သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြ ချင်းလူငယ်တွေပေးစာ ဂျပန်သံအမတ်ကြီး လက်ခံယူ


ချင်းတိုင်းရင်းသား လူငယ်တွေပေးတဲ့ အိတ်ဖွင့်ပေးစာကို လက်ခံရယူနေတဲ့ ဂျပန်သံအမတ်ကြီး။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
ချင်းတိုင်းရင်းသား လူငယ်တွေပေးတဲ့ အိတ်ဖွင့်ပေးစာကို လက်ခံရယူနေတဲ့ ဂျပန်သံအမတ်ကြီး။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု အပြီးတိုင်ချုပ်ငြိမ်းစေရေး လူထုရဲ့ ဘယ်လိုလှုပ်ရှားမှုကိုမဆို ဂျပန်အစိုးရအနေနဲ့ အားပေးထောက်ခံပေးပါ ဆိုတဲ့အချက် အပါအဝင် ပန်ကြားချက် ၇ ချက်ပါ အိတ်ဖွင့်ပေးစာတစောင်ကို ချင်းတိုင်းရင်းသား လူငယ်တွေက ဒီကနေ့ ဂျပန်သံရုံးရှေ့မှာ ဂျပန်-မြန်မာ နှစ်ဘာသာနဲ့ ဖတ်ကြားပြီး သံအမတ်ကြီးလက်ထဲ ထည့်ပေးခဲ့ကြပါတယ်။

“နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီအား အထောက်အကူ ပြုစေနိုင်သည့် မည်သည့်ရင်းနှီးမြှုပ်နှံမှုနဲ့ ပံ့ပိုးမှုများကို ရပ်တန့်ပေးရန်။”

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama ကိုယ်တိုင် သံရုံးအပြင်ဘက်ကို ထွက်လာပြီး ချင်းလူငယ်တွေရဲ့ အိတ်ဖွင့်ပေးစာကို လက်ခံရယူခဲ့ပြီးတော့ ဂျပန်အစိုးရဆီ ပို့ပေးမယ့်အကြောင်း ကတိပြု ပြောကြားခဲ့ပါတယ်။

“အဲဒီစာကို သေချာ ကျနော် ဂျပန်အစိုးရ၊ ဂျပန်နိုင်ငံမှာရှိတဲ့ ကျနော်တို့ ဂျပန်အစိုးရကို သေချာ ကျနော် တာဝန်ယူပြီးတော့ တင်ပြပါမယ်ခင်ဗျာ။”

ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူလူထုအသံကို လျစ်လျူမရှုပါဘူးလို့လည်း သံအမတ်ကြီးက ပြောခဲ့ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၇၃ ကြိမ်မြောက် ချင်းအမျိုးသားနေ့မှာ ချင်းတိုင်းရင်းသား လူငယ်တွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲနဲ့အတူ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ ကိုယ်စား ဂျပန်အစိုးရဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)

ဆန်ဒပွ ခငြျးလူငယျတှပေေးစာ ဂပြနျသံအမတျကွီး လကျခံယူ







XS
SM
MD
LG