲ့ ဝန်ကြီးတွေ ဒုဝန်ကြီးတွေ MOPFI တို့ သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဝန်ကြီးတွေ ဒုဝန်ကြီးတွေကို သူတို့ ဖမ်းဆီးထားတာမျိုးတွေရှိပါတယ်။ နောက်တခုကတော့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ဌာနက ဝန်ကြီး ဦးစိုးဝင်းဆိုရင် ဒီကနေ့အချိန်အထိ မလွှတ်မြောက်သေးပါဘူး။ ဖမ်းဆီးထိန်းသိမ်းခံထားရတာတွေရှိပါတယ် ဆိုတဲ့အကြောင်းကို ကျမတို့ EITI အပေါ်မှာ သက်ရောက်မယ့် သက်ရောက်မှုတွေကို ကျမတို့ စာထဲမှာ ကျမတို့ ရှင်းရှင်းလင်းလင်း ထည့်ပေးထားခဲ့တယ်ပေါ့နော်။ ဒီစစ်အာဏာသိမ်းမှုကြောင့် အဓိက ဝန်ကြီးတွေကို ဖယ်ရှားလိုက်တယ် ။ မြန်မာနိုင်ငံရဲ့ သွားနေတဲ့ ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်တွေအားလုံးကို ကျမတို့ တိုက်ရိုက်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာလည်း ကျမတို့ ထည့်ထားတာမျိုးတွေရှိတယ်။ ဒါကျတော့ ကျမတို့သည် ဒီမိုကရေစီနိုင်ငံကိုသွားနေတာ ၊ ဒီမိုကရေစီနိုင်ငံတခုအဖြစ် တည်ဆောက်နေတဲ့ အချိန်ကာလအတွင်းမှာ ဒီလိုမျိုးနောက်ပြန်ဆုတ်တဲ့ အာဏာသိမ်းမှုတွေကို ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေကနေ လက်မခံသင့်တဲ့အရာဖြစ်တာဖြစ်တဲ့အတွက် ကျမတို့ မြန်မာနိုင်ငံနဲ့ ဆောင်ရွက်နေတဲ့ EITI လုပ်ငန်းစဉ်တွေကို စစ်အစိုးရနဲ့ ဆက်မလုပ်ဖို့ suspend ချပေးဖို့ ဆိုပြီးတော့ ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေကနေ စတင်တောင်းဆိုခဲ့ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ မြန်မာ EITI ဘက်ကနေ အခုလို တောင်းဆိုချက်အရ နိုင်ငံတကာ EITI ဘက်ကလည်း မြန်မာနိုင်ငံကို ယာယီရပ်ဆိုင်းဖို့ ပြင်ဆင်လာတဲ့သဘောပေ့ါနော်။

မမိုးမိုးထွန်း။ ။ ဟုတ်ကဲ့

ကိုဝင်းမင်း။ ။ အဲဒီတော့ အခုလို ရပ်ဆိုင်းလိုက်ရင် မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

မမိုးမိုးထွန်း။ ။ ကျမတို့ နိုင်ငံရဲ့ ပုံရိပ်ကို အရမ်းထိခိုက်ပါတယ်။ နောက် ကျမတို့ နိုင်ငံကို ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဖို့ အင်မတန်မှ ခက်သွားတဲ့အခြေအနေမျိုးရှိပါတယ်။ နောက် ကျမတို့က အစောကတည်းကနေ သွားတဲ့နေတဲ့ လုပ်ငန်းစဉ်ကြီးတခုလုံးမှာ မရှင်းလင်းနေတာတွေက ရှိပါတယ်။ ကျမတို့သည် စစ်တပ်က ပိုင်ဆိုင်တဲ့ MEC (Myanmar Economic Corporation) တို့ MEHL (Myanmar Economic Holdings Limited) ဆိုတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ ဦးပိုင်ပေါ့ ။ ဒါတွေက နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းလားဆိုတာ ဒီနေ့အချိန်အထိ EITI စားပွဲဝိုင်းမှာ ဆွေးနွေးနေတဲ့ ကိစ္စပါ။ ကျမတို့ ပြည်သူပြည်သားတွေအနေနဲ့ ဆုံးဖြတ်ရတာ ခက်တဲ့အတွက် ဒါသည် ပြည်ထောင်စုလွှတ်တော်ကို တင်ပြီးတော့ MEC နဲ့ MEHL သည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဟုတ်လား မဟုတ်ဘူးလား ဆုံးဖြတ်ပေးဖို့အတွက် ကျမတို့ တင်ပြတောင်းဆိုထားတာ။ ဒါတွေလည်း လုပ်နေရင်းတန်းလန်းနဲ့ ဒီစစ်အာဏာသိမ်းတာ ဖြစ်သွားတာပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ အခုဒီ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာရော နောက်ထပ်ဒီ တွင်းထွက် သံယံဇာတပစ္စည်းဆိုင်ရာ ထင်သာမြင်သာရှိမှုအတွက် ဘာတွေ စိုးရိမ်ရဖွယ်ရှိနေသေးသလဲ။

မမိုးမိုးထွန်း။ ။ ကျမတို့ ဒီထက်ပိုပြီးတော့ ရှေ့လျောက် ပွင့်လင်းမြင်သာမှု မရှိတာတွေ၊ ကျမတို့ အဂတိလိုက်စားတာတွေ ပြီးတော့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြီးတော့ သံယံဇာတ ကဏ္ဍမှာ လက်ဝါးကြီးအုပ်တာတွေ ပိုဖြစ်လာနိုင်တယ်။ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးတာတွေ ပိုဖြစ်လာနိုင်တာ ဖြစ်တဲ့အတွက် ကျမတို့ ရင်းနှီးမြှုပ်နှံမှုက ဆိုရင် တော်တော်ကို နိုင်ငံတကာကရော စဉ်းစားမယ်ဆိုတာကတော့ သေချာပေါက်ပြောလို့ရတဲ့အရာပါ။

XS
SM
MD
LG