သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

TikTok ကုိ ပါကစၥတန္ ပိတ္ပင္


(Zawgyi/Unicode)

ဗီြဒီယို အတိုေလးေတြအြန္လိုင္းကေနရိုက္ကူးေဝမၽွနိုင္တဲ့ TikTok applicationကို ပါကစၥတန္နိုင္ငံမွာ ပိတ္ပင္လိုက္ပါတယ္။ မြတ္ဆလင္အမ်ားစု ေနထိုင္ရာနိုင္ငံထဲ အက်င့္စာရိတၱပိုင္းဆိုင္ရာ ထိခိုက္နိုင္တာနဲ႔ မဖြယ္မရာပုံေတြေတြ႕ျမင္နိုင္တာေၾကာင့္ အခုလို ပိတ္ပင္တာလို႔ ပါကစၥတန္ ဆက္သြယ္ေရး အာဏာပိုင္ အဖြဲ PTA ကေျပာပါတယ္။

ဥပေဒနဲ႔မညီတဲ့ပုံေတြကို တင္းတင္းက်ပ္က်ပ္ ေစာင့္ၾကည့္ၿပီး ပိတ္ပင္ေပးဖို႔ Tik Tok ကို ပါကစၥတန္ အာဏာပိုင္ေတြက အႀကိမ္ ႀကိမ္ ညႊန္ၾကားခဲ့ေပမဲ့ TikTok ကဒီညႊန္ၾကားခ်က္ေတြကို အျပည့္အဝမလိုက္နာတာေၾကာင့္ နိုင္ငံတြင္း အသုံးျပဳခြင့္ ပိတ္ပင္ဖို႔ အမိန္႔ ထုတ္ ျပန္ လိုက္တာျဖစ္တယ္လို႔လည္း PTA က ေျပာပါတယ္။

ညႊန္ၾကားခ်က္ေတြနဲ႔အညီ တုံ႔ျပန္ လိုက္နာဖို႔ TikTok ကို သင့္ေတာ္တဲ့ အခ်ိန္တခုေပးၿပီး တရားဝင္ သတိေပးခဲ့ ေၾကာင္း၊ TikTok ဘက္က ဥပေဒနဲ႔မညီတဲ့ ပုံေတြအတြက္ လုံေလာက္တဲ့ ထိန္းခ်ဳပ္မႈေတြ လုပ္မယ္ဆိုရင္ ညႇိႏွိုင္းေဆြးေႏြးဖို႔အဆင္သင့္ ရွိတယ္လို႔ လည္းPTAက ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ TikTok ဘက္ကတစုံတရာ တုန္႔ျပန္ျခင္းမရွိေသးပါဘူး။ Amnesty International လူအခြင့္အေရး အဖြဲ႕ကေတာ့ ဒီလို ပိတ္ပင္လိုက္တာဟာ လူေတြ အြန္လိုင္းမွာ ကိုယ္ပိုင္ခံစားခ်က္ေတြကို ထုတ္ေဖာ္ျပသခြင့္ကို ပိတ္ပင္တာျဖစ္ တယ္လို႔ ျပစ္တင္ ရႈတ္ခ်ခဲ့ပါတယ္။

ပါကစၥတန္နိုင္ငံထဲ ႐ုပ္သံေတြမွာ အသံတခ်ိဳ႕ ေပ်ာက္သြားတာ၊ သတင္းစာေတြမွာ သတင္းေကာ္လံေတြကို ဖုန္းကြယ္ထားတာနဲ႔ အင္တာနက္ ဝက္ဆိုက္တခ်ိဳ႕ကို ပိတ္ထားတာေတြကို ေတြ႕ေနရခ်ိန္မွာ အခုလိုTikTok ကိုပိတ္ပင္တာလို႔လည္း Amnesty က တြစ္တာမွာ ေရးသားထားပါတယ္။

ပုဂၢိဳလ္ေရး အခ်က္အလက္ေတြ လုံျခဳံေရးနဲ႔ ပတ္သက္လို႔ စိုးရိမ္စရာေတြရွိတာေၾကာင့္TikTok applicationပိုင္ရွင္ျဖစ္တဲ့ တ႐ုတ္ အေျခစိုက္ ByteDance ကုမၼဏီဟာလည္း တကမၻာလုံးအတိုင္းအတာနဲ႔ ဖိအားေပးတာကိုခံေနရတာ ျဖစ္ပါတယ္။

အိမ္နီးခ်င္း အိႏၵိယနိုင္ငံကလည္း လုံျခဳံေရး အေၾကာင္းျပခ်က္နဲ႔ TikTok အပါအဝင္ တျခားတ႐ုတ္ကုမၼဏီေတြ တီထြင္ထုတ္လုပ္တဲ့apps ေတြ ဒါဇင္နဲ႔ ခ်ီၿပီးပိတ္ပင္ထားပါတယ္။

TikTok အတြက္ ဝင္ေငြ အမ်ားဆုံးရရွိရာ အေမရိကန္နိုင္ငံနဲ႔ တျခားနိုင္ငံေတြမွာလည္း TikTok အသုံးျပဳခြင့္နဲ႔ ပတ္သက္ၿပီး စိစစ္မႈေတြကို ျပဳလုပ္ေနပါတယ္။

TikTok ကုိ ပါကစၥတန္ ပိတ္ပင္
please wait

No media source currently available

0:00 0:01:07 0:00
တိုက္႐ိုက္ လင့္ခ္



.......

TikTok ကို ပါကစ္စတန်ပိတ်ပင်

(Unicode)

ဗွီဒီယို အတိုလေးတွေအွန်လိုင်းကနေရိုက်ကူးဝေမျှနိုင်တဲ့ TikTok applicationကို ပါကစ္စတန်နိုင်ငံမှာ ပိတ်ပင်လိုက်ပါတယ်။ မွတ်ဆလင်အများစု နေထိုင်ရာနိုင်ငံထဲ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နိုင်တာနဲ့ မဖွယ်မရာပုံတွေတွေ့မြင်နိုင်တာကြောင့် အခုလို ပိတ်ပင်တာလို့ ပါကစ္စတန် ဆက်သွယ်ရေး အာဏာပိုင် အဖွဲ PTA ကပြောပါတယ်။

ဥပဒေနဲ့မညီတဲ့ပုံတွေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ပြီး ပိတ်ပင်ပေးဖို့ Tik Tokကို ပါကစ္စတန် အာဏာပိုင်တွေက အကြိမ် ကြိမ် ညွှန်ကြားခဲ့ပေမဲ့ TikTok ကဒီညွှန်ကြားချက်တွေကို အပြည့်အဝမလိုက်နာတာကြောင့် နိုင်ငံတွင်း အသုံးပြုခွင့် ပိတ်ပင်ဖို့ အမိန့် ထုတ် ပြန် လိုက်တာဖြစ်တယ်လို့လည်း PTA က ပြောပါတယ်။

ညွှန်ကြားချက်တွေနဲ့အညီ တုံ့ပြန် လိုက်နာဖို့ TikTok ကို သင့်တော်တဲ့ အချိန်တခုပေးပြီး တရားဝင် သတိပေးခဲ့ ကြောင်း၊ TikTok ဘက်က ဥပဒေနဲ့မညီတဲ့ ပုံတွေအတွက် လုံလောက်တဲ့ ထိန်းချုပ်မှုတွေ လုပ်မယ်ဆိုရင် ညှိနှိုင်းဆွေးနွေးဖို့အဆင်သင့် ရှိတယ်လို့ လည်းPTAက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ TikTok ဘက်ကတစုံတရာ တုန့်ပြန်ခြင်းမရှိသေးပါဘူး။ Amnesty Internationalလူအခွင့်အရေး အဖွဲ့ကတော့ ဒီလို ပိတ်ပင်လိုက်တာဟာ လူတွေ အွန်လိုင်းမှာ ကိုယ်ပိုင်ခံစားချက်တွေကို ထုတ်ဖော်ပြသခွင့်ကို ပိတ်ပင်တာဖြစ် တယ်လို့ ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံထဲ ရုပ်သံတွေမှာ အသံတချို့ ပျောက်သွားတာ၊ သတင်းစာတွေမှာ သတင်းကော်လံတွေကို ဖုန်းကွယ်ထားတာနဲ့ အင်တာနက် ဝက်ဆိုက်တချို့ကို ပိတ်ထားတာတွေကို တွေ့နေရချိန်မှာ အခုလိုTikTok ကိုပိတ်ပင်တာလို့လည်း Amnesty က တွစ်တာမှာ ရေးသားထားပါတယ်။

ပုဂ္ဂိုလ်ရေး အချက်အလက်တွေ လုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေရှိတာကြောင့်TikTok applicationပိုင်ရှင်ဖြစ်တဲ့ တရုတ် အခြေစိုက် ByteDance ကုမ္မဏီဟာလည်း တကမ္ဘာလုံးအတိုင်းအတာနဲ့ ဖိအားပေးတာကိုခံနေရတာ ဖြစ်ပါတယ်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံကလည်း လုံခြုံရေး အကြောင်းပြချက်နဲ့ TikTok အပါအဝင် တခြားတရုတ်ကုမ္မဏီတွေ တီထွင်ထုတ်လုပ်တဲ့apps တွေ ဒါဇင်နဲ့ ချီပြီးပိတ်ပင်ထားပါတယ်။

TikTok အတွက် ဝင်ငွေ အများဆုံးရရှိရာ အမေရိကန်နိုင်ငံနဲ့ တခြားနိုင်ငံတွေမှာလည်း TikTok အသုံးပြုခွင့်နဲ့ ပတ်သက်ပြီး စိစစ်မှုတွေကို ပြုလုပ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG