သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရောက် ဂျပန်နိုင်ငံသားတွေ ပြည်တော်ပြန်နေကြပြီ


မှတ်တမ်းဓါတ်ပုံ- ၂၀၂၀ ဇန်နဝါရီလ ၃၁ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ခရီးသည်များ
မှတ်တမ်းဓါတ်ပုံ- ၂၀၂၀ ဇန်နဝါရီလ ၃၁ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ခရီးသည်များ

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ တရက် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အခြေအနေတွေ တနေ့တခြား တင်းမာလာပြီး စီးပွားရေးအလုပ်အကိုင်တွေ မရေမရာ ဖြစ်လာနေချိန်မှာပဲ မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံသားတွေ အတွက် All Nippon Airways (ANA) လေကြောင်းလိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ တိုကျို နရီတာလေဆိပ်ကို ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့မှာ တိုက်ရိုက်ပျံသန်း ပေးခဲ့ပါတယ်။

ဒီလေယာဉ်နဲ့ လိုက်ပါသူတွေထဲမှာ စီးပွားရေးလုပ်ငန်းရှင် အများအပြား ပါဝင်ပြီး ဂျပန်ကုမ္ပဏီ ဝန်ထမ်းတွေကိုတော့ သူတို့ရဲ့ လုံခြုံရေး အတွက် စိတ်ပူပြီး သူတို့ အထက်အရာရှိတွေက ပြန်လည် ခေါ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

ဂျပန်ကို ပြန်သွားသူတွေထဲမှာ စက်မှုလုပ်ငန်း လုပ်နေသူတွေ ပါဝင်ပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် နိုင်ငံတွင်း လုံခြုံရေးကအစ အခြေနေတွေ မရေမရာ ဖြစ်လာတာကြောင့် သတ်မှတ်ကာလ အထိ မနေနိုင်တော့ပဲ ပြန်လည် ထွက်ခွာသွားရသူတွေ ပါဝင်ပါတယ်။

လုပ်ငန်းရှင် တဦးကတော့ သူနဲ့ လက်တွဲ အလုပ်လုပ်နေသူတွေထဲမှာ အလုပ်လာလုပ်သူတွေ ရှိသလို စစ်အုပ်ချုပ်ရေး ကောင်စီရဲ့ အမိန့်တွေကို အာခံပြီး ဆန္ဒပြနေသူတွေပါ ရှိနေတဲ့ အတွက် အလုပ်လုပ်ရတာ သိပ်ခက်ခဲကြောင်း ပြောပါတယ်။ တချို့ကလည်း အခြေနေ ပြန်ကောင်းရင် မြန်မာနိုင်ငံမှာ ပြန်အလုပ်လုပ်ဖို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။

ANA လေကြောင်းလိုင်းဟာ COVID-19 ကပ်ရောဂါ မတိုင်ခင်က နေ့စဉ်ပုံမှန် ရန်ကုန် - နရီတာ တိုက်ရိုက် ပြေးဆွဲနေတာ ဖြစ်ပြီး ကပ်ရောဂါ ကူးစက်မှုတိုးလာချိန်မှာ လေကြောင်းပျံသန်းမှု အစီစဉ်တချို့ လျှော့ချခဲ့တာ ဖြစ်ပေမယ့် စစ်တပ် အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာတော့ လုံးဝ မပြေးဆွဲပဲ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG