သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံု


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi တို႔ ေတြ႔ဆံုတဲ့ ျမင္ကြင္း။ (ဇန္နဝါရီ ၁၁၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံကုိ ဒီေန႔ပဲ ေရာက္လာတဲ့ တရုတ္ႏိုင္ငံျခားေရး၀န္ၾကီး Wang Yi ဟာ ျမန္မာအစုိးရ ထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံခဲ့ၿပီး ခရီးစဥ္အတြင္း ၂ ႏုိင္ငံၾကား အေရးႀကီးတဲ့ ကိစၥေတြကုိ ေဆြးေႏြးျဖစ္လိ့မ္မယ္လုိ႔လည္း အကဲခတ္ေတြ သုံးသပ္ေနတဲ့အေၾကာင္း တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

အထူးေလယာဥ္နဲ႔ ဒီကေန႔မြန္းလဲြပိုင္းက ေနျပည္ေတာ္ကို ေရာက္ရိွလာတဲ့ တရုတ္ႏိုင္ငံ ႏိုင္ငံေတာ္ေကာင္စီ၀င္နဲ႔ ႏိုင္ငံျခားေရး၀န္ၾကီး Wang Yi ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖဲြ႔ဟာ ဒီကေန႔မွာပဲ ႏိုင္ငံေတာ္သမၼတဦး၀င္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တုိ႔နဲ႔ ေတြ႔ဆုံခဲ့ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္နဲ႔လည္း ေတြ႔ဆံုေဆြးေႏြးမွာ ျဖစ္ပါတယ္။

ေတြ႔ဆုံမႈအတြင္း ေဆြးေႏြးတဲ့ ကိစၥေတြနဲ႔ ပတ္သက္လုိ႔ အေသးစိတ္ ထုတ္ျပန္တာ မရွိေပမဲ့ ၂ ရက္ၾကာ ခရီးစဥ္အတြင္း ကုိဗစ္ကပ္ေရာဂါေၾကာင့္ ထိခုိက္မႈေတြကေန ျပန္လည္ထူေထာင္ေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ ကပ္ေရာဂါ ကာကြယ္ေဆး ကိစၥေတြ အပါအ၀င္ အေရးႀကီးတဲ့ကိစၥ ေတာ္ေတာ္မ်ားမ်ားကုိ အာ႐ုံစုိက္ ေဆြးေႏြးလိမ့္မယ္လုိ႔လည္း ခန္႔မွန္းထားၾကပါတယ္။

တရုတ္ႏိုင္ငံမွာ ေနထိုင္တဲ့ ျမန္မာအေရးသံုးသပ္သူ ေဒါက္တာလွေက်ာ္ေဇာကေတာ့ ကပ္ေရာဂါေၾကာင့္ ထိခုိက္ေနရတဲ့ စီးပြားေရး ျပန္လည္နာလန္ထူေရးကုိ ဦးစားေပးလိမ့္မယ္လုိ႔ေျပာပါတယ္။

“အဓိကက ကိုဗစ္အလြန္ စီးပြားေရးေတြ ျပန္ၿပီး နာလံထူဖုိ႔ပဲ။ အဲဒီအတြက္ သူက ပတ္ပတ္လည္ကို သြားေနတာပဲ။ ဟိုတစ္ေန႔ကလည္း အာဖရိကကို သြားတာ။ ၅ႏိုင္ငံသြားတာေလ။ မေန႔ကလည္း တစ္ေန႔ကလားပဲ ျပန္ေရာက္တာ။ ျပန္ေရာက္ၿပီး ခု ဗမာျပည္ထြက္တာပဲ။ စီးပြားေရး နာလံထူဖို႔ ေတာ္ေတာ္ သြက္သြက္လက္လက္လုပ္ေနတဲ့အခါမွာ အာဆီယံႏိုင္ငံေတြကိုလည္း ေတာ္ေတာ္စည္းရံုးတယ္ထင္တယ္။ သူတို႔ရဲ႕ Belt and Road က ရင္းႏွီးျမွဳပ္ႏွံမႈေတြေရာ၊ သူတုိ႔ႏိုင္ငံရဲ့ ရင္းႏွီးျမွဳပ္ႏွံမႈအေျခအေနေရာ ဘာေတြေရာ၊ အဲဒါေတြကို ဆက္စပ္ၿပီးေတာ့ လာတယ္ထင္တယ္။”

တရုတ္ႏိုင္ငံျခားေရး၀န္ၾကီး Wang Yi ဟာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက ကေမၻာဒီယားနဲ႔ လာအိုကို သြားေရာက္ခဲ့သလို လက္ရိွခရီးစဥ္မွာေတာ့ အင္ဒိုနီးရွား၊ ဘရူးႏိုင္းနဲ႔ ဖိလစ္ပိုင္ႏိုင္ငံတုိ႔ကိုလည္းသြားေရာက္မွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံခရီးစဥ္မွာ အျခား ေဆြးေႏြးဖြယ္ရိွတဲ့အခ်က္ေတြကေတာ့ ျမန္မာျပည္ၿငိမ္းခ်မ္းေရး၊ တရုတ္ရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈ အမ်ားဆံုးရိွရာ ရခိုင္ျပည္နယ္အေရးနဲ႔ ကိုဗစ္ေရာဂါ ကာကြယ္ေရးကိစၥေတြ ပါ၀င္ဖြယ္ရိွေၾကာင္း ေဒါက္တာလွေက်ာ္ေဇာက ထည့္သြင္း ေျပာဆိုပါတယ္။

ႏိုင္ငံေရးသံုးသပ္သူ ေဒါက္တာ ရန္မ်ိဳးသိမ္းကလည္း တရုတ္ဘက္က ဒီအခ်က္ေတြ ထည့္သြင္းဆိုေဆြးေႏြးႏိုင္ေၾကာင္း ေျပာဆိုၿပီး ၂၀၂၁ ႏွစ္ဆန္းမွာ အာရွေဒသအတြင္း ျမန္မာႏိုင္ငံကို ပထမဆံုး လာေရာက္တဲ့ခရီးစဥ္ဟာ ႏုိင္ငံတကာ အေျခအေနနဲ႔လည္း ဆက္စပ္မႈရွိတယ္လုိ႔ သံုးသပ္ထားပါတယ္။

“ဂ်ိဳးဘိုင္ဒန္ဦးေဆာင္တဲ့ အေမရိကန္အစိုးရအဖဲြ႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ ျမန္မာအစိုးရၾကားမွာ ျဖစ္လာႏိုင္တဲ့ ၂ ႏိုင္ငံ ဆက္ဆံေရး အခင္းအက်င္းေပၚမွာလည္းပဲ တရုတ္အစိုးရအေနနဲ႔ စိုးရိမ္မႈအတန္အသင့္ ရိွတယ္လုိ႔ သံုးသပ္လို႔ ရတယ္။ ဒီအေရွ႕ေတာင္အာရွ ခရီးစဥ္ကို ၾကည့္ရင္လည္းပဲ အဓိကကေပါ့ေလ လာမယ့္ ႏိုင္ငံတကာ ဆက္ဆံေရး အခင္းအက်င္းမွာ အေမရိကန္အစိုးရသစ္ အဲဒီအစိုးရရဲ့ အင္ဒိုပစိဖိတ္ မဟာဗ်ဴဟာေတြနဲ႔ ဆက္စပ္ၿပီးေတာ့ ျမန္မာႏိုင္ငံမွာေရာ၊ ေဒသတြင္းမွာေရာ သံခင္းတမန္ခင္းအရ ၾကိဳတင္ၿပီး ထိန္းညွိတဲ့ ေျခလွမ္းလည္း ျဖစ္လိမ့္မယ္လုိ႔ ျမင္တယ္။”

တနဂၤေႏြေန႔ကေတာ့ ေနျပည္ေတာ္မွာ မႏၲေလး-ေက်ာက္ျဖဴရထားလမ္း စီမံကိန္း ျဖစ္ေျမာက္ႏိုင္ေျခေလ့လာမႈဆိုင္ရာ နားလည္မႈ စာခြၽန္လႊာကို တ႐ုတ္နဲ႔ ျမန္မာအၾကား လက္မွတ္ ေရးထိုးခဲ့ပါတယ္။

တရုတ္ႏိုင္ငံျခားေရး၀န္ၾကီး Wang Yi ဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္န၀ါရီလမွာတုန္းကလည္း တ႐ုတ္သမၼတ ရွီက်င့္ဖ်င္နဲ႔အတူ ျမန္မာႏုိင္ငံကုိ လာေရာက္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံကို ဒီနေ့ပဲ ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ခရီးစဉ်အတွင်း ၂ နိုင်ငံကြား အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးဖြစ်လိ့မ်မယ်လို့လည်း အကဲခတ်တွေ သုံးသပ်နေတဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

အထူးလေယာဉ်နဲ့ ဒီကနေ့မွန်းလွဲပိုင်းက နေပြည်တော်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး Wang Yi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာပဲ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

တွေ့ဆုံမှုအတွင်း ဆွေးနွေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်တာ မရှိပေမဲ့ ၂ ရက်ကြာ ခရီးစဉ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်မှုတွေကနေ ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ကပ်ရောဂါ ကာကွယ်ဆေး ကိစ္စတွေ အပါအဝင် အရေးကြီးတဲ့ကိစ္စ တော်တော်များများကို အာရုံစိုက် ဆွေးနွေးလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

တရုတ်နိုင်ငံမှာ နေထိုင်တဲ့ မြန်မာအရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ ကပ်ရောဂါကြောင့် ထိခိုက်နေရတဲ့ စီးပွားရေး ပြန်လည်နာလန်ထူရေးကို ဦးစားပေးလိမ့်မယ်လို့ပြောပါတယ်။

“အဓိကက ကိုဗစ်အလွန် စီးပွားရေးတွေ ပြန်ပြီး နာလံထူဖို့ပဲ။ အဲဒီအတွက် သူက ပတ်ပတ်လည်ကို သွားနေတာပဲ။ ဟိုတစ်နေ့ကလည်း အာဖရိကကို သွားတာ။ ၅နိုင်ငံသွားတာလေ။ မနေ့ကလည်း တစ်နေ့ကလားပဲ ပြန်ရောက်တာ။ ပြန်ရောက်ပြီး ခု ဗမာပြည်ထွက်တာပဲ။ စီးပွားရေး နာလံထူဖို့ တော်တော် သွက်သွက်လက်လက်လုပ်နေတဲ့အခါမှာ အာဆီယံနိုင်ငံတွေကိုလည်း တော်တော်စည်းရုံးတယ်ထင်တယ်။ သူတို့ရဲ့ Belt and Road က ရင်းနှီးမြှုပ်နှံမှုတွေရော၊ သူတို့နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအခြေအနေရော ဘာတွေရော၊ အဲဒါတွေကို ဆက်စပ်ပြီးတော့ လာတယ်ထင်တယ်။”

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကမ္ဘောဒီယားနဲ့ လာအိုကို သွားရောက်ခဲ့သလို လက်ရှိခရီးစဉ်မှာတော့ အင်ဒိုနီးရှား၊ ဘရူးနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကိုလည်းသွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်မှာ အခြား ဆွေးနွေးဖွယ်ရှိတဲ့အချက်တွေကတော့ မြန်မာပြည်ငြိမ်းချမ်းရေး၊ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံးရှိရာ ရခိုင်ပြည်နယ်အရေးနဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေးကိစ္စတွေ ပါဝင်ဖွယ်ရှိကြောင်း ဒေါက်တာလှကျော်ဇောက ထည့်သွင်း ပြောဆိုပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကလည်း တရုတ်ဘက်က ဒီအချက်တွေ ထည့်သွင်းဆိုဆွေးနွေးနိုင်ကြောင်း ပြောဆိုပြီး ၂၀၂၁ နှစ်ဆန်းမှာ အာရှဒေသအတွင်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ခရီးစဉ်ဟာ နိုင်ငံတကာ အခြေအနေနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ သုံးသပ်ထားပါတယ်။

“ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရကြားမှာ ဖြစ်လာနိုင်တဲ့ ၂ နိုင်ငံ ဆက်ဆံရေး အခင်းအကျင်းပေါ်မှာလည်းပဲ တရုတ်အစိုးရအနေနဲ့ စိုးရိမ်မှုအတန်အသင့် ရှိတယ်လို့ သုံးသပ်လို့ ရတယ်။ ဒီအရှေ့တောင်အာရှ ခရီးစဉ်ကို ကြည့်ရင်လည်းပဲ အဓိကကပေါ့လေ လာမယ့် နိုင်ငံတကာ ဆက်ဆံရေး အခင်းအကျင်းမှာ အမေရိကန်အစိုးရသစ် အဲဒီအစိုးရရဲ့ အင်ဒိုပစိဖိတ် မဟာဗျူဟာတွေနဲ့ ဆက်စပ်ပြီးတော့ မြန်မာနိုင်ငံမှာရော၊ ဒေသတွင်းမှာရော သံခင်းတမန်ခင်းအရ ကြိုတင်ပြီး ထိန်းညှိတဲ့ ခြေလှမ်းလည်း ဖြစ်လိမ့်မယ်လို့ မြင်တယ်။”

တနင်္ဂနွေနေ့ကတော့ နေပြည်တော်မှာ မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို တရုတ်နဲ့ မြန်မာအကြား လက်မှတ် ရေးထိုးခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာတုန်းကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့အတူ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG