(Zawgyi / Unicode)
NCA ေခၚ အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ေရးထုိးထားတဲ့ တုိင္းရင္းသားလက္နက္ကိုင္ ၁၀ ဖဲြ႔က အာဏာသိမ္းစစ္ေကာင္စီနဲ႔ ႏိုင္ငံေရး ေတြ႔ဆံုေဆြးေႏြးတာေတြကို လက္ရွိအေျခအေနမွာ ရပ္တန္႔ထားမယ္လုိ႔ ဆံုးျဖတ္လိုက္ပါတယ္။ အျပည့္အစုံကို ကုိမိုးေဇာ္ စုစည္းတင္ျပထားပါတယ္။
NCA စာခ်ဳပ္ကို လက္မွတ္ေရးထုိးထားတဲ့ တုိင္းရင္းသားလက္နက္ကိုင္ ၁၀ ဖဲြ႔ရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ PPST အစည္းအေဝးကို ၂ ရက္ၾကာ ေဆြးေႏြးၿပီးတဲ့ေနာက္ ဆံုးျဖတ္ခဲ့တာပါ။
ဒီလုိဆံုးျဖတ္ရတဲ့ အဓိကအခ်က္ကို ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမုိကရက္တစ္တပ္ဦး (ABSDF) ရဲ႕ ဥကၠ႒ ရဲေဘာ္သံခဲက Zoom ကေနတဆင့္ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ အခုလုိ ေျပာဆုိပါတယ္။
“NCA လက္ေတြ႔အေကာင္အထည္ေဖာ္ဖို႔ဆိုတာ ဒီေန႔အေျခအေနနဲ႔ မျဖစ္ႏိုင္ပါဘူး။ ဆုိလိုခ်င္တဲ့ အဓိပၸာယ္က NCA ျပ႒ာန္းခ်က္မ်ားမွာ ပါဝင္တဲ့ ယႏၱရားေတြ၊ စုဖဲြ႔မႈေတြ၊ ႏိုင္ငံေရး အေျဖထုတ္မႈေတြမွာ အဂၤါရပ္ေတြ မျပည့္စံုေတာ့ပါဘူး။ အဲဒီအတြက္ ဒီယႏၱရားေတြ မရိွဘဲနဲ႔၊ တနည္းအားျဖင့္ေျပာရင္ ႏိုင္ငံေရးဆုိင္ရာ ဆုံးျဖတ္ခ်က္ေတြကို ျပည့္ျပည့္ဝဝ လုပ္ေဆာင္ႏိုင္တဲ့ အေျခအေန မရိွတဲ့အတြက္ ႏိုင္ငံေရးေဆြးေႏြးပဲြေတြကို ရပ္တန္႔ထားတယ္ဆုိတဲ့ သေဘာထား ျဖစ္ပါတယ္။”
NCA အရ ႏိုင္ငံေရးေဆြးေႏြးမယ္ဆုိရင္ အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္ဆိုတဲ့ အစုအဖဲြ႔၊ တိုင္းရင္းသားလက္နက္ကိုင္ အစုအဖဲြ႔နဲ႔ ႏိုင္ငံေရးပါတီမ်ား အစုအဖဲြ႔ ရိွရမွာျဖစ္ၿပီး ေလာေလာဆယ္မွာ ဒီအစုအဖဲြ႔ေတြ အားလံုး မပါဝင္ႏိုင္တဲ့ အေနအထား ျဖစ္တာေၾကာင့္ ရပ္ဆုိင္းထားတာ ျဖစ္ေၾကာင္းလည္း ရွင္းလင္းပါတယ္။
တိုင္းရင္းသားလက္နက္ကိုင္ အဖဲြ႔ေတြရဲ႕ အစည္းအေဝးအၿပီး ထုတ္ျပန္ခ်က္မွာေတာ့ စစ္အာဏာရွင္နဲ႔ စစ္အာဏာသိမ္းျခင္းကို ဆန္႔က်င္တဲ့ CDM လူထုလႈပ္ရွားမႈေတြကို ေထာက္ခံေၾကာင္းနဲ႔ ဖမ္းဆီးထားသူေတြကို အျမန္ဆံုးျပန္လႊတ္ဖို႔ ေတာင္းဆုိေၾကာင္း ပါရိွသလို ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို အၾကမ္းဖက္ ႏွိမ္နင္းတာကို ဆန္႔က်င္ေၾကာင္းနဲ႔ လက္ရိွ ႏိုင္ငံေရးျပႆနာေတြ ေျဖရွင္းႏိုင္ေရးအတြက္ ႏိုင္ငံတကာ အပါအဝင္ ျပည္တြင္း ျပည္ပ အင္အားစုေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မယ္လို႔ ေဖာ္ျပထားပါတယ္။
တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖဲြ႔က ထိပ္သီးေခါင္းေဆာင္ေတြနဲ႔ စုဖဲြ႔ထားတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ PPST အဖဲြ႔ဟာ ေဖေဖာ္ဝါရီလ ၂ ရက္ကေန႔က စစ္တပ္က အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္ေၾကာင္း ထုတ္ျပန္ထားတာပါ။
လက္ရိွ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ စုဖဲြ႔ထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) အေပၚ သေဘာထားကိုေတာ့ ရဲေဘာ္သံခဲက အခုလို ေျပာပါတယ္။
“ဒီေနာက္ဆက္တဲြ ျဖစ္ေပၚလာတဲ့ ကာလမွာ တရားဝင္မႈဆုိင္ရာ စိန္ေခၚခ်က္ေတြမွာ လူထုက တရားဝင္ ေရြးေကာက္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဖဲြ႔စည္းထားတဲ့ CRPH လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီဆုိတာ တရားဝင္မႈအတြက္ တုိက္ပဲြဝင္ရတဲ့ လုပ္ရပ္တခုျဖစ္တယ္။ တရားဝင္မႈအတြက္ စုစည္းထားတဲ့ အစုအစည္း ျဖစ္တဲ့အတြက္ အသိအမွတ္ျပဳဖို႔ လုိပါတယ္။ တန္ဖိုးထားဖုိ႔ လိုတယ္လို႔ ယူဆပါတယ္။”
ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) က ဗိုလ္မွဴးႀကီး စိုင္းငင္းကေတာ့ CRPH နဲ႔ပတ္သက္ၿပီး အခုလို ေျဖၾကားပါတယ္။
“က်ေနာ္တို႔က အခုေလာေလာဆယ္ ေျပာမယ္ဆုိရင္ တခ်ိဳ႕ကိစၥေတြက နည္းနည္း Sensative (ထိလြယ္ရွလြယ္) ျဖစ္တယ္။ အေနအထား အခ်ိန္အခါ နည္းနည္း က်ေနာ္တုိ႔က အခ်ိန္ေပးၿပီးေတာ့ ၾကည့္ရတဲ့ အေနအထား။ က်ေနာ္ထင္တယ္ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ နည္းနည္းေတာ့ အခ်ိန္ယူရလိမ့္မယ္ေလ။ ေနာက္ပိုင္းက်ရင္ က်ေနာ္တုိ႔ ျပတ္ျပတ္သားသား တခုခုထြက္လာမယ့္ အေနအထား ရိွပါတယ္။ အဲေလာက္ပဲ က်ေနာ္ ေျဖၾကားလုိပါတယ္။”
ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားျပဳေကာ္မတီ (CRPH) မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္း ၃၀၀ ေက်ာ္ ပါဝင္ေနၿပီး CRPH အဖဲြ႔ဝင္ေတြကို ဒီလ ၁၆ ရက္ေန႔က ဖမ္းဝရမ္း ထုတ္ထားပါတယ္။
တပ္မေတာ္က အာဏာသိမ္းၿပီးေနာက္ ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္္မွာေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ တႏုိင္ငံလုံး အပစ္အခတ္ရပ္စဲေရး NCA သေဘာတူညီခ်က္ေတြအတုိင္း တတ္ႏုိင္သမွ် ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ေဖာ္ျပထားသလို NCA လက္မွတ္ထိုး တုိင္းရင္းသားလက္နက္ကိုင္ ၁၀ ဖဲြ႔ကလည္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို NCA လမ္းေၾကာင္းအတုိင္း ရပ္တည္မွာျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။
------------------------
(Unicode)
အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှုများ အပစ်ရပ်အဖွဲ့တွေ ရပ်ဆိုင်း
NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတာတွေကို လက်ရှိအခြေအနေမှာ ရပ်တန့်ထားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အပြည့်အစုံကို ကိုမိုးဇော် စုစည်းတင်ပြထားပါတယ်။
NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ၂ ရက်ကြာ ဆွေးနွေးပြီးတဲ့နောက် ဆုံးဖြတ်ခဲ့တာပါ။
ဒီလိုဆုံးဖြတ်ရတဲ့ အဓိကအချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဥက္ကဋ္ဌ ရဲဘော်သံခဲက Zoom ကနေတဆင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။
“NCA လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတာ ဒီနေ့အခြေအနေနဲ့ မဖြစ်နိုင်ပါဘူး။ ဆိုလိုချင်တဲ့ အဓိပ္ပာယ်က NCA ပြဋ္ဌာန်းချက်များမှာ ပါဝင်တဲ့ ယန္တရားတွေ၊ စုဖွဲ့မှုတွေ၊ နိုင်ငံရေး အဖြေထုတ်မှုတွေမှာ အင်္ဂါရပ်တွေ မပြည့်စုံတော့ပါဘူး။ အဲဒီအတွက် ဒီယန္တရားတွေ မရှိဘဲနဲ့၊ တနည်းအားဖြင့်ပြောရင် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပြည့်ပြည့်ဝဝ လုပ်ဆောင်နိုင်တဲ့ အခြေအနေ မရှိတဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရပ်တန့်ထားတယ်ဆိုတဲ့ သဘောထား ဖြစ်ပါတယ်။”
NCA အရ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဆိုတဲ့ အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ ရှိရမှာဖြစ်ပြီး လောလောဆယ်မှာ ဒီအစုအဖွဲ့တွေ အားလုံး မပါဝင်နိုင်တဲ့ အနေအထား ဖြစ်တာကြောင့် ရပ်ဆိုင်းထားတာ ဖြစ်ကြောင်းလည်း ရှင်းလင်းပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာတော့ စစ်အာဏာရှင်နဲ့ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်တဲ့ CDM လူထုလှုပ်ရှားမှုတွေကို ထောက်ခံကြောင်းနဲ့ ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ တောင်းဆိုကြောင်း ပါရှိသလို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတာကို ဆန့်ကျင်ကြောင်းနဲ့ လက်ရှိ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ အပါအဝင် ပြည်တွင်း ပြည်ပ အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂ ရက်ကနေ့က စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ထားတာပါ။
လက်ရှိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပေါ် သဘောထားကိုတော့ ရဲဘော်သံခဲက အခုလို ပြောပါတယ်။
“ဒီနောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ကာလမှာ တရားဝင်မှုဆိုင်ရာ စိန်ခေါ်ချက်တွေမှာ လူထုက တရားဝင် ရွေးကောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH လွှတ်တော်ကိုယ်စားပြု ကော်မတီဆိုတာ တရားဝင်မှုအတွက် တိုက်ပွဲဝင်ရတဲ့ လုပ်ရပ်တခုဖြစ်တယ်။ တရားဝင်မှုအတွက် စုစည်းထားတဲ့ အစုအစည်း ဖြစ်တဲ့အတွက် အသိအမှတ်ပြုဖို့ လိုပါတယ်။ တန်ဖိုးထားဖို့ လိုတယ်လို့ ယူဆပါတယ်။”
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဗိုလ်မှူးကြီး စိုင်းငင်းကတော့ CRPH နဲ့ပတ်သက်ပြီး အခုလို ဖြေကြားပါတယ်။
“ကျနော်တို့က အခုလောလောဆယ် ပြောမယ်ဆိုရင် တချို့ကိစ္စတွေက နည်းနည်း Sensative (ထိလွယ်ရှလွယ်) ဖြစ်တယ်။ အနေအထား အချိန်အခါ နည်းနည်း ကျနော်တို့က အချိန်ပေးပြီးတော့ ကြည့်ရတဲ့ အနေအထား။ ကျနော်ထင်တယ် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နည်းနည်းတော့ အချိန်ယူရလိမ့်မယ်လေ။ နောက်ပိုင်းကျရင် ကျနော်တို့ ပြတ်ပြတ်သားသား တခုခုထွက်လာမယ့် အနေအထား ရှိပါတယ်။ အဲလောက်ပဲ ကျနော် ဖြေကြားလိုပါတယ်။”
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် ပါဝင်နေပြီး CRPH အဖွဲ့ဝင်တွေကို ဒီလ ၁၆ ရက်နေ့က ဖမ်းဝရမ်း ထုတ်ထားပါတယ်။
တပ်မတော်က အာဏာသိမ်းပြီးနောက် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ ငြိမ်းချမ်းရေးနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA သဘောတူညီချက်တွေအတိုင်း တတ်နိုင်သမျှ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားသလို NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA လမ်းကြောင်းအတိုင်း ရပ်တည်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။