သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းဆန္႔က်င္မႈ လူထုဆႏၵျပပြဲ စေနေန႔ အေျခအေန


ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္တဲ့ စစ္အာဏာသိမ္းဆန္႔က်င္ ဆႏၵျပ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းတာကို ဆန္႔က်င္ ဆႏၵျပေနသူေတြကို လုံၿခဳံေရးတပ္ဖြဲ႔ေတြက စေနေန႔က ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ အနည္းဆုံး လူ ၂ ဦး ေသဆုံးပါတယ္။ ဒဏ္ရာရသူေတြလည္း​ ရွိတာေၾကာင့္ မေန႔ စေနေန႔ဟာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ အာဏာသိမ္းခ်ိန္ကစလို႔ ေသြးထြက္သံယို အျဖစ္ဆုံးေန႔တေန႔ ျဖစ္လာခဲ့ပါတယ္။ ျမန္မာစစ္တပ္ရဲ႕ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြက ရာဘာက်ည္၊ မ်က္ရည္ယိုဗုံး၊ မီးသတ္ပိုက္နဲ႔ ေလာက္ေလးခြေတြအျပင္ ေသနတ္က်ည္ကိုလည္း အသုံးျပဳခဲ့တာပါ။

စေနေန႔ မြန္းလြဲပိုင္းက မႏၲေလး သေဘၤာက်င္းကို လုံၿခဳံေရးတပ္ဖြဲ႔ဝင္ ၅၀၀ ေလာက္ ေရာက္ရွိလာၿပီး လူစုခြဲခ်ိန္ နာရီအေတာ္ၾကာ ဆႏၵျပသူေတြနဲ႔ ထိပ္တိုက္ေတြ႔ၿပီးတဲ့ေနာက္မွာ ရဲတပ္ဖြဲ႔ဝင္ေတြက ေသနတ္နဲ႔ တျခားလက္နက္ေတြ အသုံးျပဳၿပီး ႏွိမ္နင္းခဲ့တာပါ။

အဲဒီလို ရဲတပ္ဖြဲ႔က အင္အားသုံး ပစ္ခတ္တာေၾကာင့္ အမ်ိဳးသားတဦး ဦးေခါင္းမွာ ေသနတ္ဒဏ္ရာရၿပီး ေသဆုံးသြားခဲ့သလို ေနာက္ အမ်ိဳးသားတဦးလည္း ရင္ဘတ္မွာ ေသနတ္ပစ္ခတ္ခံရတဲ့ ဒဏ္ရာနဲ႔ ေသဆုံးသြားခဲ့ပါတယ္။

ဒုတိယအမ်ိဳးသားက အသက္ ၃၆ ႏွစ္အရြယ္ ကိုသက္ႏုိင္ဝင္းလို႔ သူ႔ရဲ႕ ေဆြမ်ိဳးေတြကုိ ကိုးကားၿပီး ႐ုိက္တာသတင္းက ေျပာပါတယ္။ တျခား ဒဏ္ရာရသူေတြကိုေတာ့ ေဆးအဖြဲ႔က ကုသမႈ ေပးခဲ့ရပါတယ္။

မႏၲေလးလိုပဲ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားမွာလည္း ဆႏၵျပသူေတြနဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြအၾကား ထိပ္တိုက္ရင္ဆိုင္ေတြ႔ခဲ့ၾကပါတယ္။ ၿမိဳ႕ဗဟိုလမ္းက အထက္တန္းေက်ာင္းအနီးမွာ ထိပ္တိုက္ေတြ႔ၿပီးတဲ့ေနာက္ မိနစ္ ၂၀ အၾကာမွာ လူအုပ္ခြဲသြားၾကတာပါ။ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ျမစ္ႀကီးနားမွာ အင္အားသုံး အၾကမ္းဖက္ေတြ ျဖစ္ပြားခဲ့ဖူးပါတယ္။

ေနျပည္ေတာ္မွာေတာ့ ေသာၾကာေန႔က ေသဆုံးသြားခဲ့တဲ့ မျမသြဲ႔သြဲ႔ခိုင္အတြက္ ဆုေတာင္းပြဲ က်င္းပခဲ့ပါတယ္။ မျမသြဲ႔သြဲ႔ခိုင္ အသက္စြန္႔လႊတ္မႈက ပိုၿပီး ရဲရင့္လာေစတယ္လို႔ ေနျပည္ေတာ္က ေက်ာင္းသားသမဂၢအဖြဲ႔ဝင္ ေက်ာင္းသူတဦးက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ဆႏၵျပပြဲေတြထဲ တိုင္းရင္းသားေပါင္းစုံကို ကိုယ္စားျပဳတဲ့ ဆႏၵျပပြဲ ပါဝင္ခဲ့ပါတယ္။ အာဏာရွင္စနစ္ ေပ်ာက္ကြယ္မွ ၿငိမ္းခ်မ္းေရးရမယ္လို႔ ယုံၾကည္တယ္လို႔ ဆႏၵျပ တိုင္းရင္းသူတဦးက ေျပာပါတယ္။

ညေနပိုင္းမွာေတာ့ ရန္ကုန္ၿမိဳ႕နဲ႔ အနီးအနား ေနရာတခ်ဳိ႕မွာ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြ ေရာက္ရွိလာၿပီး လူေတြကို ဖမ္းဆီးေနေၾကာင္း အတည္မျပဳရေသးတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

စစ်အာဏာသိမ်းဆန့်ကျင်မှု လူထုဆန္ဒပြပွဲ စနေနေ့ အခြေအနေ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက စနေနေ့က ပစ်ခတ်နှိမ်နင်းတာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပါတယ်။ ဒဏ်ရာရသူတွေလည်း ရှိတာကြောင့် မနေ့ စနေနေ့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းချိန်ကစလို့ သွေးထွက်သံယို အဖြစ်ဆုံးနေ့တနေ့ ဖြစ်လာခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရာဘာကျည်၊ မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်နဲ့ လောက်လေးခွတွေအပြင် သေနတ်ကျည်ကိုလည်း အသုံးပြုခဲ့တာပါ။

စနေနေ့ မွန်းလွဲပိုင်းက မန္တလေး သင်္ဘောကျင်းကို လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀၀ လောက် ရောက်ရှိလာပြီး လူစုခွဲချိန် နာရီအတော်ကြာ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ တခြားလက်နက်တွေ အသုံးပြုပြီး နှိမ်နင်းခဲ့တာပါ။

အဲဒီလို ရဲတပ်ဖွဲ့က အင်အားသုံး ပစ်ခတ်တာကြောင့် အမျိုးသားတဦး ဦးခေါင်းမှာ သေနတ်ဒဏ်ရာရပြီး သေဆုံးသွားခဲ့သလို နောက် အမျိုးသားတဦးလည်း ရင်ဘတ်မှာ သေနတ်ပစ်ခတ်ခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။

ဒုတိယအမျိုးသားက အသက် ၃၆ နှစ်အရွယ် ကိုသက်နိုင်ဝင်းလို့ သူ့ရဲ့ ဆွေမျိုးတွေကို ကိုးကားပြီး ရိုက်တာသတင်းက ပြောပါတယ်။ တခြား ဒဏ်ရာရသူတွေကိုတော့ ဆေးအဖွဲ့က ကုသမှု ပေးခဲ့ရပါတယ်။

မန္တလေးလိုပဲ ကချင်ပြည်နယ် မြစ်ကြီးနားမှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ကြပါတယ်။ မြို့ဗဟိုလမ်းက အထက်တန်းကျောင်းအနီးမှာ ထိပ်တိုက်တွေ့ပြီးတဲ့နောက် မိနစ် ၂၀ အကြာမှာ လူအုပ်ခွဲသွားကြတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မြစ်ကြီးနားမှာ အင်အားသုံး အကြမ်းဖက်တွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

နေပြည်တော်မှာတော့ သောကြာနေ့က သေဆုံးသွားခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ မမြသွဲ့သွဲ့ခိုင် အသက်စွန့်လွှတ်မှုက ပိုပြီး ရဲရင့်လာစေတယ်လို့ နေပြည်တော်က ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသူတဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေထဲ တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုတဲ့ ဆန္ဒပြပွဲ ပါဝင်ခဲ့ပါတယ်။ အာဏာရှင်စနစ် ပျောက်ကွယ်မှ ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်တယ်လို့ ဆန္ဒပြ တိုင်းရင်းသူတဦးက ပြောပါတယ်။

ညနေပိုင်းမှာတော့ ရန်ကုန်မြို့နဲ့ အနီးအနား နေရာတချို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လူတွေကို ဖမ်းဆီးနေကြောင်း အတည်မပြုရသေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG