သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေခ်ာက္ေရနံေျမအလုပ္သမားေတြ CDM မွာ ပါဝင္


သခင္ဖိုးလွႀကီးေက်ာက္႐ုပ္ႏွင့္ ေခ်ာက္ၿမိဳ႕ CDM လႈပ္ရွားမႈ (ဓာတ္ပုံ-ေဒသခံမ်ား)

[ZawGyi & Unicode]

မႏၲေလး၊ ျမစ္ႀကီးနား စတဲ့ၿမိဳ႕ႀကီးေတြမွာ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္ေနတဲ့လူထုကို အၾကမ္းဖက္ႏွိမ္နင္းၿဖိဳခြဲေနတာေတြ ရွိေနခ်ိန္မွာပဲ ေခ်ာက္ၿမိဳ႕အပါအဝင္ ျမန္မာျပည္အနံွ႔က ေရနံေျမ ၁၃ ခုစလုံးကေတာ့ ထုတ္လုပ္မႈေတြ ရပ္ဆိုင္းသြားတဲ့အေၾကာင္း ေခ်ာက္ ေရနံေျမက စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရး တက္ႂကြလႈပ္ရွားသူက ဗြီအိုေအကို ေျပာပါတယ္။ က်န္တဲ့နယ္ၿမိဳ႕ေတြမွာလည္း အခုထိ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနၾကဆဲျဖစ္တဲ့အေၾကာင္း မခြါညိဳက စုစည္းတင္ျပထားပါတယ္။

ေဖေဖၚဝါရီလ တရက္ေန႔ စစ္အာဏာသိမ္းခ်ိန္ကစၿပီး ျမန္မာျပည္အႏွံ႔က ၿမိဳ႕ေတြမွာ ဆႏၵျပကန႔္ကြက္ေနၾကတာမွာ ေခ်ာက္ၿမိဳ႕က ေရနံေျမ အလုပ္သမားေတြလည္း CDM အၾကမ္းမဖက္အာဏာဖီ ဆန္ ေရးမွာ တစုတစည္းတည္း ပါဝင္ခဲ့ေၾကာင္း ေရနံေျမအေရးတက္ႂကြ လႈပ္ရွားသူ တဦးက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ MOGE ေရနံေျမ ၁၃ ခုရွိၿပီး ၇ ရက္ေန႔ည ၉ နာရီမွာ အေဖ်ာက္ေရနံေျမက CDM လႈပ္ရွားမႈစတက္လိုက္ၿပီး ဆက္တိုက္ ဆိုသလို ေရနံေခ်ာင္း ေရနံေျမ၊ ၈ ရက္ေန႔ညေန႔မွာ ေခ်ာက္ေရနံေျမ၊ ၉ ရက္ေန႔မွာ လက္ပံတိုေရနံေျမ၊ အရာေတာ္ေရနံေျမ၊ ေက်ာက္ခြက္ ေရနံေျမ၊ ပထိုးလုံး၊ မအူပင္ စတဲ့ လုပ္ကြက္တခုခ်င္း တိုးၿပီး ရပ္ဆိုင္းခဲ့တာ ၁၀ ရက္ေန႔မွာ MOGE ေရနံထုတ္လုပ္မႈအားလုံး ရပ္ဆိုင္းသြားခဲ့ ေၾကာင္း ေျပာပါတယ္။

“CDM movement ကို က်မတို႔ စၿပီးလုပ္ျဖစ္တယ္ေပါ့ေနာ္၊ ကုမၸဏီေရာ ၊ MOGE က ဝန္ထမ္းေတြေရာ ေပါ့ေနာ္။ အားလုံးက ၈ ရက္ေန႔ညေန ၅ နာရီက စၿပီး လုပ္ျဖစ္လိုက္တယ္ေပါ့။ ေခ်ာက္ေရနံေျမရယ္၊ MOGE ရယ္ စာရင္းအရဆိုရင္ ဝန္ထမ္းက ၈၈၆ ေယာက္ရွိပါတယ္။ ကုမၸဏီဝန္ထမ္း ကေတာ့ ၁၃၂ ဦး။ အဲဒါက ေခ်ာက္ေရနံေျမတခုလုံးရဲ႕ ပေရာဂ်က္တခုလုံးေပါ့ေနာ္။”

အခုလို ေရနံေျမဝန္ထမ္းေတြအားလုံး တညီတၫြတ္တည္း အလုပ္မဆင္းၾကတာနဲ႔ပတ္သက္လို႔ တစုံတရာ ၿခိမ္းေျခာက္မႈ၊ ဖိအားေပး အလုပ္ေစခိုင္းမႈေတြ ရွိခဲ့သလားဆိုတာကို ေမးျမန္းရာမွာေတာ့ သူက အခုလို ေျဖပါတယ္။

“CDM လုပ္ေနတဲ့ ဝန္ထမ္းေတြကို ၿခိမ္းေျခာက္မႈမ်ိဳးစုံနဲ႔ အလုပ္ထြက္မွာလား၊ ခြင့္သြားမွာလားဆိုတဲ့ ပရိယာယ္ေတြ သုံးခဲ့တယ္။ ဝန္ထမ္းေတြကို CDM ဆက္လုပ္ရင္ အလုပ္ျဖဳတ္ပစ္မယ္၊ ခြင့္ယူတဲ့ဝန္ထမ္းမ်ားရင္ ရက္စားမေပးဘူး။ ခြင့္ ၁၄ ရက္ထက္ ထပ္တက္လို႔ရွိရင္ အလုပ္တခါတည္းထုတ္ပစ္မယ္။ လူစားထိုးမယ္ဆိုတဲ့ ၿခိမ္းေျခာက္မႈမ်ိဳးေတြ၊ CDM လုပ္တဲ့ေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီးေထာင္ခ်မယ္ဆိုတဲ့ အဲလို ၿခိမ္းေျခာက္မႈမ်ိဳးစုံ လာေနတယ္ေပါ့။ လက္ရွိမွာဆိုရင္ ၁၆ ရက္ေန႔က ဝါဇီစက္႐ုံကို၊ ဝါဇီစက္႐ုံ ဆိုတာက ျမန္မာတႏိုင္ငံလုံးအတြက္ ပိုက္ဆံထုတ္တဲ့စက္႐ုံကို MOGE ေရနံေျမတခုျဖစ္တဲ့ အရာေတာ္ေရနံေျမက ေလေဘာင္ (Gas) ေပးရတာရွိတယ္။ ေလေဘာင္ေပးရတယ္ဆိုတာက စစ္သားေတြက လက္နက္ကိုင္ၿပီးေတာ့ ခင္ဗ်ားတို႔ေရနံေျမက ဂက္စ္ ကို အခုခ်က္ျခင္းဖြင့္ရမယ္ ဆိုၿပီးေတာ့ အခုခ်ိန္ထိ ဝါဇီ ပိုက္ဆံစက္႐ုံကို ေသနတ္မိုးၿပီးပို႔ခိုင္းတဲ့ ၿခိမ္းေျခာက္မႈမ်ိဳးေတြက ယခုအခ်ိန္ထိ ႀကဳံေတြ႕ေနရတယ္ေပါ့ရွင္။”

တဆက္တည္းမွာပဲ သူက အာဏာသိမ္းအစိုးရလက္ေအာက္မွာ အလုပ္မလုပ္ႏိုင္ေၾကာင္းကို အခုလို ဆက္ေျပာပါတယ္။

“ - အာဏာသိမ္းစစ္အစိုးရလက္ေအာက္မွာ မလုပ္ကိုင္ႏိုင္ဘူး။ အာဏာသိမ္းစစ္အစိုးရ လက္ ေအာက္မွာ မလုပ္ကိုင္ႏိုင္ဘူး။ ျပည္သူတင္ေျမႇာက္ေသာအစိုးရတရပ္ မေပၚမခ်င္း CDM Movement ကို လုံးဝ လုံးဝ ရပ္ဆိုင္းမည္ မဟုတ္ေၾကာင္း. စတိတ္မဲန႔္ထုတ္ၿပီးေတာ့ က်မတို႔ဝန္ထမ္းေတြက ဒီလိုမ်ိဳးေတြ သတ္မွတ္ခဲ့တယ္။ အဲဒါက ေခ်ာက္ေရနံေျမတခုတည္း မဟုတ္ပါဘူးရွင္။ ေစာေစာကေျပာတဲ့ ေရနံေျမဌာန ၁၃ ခုလုံးပါ။”

ဒါကေတာ့ ေခ်ာက္ေရနံေျမ အၾကမ္းမဖက္အာဏာဖီဆန္ေနသူ အမ်ိဳးသမီးတဦးက ေျပာျပခဲ့တာပါ။ မေကြးမွာေတာ့ အထက္လူႀကီးေတြရဲ႕ ဖိအားေပးမႈ၊ တျခားအၾကမ္းဖက္ႏွိပ္ကြပ္ခံေနရတာေတြကို လူမႈကြန္ယက္ေတြမွာ ျမင္ေတြ႕ေနရတာေတြေၾကာင့္ ေၾကာက္လန႔္ၿပီး အလုပ္ျပန္ ဆင္းၾကတဲ့ဝန္ထမ္းေတြရွိလာေၾကာင္း CDM လႈပ္ရွားမႈအၿပီးတိုင္လုပ္သြားမယ့္ ဆရာမတဦးက ေျပာပါတယ္။

“က်န္းမာေရးလည္းထြက္တယ္။ ဌာနဆိုင္ရာဝန္ထမ္းအသီးသီး ထြက္ၾကတယ္ေပါ့။ ဌာနေပါင္းစုံ ေတာ္ေတာ္မ်ားမ်ား ပါပါတယ္။ ဘဏ္ေတြလည္း ပါပါတယ္။ ဒီ ၁ ရက္၊ ၂ ရက္အတြင္းမွာ ဖိအားေပးသလိုမ်ိဳးေလးေတြ ျဖစ္လာေတာ့ - လိုင္းေပၚမွာ ဒီလိုစကားလုံးေလးေတြ ျမင္ရတဲ့အခါက်ေတာ့ တခ်ိဳ႕ေတြလည္း ျပန္ၿပီးေၾကာက္ၾကတာေပါ့။ အထက္က လူႀကီး ဖုံးေခၚ တယ္ဆိုလို႔ရွိရင္ သြားၾကတာမ်ိဳးေပါ့။ ဝန္ထမ္းအေနနဲ႔ကေတာ့ လကုန္မွ လစာရမွာမ်ိဳးေပါ့။ ဒီၾကားထဲမွာေတာ့ လစာနဲ႔ျဖစ္ေအာင္စားေနၾကရတာပဲ။ အႏုပညာေလာကကလည္း ျပန္ၿပီးေထာက္ပံ့မယ္ဆိုတဲ့ဟာေလးေတြ ေတြ႕ရတယ္။ ေထာက္ပံ့မယ္ မေထာက္ပံ့ဘူးဆိုတာကေတာ့ ဘယ္လိုလာမယ္ မေျပာတတ္ေသးဘူးေပါ့။”

ပုဂံေညာင္ဦးဘက္မွာလည္း ဆန႔္က်င္ကန႔္ကြက္မႈေတြ ပုံမွန္အတိုင္းရွိေနၿပီး ဝန္ထမ္းေတြလည္း ပါဝင္ဆႏၵျပေနၾကဆဲပါပဲလို႔ ဆႏၵျပပြဲမွာပါဝင္တဲ့ ကိုညီထက္က ေျပာပါတယ္။

“လူထုကေတာ့ ေလ်ာ့ေတာ့လည္းမသြားဘူး။ ပုံမွန္ေလး ဒီအတိုင္းပဲရွိေနတယ္ဗ်။ ေညာင္ဦး စီးပြါးေရးဘဏ္ေရွ႕မွာေတာ့ ထိုင္သပိတ္ေတြ ရွိတယ္ေပါ့။ ၿငိမ္းခ်မ္းစြာနဲ႔ပဲ ဒီမိုကေရစီဆန္ဆန္ လွည့္လည္ဆႏၵျပေနတာပါ။ အၾကမ္းဖက္မႈေတြကေတာ့ အေတာ္ကိုေရွာင္ပါတယ္။ ဝန္ထမ္းေတြလည္း အဓိကကေတာ့ ဆရာဆရာမေတြပါတယ္။ ေထြအုပ္ကဝန္ထမ္းတခ်ိဳ႕လည္းပါတယ္။ စည္ပင္တို႔၊ ျမန္မာ့မီးရထားတို႔ကဝန္ထမ္းေတြလည္း ေတြ႕တယ္ဗ်။ မ်ားေသာအားျဖင့္ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားလည္းပါဝင္တယ္။ ၿမိဳ႕ခံလူထုလည္း ပါတဲ့အျပင္ အခုဆိုရင္ ေက်း႐ြာေတြကပါ ပါလာတာကို ေတြ႕ရတယ္ခင္ဗ်။”

ေအာင္လံၿမိဳ႕မွာလည္း CDM လႈပ္ရွားမႈ ေအာင္ျမင္ေနေၾကာင္း အရပ္သား၊ ဝန္ထမ္းအားလုံး ဆႏၵျပေနၾကၿပီး ေႏွာင့္ယွက္အၾကမ္းဖက္မႈ တစုံတရာမရွိဘူးလို႔ ေအာင္လံၿမိဳ႕က တက္ႂကြလႈပ္ရွားသူ ကိုသူရႏိုင္က ဆိုပါတယ္။

“ေအာင္လံၿမိဳ႕နယ္ေဆး႐ုံႀကီးရဲ႕ေရွ႕မွာလည္း ေဆး႐ုံတခုလုံး CDM လုပ္ထားတယ္ဆိုၿပီး ဆိုင္းဘုတ္ခ်ိတ္ထားပါတယ္ဗ်။ ဒါကေတာ့ က်ေနာ္တို႔ ေအာင္လံၿမိဳ႕ရဲ႕ ထူးျခားခ်က္ပါ။ ေနာက္တခုကေတာ့ ပညာေရးဝန္ထမ္းေတြ၊ ေက်ာင္းဆရာဆရာမေတြ အင္မတန္မွ ညီၫြတ္ၾကတယ္။ အင္အားမ်ားတယ္။ က်ေနာ္တို႔စစ္ေၾကာင္းမွာ သူတို႔ အလ်င္းသင့္သလို ဝင္ေရာက္ပူးေပါင္းခ်ီတက္ၾကပါတယ္။ ပညာေရးနဲ႔က်န္းမာေရးကေတာ့ ေအာင္လံၿမိဳ႕မွာ အင္မတန္မွ အားရဖို႔ ေကာင္းပါတယ္။ ေနာက္တခုက သစ္ေတာ၊ ေနာက္ အရံမီးသတ္တပ္ဖြဲ႕။ လွ်ပ္စစ္ဝန္ထမ္းေတြလည္း လာၿပီး ပူးေပါင္းၾကတယ္။ အားအရဆုံးကေတာ့ ပညာေရးနဲ႔က်န္းမာေရး”

ေပါက္ေခါင္းၿမိဳ႕မွာလည္း CDM လႈပ္ရွားမႈကိုဆက္သြယ္ပါဝင္သူ ဝန္ထမ္းအမ်ားစုဟာ ပညာေရးနဲ႔ က်န္းမာေရးဝန္ထမ္းေတြ ျဖစ္ၾကတယ္လို႔ က်န္းမာေရးဝန္ထမ္းတဦးက အခုလို ေျပာပါတယ္။

“က်မတို႔က်န္းမာေရးမွာေတာ့ CDM လုပ္တဲ့သူက ေတာ္ေတာ္ေလးမ်ားတယ္ရွင့္။ က်မကို အလုပ္ျဖဳတ္လည္း ျဖဳတ္လို႔ရပါတယ္ရွင့္။ က်မကေတာ့ အဆုံးအထိ တိုက္မယ့္အတြက္ အလုပ္ျပဳတ္မွာေတြ ဘာေတြ ထည့္ၿပီးေတာ့ စဥ္းစားမေနေတာ့ပါဘူး။”

အခုလက္ရွိအခ်ိန္အထိ CDM လႈပ္ရွားမႈမွာ ပါဝင္ေနၾကတဲ့ ဝန္ထမ္းအမ်ားစုကေတာ့ အဖမ္းခံရမယ့္အေရးအျပင္ ေနာက္ ၁၀ ရက္အၾကာ လခထုတ္ရက္မွာ လခထုတ္လို႔မွ ရပါေတာ့မလားဆိုတာ မေရရာတဲ့အျပင္ လူမႈကြန္ယက္ေတြမွာ CDM ဝန္ထမ္းေတြကို အကူအညီေပးမယ္ ဆိုတဲ့ဘယ္အဖြဲ႕အစည္းနဲ႔မွလည္း အဆက္အသြယ္မရတဲ့အတြက္ ေရွ႕ဆက္ ဘယ္လိုျဖစ္မယ္ဆိုတာ ေသခ်ာမသိေသးေပမယ့္ အခုထိေတာ့ သူတို႔အေနနဲ႔ ဆက္လက္ လႈပ္ရွားေနအုံးမွာျဖစ္တယ္လို႔လည္း ေျပာၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ချောက်ရေနံမြေအလုပ်သမားတွေ CDM မှာ ပါဝင်

မန္တလေး၊ မြစ်ကြီးနား စတဲ့မြို့ကြီးတွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေတဲ့လူထုကို အကြမ်းဖက်နှိမ်နင်းဖြိုခွဲနေတာတွေ ရှိနေချိန်မှာပဲ ချောက်မြို့အပါအဝင် မြန်မာပြည်အနံှ့က ရေနံမြေ ၁၃ ခုစလုံးကတော့ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းသွားတဲ့အကြောင်း ချောက် ရေနံမြေက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူက ဗွီအိုအေကို ပြောပါတယ်။ ကျန်တဲ့နယ်မြို့တွေမှာလည်း အခုထိ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြဆဲဖြစ်တဲ့အကြောင်း မခွါညိုက စုစည်းတင်ပြထားပါတယ်။

ဖေဖေါ်ဝါရီလ တရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး မြန်မာပြည်အနှံ့က မြို့တွေမှာ ဆန္ဒပြကန့်ကွက်နေကြတာမှာ ချောက်မြို့က ရေနံမြေ အလုပ်သမားတွေလည်း CDM အကြမ်းမဖက်အာဏာဖီ ဆန် ရေးမှာ တစုတစည်းတည်း ပါဝင်ခဲ့ကြောင်း ရေနံမြေအရေးတက်ကြွ လှုပ်ရှားသူ တဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ MOGE ရေနံမြေ ၁၃ ခုရှိပြီး ၇ ရက်နေ့ည ၉ နာရီမှာ အဖျောက်ရေနံမြေက CDM လှုပ်ရှားမှုစတက်လိုက်ပြီး ဆက်တိုက် ဆိုသလို ရေနံချောင်း ရေနံမြေ၊ ၈ ရက်နေ့ညနေ့မှာ ချောက်ရေနံမြေ၊ ၉ ရက်နေ့မှာ လက်ပံတိုရေနံမြေ၊ အရာတော်ရေနံမြေ၊ ကျောက်ခွက် ရေနံမြေ၊ ပထိုးလုံး၊ မအူပင် စတဲ့ လုပ်ကွက်တခုချင်း တိုးပြီး ရပ်ဆိုင်းခဲ့တာ ၁၀ ရက်နေ့မှာ MOGE ရေနံထုတ်လုပ်မှုအားလုံး ရပ်ဆိုင်းသွားခဲ့ ကြောင်း ပြောပါတယ်။

“CDM movement ကို ကျမတို့ စပြီးလုပ်ဖြစ်တယ်ပေါ့နော်၊ ကုမ္ပဏီရော ၊ MOGE က ဝန်ထမ်းတွေရော ပေါ့နော်။ အားလုံးက ၈ ရက်နေ့ညနေ ၅ နာရီက စပြီး လုပ်ဖြစ်လိုက်တယ်ပေါ့။ ချောက်ရေနံမြေရယ်၊ MOGE ရယ် စာရင်းအရဆိုရင် ဝန်ထမ်းက ၈၈၆ ယောက်ရှိပါတယ်။ ကုမ္ပဏီဝန်ထမ်း ကတော့ ၁၃၂ ဦး။ အဲဒါက ချောက်ရေနံမြေတခုလုံးရဲ့ ပရောဂျက်တခုလုံးပေါ့နော်။”

အခုလို ရေနံမြေဝန်ထမ်းတွေအားလုံး တညီတညွတ်တည်း အလုပ်မဆင်းကြတာနဲ့ပတ်သက်လို့ တစုံတရာ ခြိမ်းခြောက်မှု၊ ဖိအားပေး အလုပ်စေခိုင်းမှုတွေ ရှိခဲ့သလားဆိုတာကို မေးမြန်းရာမှာတော့ သူက အခုလို ဖြေပါတယ်။

“CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်မှုမျိုးစုံနဲ့ အလုပ်ထွက်မှာလား၊ ခွင့်သွားမှာလားဆိုတဲ့ ပရိယာယ်တွေ သုံးခဲ့တယ်။ ဝန်ထမ်းတွေကို CDM ဆက်လုပ်ရင် အလုပ်ဖြုတ်ပစ်မယ်၊ ခွင့်ယူတဲ့ဝန်ထမ်းများရင် ရက်စားမပေးဘူး။ ခွင့် ၁၄ ရက်ထက် ထပ်တက်လို့ရှိရင် အလုပ်တခါတည်းထုတ်ပစ်မယ်။ လူစားထိုးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေ၊ CDM လုပ်တဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီးထောင်ချမယ်ဆိုတဲ့ အဲလို ခြိမ်းခြောက်မှုမျိုးစုံ လာနေတယ်ပေါ့။ လက်ရှိမှာဆိုရင် ၁၆ ရက်နေ့က ဝါဇီစက်ရုံကို၊ ဝါဇီစက်ရုံ ဆိုတာက မြန်မာတနိုင်ငံလုံးအတွက် ပိုက်ဆံထုတ်တဲ့စက်ရုံကို MOGE ရေနံမြေတခုဖြစ်တဲ့ အရာတော်ရေနံမြေက လေဘောင် (Gas) ပေးရတာရှိတယ်။ လေဘောင်ပေးရတယ်ဆိုတာက စစ်သားတွေက လက်နက်ကိုင်ပြီးတော့ ခင်ဗျားတို့ရေနံမြေက ဂက်စ် ကို အခုချက်ခြင်းဖွင့်ရမယ် ဆိုပြီးတော့ အခုချိန်ထိ ဝါဇီ ပိုက်ဆံစက်ရုံကို သေနတ်မိုးပြီးပို့ခိုင်းတဲ့ ခြိမ်းခြောက်မှုမျိုးတွေက ယခုအချိန်ထိ ကြုံတွေ့နေရတယ်ပေါ့ရှင်။”

တဆက်တည်းမှာပဲ သူက အာဏာသိမ်းအစိုးရလက်အောက်မှာ အလုပ်မလုပ်နိုင်ကြောင်းကို အခုလို ဆက်ပြောပါတယ်။

“ - အာဏာသိမ်းစစ်အစိုးရလက်အောက်မှာ မလုပ်ကိုင်နိုင်ဘူး။ အာဏာသိမ်းစစ်အစိုးရ လက် အောက်မှာ မလုပ်ကိုင်နိုင်ဘူး။ ပြည်သူတင်မြှောက်သောအစိုးရတရပ် မပေါ်မချင်း CDM Movement ကို လုံးဝ လုံးဝ ရပ်ဆိုင်းမည် မဟုတ်ကြောင်း. စတိတ်မဲန့်ထုတ်ပြီးတော့ ကျမတို့ဝန်ထမ်းတွေက ဒီလိုမျိုးတွေ သတ်မှတ်ခဲ့တယ်။ အဲဒါက ချောက်ရေနံမြေတခုတည်း မဟုတ်ပါဘူးရှင်။ စောစောကပြောတဲ့ ရေနံမြေဌာန ၁၃ ခုလုံးပါ။”

ဒါကတော့ ချောက်ရေနံမြေ အကြမ်းမဖက်အာဏာဖီဆန်နေသူ အမျိုးသမီးတဦးက ပြောပြခဲ့တာပါ။ မကွေးမှာတော့ အထက်လူကြီးတွေရဲ့ ဖိအားပေးမှု၊ တခြားအကြမ်းဖက်နှိပ်ကွပ်ခံနေရတာတွေကို လူမှုကွန်ယက်တွေမှာ မြင်တွေ့နေရတာတွေကြောင့် ကြောက်လန့်ပြီး အလုပ်ပြန် ဆင်းကြတဲ့ဝန်ထမ်းတွေရှိလာကြောင်း CDM လှုပ်ရှားမှုအပြီးတိုင်လုပ်သွားမယ့် ဆရာမတဦးက ပြောပါတယ်။

“ကျန်းမာရေးလည်းထွက်တယ်။ ဌာနဆိုင်ရာဝန်ထမ်းအသီးသီး ထွက်ကြတယ်ပေါ့။ ဌာနပေါင်းစုံ တော်တော်များများ ပါပါတယ်။ ဘဏ်တွေလည်း ပါပါတယ်။ ဒီ ၁ ရက်၊ ၂ ရက်အတွင်းမှာ ဖိအားပေးသလိုမျိုးလေးတွေ ဖြစ်လာတော့ - လိုင်းပေါ်မှာ ဒီလိုစကားလုံးလေးတွေ မြင်ရတဲ့အခါကျတော့ တချို့တွေလည်း ပြန်ပြီးကြောက်ကြတာပေါ့။ အထက်က လူကြီး ဖုံးခေါ် တယ်ဆိုလို့ရှိရင် သွားကြတာမျိုးပေါ့။ ဝန်ထမ်းအနေနဲ့ကတော့ လကုန်မှ လစာရမှာမျိုးပေါ့။ ဒီကြားထဲမှာတော့ လစာနဲ့ဖြစ်အောင်စားနေကြရတာပဲ။ အနုပညာလောကကလည်း ပြန်ပြီးထောက်ပံ့မယ်ဆိုတဲ့ဟာလေးတွေ တွေ့ရတယ်။ ထောက်ပံ့မယ် မထောက်ပံ့ဘူးဆိုတာကတော့ ဘယ်လိုလာမယ် မပြောတတ်သေးဘူးပေါ့။”

ပုဂံညောင်ဦးဘက်မှာလည်း ဆန့်ကျင်ကန့်ကွက်မှုတွေ ပုံမှန်အတိုင်းရှိနေပြီး ဝန်ထမ်းတွေလည်း ပါဝင်ဆန္ဒပြနေကြဆဲပါပဲလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကိုညီထက်က ပြောပါတယ်။

“လူထုကတော့ လျော့တော့လည်းမသွားဘူး။ ပုံမှန်လေး ဒီအတိုင်းပဲရှိနေတယ်ဗျ။ ညောင်ဦး စီးပွါးရေးဘဏ်ရှေ့မှာတော့ ထိုင်သပိတ်တွေ ရှိတယ်ပေါ့။ ငြိမ်းချမ်းစွာနဲ့ပဲ ဒီမိုကရေစီဆန်ဆန် လှည့်လည်ဆန္ဒပြနေတာပါ။ အကြမ်းဖက်မှုတွေကတော့ အတော်ကိုရှောင်ပါတယ်။ ဝန်ထမ်းတွေလည်း အဓိကကတော့ ဆရာဆရာမတွေပါတယ်။ ထွေအုပ်ကဝန်ထမ်းတချို့လည်းပါတယ်။ စည်ပင်တို့၊ မြန်မာ့မီးရထားတို့ကဝန်ထမ်းတွေလည်း တွေ့တယ်ဗျ။ များသောအားဖြင့် ဝန်ထမ်းတော်တော်များများလည်းပါဝင်တယ်။ မြို့ခံလူထုလည်း ပါတဲ့အပြင် အခုဆိုရင် ကျေးရွာတွေကပါ ပါလာတာကို တွေ့ရတယ်ခင်ဗျ။”

အောင်လံမြို့မှာလည်း CDM လှုပ်ရှားမှု အောင်မြင်နေကြောင်း အရပ်သား၊ ဝန်ထမ်းအားလုံး ဆန္ဒပြနေကြပြီး နှောင့်ယှက်အကြမ်းဖက်မှု တစုံတရာမရှိဘူးလို့ အောင်လံမြို့က တက်ကြွလှုပ်ရှားသူ ကိုသူရနိုင်က ဆိုပါတယ်။

“အောင်လံမြို့နယ်ဆေးရုံကြီးရဲ့ရှေ့မှာလည်း ဆေးရုံတခုလုံး CDM လုပ်ထားတယ်ဆိုပြီး ဆိုင်းဘုတ်ချိတ်ထားပါတယ်ဗျ။ ဒါကတော့ ကျနော်တို့ အောင်လံမြို့ရဲ့ ထူးခြားချက်ပါ။ နောက်တခုကတော့ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းဆရာဆရာမတွေ အင်မတန်မှ ညီညွတ်ကြတယ်။ အင်အားများတယ်။ ကျနော်တို့စစ်ကြောင်းမှာ သူတို့ အလျင်းသင့်သလို ဝင်ရောက်ပူးပေါင်းချီတက်ကြပါတယ်။ ပညာရေးနဲ့ကျန်းမာရေးကတော့ အောင်လံမြို့မှာ အင်မတန်မှ အားရဖို့ ကောင်းပါတယ်။ နောက်တခုက သစ်တော၊ နောက် အရံမီးသတ်တပ်ဖွဲ့။ လျှပ်စစ်ဝန်ထမ်းတွေလည်း လာပြီး ပူးပေါင်းကြတယ်။ အားအရဆုံးကတော့ ပညာရေးနဲ့ကျန်းမာရေး”

ပေါက်ခေါင်းမြို့မှာလည်း CDM လှုပ်ရှားမှုကိုဆက်သွယ်ပါဝင်သူ ဝန်ထမ်းအများစုဟာ ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ကြတယ်လို့ ကျန်းမာရေးဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

“ကျမတို့ကျန်းမာရေးမှာတော့ CDM လုပ်တဲ့သူက တော်တော်လေးများတယ်ရှင့်။ ကျမကို အလုပ်ဖြုတ်လည်း ဖြုတ်လို့ရပါတယ်ရှင့်။ ကျမကတော့ အဆုံးအထိ တိုက်မယ့်အတွက် အလုပ်ပြုတ်မှာတွေ ဘာတွေ ထည့်ပြီးတော့ စဉ်းစားမနေတော့ပါဘူး။”

အခုလက်ရှိအချိန်အထိ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ဝန်ထမ်းအများစုကတော့ အဖမ်းခံရမယ့်အရေးအပြင် နောက် ၁၀ ရက်အကြာ လခထုတ်ရက်မှာ လခထုတ်လို့မှ ရပါတော့မလားဆိုတာ မရေရာတဲ့အပြင် လူမှုကွန်ယက်တွေမှာ CDM ဝန်ထမ်းတွေကို အကူအညီပေးမယ် ဆိုတဲ့ဘယ်အဖွဲ့အစည်းနဲ့မှလည်း အဆက်အသွယ်မရတဲ့အတွက် ရှေ့ဆက် ဘယ်လိုဖြစ်မယ်ဆိုတာ သေချာမသိသေးပေမယ့် အခုထိတော့ သူတို့အနေနဲ့ ဆက်လက် လှုပ်ရှားနေအုံးမှာဖြစ်တယ်လို့လည်း ပြောကြပါတယ်ရှင်။

#CDM, #MOGE #ဝါဇီ#မေကြး #ေခ်ာက္ #ေပါက္ေခါင္း #ေအာင္လံ #ပုဂံ #Myanmar, #What'sHappening

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG