(Zawgyi/Unicode)
အေမရိကန္ လက္လီအေရာင္းဆိုင္လုပ္ငန္းႀကီး Walmart က Microsoft နည္းပညာ ကုမၸဏီနဲ႔ ပူးေပါင္းၿပီး TikTok ဗြီဒီယို application ကို ေစ်းၿပိဳင္ဝယ္ယူသြားမယ္လို႔ ေျပာပါတယ္။
ကမၻာ့ စီးပြားေရး အင္အားႀကီး ႏွစ္နိုင္ငံ ျဖစ္တဲ့ အေမရိကန္နဲ႔ တ႐ုတ္နိုင္ငံတို႔အၾကား တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာ အေမရိကန္ သမၼတ Donald Trump က အမ်ိဳးသား လုံျခဳံေရး အေၾကာင္းျပခ်က္နဲ႔ အေမရိကန္ ကုမၸဏီ ေတြ ၄၅ ရက္အတြင္း TikTok ရဲ့ မိခင္ ကုမၸဏီ ByteDance နဲ႔ စီးပြားေရး ဆက္ဆံမႈေတြကို ရပ္ဆိုင္းရမယ္လို႔ ဩဂုတ္လ ၆ ရက္ ေန႔က သမၼတ အမိန္႔ ထုတ္ျပန္ ထားခဲ့တာ ျဖစ္ပါတယ္။
သမၼတ Trump ရဲ႕ အမိန္႔က အေမရိကန္နိုင္ငံအတြင္းက TikTokလုပ္ငန္းေတြကိုအေမရိကန္ ကုမၸဏီတစ္ခုကို မျဖစ္မေန ေရာင္းဖို႔ ရက္သတ္မွတ္ေပးလိုက္သလို ျဖစ္ခဲ့တာပါ။
TikTok application ကို အေမရိကန္ အစိုးရ ဝန္ထမ္းေတြကို ေထာက္လွမ္းဖို႔၊ သူလၽွိုလုပ္ဖို႔နဲ႔ အေမရိကန္ျပည္သူေတြကို အက်ပ္ ကိုင္ ၿခိမ္းေျခာက္ဖို႔ တ႐ုတ္ အစိုးရကအသုံးျပဳနိုင္တယ္လို႔ သမၼတ ထရမ့္က ေျပာထားပါတယ္။
အခုလို အေမရိကန္ ကုမၸဏီ ႏွစ္ခုေပါင္းၿပီး TikTok ဗီြဒီယို app ကိုဝယ္ယူနိုင္ရင္ TikTok အသုံးျပဳသူ အေမရိကန္ေတြကို စိတ္ေက် နပ္ေစမွာ ျဖစ္သလို အေမရိကန္အစိုးရရဲ့ စိုးရိမ္မႈေတြကို ေလ်ာ့ပါးေစနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေၾကာင္း Walmart က AFP သတင္း ကို ေျပာပါတယ္။
တခ်ိန္တည္းမွာပဲ TikTok အလုပ္အမႈေဆာင္ အရာရွိခ်ဳပ္ Kevin Mayer ရာထူးကေန ႏုတ္ထြက္သြားေၾကာင္း ဗုဒၶဟူးေန႔က ေၾကညာ လိုက္ ပါတယ္။
TikTok အေပၚ တားျမစ္ ပိတ္ပင္မႈေတြ လုပ္ထားလို႔ အေမရိကန္ အစိုးရကို TikTok က တရားစြဲဆိုလိုက္အၿပီး ရက္မၾကာခင္ မွာပဲ Kevin Mayer ကအခုလို ႏုတ္ထြက္ေၾကာင္း ေၾကညာလိုက္တာပါ။
လြန္ခဲ့တဲ့ သီတင္းပတ္ေတြအတြင္း အေမရိကန္နဲ႔ တ႐ုတ္အၾကား နိုင္ငံေရး အခင္းအက်င္း အေျပာင္းအလဲေတြေၾကာင့္အခုလိုသူ ႏႈတ္ထြက္ဖို႔ ဆုံးျဖတ္ရတာျဖစ္ေၾကာင္း ဝန္ထမ္းေတြကို Mayer က စာေရးသားေပးပို႔ခဲ့ပါတယ္။ Disneyအမႈေဆာင္ အရာရွိခ်ဳပ္ေဟာင္း Mayer က ၿပီးခဲ့တဲ့ေမလတုန္းက TikTok ကုမၸဏီမွာ စၿပီး တာဝန္ ထမ္းေဆာင္ခဲ့တာ ျဖစ္ပါတယ္။
...........
Microsoft နဲ့ Walmart ပေါင်းပြီး Tik Tok ကိုဝယ်မည်
(Unicode)
အမေရိကန် လက်လီအရောင်းဆိုင်လုပ်ငန်းကြီး Walmart က Microsoft နည်းပညာ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး TikTok ဗွီဒီယို application ကို ဈေးပြိုင်ဝယ်ယူသွားမယ်လို့ ပြောပါတယ်။
ကမ္ဘာ့ စီးပွားရေး အင်အားကြီး နှစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန် သမ္မတ Donald Trump က အမျိုးသား လုံခြုံရေး အကြောင်းပြချက်နဲ့ အမေရိကန် ကုမ္ပဏီ တွေ ၄၅ ရက်အတွင်း TikTok ရဲ့ မိခင် ကုမ္ပဏီ ByteDance နဲ့ စီးပွားရေး ဆက်ဆံမှုတွေကို ရပ်ဆိုင်းရမယ်လို့ ဩဂုတ်လ ၆ ရက် နေ့က သမ္မတ အမိန့် ထုတ်ပြန် ထားခဲ့တာ ဖြစ်ပါတယ်။
သမ္မတ Trumpရဲ့အမိန့်က အမေရိကန်နိုင်ငံအတွင်းက TikTokလုပ်ငန်းတွေကိုအမေရိကန် ကုမ္ပဏီတစ်ခုကို မဖြစ်မနေ ရောင်းဖို့ ရက်သတ်မှတ်ပေးလိုက်သလို ဖြစ်ခဲ့တာပါ။
TikTok application ကို အမေရိကန် အစိုးရ ဝန်ထမ်းတွေကို ထောက်လှမ်းဖို့၊ သူလျှိုလုပ်ဖို့နဲ့ အမေရိကန်ပြည်သူတွေကို အကျပ် ကိုင် ခြိမ်းခြောက်ဖို့ တရုတ် အစိုးရကအသုံးပြုနိုင်တယ်လို့ သမ္မတ ထရမ့်က ပြောထားပါတယ်။
အခုလို အမေရိကန် ကုမ္ပဏီ နှစ်ခုပေါင်းပြီး TikTok ဗွီဒီယို app ကိုဝယ်ယူနိုင်ရင် TikTok အသုံးပြုသူ အမေရိကန်တွေကို စိတ်ကျေ နပ်စေမှာ ဖြစ်သလို အမေရိကန်အစိုးရရဲ့ စိုးရိမ်မှုတွေကို လျော့ပါးစေနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Walmart က AFP သတင်း ကို ပြောပါတယ်။
တချိန်တည်းမှာပဲ TikTok အလုပ်အမှုဆောင် အရာရှိချုပ် Kevin Mayer ရာထူးကနေ နုတ်ထွက်သွားကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာ လိုက် ပါတယ်။
TikTok အပေါ် တားမြစ် ပိတ်ပင်မှုတွေ လုပ်ထားလို့ အမေရိကန် အစိုးရကို TikTok က တရားစွဲဆိုလိုက်အပြီး ရက်မကြာခင် မှာပဲ Kevin Mayer ကအခုလို နုတ်ထွက်ကြောင်း ကြေညာလိုက်တာပါ။
လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း အမေရိကန်နဲ့ တရုတ်အကြား နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲတွေကြောင့်အခုလိုသူ နှုတ်ထွက်ဖို့ ဆုံးဖြတ်ရတာဖြစ်ကြောင်း ဝန်ထမ်းတွေကို Mayer က စာရေးသားပေးပို့ခဲ့ပါတယ်။ Disneyအမှုဆောင် အရာရှိချုပ်ဟောင်း Mayer က ပြီးခဲ့တဲ့မေလတုန်းက TikTok ကုမ္ပဏီမှာ စပြီး တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။