သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

WeChat ကိုပိတ္ပင္တဲ့ Trump အစိုးရအမိန္႔ အေမရိကန္တရား႐ုံး ပယ္ခ်


မုိဘုိင္းဖုန္းအသုံးျပဳသူတဦးရဲ႕ ဖုန္းအတြင္းက WeChat Logo.

(Zawgyi / Unicode)

မုိဘုိင္းဖုန္း အင္တာနက္မွာ ေျပာဆိုဆက္သြယ္လို႔ရတဲ့ တ႐ုတ္ကုမၸဏီပိုင္ WeChat ကို တနဂၤေႏြ ညဥ့္နက္ပုိင္းကစၿပီး ေဒါင္းလုပ္ခ် သုံးစဲြလို႔မရေအာင္ Apple နဲ႔ Google တုိ႔ရဲ႕ App Store ေတြမွာ ပိတ္ပစ္ထားဖို႔ဆိုတဲ့ သမၼတ Trump အစိုးရရဲ႕ အမိန္႔ကို အေမရိကန္ တရား႐ုံးတခုက တနဂၤေႏြေန႔ အေစာပိုင္းမွာ ဟန္႔တားလိုက္ပါတယ္။

Trump အစိုးရရဲ႕ တားျမစ္မိန္႔နဲ႔ ပတ္သက္လို႔ WeChat အသုံးျပဳသူေတြဘက္က အမႈဖြင့္ ျပန္လည္တရားစဲြခဲ့ၿပီး တရားလိုေတြရဲ႕ တင္ျပခ်က္ဟာ အေမရိကန္ဖဲြ႔စည္းပုံရဲ႕ ပထမျပင္ဆင္ခ်က္နဲ႔ ကိုက္ညီေနသလို တရားလိုေတြဘက္က အေလးသာေစေၾကာင္း ဆန္ဖရန္စစၥကို တရားသူႀကီးတဦးျဖစ္တဲ့ Laurel Beeler က ေျပာၿပီး ဟန္႔တားခဲ့တာပါ။

WeChat နဲ႔ TikTok App ေတြဟာ အေမရိကန္ရဲ႕ အမ်ဳိးသားလုံၿခဳံေရးကို ထိခုိက္ႏိုင္တာေၾကာင့္ ပိတ္ပင္ဖုိ႔ ကုန္သြယ္ေရးဝန္ႀကီးဌာနက ေသာၾကာေန႔မွာ အမိန္႔ထုတ္ခဲ့ပါတယ္။ ဆန္ဖရန္စစၥကို တရား႐ုံးရဲ႕ ဟန္႔တားမႈဟာ သမၼတ Trump အစိုးရရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ လုပ္ပုိင္ခြင့္အေပၚ ႐ႈပ္ေထြး ေဝဝါးေစတယ္လို႔ တရားေရးဝန္ႀကီးဌာနက ေျပာပါတယ္။

အေမရိကန္မွာ WeChat သုံးသူေပါင္း ေန႔စဥ္ပွ်မ္းမွ် လူ ၁၉ သန္း ရွိပါတယ္။ WeChat ဟာ အေမရိန္မွာရွိတဲ့ တ႐ုတ္ေက်ာင္းသားေတြ၊ တ႐ုတ္ႏုိင္ငံမွာ ေနထုိင္တဲ့ အေမရိကန္ေတြအျပင္ တ႐ုတ္ႏုိင္ငံနဲ႔ စီးပြားေရး၊ ပုဂၢဳိလ္ေရး ကိစၥေတြမွာ သုံးေနတဲ့ အေမရိကန္ ႏိုင္ငံသားေတြၾကား အသုံးမ်ားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

WeChat ကိုပိတ်ပင်တဲ့ Trump အစိုးရအမိန့် အမေရိကန်တရားရုံး ပယ်ချ

မိုဘိုင်းဖုန်း အင်တာနက်မှာ ပြောဆိုဆက်သွယ်လို့ရတဲ့ တရုတ်ကုမ္ပဏီပိုင် WeChat ကို တနင်္ဂနွေ ညဉ့်နက်ပိုင်းကစပြီး ဒေါင်းလုပ်ချ သုံးစွဲလို့မရအောင် Apple နဲ့ Google တို့ရဲ့ App Store တွေမှာ ပိတ်ပစ်ထားဖို့ဆိုတဲ့ သမ္မတ Trump အစိုးရရဲ့ အမိန့်ကို အမေရိကန် တရားရုံးတခုက တနင်္ဂနွေနေ့ အစောပိုင်းမှာ ဟန့်တားလိုက်ပါတယ်။

Trump အစိုးရရဲ့ တားမြစ်မိန့်နဲ့ ပတ်သက်လို့ WeChat အသုံးပြုသူတွေဘက်က အမှုဖွင့် ပြန်လည်တရားစွဲခဲ့ပြီး တရားလိုတွေရဲ့ တင်ပြချက်ဟာ အမေရိကန်ဖွဲ့စည်းပုံရဲ့ ပထမပြင်ဆင်ချက်နဲ့ ကိုက်ညီနေသလို တရားလိုတွေဘက်က အလေးသာစေကြောင်း ဆန်ဖရန်စစ္စကို တရားသူကြီးတဦးဖြစ်တဲ့ Laurel Beeler က ပြောပြီး ဟန့်တားခဲ့တာပါ။

WeChat နဲ့ TikTok App တွေဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်တာကြောင့် ပိတ်ပင်ဖို့ ကုန်သွယ်ရေးဝန်ကြီးဌာနက သောကြာနေ့မှာ အမိန့်ထုတ်ခဲ့ပါတယ်။ ဆန်ဖရန်စစ္စကို တရားရုံးရဲ့ ဟန့်တားမှုဟာ သမ္မတ Trump အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်အပေါ် ရှုပ်ထွေး ဝေဝါးစေတယ်လို့ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်မှာ WeChat သုံးသူပေါင်း နေ့စဉ်ပျှမ်းမျှ လူ ၁၉ သန်း ရှိပါတယ်။ WeChat ဟာ အမေရိန်မှာရှိတဲ့ တရုတ်ကျောင်းသားတွေ၊ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ အမေရိကန်တွေအပြင် တရုတ်နိုင်ငံနဲ့ စီးပွားရေး၊ ပုဂ္ဂိုလ်ရေး ကိစ္စတွေမှာ သုံးနေတဲ့ အမေရိကန် နိုင်ငံသားတွေကြား အသုံးများကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG