သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေနျပည္ေတာ္ဆႏၵျပပြဲ ေသနတ္ပစ္ခံရသူမိန္းကေလး ဦးေႏွာက္ေသသြားၿပီ


ေနျပည္ေတာ္မွာ ေတြ႔ရတဲ့ စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပသူမ်ားနဲ႔ လံုျခံဳေရးယူထားတဲ့ ရဲတပ္ဖဲြ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၀၉၊ ၂၀၂၁)

[Zawgyi/Unicode]

ေနျပည္ေတာ္မွာ ဒီသီတင္းပတ္ အေစာပိုင္းတုန္းက စစ္တပ္က အာဏာသိမ္းတာကို ဆန႔္က်င္ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႕က လူစုခြဲဖို႔ ပစ္ခတ္ခဲ့ရာက ဦးေခါင္းမွာ ေသနတ္ထိမွန္ခဲ့သူ မိန္းကေလးရဲ႕ ဦးေႏွာက္ဟာ လံုးဝပ်က္စီးသြားၿပီး အလုပ္မလုပ္ေတာ့ဘူးလို႔ ဆရာဝန္ေတြက သတ္မွတ္လိုက္ပါတယ္။ ျပင္းထန္ဒဏ္ရာရခဲ့တဲ့ မျမသြဲ႕သြဲ႕ခိုင္ရဲ႕ ေနာက္ဆုံးအေျခအေနကိုေတာ့ ဆရာဝန္ေတြနဲ႔ မိသားစုဝင္ေတြကို ဆက္သြယ္ေမးျမန္းထားတဲ့ ဗြီအိုေအသတင္းေထာက္ မေမခက ေျပာျပေပးမွာ ျဖစ္ပါတယ္။

အာဏာသိမ္းမႈကုိ ဆန္႔က်င္လႈပ္ရွားမႈေတြ ႏုိင္ငံအႏွံ႔ ေပၚေပါက္ေနခ်ိန္မွာပဲ အဂၤါေန႔တုန္းက ေနျပည္ေတာ္မွာ ဆႏၵျပေနသူေတြကုိ ရဲတပ္ဖဲြ႔က မီးသတ္ပုိက္ေတြနဲ႔ သာမက ေနာက္ပုိင္းမွာ ေသနတ္ပစ္ေဖာက္ လူစုခဲြရာမွာ မျမသြဲ႔သြဲ႔ခိုင္ ဦးေခါင္းမွာ ထိမွန္ခဲ့တာပါ။ ဦးေခါင္းက ေသနတ္ဒဏ္ရာကုိ ၃ ရက္ၾကာ ကုသေပးခဲ့ၿပီးေနာက္မွာေတာ့ ဦးေႏွာက္ေသဆုံးသြားၿပီလို႔ သတ္မွတ္လိုက္ေၾကာင္း သူ႔ကုိ ကုသေပးေနတဲ့ ဆရာ၀န္တေယာက္က ဗြီအုိေအကုိ အတည္ျပဳပါတယ္။ ဦးေႏွာက္ေသဆုံးေၾကာင္း သတ္မွတ္လုိက္ၿပီးေနာက္၊ အေရးေပၚ အသက္ဆက္ႏုိင္ေအာင္ တပ္ဆင္ထားတဲ့ အသက္ရႈစက္ကုိ ျဖဳတ္ရမယ့္ အခ်ိန္ကိုေတာ့ မိသားစုက ဆုံးျဖတ္လိမ့္မယ္လုိ႔လည္း ေျပာပါတယ္။

"အခုဒီမနက္ေတာ့ဆရာႀကီးေတြက Brain Dead ရသြားၿပီ သတ္မွတ္လိုက္တယ္။ သူ႔မိသားစုကို အသက္ရႈစက္ျဖဳတ္မယ့္အခ်ိန္ကို သူတို႔အဆင္သင့္ျဖစ္ႏိုင္မယ့္အခ်ိန္ ျပန္ဆုံးျဖတ္ပါလို႔ ေျပာထားတယ္။ ျဖဳတ္ရင္အသက္ရႈ ရပ္သြားေတာ့မယ္။ သူတို႔အခုေလာေလာဆယ္ေတာ့ သူတို႔ မဆုံးျဖတ္ေသးပါဘူး။"

မိသားစု၀င္တဦးျဖစ္တဲ့ ကုိေက်ာ္သက္ေအာင္ကေတာ့ မျမသဲြ႔သဲြခုိင္ရဲ႕ အေျခအေနကုိ ဆက္လက္ေစာင့္ၾကည့္ေနၿပီး ဆုံးျဖတ္ခ်က္ မခ်ရေသးဘူးလုိ႔ ေျပာပါတယ္။

"က်ေနာ္တို႔ကေတာ့ ခုလက္ရွိၾကည့္ေနရတာေပါ့။ သူ႔ဘာသူပဲ ျဖစ္သြားမလား ၾကည့္ရေသးတာေပါ့။ အဲဒါေၾကာင့္ က်ေနာ္တို႔ ေစာင့္ၾကည့္ေနတာပါ။ အစီအစဥ္ကေတာ့ က်ေတာ့ေစာင့္ၾကည့္တာပဲ ရွိတာေပ့ါ။"

ေနျပည္ေတာ္ ကုတင္ ၁,၀၀၀ ေဆး႐ုံမွာ အေရးေပၚလူနာအျဖစ္ ေဆးကုသမႈ ခံယူေနတဲ့ မျမသြဲ႔သြဲ႔ခိုင္ဟာ ဦးေခါင္းညာဘက္ျခမ္းကေန ေဖာက္၀င္ခဲ့တဲ့ က်ည္ဆန္ဒဏ္ရာေၾကာင့္ ဦးေႏွာက္ညာဘက္ျခမ္း အျပင္းအထန္ ပ်က္စီးသြားၿပီး က်ည္ဆန္အပုိင္းအစဟာလည္း ဦးေႏွာက္အတြင္းပုိင္းမွာ နစ္ျမဳပ္ေနတယ္လုိ႔ ဆရာ၀န္ေတြက ေျပာပါတယ္။

မေန႔တုန္းကပဲ အသက္ ၂၀ ျပည့္ခဲ့တဲ့ မျမသြဲ႔သြဲ႔ခုိင္ရဲ႕ ဦးေႏွာက္ထဲက က်ည္ဆန္အပုိင္းအစကုိ ထုတ္ႏုိင္ဖုိ႔အထိပါ ဆရာ၀န္ေတြ ႀကိဳးစားခဲ့ၾကတယ္လုိ႔လည္း မိသားစု၀င္ျဖစ္တဲ့ ကိုေက်ာ္သက္ေအာင္ကေျပာပါတယ္။

စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ ဆႏၵျပလႈပ္ရွားမႈေတြအတြင္း ေသြးေျမက်ခဲ့ရတဲ့ ျဖစ္ရပ္အတြက္ သူ႔ကုိ ကုသေပးခဲ့တဲ့ ဆရာ၀န္ေတြ ကုိယ္တုိင္လည္း စိတ္မေကာင္းျဖစ္ခဲ့ၾကပါတယ္။

"ဆရာဝန္တေယာက္အေနနဲ႔ ႐ိုး႐ိုးျဖစ္ၿပီး ျဖစ္သြားရတဲ့ ေရာဂါမ်ဳိး မဟုတ္ဘူး။ ဒီလိုအျဖစ္အပ်က္နဲ႔ လူတေယာက္ဆုံးရတာ ဝမ္းနည္းဖို႔ အင္မတန္ေကာင္းတယ္။ မျဖစ္လည္း မျဖစ္သင့္ဘူး။ ဒီလိုအျဖစ္မ်ိဳး ထပ္မျဖစ္ဖို႔ဆိုရင္ ဒီစနစ္ဆိုးကို ဒီတေခါက္အၿပီးသတ္တိုက္ထုတ္ဖို႔လိုတယ္။ အျမစ္ျဖတ္မွရမယ္။ မဟုတ္ရင္ က်ေနာ္တို႔ အ႐ြယ္မွာ Generation မွာျဖစ္ရတာေတြ၊ ခံရတာေတြ ဒီညီမေလးတို႔ generation (မ်ဳိးဆက္) မွာ ျဖစ္ရတဲ့ အျဖစ္ဆိုးေတြကေနာင္ထပ္ generation မွာပါ ခံစားရတာေတြ ျဖစ္လာဦးမွာပါ။ ဒီညီမေလးက ၂၀၂၁ ဒီကိစၥမွာ ပထမဆုံး အသက္ဆံုးရံႈးရတဲ့သူတေယာက္ ျဖစ္လာရတယ္။ ေနာက္ထပ္လည္း ဒီလို ျဖစ္ႏိုင္မယ့္အေနအထားေတြ ရွိေနတာပါပဲ။ ေနာက္ထပ္ေအာက္က Generation ေတြမွာ ဒီလိုေတြ ထပ္မျဖစ္မႀကဳံရဖို႔ ျပည္သူေတြအားလုံးက တညီတညြတ္ထဲနဲ႔ ဒီစနစ္ကိုအျမစ္ျဖတ္မွ ရမွာပါ။"

ဆႏၵျပပြဲေတြ အရွိန္ျမင့္လာတာနဲ႔အမွ်အာဏာပိုင္ေတြဘက္က ဆႏၵျပသူေတြကို အင္အားသုံး ႏွိမ္နင္းတာ၊ ဖမ္းဆီးတာေတြလည္း ရွိလာေနပါတယ္။ အဂၤါေန႔က ေနျပည္ေတာ္၊ မႏၲေလး၊ ပဲခူးနဲ႔ ပုသိမ္မွာ လုံၿခဳံေရးတပ္ဖြဲ႕ေတြက မီးသတ္ပိုက္ေတြ၊ မ်က္ရည္ယိုဗုံးေတြ သုံးၿပီး ၿဖိဳခြင္းတာေတြရွိခဲ့ၿပီး ေနျပည္ေတာ္မွာ လုံၿခဳံေရးတပ္ဖြဲ႕ေတြရဲ႕ပစ္ခတ္မႈေၾကာင့္ မျမသဲြ႔သဲြ႔ခုိင္နဲ႔ ေနာက္ထပ္ လူငယ္ တစ္ ဦး ျပင္းျပင္းထန္ထန္ ဒဏ္ရာရခဲ့တာပါ။

ကုလသမဂၢနဲ႔ အေမရိကန္ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းကေတာ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြရဲ႕ အခြင့္အေရးကုိ ေလးစားဖုိ႔၊ အင္အားသုံး ႏွိမ္နင္းတာေတြ မလုပ္ဖုိ႔ သတိေပးထားပါတယ္။ ဒီကေန႔ျပဳလုပ္တဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာလည္း ဆႏၵျပသူေတြကုိ အာဏာပုိင္ေတြ အင္အားသုံးႏွိမ္နင္းတာေတြ မလုပ္ဖုိ႔ ျမန္မာႏုိင္ငံဆုိင္ရာ လူ႔အခြင့္အေရး အထူးကုိယ္စားလွယ္က ထပ္မံတုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နေပြည်တော်ဆန္ဒပြပွဲ သေနတ်ပစ်ခံရသူမိန်းကလေး ဦးနှောက်သေသွားပြီ

နေပြည်တော်မှာ ဒီသီတင်းပတ် အစောပိုင်းတုန်းက စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လူစုခွဲဖို့ ပစ်ခတ်ခဲ့ရာက ဦးခေါင်းမှာ သေနတ်ထိမှန်ခဲ့သူ မိန်းကလေးရဲ့ ဦးနှောက်ဟာ လုံးဝပျက်စီးသွားပြီး အလုပ်မလုပ်တော့ဘူးလို့ ဆရာဝန်တွေက သတ်မှတ်လိုက်ပါတယ်။ ပြင်းထန်ဒဏ်ရာရခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ နောက်ဆုံးအခြေအနေကိုတော့ ဆရာဝန်တွေနဲ့ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် မမေခက ပြောပြပေးမှာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်နေချိန်မှာပဲ အင်္ဂါနေ့တုန်းက နေပြည်တော်မှာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေနဲ့ သာမက နောက်ပိုင်းမှာ သေနတ်ပစ်ဖောက် လူစုခွဲရာမှာ မမြသွဲ့သွဲ့ခိုင် ဦးခေါင်းမှာ ထိမှန်ခဲ့တာပါ။ ဦးခေါင်းက သေနတ်ဒဏ်ရာကို ၃ ရက်ကြာ ကုသပေးခဲ့ပြီးနောက်မှာတော့ ဦးနှောက်သေဆုံးသွားပြီလို့ သတ်မှတ်လိုက်ကြောင်း သူ့ကို ကုသပေးနေတဲ့ ဆရာဝန်တယောက်က ဗွီအိုအေကို အတည်ပြုပါတယ်။ ဦးနှောက်သေဆုံးကြောင်း သတ်မှတ်လိုက်ပြီးနောက်၊ အရေးပေါ် အသက်ဆက်နိုင်အောင် တပ်ဆင်ထားတဲ့ အသက်ရှုစက်ကို ဖြုတ်ရမယ့် အချိန်ကိုတော့ မိသားစုက ဆုံးဖြတ်လိမ့်မယ်လို့လည်း ပြောပါတယ်။

"အခုဒီမနက်တော့ဆရာကြီးတွေက Brain Dead ရသွားပြီ သတ်မှတ်လိုက်တယ်။ သူ့မိသားစုကို အသက်ရှုစက်ဖြုတ်မယ့်အချိန်ကို သူတို့အဆင်သင့်ဖြစ်နိုင်မယ့်အချိန် ပြန်ဆုံးဖြတ်ပါလို့ ပြောထားတယ်။ ဖြုတ်ရင်အသက်ရှု ရပ်သွားတော့မယ်။ သူတို့အခုလောလောဆယ်တော့ သူတို့ မဆုံးဖြတ်သေးပါဘူး။"

မိသားစုဝင်တဦးဖြစ်တဲ့ ကိုကျော်သက်အောင်ကတော့ မမြသွဲ့သွဲခိုင်ရဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး ဆုံးဖြတ်ချက် မချရသေးဘူးလို့ ပြောပါတယ်။

"ကျနော်တို့ကတော့ ခုလက်ရှိကြည့်နေရတာပေါ့။ သူ့ဘာသူပဲ ဖြစ်သွားမလား ကြည့်ရသေးတာပေါ့။ အဲဒါကြောင့် ကျနော်တို့ စောင့်ကြည့်နေတာပါ။ အစီအစဉ်ကတော့ ကျတော့စောင့်ကြည့်တာဘဲရှိတာပေ့ါ။"

နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံမှာ အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူနေတဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဦးခေါင်းညာဘက်ခြမ်းကနေ ဖောက်ဝင်ခဲ့တဲ့ ကျည်ဆန်ဒဏ်ရာကြောင့် ဦးနှောက်ညာဘက်ခြမ်း အပြင်းအထန် ပျက်စီးသွားပြီး ကျည်ဆန်အပိုင်းအစဟာလည်း ဦးနှောက်အတွင်းပိုင်းမှာ နစ်မြုပ်နေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

မနေ့တုန်းကပဲ အသက် ၂၀ ပြည့်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးနှောက်ထဲက ကျည်ဆန်အပိုင်းအစကို ထုတ်နိုင်ဖို့အထိပါ ဆရာဝန်တွေ ကြိုးစားခဲ့ကြတယ်လို့လည်း မိသားစုဝင်ဖြစ်တဲ့ ကိုကျော်သက်အောင်ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေအတွင်း သွေးမြေကျခဲ့ရတဲ့ ဖြစ်ရပ်အတွက် သူ့ကို ကုသပေးခဲ့တဲ့ ဆရာဝန်တွေ ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

"ဆရာဝန်တယောက်အနေနဲ့ ရိုးရိုးဖြစ်ပြီး ဖြစ်သွားရတဲ့ ရောဂါမျိုး မဟုတ်ဘူး။ ဒီလိုအဖြစ်အပျက်နဲ့ လူတယောက်ဆုံးရတာ ဝမ်းနည်းဖို့ အင်မတန်ကောင်းတယ်။ မဖြစ်လည်း မဖြစ်သင့်ဘူး။ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ဖို့ဆိုရင် ဒီစနစ်ဆိုးကို ဒီတခေါက်အပြီးသတ်တိုက်ထုတ်ဖို့လိုတယ်။ အမြစ်ဖြတ်မှရမယ်။ မဟုတ်ရင် ကျနော်တို့ အရွယ်မှာ Generation မှာဖြစ်ရတာတွေ၊ ခံရတာတွေ ဒီညီမလေးတို့ generation (မျိုးဆက်) မှာ ဖြစ်ရတဲ့ အဖြစ်ဆိုးတွေကနောင်ထပ် generation မှာပါ ခံစားရတာတွေ ဖြစ်လာဦးမှာပါ။ ဒီညီမလေးက ၂၀၂၁ ဒီကိစ္စမှာ ပထမဆုံး အသက်ဆုံးရှုံးရတဲ့သူတယောက် ဖြစ်လာရတယ်။ နောက်ထပ်လည်း ဒီလို ဖြစ်နိုင်မယ့်အနေအထားတွေ ရှိနေတာပါပဲ။ နောက်ထပ်အောက်က Generation တွေမှာ ဒီလိုတွေ ထပ်မဖြစ်မကြုံရဖို့ ပြည်သူတွေအားလုံးက တညီတညွတ်ထဲနဲ့ ဒီစနစ်ကိုအမြစ်ဖြတ်မှ ရမှာပါ။"

ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတာနဲ့အမျှအာဏာပိုင်တွေဘက်က ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းတာ၊ ဖမ်းဆီးတာတွေလည်း ရှိလာနေပါတယ်။ အင်္ဂါနေ့က နေပြည်တော်၊ မန္တလေး၊ ပဲခူးနဲ့ ပုသိမ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီး ဖြိုခွင်းတာတွေရှိခဲ့ပြီး နေပြည်တော်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် မမြသွဲ့သွဲ့ခိုင်နဲ့ နောက်ထပ် လူငယ် တစ် ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာပါ။

ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေရဲ့ အခွင့်အရေးကို လေးစားဖို့၊ အင်အားသုံး နှိမ်နင်းတာတွေ မလုပ်ဖို့ သတိပေးထားပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာလည်း ဆန္ဒပြသူတွေကို အာဏာပိုင်တွေ အင်အားသုံးနှိမ်နင်းတာတွေ မလုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ထပ်မံတိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG