သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"ႏွစ္" ငါးလံုး အေထြေထြသပိတ္လုပ္ဖို႔ ႏိႈးေဆာ္ေန


ရန္ကုန္ လွည္းတန္းအနီးက ဆႏၵျပ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဦးေဆာင္ၿပီး အာဏာသိမ္းယူထားတဲ့အေပၚ ဆန္႔က်င္ ကန္႔ကြက္မႈေတြ ႏိုင္ငံအႏွံ႔ ၿမိဳ႕ေတြမွာ ဆက္လက္ရွိေနပါတယ္။ မနက္ျဖန္ကို ၂ ငါးလံုး ျပည္လံုးကြ်တ္ အေထြေထြသပိတ္ဆင္ႏဲႊၾကဖုိ႔ ဆႏၵျပသူေတြ ေဆာ္ၾသေနၿပီး တႏိုင္ငံလုံးက ဝန္ထမ္းေတြအားလံုး ပါဝင္ၾကဖုိ႔ တိုက္တြန္းေနပါတယ္။ City Mart လုပ္ငန္းပိုင္ အစားအေသာက္နဲ႔ ကုန္ပစၥည္းအေရာင္းဆိုင္ႀကီးေတြအားလံုးကို မနက္ျဖန္မွာ ပိတ္ထားမယ္လို႔ City Mart Holding ကုမၸဏီက ေၾကညာပါတယ္။ အလားတူ ဂမုန္းပြင့္ကုန္စံုဆိုင္အားလံုးကိုလည္း မနက္ျဖန္ပိတ္ထားမယ္လို႔ ေၾကညာထားပါတယ္။ ရန္ကုန္ၿမိဳ႕ ထဲက ေစ်းႀကီးေတြနဲ႔ စားေသာက္ဆိုင္ေတြကလည္း မနက္ျဖန္ပိတ္ထားမယ္လို႔ ေစ်းဝယ္ေတြကို အသိေပးထားပါတယ္။

ဒီေန႔ တနဂၤေႏြေန႔မွာလည္း အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္႐ွားဆႏၵျပမႈေတြ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ဆက္လုပ္ေနၾကပါတယ္။

မႏၱေလးၿမိဳ႕ သေဘၤာက်င္း႐ွိရာ ကမ္းနားမွာ မေန႔က လံုၿခံဳေရးတပ္ေတြ ပစ္ခတ္မႈေၾကာင့္ ႏွစ္ ေယာက္ေသဆံုးခဲ့ေပမဲ့ ဒီေန႔ မႏၱေလးၿမိဳ႕မွာ ဆႏၵျပသူအေျမာက္အမ်ား ဒီေန႔ လမ္းေပၚထြက္ ဆႏၵထုတ္ေဖာ္ၾကပါတယ္။

"အေရးေတာ္ပံု ေအာင္ရမည္။ အေရးေတာ္ပံု ေအာင္ရမည္။ သပိတ္ သပိတ္ ေမွာက္ ေမွာက္။"

ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဖမ္းဆီးခံထားရသူေတြကို ျပန္လႊတ္ေပးေရး၊ CDM လႈပ္႐ွားမႈမွာ ပါဝင္ေထာက္ခံေရးဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ဆႏၵျပၾကသူ အမ်ားအျပားကို မႏၱေလးၿမိဳ႕ လမ္းမေတြေပၚမွာ ျမင္ရပါတယ္။

ရန္ကုန္ၿမိဳ႕မွာလည္း စစ္အာဏာသိမ္းမႈဆန္႔က်င္ ဆႏၵျပမႈ ပံုစံမ်ဳိးစံုကို ေတ႔ြျမင္ရပါတယ္။ ဘာသာေရးအဖဲြ႔အစည္းေတြ၊ လူငယ္ေက်ာင္းသားေတြ၊ ဝန္ထမ္းေတြ၊ အိမ္႐ွင္မေတြ၊ ဂီတနဲ႔ဆႏၵထုတ္ေဖာ္သူေတြ အမ်ဳိးစံု႐ွိပါတယ္။

အိမ္႐ွင္မေတြ ထိုင္သပိတ္ေမွာက္ၿပီး သံပံုးတီး ဆႏၵျပေနၾကတဲ့အသံေတြျဖစ္ပါတယ္။ ျမန္မာ့အေရးကမာၻသိေစဖုိ႔ ရည္ရြယ္ၿပီး သံ႐ံုးေတြေရွ႕ လွည့္လည္ ဆႏၵထုတ္ေဖာ္ေနၾကသူေတြလည္း႐ွိပါတယ္။

မႏၱေလးၿမိဳ႕မွာ စေနေန႔က ပစ္ခတ္ႏွိမ္နင္းမႈအတြင္း ဆယ္ေက်ာ္သက္တေယာက္အပါအဝင္ ႏွစ္ ေယာက္ေသဆံုးခဲ့တဲ့ သတင္းၾကားရၿပီးေနာက္ ခုလို ဆႏၵထြက္ျပဖုိ႔ ပိုအေရးႀကီးတယ္လို႔ ဆႏၵျပၾကသူေတြက ေျပာပါတယ္။

"သူတို႔ ဒီေန႔တေယာက္ သတ္တယ္ဆိုရင္ က်ေနာ္တို႔က လူ ၁၀,၀၀၀ ပိုတိုးတယ္။ ဆႏ̔ျပမႈကို ပိုပိုတိုးတယ္။ က်ေနာ္တို႔ကေတာ့ ရပ္တန္႔မွာေတာ့ မဟုတ္ဘူး။ ဘာလို႔ မရပ္တန္႔လဲဆိုရင္ က်ေနာ္တို႔ လုိခ်င္တဲ့ ဒီမိုကေရစီကို က်ေနာ္တို႔က ပန္းတိုင္ကို ဇဲြမေလွ်ာ့ဘဲနဲ႔ ဆက္သြားမယ္။ ဒါေၾကာင့္မို႔လို႔ ႏိုင္ငံတကာကို ေျပာျပခ်င္ပါတယ္။ ထိေရာက္တဲ့ sanction အေရးယူမႈသာမကဘဲနဲ႔ ပိုမို ထိေရာက္တဲ့ ျပင္းျပင္းထန္ထန္အေရးယူမႈေတြ အျမန္ဆံုးလုပ္ေပးပါလို႔ က်ေနာ္ ေတာင္းဆိုခ်င္တယ္။"

သူတို႔ဘက္က အၾကမ္းမဖက္ ဆက္ၿပီး ဆႏၵျပသြားမွာျဖစ္တယ္လို႔ ဆႏၵျပၾကသူေတြက ေျပာၾကပါတယ္။ လံုၿခံဳေရးတပ္ဖဲြ႔ဝင္ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ေသဆံုးသြားတဲ့ ဆႏၵျပျပည္သူေတြအတြက္ ဆုေတာင္းေပးၾကသူေတြလည္း႐ွိပါတယ္။

လမ္းမေတြေပၚမွာ စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ စာသားေတြ၊ ဒီမိုကေရစီေတာင္းဆိုတဲ့ စာသားေတြကို စာလံုးႀကီးေတြနဲ႔ ေရးသား ဆႏၵထုတ္တဲ့ ၿမိဳ႕ေတြလည္း ပိုမ်ားလာတာ ေတြ႔ေနရပါတယ္။ အာဏာပိုင္ေတြဘက္ကေတာ့ ဆႏၵျပသူေတြ၊ CDM လႈပ္႐ွားမႈမွာ တက္တက္ႂကြႂကြပါဝင္ေနသူေတြကို ဆက္လက္ဖမ္းဆီးေနပါတယ္။ ေက်ာ္ၾကားတဲ့ ႐ုပ္႐ွင္သ႐ုပ္ေဆာင္ လူမင္းကို ေနအိမ္ကေန စေနေန႔ ညဘက္က လာေရာက္ဖမ္းဆီးသြားပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေ႐ွာက္ေရးအသင္းရဲ႕ စာရင္းအရ အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစၿပီး ဖမ္းဆီး၊ တရားစြဲ ေထာင္ခ်ခံထားရသူ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔အထိ ၅၂၃ ေယာက္႐ွိပါတယ္။ ဆႏၵျပမႈကို အၾကမ္းဖက္နွိမ္နင္းတာေၾကာင့္ ေလာေလာဆယ္သိထားရသေလာက္ ေသဆံုးသူ သံုး ေယာက္႐ွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

"နှစ်" ငါးလုံး အထွေထွေသပိတ်လုပ်ဖို့ နှိုးဆော်နေ

မြန်မာနိုင်ငံမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်ပြီး အာဏာသိမ်းယူထားတဲ့အပေါ် ဆန့်ကျင် ကန့်ကွက်မှုတွေ နိုင်ငံအနှံ့ မြို့တွေမှာ ဆက်လက်ရှိနေပါတယ်။ မနက်ဖြန်ကို ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်ဆင်နွဲှကြဖို့ ဆန္ဒပြသူတွေ ဆော်သြနေပြီး တနိုင်ငံလုံးက ဝန်ထမ်းတွေအားလုံး ပါဝင်ကြဖို့ တိုက်တွန်းနေပါတယ်။ City Mart လုပ်ငန်းပိုင် အစားအသောက်နဲ့ ကုန်ပစ္စည်းအရောင်းဆိုင်ကြီးတွေအားလုံးကို မနက်ဖြန်မှာ ပိတ်ထားမယ်လို့ City Mart Holding ကုမ္ပဏီက ကြေညာပါတယ်။ အလားတူ ဂမုန်းပွင့်ကုန်စုံဆိုင်အားလုံးကိုလည်း မနက်ဖြန်ပိတ်ထားမယ်လို့ ကြေညာထားပါတယ်။ ရန်ကုန်မြို့ ထဲက ဈေးကြီးတွေနဲ့ စားသောက်ဆိုင်တွေကလည်း မနက်ဖြန်ပိတ်ထားမယ်လို့ ဈေးဝယ်တွေကို အသိပေးထားပါတယ်။

ဒီနေ့ တနင်္ဂနွေနေ့မှာလည်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားဆန္ဒပြမှုတွေ မြို့တော်တော်များများမှာ ဆက်လုပ်နေကြပါတယ်။

မန္တလေးမြို့ သင်္ဘောကျင်းရှိရာ ကမ်းနားမှာ မနေ့က လုံခြုံရေးတပ်တွေ ပစ်ခတ်မှုကြောင့် နှစ် ယောက်သေဆုံးခဲ့ပေမဲ့ ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြသူအမြောက်အများ ဒီနေ့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ကြပါတယ်။

"အရေးတော်ပုံ အောင်ရမည်။ အရေးတော်ပုံ အောင်ရမည်။ သပိတ် သပိတ် မှောက် မှောက်။"

မန္တလေးမြို့ လမ်းမတွေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးရေး၊ CDM လှုပ်ရှားမှုမှာ ပါဝင်ထောက်ခံရေးဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒပြကြသူ အများအပြားကို မြင်ရပါတယ်။

ရန်ကုန်မြို့မှာလည်း စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြမှု ပုံစံမျိုးစုံကို တေ့ွမြင်ရပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူငယ်ကျောင်းသားတွေ၊ ဝန်ထမ်းတွေ၊ အိမ်ရှင်မတွေ၊ ဂီတနဲ့ဆန္ဒထုတ်ဖော်သူတွေ အမျိုးစုံရှိပါတယ်။

အိမ်ရှင်မတွေ ထိုင်သပိတ်မှောက်ပြီး သံပုံးတီး ဆန္ဒပြနေကြတဲ့အသံတွေဖြစ်ပါတယ်။ မြန်မာ့အရေးကမ္ဘာသိစေဖို့ ရည်ရွယ်ပြီး သံရုံးတွေရှေ့ လှည့်လည် ဆန္ဒထုတ်ဖော်နေကြသူတွေလည်းရှိပါတယ်။

မန္တလေးမြို့မှာ စနေနေ့က ပစ်ခတ်နှိမ်နှင်းမှုအတွင်း ဆယ်ကျော်သက်တယောက်အပါအဝင် နှစ် ယောက်သေဆုံးခဲ့တဲ့ သတင်းကြားရပြီးနောက် ခုလို ဆန္ဒထွက်ပြဖို့ ပိုအရေးကြီးတယ်လို့ ဆန္ဒပြကြသူတွေက ပြောပါတယ်။

"သူတို့ ဒီနေ့တယောက် သတ်တယ်ဆိုရင် ကျနော်တို့က လူ ၁၀,၀၀၀ ပိုတိုးတယ်။ ဆန̔ပြမှုကို ပိုပိုတိုးတယ်။ ကျနော်တို့ကတော့ ရပ်တန့်မှာတော့ မဟုတ်ဘူး။ ဘာလို့ မရပ်တန့်လဲဆိုရင် ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီကို ကျနော်တို့က ပန်းတိုင်ကို ဇွဲမလျှော့ဘဲနဲ့ ဆက်သွားမယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာကို ပြောပြချင်ပါတယ်။ ထိရောက်တဲ့ sanction အရေးယူမှုသာမကဘဲနဲ့ ပိုမို ထိရောက်တဲ့ ပြင်းပြင်းထန်ထန်အရေးယူမှုတွေ အမြန်ဆုံးလုပ်ပေးပါလို့ ကျနော် တောင်းဆိုချင်တယ်။"

သူတို့ဘက်က အကြမ်းမဖက် ဆက်ပြီး ဆန္ဒပြသွားမှာဖြစ်တယ်လို့ ဆန္ဒပြကြသူတွေက ပြောကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ဆန္ဒပြပြည်သူတွေအတွက် ဆုတောင်းပေးကြသူတွေလည်းရှိပါတယ်။

လမ်းမတွေပေါ်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ စာသားတွေ၊ ဒီမိုကရေစီတောင်းဆိုတဲ့ စာသားတွေကို စာလုံးကြီးတွေနဲ့ ရေးသား ဆန္ဒထုတ်တဲ့ မြို့တွေလည်း ပိုများလာတာ တွေ့နေရပါတယ်။ အာဏာပိုင်တွေဘက်ကတော့ ဆန္ဒပြသူတွေ၊ CDM လှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေသူတွေကို ဆက်လက်ဖမ်းဆီးနေပါတယ်။ ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် လူမင်းကို နေအိမ်ကနေ စနေနေ့ ညဘက်က လာရောက်ဖမ်းဆီးသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဖမ်းဆီး၊ တရားစွဲ ထောင်ချခံထားရသူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ ၅၂၃ ယောက်ရှိပါတယ်။ ဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းတာကြောင့် လောလောဆယ်သိထားရသလောက် သေဆုံးသူ သုံး ယောက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG