သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ႏွင့္ေတြ႕ဆံုေဆြးေႏြး


(Zawgyi/Unicode)

ျမန္မာႏုိင္ငံကို ေရာက္ေနတဲ႔ တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi က တနလာၤေန႔မွာ သမၼတ ဦး၀င္းျမင့္၊ ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ ေတြ႔ဆံုၿပီး COVID-19 ကာကြယ္ အေရး၊ တရုတ္ - ျမန္မာ စီးပြားေရး စၾကၤန္ စီမံကိန္းေတြ အပါအ၀င္ ႏွစ္ႏုိင္ငံ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈေတြ ေဆြးေႏြးခဲ႔ပါတယ္။

အေရွ႕ေတာင္ အာရွ ၅ ႏုိင္ငံ ခရီးစဥ္ အျဖစ္ ျမန္မာႏုိင္ငံ ခရီးစဥ္နဲ႔ တနလာၤေန႔က စတင္လိုက္တဲ႔ တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi က ျမန္မာ႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ အဂၤါေန႔မွာ ေတြ႔ဆံုဖို႔လည္း စီစဥ္ထားပါတယ္။ COVID-19 ေရာဂါ တိုက္ဖ်က္ေရး၊ ကာကြယ္ေရး လုပ္ငန္းစဥ္ေတြမွာ တရုတ္ဘက္က ေထာက္ပံ႔ေပးမယ့္ ကိစၥေတြကို တရုတ္ ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi နဲ႔ ျမန္မာ သမၼတ ဦး၀င္းျမင့္တို႔ တနလာၤေန႔က ေနျပည္ေတာ္မွာ ေဆြးေႏြးခဲ႔ၾကပါတယ္။

တရုတ္ထုတ္ COVID ကာကြယ္ေဆး အလံုးေရ ၃ သိန္း ျမန္မာႏုိင္ငံ အတြက္ ေထာက္ပံ႔ေရး၊ ေနာက္ အေမရိကန္ ေဒၚလာ ၄၆၀,၀၀၀ ေက်ာ္နဲ႔ ညီမွ်တဲ႔ တရုတ္ယြမ္ေငြ ၃ သန္း တန္ဖိုးရွိ COVID-19 ေရာဂါ တိုက္ဖ်က္ေရး ေဆးပစၥည္းေတြ ပံ႔ပိုးေရးေတြလည္း ေဆြးေႏြးခဲ႔ၾကတာပါ။

ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi တို႔ သီးျခားေတြ႔ဆံုတာမွာေတာ့ တရုတ္ ျမန္မာ စီးပြားေရး စၾကၤန္ စီမံကိန္းေတြ အေရး ၊ နယ္စပ္ေဒသ တေလွ်ာက္ တည္ၿငိမ္ေရး ပူးေပါင္းေဆာင္ရြက္မႈ၊ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ မ်က္ႏွာစာမွာ ႏွစ္ႏုိင္ငံ ပိုၿပီး ပူးေပါင္းေဆာင္ရြက္သြားေရးတို႔ကို ေဆြးေႏြးၾကပါတယ္။

အာဏာရ NLD အစိုးရ ဒုတိယ သက္တမ္း အတြင္း ျပည္တြင္း ၿငိမ္းခ်မ္းေရး ကိစၥေတြမွာ တရုတ္ဘက္က ပံ႔ပိုးေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုခဲ႔သလို တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဘက္ကလည္း ျမန္မာ့ ေရြးေကာက္ပြဲ ေအာင္ျမင္ခဲ႔တဲ႔ အတြက္ တရုတ္ႏုိင္ငံ အႀကီးအကဲမ်ားက ဂုဏ္ယူ၀မ္းေျမာက္ေၾကာင္း ေျပာဆိုခဲ႔တယ္လို႔ အစိုးရက သတင္းထုတ္ပါတယ္။

တရုတ္ ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi ရဲ႕ အခု ခရီးစဥ္ အတြင္းမွာ ျမန္မာ- တရုတ္ စီးပြားေရး နည္းပညာ ပူးေပါင္းေဆာင္ရြက္ေရး၊ စီးပြားေရးနဲ႔ ကုန္သြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈ ၅ ႏွစ္ အစီအစဥ္၊ မႏၱေလး- ေက်ာက္ျဖဴ ရထားလမ္း စီမံကိန္း ျဖစ္ႏုိင္ေျခ ေလ႔လာမႈ ဆိုင္ရာ MOU ၊ ေနာက္ ကခ်င္ျပည္နယ္တြင္း အိုးအိမ္စြန္႔ ထြက္ေျပးရသူမ်ား ျပန္လည္ေနရာခ်ထားေရး အတြက္ တရုတ္ဘက္က ေငြေၾကး ေထာက္ပံ႔မယ့္ အစီအစဥ္၊ လူစီးရထားတြဲေတြကို တရုတ္ရဲ႕ အတုိးမဲ႔ ေခ်းေငြနဲ႔ ၀ယ္မယ့္ အစီအစဥ္ဆိုင္ရာ စာလႊာေတြကို လက္မွတ္ထုိးခဲ႔ေၾကာင္းလည္း အစိုးရက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

တရုတ်နိုင်ငံခြားရေးဝန်ကြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်တွေ့ဆုံဆွေးနွေး
(Unicode)

မြန်မာနိုင်ငံကို ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က တနလာၤနေ့မှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပြီး COVID-19 ကာကွယ် အရေး၊ တရုတ် - မြန်မာ စီးပွားရေး စင်္ကြန် စီမံကိန်းတွေ အပါအဝင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ပါတယ်။

အရှေ့တောင် အာရှ ၅ နိုင်ငံ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံ ခရီးစဉ်နဲ့ တနလာၤနေ့က စတင်လိုက်တဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။ COVID-19 ရောဂါ တိုက်ဖျက်ရေး၊ ကာကွယ်ရေး လုပ်ငန်းစဉ်တွေမှာ တရုတ်ဘက်က ထောက်ပံ့ပေးမယ့် ကိစ္စတွေကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi နဲ့ မြန်မာ သမ္မတ ဦးဝင်းမြင့်တို့ တနလာၤနေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်ထုတ် COVID ကာကွယ်ဆေး အလုံးရေ ၃ သိန်း မြန်မာနိုင်ငံ အတွက် ထောက်ပံ့ရေး၊ နောက် အမေရိကန် ဒေါ်လာ ၄၆၀,၀၀၀ ကျော်နဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၃ သန်း တန်ဖိုးရှိ COVID-19 ရောဂါ တိုက်ဖျက်ရေး ဆေးပစ္စည်းတွေ ပံ့ပိုးရေးတွေလည်း ဆွေးနွေးခဲ့ကြတာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့ သီးခြားတွေ့ဆုံတာမှာတော့ တရုတ် မြန်မာ စီးပွားရေး စင်္ကြန် စီမံကိန်းတွေ အရေး ၊ နယ်စပ်ဒေသ တလျှောက် တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာမှာ နှစ်နိုင်ငံ ပိုပြီး ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးကြပါတယ်။

အာဏာရ NLD အစိုးရ ဒုတိယ သက်တမ်း အတွင်း ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေမှာ တရုတ်ဘက်က ပံ့ပိုးပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သလို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဘက်ကလည်း မြန်မာ့ ရွေးကောက်ပွဲ အောင်မြင်ခဲ့တဲ့ အတွက် တရုတ်နိုင်ငံ အကြီးအကဲများက ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောဆိုခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi ရဲ့ အခု ခရီးစဉ် အတွင်းမှာ မြန်မာ- တရုတ် စီးပွားရေး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ၅ နှစ် အစီအစဉ်၊ မန္တလေး- ကျောက်ဖြူ ရထားလမ်း စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှု ဆိုင်ရာ MOU ၊ နောက် ကချင်ပြည်နယ်တွင်း အိုးအိမ်စွန့် ထွက်ပြေးရသူများ ပြန်လည်နေရာချထားရေး အတွက် တရုတ်ဘက်က ငွေကြေး ထောက်ပံ့မယ့် အစီအစဉ်၊ လူစီးရထားတွဲတွေကို တရုတ်ရဲ့ အတိုးမဲ့ ချေးငွေနဲ့ ဝယ်မယ့် အစီအစဉ်ဆိုင်ရာ စာလွှာတွေကို လက်မှတ်ထိုးခဲ့ကြောင်းလည်း အစိုးရက ထုတ်ပြန်ထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG