သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြယ္လြန္သူ မျမသြဲ႕သြဲ႕ခိုင္အတြက္ ရန္ကုန္ေဆး႐ုံႀကီးေရွ႕မွာ ဆႏၵျပသူေတြ ဆုေတာင္းပြဲက်င္းပ


(Zawgyi/Unicode)

ျမန္မာ ရဲတပ္ဖြဲ႕က အင္အားသုံးလို႔ ကြယ္လြန္သြားခဲ့ရတဲ့ မျမသြဲ႕သြဲ႕ခိုင္အတြက္ ဆုေတာင္းပြဲကို ရန္ကုန္ၿမိဳ႕က ဆႏၵျပသူေတြက ေဆး႐ုံ ႀကီးေရွ႕မွာ ေသာၾကာေန႔က ျပဳလုပ္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ၉ရက္ေန႔ ေနျပည္ေတာ္က ဆႏၵျပပြဲၿဖိဳခြဲမႈအတြင္း ဦးေခါင္းကို ေသနတ္ထိမွန္ခဲ့တဲ့ မျမသြဲ႕သြဲ႕ခိုင္ဟာ ေသာၾကာေန႔က ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံမွာ ကြယ္လြန္သြားခဲ့တာပါ။ စစ္အာဏာသိမ္းတာကို ဆႏၵျပေနခ်ိန္မွာ လုံျခဳံေရးတပ္ဖြဲ႕ေတြေၾကာင့္ ပထမဆုံး ေသဆုံးရမႈလည္း ျဖစ္ပါတယ္။

ဆုေတာင္းပြဲမွာ အတူရွိတဲ့ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္သူ ေဒၚခ်စ္က ကြယ္လြန္သူ မိန္းကေလးမွာ တျခားသူေတြလိုပဲ အနာဂတ္ အိပ္မက္ေတြ ရွိခဲ့မွာလို႔ ေျပာပါတယ္။

"ဒီ မိန္းကေလးငယ္ေလးကို ပစ္ခတ္သတ္ျဖတ္လိုက္တယ္ဆိုတာက က်မတို႔က က်မတို႔ရဲ႕သားသမီးအရင္းေလးေတြကို ပစ္ခတ္တိုက္ခိုက္ခံရသလို က်မတို႔ ခံစားရပါတယ္။ အဲဒီေတာ့ ၁၉ ႏွစ္အရြယ္ေလး ေသဆံုးရတယ္ဆိုတာ သူ႔အနာဂတ္ေတြရွိမယ္၊ သူ႔ရည္ရြယ္ခ်က္ေတြရွိမယ္၊ သူ႔ရဲ႕ သြားမယ့္ ဘ၀ လမ္းေၾကာင္းေတြရွိမယ္ ။ အဲဒီလမ္းေၾကာင္းေတြအကုန္လံုးကို ပိတ္ၿပီးေတာ့ အသက္ေတာင္မွပဲ ေသဆံုးသြားရတယ္ဆိုတာ က်မတို႔ ဘယ္လိုမွ ရင္ထုမနာျဖစ္ရတဲ့ ျဖစ္ရပ္ႀကီးပါ။"

ကြယ္လြန္ၿပီး ႐ုပ္အေလာင္းကို ခြဲစိတ္စစ္ေဆးမႈ အရ အသက္ ၂၀ အရြယ္မျမသြဲ႕သြဲ႕ခိုင္ဟာ က်ည္ဆံအစစ္နဲ႔ ပစ္ခတ္ခံရတာေၾကာင့္ ဦးေခါင္း ဒဏ္ရာရ ေသဆုံးခဲ့ရတာျဖစ္ေၾကာင္း ဆရာဝန္ေတြက အတည္ျပဳခဲ့ပါတယ္။ မျမသြဲ႕သြဲ႕ခိုင္ ႐ုပ္အေလာင္းကို တနဂၤေႏြေန႔မွာ သၿဂႋဳဟ္ဖို႔ စီစဥ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

............

ကွယ်လွန်သူ မမြသွဲ့သွဲ့ခိုင်အတွက် ရန်ကုန်ဆေးရုံကြီးရှေ့မှာ ဆန္ဒပြသူတွေ ဆုတောင်းပွဲကျင်းပ

(Unicode)

မြန်မာ ရဲတပ်ဖွဲ့က အင်အားသုံးလို့ ကွယ်လွန်သွားခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲကို ရန်ကုန်မြို့က ဆန္ဒပြသူတွေက ဆေးရုံ ကြီးရှေ့မှာ သောကြာနေ့က ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ၉ရက်နေ့ နေပြည်တော်က ဆန္ဒပြပွဲဖြိုခွဲမှုအတွင်း ဦးခေါင်းကို သေနတ်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ သောကြာနေ့က နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ စစ်အာဏာသိမ်းတာကို ဆန္ဒပြနေချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေကြောင့် ပထမဆုံး သေဆုံးရမှုလည်း ဖြစ်ပါတယ်။

ဆုတောင်းပွဲမှာ အတူရှိတဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ဒေါ်ချစ်က ကွယ်လွန်သူ မိန်းကလေးမှာ တခြားသူတွေလိုပဲ အနာဂတ် အိပ်မက်တွေ ရှိခဲ့မှာလို့ ပြောပါတယ်။

"ဒီ မိန်းကလေးငယ်လေးကို ပစ်ခတ်သတ်ဖြတ်လိုက်တယ်ဆိုတာက ကျမတို့က ကျမတို့ရဲ့သားသမီးအရင်းလေးတွေကို ပစ်ခတ်တိုက်ခိုက်ခံရသလို ကျမတို့ ခံစားရပါတယ်။ အဲဒီတော့ ၁၉ နှစ်အရွယ်လေး သေဆုံးရတယ်ဆိုတာ သူ့အနာဂတ်တွေရှိမယ်၊ သူ့ရည်ရွယ်ချက်တွေရှိမယ်၊ သူ့ရဲ့ သွားမယ့် ဘ၀ လမ်းကြောင်းတွေရှိမယ် ။ အဲဒီလမ်းကြောင်းတွေအကုန်လုံးကို ပိတ်ပြီးတော့ အသက်တောင်မှပဲ သေဆုံးသွားရတယ်ဆိုတာ ကျမတို့ ဘယ်လိုမှ ရင်ထုမနာဖြစ်ရတဲ့ ဖြစ်ရပ်ကြီးပါ။"

ကွယ်လွန်ပြီး ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးမှု အရ အသက် ၂၀ အရွယ်မမြသွဲ့သွဲ့ခိုင်ဟာ ကျည်ဆံအစစ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးခေါင်း ဒဏ်ရာရ သေဆုံးခဲ့ရတာဖြစ်ကြောင်း ဆရာဝန်တွေက အတည်ပြုခဲ့ပါတယ်။ မမြသွဲ့သွဲ့ခိုင် ရုပ်အလောင်းကို တနင်္ဂနွေနေ့မှာ သင်္ဂြိုဟ်ဖို့ စီစဉ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG