သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မျမသြဲ႔သြဲ႔ခိုင္ က်ည္အစစ္နဲ႔ပစ္ခံရတာျဖစ္ေၾကာင္း ဆရာဝန္ေတြ အတည္ျပဳ


{{Zawgyi/Unicode}}

ေနျပည္ေတာ္က ဆႏၵျပပဲြအတြင္း ေသနတ္ဒဏ္ရာေၾကာင့္ ေသဆုံးသြားသူ မျမသဲြ႔သဲြ႔ခုိင္ဟာ ေသနတ္က်ည္အစစ္နဲ႔ ပစ္ခတ္ခံခဲ့ရတာျဖစ္ေၾကာင္း ဆရာ၀န္ေတြက အတည္ျပဳလုိက္ပါတယ္။

ဒီကေန႔ မြန္းလဲြပုိင္းမွာပဲ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံမွာ ကြယ္လြန္သြားတဲ့ မျမသဲြ႔သဲြ႔ခုိင္ကုိ ခဲြစိတ္စစ္ေဆးရာက က်ည္ဆံအစစ္နဲ႔ ပစ္ခတ္မႈေၾကာင့္ ဦးေခါင္းမွာ ဒဏ္ရာရ ေသဆုံးခဲ့တယ္ဆိုတာ ကုသေပးေနတဲ့ ဆရာ၀န္ေတြက အတည္ျပဳခဲ့တာျဖစ္ေၾကာင္း မိသားစု၀င္တဦးျဖစ္တဲ့ ဦးက်င္သန္းက ေျပာပါတယ္။

"အထဲကေတြ႔တဲ့ က်ည္ဆံက ဘယ္လိုက်ည္ဆံမ်ဳိးလည္း က်ေနာ္ေမးေတာ့ ဒါသတၳဳက်ည္ဆံပါတဲ့ ။ ပစ္တာကလည္း ေသနတ္ပါ။ ဆရာဝန္ႀကီးေတြက က်ေနာ္၂ ခါေလာက္ေမးေတာ့ သူတို႔အဲဒီအတိုိင္းရွင္းျပပါတယ္"။

ဦးေခါင္းထဲက ထုတ္ယူရရွိထားတဲ့ က်ည္ဆံအစကုိလည္း သက္ေသခံအျဖစ္ ဆရာ၀န္ေတြက သိမ္းဆည္းထားတယ္လုိ႔ ေျပာပါတယ္။ ေဖေဖာ္၀ါရီလ ၉ ရက္ေန႔က ေနျပည္ေတာ္ ဆႏၵျပပဲြတစ္ခုအတြင္း လုံၿခံဳေရးတပ္ဖဲြ႔ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ကြယ္လြန္သြားတဲ့ မျမသဲြ႔သဲြ႔ခုိင္ကုိေတာ့ တနဂၤေႏြေန႔မွာ သၿဂိဳဟ္ဖုိ႔ စီစဥ္ထားတယ္လုိ႔လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၁၇ ရက္ေန႔ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္းမွာေတာ့ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေရာ္ဘာက်ည္ဆန္သံုးၿပီး ပစ္တယ္၊ က်ည္စစ္က်ည္မွန္နဲ ပစ္တယ္လို႔ ထုတ္ျပန္ထားတာမရွိတဲ့အေၾကာင္းနဲ႔ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေမးျမန္းေနတယ္လို႔ ေျဖဆုိသြားပါတယ္။ ေသနတ္ဒဏ္ရာရရွိခဲ့တယ္လို႔ သံုးႏႈန္းထားတာျဖစ္ၿပီး ဒါနဲ႔ပတ္သက္ၿပီး ေမးျမန္း ေဆာင္ရြက္ေနေၾကာင္းနဲ႔ တရားဥပေဒနဲ႔အညီ ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ေျဖဆိုခဲ့ပါတယ္။အခု ဆရာဝန္ေတြရဲ႕ စစ္ေဆးခ်က္ ထြက္လာၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ စစ္ေကာင္စီဘက္က ဘာမွ တုံ႔ျပန္ေျပာဆုိတာမရွိေသးပါဘူး။

စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြအတြင္း ပထမဆုံး ေသဆုံးမႈျဖစ္ရပ္အတြက္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၱေလး စတဲ့ ၿမိဳ႕ႀကီးေတြမွာလည္း အမွတ္တရ အခမ္းအနားေတြ က်င္းပၾကပါတယ္။

ႏုိင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖဲြ႔တခုျဖစ္တဲ့ HRW ရဲ႕ အာရွေရးရာ လက္ေထာက္ညႊန္ၾကားေရးမွဴး Phil Robertson ကေတာ့ ေသဆုံးမႈအတြက္ ရဲတပ္ဖဲြ႔မွာ တာ၀န္ရွိေၾကာင္း ဒီကေန႔ပဲ ေၾကညာခ်က္ထုတ္ျပန္ေျပာဆုိခဲ့တာပါ။

ရဲတပ္ဖဲြ႔နဲ႔ ခပ္လွမ္းလွမ္းမွာ ရွိေနတဲ့ မျမသဲြ႔သဲြ႔ခုိင္ဟာ လက္ထဲမွာလည္း တစုံတရာမရွိပဲ ေနာက္ျပန္လွည့္ခ်ိန္မွာ ပစ္ခတ္ခံခဲ့ရတာကုိ ဗြီဒီယုိမွတ္တမ္းမွာ ေတြ႔ရတဲ့ ရဲတပ္ဖဲြ႔ရဲ႕ လုပ္ရပ္ဟာ လက္ခံႏုိင္စရာ မရွိေၾကာင္းနဲ႔ စုံစမ္းစစ္ေဆးဖုိ႔လည္း ေတာင္းဆုိထားပါတယ္။

......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

နေပြည်တော်က ဆန္ဒပြပွဲအတွင်း သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားသူ မမြသွဲ့သွဲ့ခိုင်ဟာ သေနတ်ကျည်အစစ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း ဆရာဝန်တွေက အတည်ပြုလိုက်ပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ကွယ်လွန်သွားတဲ့ မမြသွဲ့သွဲ့ခိုင်ကို ခွဲစိတ်စစ်ဆေးရာက ကျည်ဆံအစစ်နဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းမှာ ဒဏ်ရာရ သေဆုံးခဲ့တယ်ဆိုတာ ကုသပေးနေတဲ့ ဆရာဝန်တွေက အတည်ပြုခဲ့တာဖြစ်ကြောင်း မိသားစုဝင်တဦးဖြစ်တဲ့ ဦးကျင်သန်းက ပြောပါတယ်။

"အထဲကတွေ့တဲ့ ကျည်ဆံက ဘယ်လိုကျည်ဆံမျိုးလည်း ကျနော်မေးတော့ ဒါသတ္ထုကျည်ဆံပါတဲ့ ။ ပစ်တာကလည်း သေနတ်ပါ။ ဆရာဝန်ကြီးတွေက ကျနော်၂ ခါလောက်မေးတော့ သူတို့အဲဒီအတိုင်းရှင်းပြပါတယ်"။

ဦးခေါင်းထဲက ထုတ်ယူရရှိထားတဲ့ ကျည်ဆံအစကိုလည်း သက်သေခံအဖြစ် ဆရာဝန်တွေက သိမ်းဆည်းထားတယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော် ဆန္ဒပြပွဲတစ်ခုအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားတဲ့ မမြသွဲ့သွဲ့ခိုင်ကိုတော့ တနင်္ဂနွေနေ့မှာ သဂြိုဟ်ဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၇ ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရော်ဘာကျည်ဆန်သုံးပြီး ပစ်တယ်၊ ကျည်စစ်ကျည်မှန်နဲ ပစ်တယ်လို့ ထုတ်ပြန်ထားတာမရှိတဲ့အကြောင်းနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးမြန်းနေတယ်လို့ ဖြေဆိုသွားပါတယ်။ သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ သုံးနှုန်းထားတာဖြစ်ပြီး ဒါနဲ့ပတ်သက်ပြီး မေးမြန်း ဆောင်ရွက်နေကြောင်းနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။အခု ဆရာဝန်တွေရဲ့ စစ်ဆေးချက် ထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က ဘာမှ တုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေအတွင်း ပထမဆုံး သေဆုံးမှုဖြစ်ရပ်အတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာလည်း အမှတ်တရ အခမ်းအနားတွေ ကျင်းပကြပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကတော့ သေဆုံးမှုအတွက် ရဲတပ်ဖွဲ့မှာ တာဝန်ရှိကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့တာပါ။

ရဲတပ်ဖွဲ့နဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ မမြသွဲ့သွဲ့ခိုင်ဟာ လက်ထဲမှာလည်း တစုံတရာမရှိပဲ နောက်ပြန်လှည့်ချိန်မှာ ပစ်ခတ်ခံခဲ့ရတာကို ဗွီဒီယိုမှတ်တမ်းမှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ စုံစမ်းစစ်ဆေးဖို့လည်း တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG