(Zawgyi/Unicode)
တရုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ေကာင္းမြန္တဲ့ တရုတ္-အေမရိကန္ဆက္ဆံေရး ျပည္တည္ေဆာက္ဖို႔၊ ႏိုင္ငံျခားေရးရာေဆြးေႏြးပြဲႀကီးတစ္ခုမွာ ေတာင္းဆိုလိုက္ပါတယ္။
ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi အေနနဲ႔ ေဘဂ်င္းမွာလုပ္တဲ့ ႏိုင္ငံတကာအေျခအေနနဲ႔ တရုတ္ႏိုင္ငံျခားဆက္ဆံေရး ေဆြးေႏြးပြဲအတြင္း မိန္႔ခြန္းေျပာရာမွာ ၂၀၂၀ ခုႏွစ္ဟာ တရုတ္ႏိုင္ငံရဲ႕ သံတမန္ေရးအေရးပါမူကို ကိုဗစ္ကာလ အခက္အခဲအၾကား အင္တာနက္ On-line ကဆင့္ ျပသႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ ဝန္ႀကီး Wang ကပဲ အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔လည္း တက္ၾကြတဲ့ပူးေပါင္းေဆာင္ရြက္မူဆက္ထိန္းႏိုင္ခဲ့ၿပီး ပိုးလမ္းမသစ္စီမံကိန္းဝင္ႏိုင္ငံေတြနဲ႔ ကုန္သြယ္မူပမာဏ ေဒၚလာ ၈၀၀ ဘီလီယံ ေက်ာ္ တိုးျမင့္ႏိုင္ခဲ့သလို၊ အေမရိကန္နဲ႔ဆက္ဆံေရးအတြက္လည္း ခုလိုေျပာခဲ့ပါတယ္ ။
“ႏွစ္ဖက္အေနနဲ႔ မတူညီမူေတြကို မွန္မွန္ကန္ကန္ကိုင္တြယ္ၿပီး ဘံုသေဘာတူႏိုင္တာကိုရွာေဖြႏိုင္ဖို႔လည္း ႀကိဳးပမ္းသြားဖို႔လိုမယ္။ ဒုတိယအေနနဲ႔ ပူးေပါင္းေဆာင္ရြက္မူေတြ ျပန္စဖို႔လိုမယ္။ ႏွစ္ဖက္အက်ိဳးတူပူးေပါင္းေဆာင္ရြက္မူာ ႏွစ္ဖက္ဆံုေရးအတြက္ ဦးေဆာင္ေမာင္းႏွင္အားေတြပါ” လို႔ ေျပာသြားတာပါ။
ဝန္ႀကီး Wang Yi က ဆက္ၿပီး၊ On-line သံတမန္းေရးကတဆင့္၊ ကိုဗစ္-19 တိုက္ဖ်က္ေရးအတြက္ သမၼတ Xi Jinping နဲ႔အတူ ကမာၻ႔ေခါင္းေဆာင္ေတြေပါင္းၿပီး၊ ဒီ ခက္ခဲတဲ့ ကမာၻ့ကပ္ေရာဂါကာလ စိန္ေခၚမူေတြကို ျဖတ္သန္းႏိုင္ခဲ့တယ္လို႔ ဆိုလိုက္ပါတယ္။
ဝန္ႀကီး Wang ကပဲ တရုတ္အေနနဲ႔ ႏိုင္ငံေပါင္း ၁၅၀ ေက်ာ္နဲ႔ အဖြဲ႔အစည္းေပါင္း ၉ ခုကို ကိုဗစ္ေထာက္ပံ့ေရးေတြ ကူညီေပးခဲ့ၿပီး၊ ႏိုင္ငံေပါင္း ၃၄ ႏိုင္ငံကိုလည္း ေဆးအဖြဲ႔ေပါင္း ၃၆ ဖြဲ႔ ေစလႊတ္ကူညီေပးခဲ့တယ္လို႔ ဆိုပါတယ္။
..............
(Unicode)
တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကောင်းမွန်တဲ့ တရုတ်-အမေရိကန်ဆက်ဆံရေး ပြည်တည်ဆောက်ဖို့၊ နိုင်ငံခြားရေးရာဆွေးနွေးပွဲကြီးတစ်ခုမှာ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Wang Yi အနေနဲ့ ဘေဂျင်းမှာလုပ်တဲ့ နိုင်ငံတကာအခြေအနေနဲ့ တရုတ်နိုင်ငံခြားဆက်ဆံရေး ဆွေးနွေးပွဲအတွင်း မိန့်ခွန်းပြောရာမှာ ၂၀၂၀ ခုနှစ်ဟာ တရုတ်နိုင်ငံရဲ့ သံတမန်ရေးအရေးပါမူကို ကိုဗစ်ကာလ အခက်အခဲအကြား အင်တာနက် On-line ကဆင့် ပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဝန်ကြီး Wang ကပဲ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း တက်ကြွတဲ့ပူးပေါင်းဆောင်ရွက်မူဆက်ထိန်းနိုင်ခဲ့ပြီး ပိုးလမ်းမသစ်စီမံကိန်းဝင်နိုင်ငံတွေနဲ့ ကုန်သွယ်မူပမာဏ ဒေါ်လာ ၈၀၀ ဘီလီယံ ကျော် တိုးမြင့်နိုင်ခဲ့သလို၊ အမေရိကန်နဲ့ဆက်ဆံရေးအတွက်လည်း ခုလိုပြောခဲ့ပါတယ် ။
“နှစ်ဖက်အနေနဲ့ မတူညီမူတွေကို မှန်မှန်ကန်ကန်ကိုင်တွယ်ပြီး ဘုံသဘောတူနိုင်တာကိုရှာဖွေနိုင်ဖို့လည်း ကြိုးပမ်းသွားဖို့လိုမယ်။ ဒုတိယအနေနဲ့ ပူးပေါင်းဆောင်ရွက်မူတွေ ပြန်စဖို့လိုမယ်။ နှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်မူာ နှစ်ဖက်ဆုံရေးအတွက် ဦးဆောင်မောင်းနှင်အားတွေပါ” လို့ ပြောသွားတာပါ။
ဝန်ကြီး Wang Yi က ဆက်ပြီး၊ On-line သံတမန်းရေးကတဆင့်၊ ကိုဗစ်-19 တိုက်ဖျက်ရေးအတွက် သမ္မတ Xi Jinping နဲ့အတူ ကမ္ဘာ့ခေါင်းဆောင်တွေပေါင်းပြီး၊ ဒီ ခက်ခဲတဲ့ ကမ္ဘာ့ကပ်ရောဂါကာလ စိန်ခေါ်မူတွေကို ဖြတ်သန်းနိုင်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
ဝန်ကြီး Wang ကပဲ တရုတ်အနေနဲ့ နိုင်ငံပေါင်း ၁၅၀ ကျော်နဲ့ အဖွဲ့အစည်းပေါင်း ၉ ခုကို ကိုဗစ်ထောက်ပံ့ရေးတွေ ကူညီပေးခဲ့ပြီး၊ နိုင်ငံပေါင်း ၃၄ နိုင်ငံကိုလည်း ဆေးအဖွဲ့ပေါင်း ၃၆ ဖွဲ့ စေလွှတ်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။