သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

WeChat နဲ႔ TikTok App ေတြ တနဂၤေႏြညကစၿပီး အေမရိကန္မွာပိတ္ၿပီ


TikTok နဲ႔ WeChat လုိဂို။

(Zawgyi / Unicode)

တ႐ုတ္ကုမၸဏီပိုင္ မိုဘုိင္းလ္ဖုန္းအက္ပ္ေတြျဖစ္တဲ့ WeChat နဲ႔ TikTok တို႔ကို အေမရိကန္ App Stores ေတြကေန ေဒါင္းလုပ္ခ်တာနဲ႔ သံုးေနတာေတြကို စက္တင္ဘာ ၂၀ ရက္၊ တနဂၤေႏြေန႔ည သန္းေခါင္ယံကစၿပီး ပိတ္ပစ္ေတာ့မယ္လို႔ သမၼတ Trump အစိုးရအဖြဲ႔က ေသာၾကာေန႔မွာ ေၾကညာပါတယ္။ ဒီေၾကညာခ်က္ဟာ အေမရိကန္နဲ႔ တ႐ုတ္တို႔ၾကား နည္းပညာပိုင္းဆုိင္ရာ ေနာက္ဆံုးေပၚလာတ့ဲ ထိပ္တိုက္ေတြ႔မႈပဲ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုထဲမွာ အသံုးျပဳသူေပါင္း သန္း ၁၀၀ ေက်ာ္ရွိၿပီး လူႀကိဳက္မ်ားလွတဲ့ WeChat နဲ႔ TikTok တို႔ဟာ အေမရိကန္လံုၿခံဳေရးနဲ႔ ပုဂၢိဳလ္ေရး အခ်က္အလက္ဆုိင္ရာ စိုးရိမ္စရာ အေျခအေနေတြ ရွိတာေၾကာင့္ အခုလို ပိတ္ဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ေၾကာင္း အေမရိကန္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ဒီ App ႏွစ္ခုလံုးကုိ တနလၤာေန႔ကစၿပီး App Store ေတြကေန ဖယ္ရွားသြားမွာျဖစ္လို႔ ဖုန္းေတြမွာ ဒီ App ေတြကို ထည့္လို႔ရေတာ့မွာ မဟုတ္ပါဘူး။ ဖုန္းေတြထဲ ထည့္ထားၿပီးသား သံုးေနသူေတြအေနနဲ႔လည္း ေနာက္ထပ္ အသစ္ထပ္ထည့္တာမ်ဳိး လုပ္လို႔ရေတာ့မွာ မဟုတ္ပါဘူး။

အခုလို ပိတ္လိုက္တဲ့အတြက္ WeChat နဲ႔ TikTok အက္ပ္ေတြရဲ႕ ေနာက္ထပ္ျပဳျပင္မြမ္းမံထားတာ မွန္သမွ် ထည့္လို႔ရေတာ့မွာ မဟုတ္တာေၾကာင့္ လက္ရွိ နည္းပညာေစ်းကြက္မွာ လႊမ္းမိုးထားႏိုင္ဆဲျဖစ္တဲ့ Apple နဲ႔ Google နည္းပညာသံုး Smartphone ေတြနဲ႔ ကိုက္ညီမႈရွိေတာ့မွာ မဟုတ္ပါဘူး။

အေမရိကန္ထဲက လူသန္းေပါင္းမ်ားစြာဟာ တ႐ုတ္ႏုိင္ငံတြင္းက လူပုဂၢိဳလ္ေတြ၊ ကုမၸဏီေတြနဲ႔ WeChat အက္ပ္ကိုသံုးၿပီး ေန႔စဥ္ ဆက္သြယ္ ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။

WeChat နဲ႔ TikTok တို႔လို လူမႈဆက္သြယ္ေရး App ေတြဟာ စီးပြားေရးေၾကာ္ျငာထည့္ဖို႔ အဓိကရည္ရြယ္ၿပီး ေနရာေဒသေတြနဲ႔ အျပန္အလွန္ ေရးသားတဲ့စာေတြ အပါအဝင္ အသံုးျပဳသူေတြရဲ႕ အခ်က္အလက္ေတြကို စုေဆာင္းထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

WeChat နဲ့ TikTok App တွေ တနင်္ဂနွေညကစပြီး အမေရိကန်မှာပိတ်ပြီ

တရုတ်ကုမ္ပဏီပိုင် မိုဘိုင်းလ်ဖုန်းအက်ပ်တွေဖြစ်တဲ့ WeChat နဲ့ TikTok တို့ကို အမေရိကန် App Stores တွေကနေ ဒေါင်းလုပ်ချတာနဲ့ သုံးနေတာတွေကို စက်တင်ဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့ည သန်းခေါင်ယံကစပြီး ပိတ်ပစ်တော့မယ်လို့ သမ္မတ Trump အစိုးရအဖွဲ့က သောကြာနေ့မှာ ကြေညာပါတယ်။ ဒီကြေညာချက်ဟာ အမေရိကန်နဲ့ တရုတ်တို့ကြား နည်းပညာပိုင်းဆိုင်ရာ နောက်ဆုံးပေါ်လာတဲ့ ထိပ်တိုက်တွေ့မှုပဲ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုထဲမှာ အသုံးပြုသူပေါင်း သန်း ၁၀၀ ကျော်ရှိပြီး လူကြိုက်များလှတဲ့ WeChat နဲ့ TikTok တို့ဟာ အမေရိကန်လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်ဆိုင်ရာ စိုးရိမ်စရာ အခြေအနေတွေ ရှိတာကြောင့် အခုလို ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီ App နှစ်ခုလုံးကို တနင်္လာနေ့ကစပြီး App Store တွေကနေ ဖယ်ရှားသွားမှာဖြစ်လို့ ဖုန်းတွေမှာ ဒီ App တွေကို ထည့်လို့ရတော့မှာ မဟုတ်ပါဘူး။ ဖုန်းတွေထဲ ထည့်ထားပြီးသား သုံးနေသူတွေအနေနဲ့လည်း နောက်ထပ် အသစ်ထပ်ထည့်တာမျိုး လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။

အခုလို ပိတ်လိုက်တဲ့အတွက် WeChat နဲ့ TikTok အက်ပ်တွေရဲ့ နောက်ထပ်ပြုပြင်မွမ်းမံထားတာ မှန်သမျှ ထည့်လို့ရတော့မှာ မဟုတ်တာကြောင့် လက်ရှိ နည်းပညာဈေးကွက်မှာ လွှမ်းမိုးထားနိုင်ဆဲဖြစ်တဲ့ Apple နဲ့ Google နည်းပညာသုံး Smartphone တွေနဲ့ ကိုက်ညီမှုရှိတော့မှာ မဟုတ်ပါဘူး။

အမေရိကန်ထဲက လူသန်းပေါင်းများစွာဟာ တရုတ်နိုင်ငံတွင်းက လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေနဲ့ WeChat အက်ပ်ကိုသုံးပြီး နေ့စဉ် ဆက်သွယ် ပြောဆိုနေကြတာ ဖြစ်ပါတယ်။

WeChat နဲ့ TikTok တို့လို လူမှုဆက်သွယ်ရေး App တွေဟာ စီးပွားရေးကြော်ငြာထည့်ဖို့ အဓိကရည်ရွယ်ပြီး နေရာဒေသတွေနဲ့ အပြန်အလှန် ရေးသားတဲ့စာတွေ အပါအဝင် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG