သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ Online App အိႏိၵယပိတ္ပင္မႈ တရုတ္ျပစ္တင္ေ၀ဖန္ 


တရုတ္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Zhao Lijian

(Zawgyi/Unicode)

ျပည္တြင္းလုံၿခံဳေရးအေၾကာင္းျပခ်က္နဲ႔ ဖုန္း App တခ်ဳိ႕ကုိ အိႏၵိယက ပိတ္ပင္လုိက္တဲ့အေပၚ တရုတ္ႏုိင္ငံက ျပစ္တင္ ေ၀ဖန္လုိက္ပါတယ္။ ဒါဟာ ႏ်ဴကလီးယားလက္နက္ပုိင္ဆုိင္ထားတဲ့ အိမ္နီးခ်င္း ႏွစ္ႏုိင္ငံအၾကား တင္းမာမႈျဖစ္ေပၚေစတဲ့ ေနာက္ဆုံးအေၾကာင္းအရာ တခု ျဖစ္လာပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လအတြင္း အျငင္းပြားဖြယ္ျဖစ္ေနတဲ့ နယ္စပ္ေဒသမွာ ႏွစ္ဘက္ ထိပ္တုိက္ရင္ဆုိင္မႈေတြျဖစ္ရာက အိႏၵိယတပ္သား ၂၀ ေသဆုံးၿပီး တရုတ္ဘက္ကလည္း အေရအတြက္အတိအက် မသိႏုိင္တဲ့အတုိင္းအတာနဲ႔ ထိခုိက္ ဒဏ္ရာရမႈေတြ ျဖစ္ေပၚခဲ့ၿပီးတဲ့ေနာက္ ႏွစ္ႏုိင္ငံအၾကား တင္းမာမႈေတြ ေတာက္ေလွ်ာက္ ရွိေနခဲ့တာပါ။

အိႏၵိယရဲ႕ အမ်ဳိးသားလုံၿခံဳေရးနဲ႔ အခ်ဳပ္အျခာအာဏာ ပုိင္ဆုိင္မႈကုိ ၿခိမ္းေျခာက္တယ္ဆုိတဲ့ စြပ္စြဲခ်က္နဲ႔ တရုတ္ႏုိင္ငံက e-commerce ကုမၸဏီႀကီးျဖစ္တဲ့ Alibaba က App အပါအ၀င္ အိႏၵိယႏုိင္ငံအတြင္း အသုံးျပဳေနတဲ့ တရုတ္ App ၄၃ ခုကုိ အိႏၵိယက ပိတ္ပင္ ကန္႔သတ္လိုက္တာပါ။

အမ်ဳိးသားလုံၿခံဳေရးအေၾကာင္းျပၿပီး အိႏၵိယရဲ႕ အခုလုိ လုပ္ေဆာင္ခ်က္အေပၚ အထူး စုိးရိမ္ပူပန္ေၾကာင္း တရုတ္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Zhao Lijian က ေျပာပါတယ္။

“အိႏၵိယရဲ႕ အခုလုိ လုပ္ေဆာင္ခ်က္ဟာ WTO - ကမၻာ့ကုန္သြယ္ေရးအဖြဲ႔ႀကီးက ခ်မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြကုိ ခ်ဳိးေဖာက္ရာေရာက္သလုိ၊ တရုတ္ရဲ႕ အက်ဳိးစီးပြားနဲ႔ ဥပေဒလမ္းေၾကာင္းအရ ရပုိင္ခြင့္အခြင့္အလမ္းေတြကုိ အႀကီးအက်ယ္ ထိခုိက္ နစ္နာေစပါတယ္။ ဒါေၾကာင့္ ဒီလုပ္ရပ္ကုိ အျပင္းအထန္ ကန္႔ကြက္ပါတယ္” - လုိ႔ ေျပာသြားတာပါ။

ႏွစ္ႏုိင္ငံပူးေပါင္းေဆာင္ရြက္မႈေတြ ဒီထက္ပုိၿပီး ဆုိးမသြားေစဖုိ႔ ႏွိမ့္ခ်ဆက္ဆံတဲ့ အဲဒီ ဆုံးျဖတ္ခ်က္ကုိ အိႏၵိယအေနနဲ႔ အျမန္ဆုံး ျပန္လည္ ျပင္ဆင္သင့္ေၾကာင္းလည္း တရုတ္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရက ေျပာၾကားခဲ့ပါတယ္။

တရုတ္ႏုိင္ငံက နာမည္ႀကီး လူႀကိဳက္မ်ားတဲ့ TikTok App အပါအ၀င္ တရုတ္ App ၅၃ ခုကုိ အိႏၵိယအစုိးရက အေစာပုိင္းမွာ အသုံးျပဳခြင့္ ပိတ္ပင္ခဲ့ၿပီး ေနာက္ထပ္ Mobile Application ၁၁၈ ခုကုိလည္း စက္တင္ဘာလမွာ ပိတ္ပင္ခဲ့ပါတယ္။

အခုေနာက္ဆုံး ပိတ္ပင္ခံလုိက္ရတဲ့ App ေတြထဲမွာ Alibaba ရဲ႕ AliExpress ၊ ကုန္ပစၥည္းပုိ႔ေဆာင္တဲ့ Lalamove နဲ႔ တျခား အြန္လုိင္း ၾကင္ယာရွာတဲ့ App နဲ႔ တုိက္ရုိက္ ထုတ္လႊင့္ျပသလုိ႔ရႏုိင္တဲ့ App ေတြ ပါ၀င္တယ္လုိ႔ ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

တရုတ် Online App အိန္ဒိယပိတ်ပင်မှု တရုတ်ပြစ်တင်ဝေဖန်

(Unicode)

ပြည်တွင်းလုံခြုံရေးအကြောင်းပြချက်နဲ့ ဖုန်း App တချို့ကို အိန္ဒိယက ပိတ်ပင်လိုက်တဲ့အပေါ် တရုတ်နိုင်ငံက ပြစ်တင် ဝေဖန်လိုက်ပါတယ်။ ဒါဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်း နှစ်နိုင်ငံအကြား တင်းမာမှုဖြစ်ပေါ်စေတဲ့ နောက်ဆုံးအကြောင်းအရာ တခု ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း အငြင်းပွားဖွယ်ဖြစ်နေတဲ့ နယ်စပ်ဒေသမှာ နှစ်ဘက် ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ရာက အိန္ဒိယတပ်သား ၂၀ သေဆုံးပြီး တရုတ်ဘက်ကလည်း အရေအတွက်အတိအကျ မသိနိုင်တဲ့အတိုင်းအတာနဲ့ ထိခိုက် ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ တောက်လျှောက် ရှိနေခဲ့တာပါ။

အိန္ဒိယရဲ့ အမျိုးသားလုံခြုံရေးနဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ခြိမ်းခြောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံက e-commerce ကုမ္ပဏီကြီးဖြစ်တဲ့ Alibaba က App အပါအဝင် အိန္ဒိယနိုင်ငံအတွင်း အသုံးပြုနေတဲ့ တရုတ် App ၄၃ ခုကို အိန္ဒိယက ပိတ်ပင် ကန့်သတ်လိုက်တာပါ။

အမျိုးသားလုံခြုံရေးအကြောင်းပြပြီး အိန္ဒိယရဲ့ အခုလို လုပ်ဆောင်ချက်အပေါ် အထူး စိုးရိမ်ပူပန်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က ပြောပါတယ်။

“အိန္ဒိယရဲ့ အခုလို လုပ်ဆောင်ချက်ဟာ WTO - ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်ရာရောက်သလို၊ တရုတ်ရဲ့ အကျိုးစီးပွားနဲ့ ဥပဒေလမ်းကြောင်းအရ ရပိုင်ခွင့်အခွင့်အလမ်းတွေကို အကြီးအကျယ် ထိခိုက် နစ်နာစေပါတယ်။ ဒါကြောင့် ဒီလုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ပါတယ်” - လို့ ပြောသွားတာပါ။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ဒီထက်ပိုပြီး ဆိုးမသွားစေဖို့ နှိမ့်ချဆက်ဆံတဲ့ အဲဒီ ဆုံးဖြတ်ချက်ကို အိန္ဒိယအနေနဲ့ အမြန်ဆုံး ပြန်လည် ပြင်ဆင်သင့်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက နာမည်ကြီး လူကြိုက်များတဲ့ TikTok App အပါအဝင် တရုတ် App ၅၃ ခုကို အိန္ဒိယအစိုးရက အစောပိုင်းမှာ အသုံးပြုခွင့် ပိတ်ပင်ခဲ့ပြီး နောက်ထပ် Mobile Application ၁၁၈ ခုကိုလည်း စက်တင်ဘာလမှာ ပိတ်ပင်ခဲ့ပါတယ်။

အခုနောက်ဆုံး ပိတ်ပင်ခံလိုက်ရတဲ့ App တွေထဲမှာ Alibaba ရဲ့ AliExpress ၊ ကုန်ပစ္စည်းပို့ဆောင်တဲ့ Lalamove နဲ့ တခြား အွန်လိုင်း ကြင်ယာရှာတဲ့ App နဲ့ တိုက်ရိုက် ထုတ်လွှင့်ပြသလို့ရနိုင်တဲ့ App တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG