သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ႏိုင္ငံေရးပဋိပကၡ ျပည္တြင္းေရးကိစၥျဖစ္ (တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး)


တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး Wang Yi

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ လတ္တေလာရင္ဆိုင္ၾကဳံေတြ႕ေနရတဲ့ အေျခအေနေတြက ျမန္မာနိုင္ငံရဲ့ ျပည္တြင္းေရးကိစၥသာျဖစ္တယ္လို႔ တ႐ုတ္ နိုင္ငံနဲ႔ အေရွ႕ေတာင္အာရွနိုင္ငံမ်ားအဖြဲ႕ (ASEAN) က ယူဆေၾကာင္းတ႐ုတ္နိုင္ငံေတာ္ ေကာင္စီဝင္လည္း ျဖစ္ နိုင္ငံျခားေရး ဝန္ႀကီး လည္း ျဖစ္သူ Wang Yi က ေျပာပါတယ္။

အာဆီယံ အလွည့္က် ဥကၠဌ အျဖစ္တာဝန္ယူထားတဲ့ ဘ႐ူနိုင္းနိုင္ငံျခားေရးဝန္ႀကီး II Dato Erywan Pehin Yusof နဲ႔ တယ္လီဖုန္းနဲ႔ ဆက္သြယ္စကားေျပာၿပီးခ်ိန္ ေသာၾကာေန႔က တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီး Wang Yi က အခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာလို႔ တ႐ုတ္ နိုင္ငံပိုင္ CNTG သတင္းဌာနက ေျပာပါတယ္။

ျမန္မာနိုင္ငံက ျပႆနာေတြကို ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ အညီ တရားဥပေဒေဘာင္အတြင္းကေန ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေျဖရွင္း သင့္ သလို ျပည္တြင္း ဒီမိုကေရစီအသြင္ကူးေျပာင္းေရးလုပ္ငန္းစဥ္ေတြ နည္းလမ္းတက် လုပ္ေဆာင္ဖို႔ကိုလည္း အားေပးအားေျမႇာက္ ျပဳ သင့္တယ္ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီး Wang Yi က ေျပာပါတယ္။

ျမန္မာနိုင္ငံက စစ္အာဏာသိမ္းတာကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြအထဲ မၾကာေသးမီ ရက္ေတြအတြင္း ရန္ကုန္ၿမိဳ႕နဲ႔ မႏၲေလးၿမိဳ႕တို႔က တ႐ုတ္သံ႐ုံးနဲ႔ ေကာင္စစ္ဝန္ ႐ုံးေရွ႕ေတြမွာ ျပဳလုပ္တဲ့ ဆႏၵျပပြဲေတြလည္း ပါဝင္လာခဲ့ပါတယ္။ အာဏာသိမ္းမႈအေပၚ တ႐ုတ္နိုင္ငံက ေပ်ာ့ေျပာင္းတဲ့ သေဘာထား ျပသေနသလို အာဏာသိမ္း စစ္ေကာင္စီကို အကူအညီေပးေနတယ္ဆိုတဲ့ သတင္းေတြေၾကာင့္လည္း ျမန္မာနိုင္ငံအတြင္းက တ႐ုတ္ သံ႐ုံး၊ ေကာင္စစ္ဝန္ ႐ုံးေတြေရွ႕မွာဆႏၵျပတဲ့နည္းတူ ျပည္ပနိုင္ငံေတြက တ႐ုတ္ သံ႐ုံးေတြမွာ ဆႏၵ ျပပြဲေတြလုပ္ဖို႔လည္း ျပည္ပက ဆႏၵျပသူေတြက စီစဥ္ေဆာင္ရြက္ေနၾကပါတယ္။

ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က ျမန္မာ့အေရး ကုလသမဂၢ လုံျခဳံေရးေကာင္စီက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာလည္း အာဏာသိမ္းတာ ကို ရႈတ္ခ်တဲ့ စကားလုံးေတြကို တ႐ုတ္နိုင္ငံက ကန္႔ကြက္တာေၾကာင့္ ဖယ္ရွားၿပီး ထုတ္ျပန္ခဲ့ရတာပါ။

တိုက္႐ိုက္ လင့္ခ္


..........

မြန်မာ့နိုင်ငံရေးပဋိပက္ခ ပြည်တွင်းရေးကိစ္စဖြစ် (တရုတ်နိုင်ငံခြားရေးဝန်ကြီး)
(Unicode)

မြန်မာနိုင်ငံမှာ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်လို့ တရုတ် နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) က ယူဆကြောင်းတရုတ်နိုင်ငံတော် ကောင်စီဝင်လည်း ဖြစ် နိုင်ငံခြားရေး ဝန်ကြီး လည်း ဖြစ်သူ Wang Yi က ပြောပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဌ အဖြစ်တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံ ခြားရေးဝန်ကြီး II Dato Erywan Pehin Yusof နဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောပြီးချိန် သောကြာနေ့က တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က အခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာလို့ တရုတ် နိုင်ငံပိုင် CNTG သတင်းဌာနက ပြောပါတယ်။

မြန်မာနိုင်ငံက ပြဿနာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ တရားဥပဒေဘောင်အတွင်းကနေ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သင့် သလို ပြည်တွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ နည်းလမ်းတကျ လုပ်ဆောင်ဖို့ကိုလည်း အားပေးအားမြှောက် ပြု သင့်တယ် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအထဲ မကြာသေးမီ ရက်တွေအတွင်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့က တရုတ်သံရုံးနဲ့ ကောင်စစ်ဝန် ရုံးရှေ့တွေမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေလည်း ပါဝင်လာခဲ့ပါတယ်။ အာဏာသိမ်းမှုအပေါ် တရုတ်နိုင်ငံက ပျော့ပြောင်းတဲ့ သဘောထား ပြသနေသလို အာဏာသိမ်း စစ်ကောင်စီကို အကူအညီပေးနေတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း မြန်မာနိုင်ငံအတွင်းက တရုတ် သံရုံး၊ ကောင်စစ်ဝန် ရုံးတွေရှေ့မှာဆန္ဒပြတဲ့နည်းတူ ပြည်ပနိုင်ငံတွေက တရုတ် သံရုံးတွေမှာ ဆန္ဒ ပြပွဲတွေလုပ်ဖို့လည်း ပြည်ပက ဆန္ဒပြသူတွေက စီစဉ်ဆောင်ရွက်နေကြပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း အာဏာသိမ်းတာ ကို ရှုတ်ချတဲ့ စကားလုံးတွေကို တရုတ်နိုင်ငံက ကန့်ကွက်တာကြောင့် ဖယ်ရှားပြီး ထုတ်ပြန်ခဲ့ရတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG