သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၄၀၀ ကျော် သက်တမ်းပြည့်တော့မည်


ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေအပါအဝင် အခြားနေရာတွေက ကျောက်မျက်လုပ်ကွက် စုစုပေါင်း ၄၀၀ ကျော် ဒီလကုန်မှာ သက်တမ်း ကုန်မှာဖြစ်ပြီး လက်ရှိမှာ အသစ်ထပ်မံ တူးဖော်ခွင့်လျှောက်ထားတာကို မြန်မာအစိုးရက ရပ်ဆိုင်းထားပါတယ်။ ကျောက်မျက်ဥပဒေကို လွတ်တော်မှာပြန်လည်ရေးဆွဲနေပြီး သဘာဝသယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး EITI ရဲ့အကြံပြုချက်တွေကို အလေးထားစဉ်းစားဖို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင် ညွှန့်ပေါင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းနေပါတယ်။ ဒီအကြောင်း VOA သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးကတော့ သက်တမ်းကုန်သွားတဲ့လုပ်ကွက်တွေအနေနဲ့ လွှတ်တော်မှာ ပြန်လည်ရေးဆွဲနေတဲ့ ဥပဒေအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ VOA က ပြောပါတယ်။

“ကျွန်တော်တို့ကတော့ သက်တမ်းကုန်ရင်ရပ်ပဲ အသစ်လည်းထပ်ပြီးချထားတာမရှိဘူး။ လက်ရှိမှာ လွှတ်တော်မှာ ဆွေးနွေးတဲ့ဥပဒေတွေ ရှိနေသေးတယ် အဲဒါတွေပြီးတဲ့အခါမှ ကျွန်တော်တို့လုပ်ငန်းတွေ ဆက်လုပ်လို့ရမယ်။ တချို့ကျတော့လည်း ဘာမှပြန်လျှောက်တာမှရှိဘူး။ တချို့ကျတော့လည်း ထိန်းသိမ်းစောင့်ရှောက်ခွင့်ပေါ့ တူးဖော်ထုတ်လုပ်ခွင့်တော့မဟုတ်ဘူး ထိန်းသိမ်းစောင့်ရှောက်ခွင့် ပြန်လျောက်တဲ့သူ လည်းရှိပါတယ်။ တချို့ကျတော့လည်း စက်ယန္တယားတွေနဲ့ လူတွေရှိသေးတာပေါ့နော်။”

လက်ကျန်သက်တမ်းရှိနေသေးတဲ့ကုမ္ပဏီတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်လုပ်တဲ့ စံချိန်စံညွှန်းတွေအားနေပြီး ရေးဆွဲနေတဲ့ ကျောက်မျက်ဥပဒေပိုင်းမှာလည်း သဘာဝသယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး EITI ရဲ့အကြံပြုချက်တွေကို အလေးထားထည့်သွင်းသင့်တယ်လို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင် ညွှန့်ပေါင်း အရပ်ဘက်လူမှုအဖွဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်မိုးမိုးထွန်းက အခုလိုပြောပါတယ်။

“ပွင့်လင်းမြင်သာမှုကတော့ အခုအချိန်အထိ မရှိသေးဘူးပေါ့ ကျွန်မတေို့ EITI စာရင်းဇယားအရပြောမယ်ဆိုရင် ကျွန်မတို့ကို စာရင်းဇယား အကုန်ပေးရတယ်ပေါ့ ကျောက်မျက်လုံးကွက်တွေအားလုံးဆိုတော့ ငါးဧကနဲ့အထက်ဆိုရင် ကျွန်မတို့က အကြီးစားဖြစ်ရ မယ်ပေါ့နော်။ အကြီးစားဖြစ်ရမယ်ဆိုပေမဲ့ တစ်ဧက တစ်ဧကနဲ့ အသေးစားလေးတွေယူထားတာကို ကျွန်မတို့တွေ့ရတယ် တကယ်တော့ လက်ရှိအစိုးရလုပ်သင့်တာတွေ တစ်ဧက တစ်ဧက ဆက်စပ်ယူထားတာတွေအကြီးစားပြောင်းသင့်တာမျိုးဆောင်ရွက်သင့်တယ်။ လိုင်စင် သက်တမ်းတိုးမပေးဘူးဆိုတာတော့ ကျွန်မတို့လည်း သဘောတူတယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးတာရော၊ လူနေမှုစရိုက်တွေရော အမျိုးစုံပျက်စီးနေတာ ဖားကန့်ဒေသရော။ ဥပဒေပြုနေတာတစ်ဖွဲ့ လိုင်စင်ချပေးတာတစ်ဖွဲ့ ကျွန်မတို့ EITI လုပ်နေတာတစ်ဖွဲ့ဆိုတော့ ကျွန်မတို့ လုပ်နေရတဲ့သူတွေအတွက်လည်း အကျိုးမဖြစ်ထွန်းဘူး အားလုံးကိုပေါင်းစပ်မှသာ ကျွန်မတို့ဘယ်လိုသွားမလဲဆိုတာမျိုးဖြစ်မှ ဖြစ်တဲ့အတွက် သူတို့သည် EITI အစီရင်ခံစာကိုတော့ ကြည့်သင့်တယ်ပေါ့နော်။ အားလုံးပေါင်းစပ်လုပ်ရင်တော့ အဆင်ပြေမယ်ပေါ့။ မဟုတ်ရင်ကျွန်မတို့ ပွင့်လင်းမြင်သာမှုမရှိသလို ထွက်လာတဲ့ဥပဒေသည်လည်း ပြည်သူတွေကျေနပ်လောက်တဲ့ဥပဒေထွက်လာမှာ မဟုတ်ဘူး။”

ဒီလကုန်မှာသက်တမ်းကုန်မယ့်ကျောက်မျက်လုပ်ကွက်တွေကတော့ လုံးခင်း၊ ဖားကန့်ရတနာမြေက ၂၉၃ ကွက်၊ ခန္တီးရတနာမြေက ၅ကွက်၊ မော်လူးရတနာမြေက ၅၉ကွက်၊ မိုးကုတ်က ၆၆ကွက်၊ မိုင်းရှုးက ၁ကွက် စုစုပေါင်း ၄၀၀ကျော်ရှိပါတယ်။ ပုဂ္ဂလိကပိုင်နဲ့ အစိုးရပိုင် ကျောက်မျက်ရတနာတူဖော်ခွင့် လိုင်စင်တွေယာယီရပ်နားတာကို အစိုးရသစ်အကူးအပြောင်းကာလကစပြီးလုပ်ဆောင်ခဲ့တာပါ။ အရင်က ကျောက်မျက်လုပ်ကွက်ပေါင်း ၁၆၀၀၀ ကျော်ရှိပြီး ၂၀၁၇နဲ့ ၂၀၁၈ ထဲမှာအများစုကိုရပ်နားထားပါတယ်။ ၂၀၂၀မှာ ကုမ္ပဏီအကုန်နီးပါး သက်တမ်းကုန်တော့မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG