သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္ေက်းရြာ ၃၀ ေက်ာ္ ျမဝတီၿမိဳ႕ကို ခ်ီတက္ဆႏၵျပ


ကရင္ျပည္နယ္ ျမဝတီျမိဳ႕ကုိ ကရင္ေက်းရြာေပါင္း ၃၀ ေက်ာ္က လာေရာက္ပူးေပါင္း ခ်ီတက္ဆႏၵျပတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၁)

[Zawgyi/Unicode]

ကရင္ျပည္နယ္ ျမ၀တီျမိဳ႕ကုိ ကရင္ေက်းရြာေပါင္း ၃၀ ေက်ာ္က လာေရာက္ပူးေပါင္းခဲ့ျပီး ဆႏၵျပ ခ်ီတက္ခဲ့တာေၾကာင့္ ျပီးခဲ့တဲ့ရက္ေတြက ရဲနဲ႔ စစ္တပ္ေတြ တားဆီး ပိတ္ဆို႔ထားတဲ့ဘုရင့္ေနာင္လမ္းမႀကီးကုိ ဖြင့္ေပးလိုက္ရပါတယ္။ ဒီသတင္းကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ကရင္ျပည္နယ္ ျမဝတီျမိဳ႕ကုိ ကရင္ေက်းရြာေပါင္း ၃၀ ေက်ာ္က လာေရာက္ပူးေပါင္း ခ်ီတက္ဆႏၵျပတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၁)
ကရင္ျပည္နယ္ ျမဝတီျမိဳ႕ကုိ ကရင္ေက်းရြာေပါင္း ၃၀ ေက်ာ္က လာေရာက္ပူးေပါင္း ခ်ီတက္ဆႏၵျပတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၁)

ကရင္ျပည္နယ္ထဲက ေက်းရြာေပါင္း ၃၀ ေက်ာ္က ကရင္လူထုေတြ ခ်ီတက္လာခဲ့ျပီး ျမ၀တီက ဆႏၵျပသူေတြနဲ႔ လာေရာက္ပူးေပါင္းခဲ့တာပါ ခ်ီတက္လာေဒသခံ ကရင္လူထုကုိ ကရင္အမ်ိဳးသားအစည္းအရံုး ေကအန္ယူက ၀န္းရံေပးခဲ့တယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚခဲ့တာပါ ခန္႔မွန္းေျခ သိန္းဂဏန္းေလာက္ရွိတဲ့ တနဂၤေႏြေန႔က ဆႏၵျပပဲြအေျခအေနနဲ႔ ပတ္သက္ၿပီး ျမ၀တီျမိဳ႕ခံတဦးက အခုလိုေျပာျပပါတယ္။

"ေကအန္ယူ ပါလာတယ္ဆိုျပီး မိန္းလမ္းမႀကီးကို ဖြင့္ေပးလိုက္ရတယ္။ ခရစ္ယာန္ဘုရားေက်ာင္းေရွ႕ရယ္၊ အ.ထ.က ေက်ာင္းေရွ႕ရယ္ကို သူတို႔က ပိတ္ထားတယ္။ အဲဒီလို ပိတ္ထားတာကို ဟိုဘက္ သကၤန္းညီေနာင္ဘက္က လာတဲ့အဖဲြနဲ႔ အမွတ္ (၁) တံတားဘက္တဖဲြ ့ လာတယ္၊ ႏွစ္ ဖဲြ ့လာတယ္။ ဟုိဘက္တဖဲြ႔၊ ဒီဘက္တဖဲြ ့လာၾကတယ္။ အလယ္မွာ ရဲေတြက ပိတ္ထားတယ္။ သူတို႔ေရာက္လာျပီး ေဆြးေႏြးတယ္။ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးေရွ႕မွာ ေဆြးေႏြးျပီးေတာ့မွ ဖြင့္ေပးလိုက္တယ္။ အလယ္မွာ ႏွစ္ ဖဲြ ့ေပါင္းမိသြားတယ္။ ၃၂ ရြာလို႔ ေျပာတယ္။ ညီေနာင္ဘက္မွာေတာ့ ထီ၀ါပေလာ အတြင္းမဲကနယ္ အျပင္မဲကနယ္ သူတို႔လာတဲ့ကားေတြမွာ ေရးထားတာေပါ့။ ေကအန္ယူေတြနဲ႔ ခ်ီတက္လာတဲ့ စစ္ေႀကာင္းဆုိျပီး လူထုကေတာ့ ဝမ္းသာၾကတာေပါ့။ လက္ခုတ္လက္၀ါးတီးျပီး ႀကိဳဆုိၾကတယ္။"

မၾကာေသးခင္တုန္းကေတာ့ ေကအန္ယူက ေၾကျငာခ်က္ထုတ္ျပန္ျပီး ကရင္လူထုေတြနဲ႔ ဆႏၵသေဘာထားအတိုင္း တသားတည္း ရွိတယ္လို႔ ေျပာဆုိခဲ့တာပါ။ တနဂၤေႏြေန႔ ျမ၀တီျမိဳ႕က ဆႏၵျပပဲြမွာ ေကအန္ယူေတြ ပါ၀င္ခဲ့သလားဆုိတာကို ေကအန္ယူ ကရင္အမ်ိဳးသားအစည္းအရံုးရဲ႕ တဲြဘက္အတြင္းေရမွဴး (၂) ဖဒုိေစာလွထြန္းကို အခုလိုေမးၾကည့္ခဲ့ပါတယ္။

"ေကအန္ယူအေနနဲ႔ကေတာ့ ေျပာျပီးသားပဲ။ ေကအန္ယူေၾကျငာခ်က္ထဲမွာလည္း ပါတယ္။ လူထုနဲ႔ တသားတည္းရွိတယ္ဆုိတာ ပါတယ္။ ေကအန္ယူ ၀န္းရံတယ္ဆုိတာကေတာ့ ေကအန္ယူရဲ႕ သူေဒသမွာေတာ့ ရွိေနၾကမွာပဲ သက္ဆုိင္ရာ ေအာက္ေျခမွာေတာ့ ရွိေနၾကမွာပဲ။ ကုိယ့္ေဒသမွာေတာ့ ၾကည့္ေနရတာပဲ ပါ၀င္လာတယ္ဆုိတာကေတာ့ အတိအက်ေတာ့ မသိေသးဘူး။ တခ်ိဳ႕ကုိေတာ့ ေအာက္ေျခမွာ ျပန္ေမးရဦးမွာေပါ့... လူထုထဲမွာသြားေနတဲ့အပိုင္းေတာ့ ရွိတယ္။"

ျမ၀တီျမိဳ႕မွာေတာ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို ဆႏၵျပမႈေတြ ဆက္တုိက္ရွိခဲ့ျပီး ကရင္ျပည္နယ္ရဲ႕ တျခားျမိဳ႕နယ္ေတြမွာေတာ့ ဆႏၵျပတာေတြ သိပ္မရွိပါဘူး။ ကရင္ျပည္နယ္ ဘားအံဘက္မွာေတာ့ လူထုေတြ ညဘက္သံပံုးတီးတာကအစ ေစာင့္ၾကည့္ေနတာေတြ ရွိေနတာေၾကာင့္ ျမ၀တီျမိဳ႕ေလာက္ေတာ့ လႈပ္ရွားမႈေတြ မရွိပါဘူး။ စစ္အာဏာသိမ္းျပီးတဲ့ေနာက္ ျမ၀တီျမိဳ႕မွာ ဆႏၵျပမႈေတြကို ေသနတ္နဲ႔ ပစ္ခတ္ျဖိဳခဲြတာေတြလည္း ရွိခဲ့ေပမဲ့ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပဲြေတြကေတာ့ ဆက္ရွိေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကရင်ကျေးရွာ ၃၀ ကျော် မြဝတီမြို့ကို ချီတက်ဆန္ဒပြ

ကရင်ပြည်နယ် မြဝတီမြို့ကို ကရင်ကျေးရွာပေါင်း ၃၀ ကျော်က လာရောက်ပူးပေါင်းခဲ့ပြီး ဆန္ဒပြ ချီတက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်တွေက ရဲနဲ့ စစ်တပ်တွေ တားဆီး ပိတ်ဆို့ထားတဲ့ဘုရင့်နောင်လမ်းမကြီးကို ဖွင့်ပေးလိုက်ရပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ကရင်ပြည်နယ်ထဲက ကျေးရွာပေါင်း ၃၀ ကျော်က ကရင်လူထုတွေ ချီတက်လာခဲ့ပြီး မြဝတီက ဆန္ဒပြသူတွေနဲ့ လာရောက်ပူးပေါင်းခဲ့တာပါ ချီတက်လာဒေသခံ ကရင်လူထုကို ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူက ဝန်းရံပေးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ ခန့်မှန်းခြေ သိန်းဂဏန်းလောက်ရှိတဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲအခြေအနေနဲ့ ပတ်သက်ပြီး မြဝတီမြို့ခံတဦးက အခုလိုပြောပြပါတယ်။

"ကေအန်ယူ ပါလာတယ်ဆိုပြီး မိန်းလမ်းမကြီးကို ဖွင့်ပေးလိုက်ရတယ်။ ခရစ်ယာန်ဘုရားကျောင်းရှေ့ရယ်၊ အ.ထ.က ကျောင်းရှေ့ရယ်ကို သူတို့က ပိတ်ထားတယ်။ အဲဒီလို ပိတ်ထားတာကို ဟိုဘက် သင်္ကန်းညီနောင်ဘက်က လာတဲ့အဖွဲနဲ့ အမှတ် (၁) တံတားဘက်တဖွဲ့ လာတယ်၊ နှစ် ဖွဲ့လာတယ်။ ဟိုဘက်တဖွဲ့၊ ဒီဘက်တဖွဲ့လာကြတယ်။ အလယ်မှာ ရဲတွေက ပိတ်ထားတယ်။ သူတို့ရောက်လာပြီး ဆွေးနွေးတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆွေးနွေးပြီးတော့မှ ဖွင့်ပေးလိုက်တယ်။ အလယ်မှာ နှစ် ဖွဲ့ပေါင်းမိသွားတယ်။ ၃၂ ရွာလို့ ပြောတယ်။ ညီနောင်ဘက်မှာတော့ ထီဝါပလော အတွင်းမဲကနယ် အပြင်မဲကနယ် သူတို့လာတဲ့ကားတွေမှာ ရေးထားတာပေါ့။ ကေအန်ယူတွေနဲ့ ချီတက်လာတဲ့ စစ်ကြောင်းဆိုပြီး လူထုကတော့ ဝမ်းသာကြတာပေါ့။ လက်ခုတ်လက်ဝါးတီးပြီး ကြိုဆိုကြတယ်။"

မကြာသေးခင်တုန်းကတော့ ကေအန်ယူက ကြေငြာချက်ထုတ်ပြန်ပြီး ကရင်လူထုတွေနဲ့ ဆန္ဒသဘောထားအတိုင်း တသားတည်း ရှိတယ်လို့ ပြောဆိုခဲ့တာပါ။ တနင်္ဂနွေနေ့ မြဝတီမြို့က ဆန္ဒပြပွဲမှာ ကေအန်ယူတွေ ပါဝင်ခဲ့သလားဆိုတာကို ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ တွဲဘက်အတွင်းရေမှူး (၂) ဖဒိုစောလှထွန်းကို အခုလိုမေးကြည့်ခဲ့ပါတယ်။

"ကေအန်ယူအနေနဲ့ကတော့ ပြောပြီးသားပဲ။ ကေအန်ယူကြေငြာချက်ထဲမှာလည်း ပါတယ်။ လူထုနဲ့ တသားတည်းရှိတယ်ဆိုတာ ပါတယ်။ ကေအန်ယူ ဝန်းရံတယ်ဆိုတာကတော့ ကေအန်ယူရဲ့ သူဒေသမှာတော့ ရှိနေကြမှာပဲ သက်ဆိုင်ရာ အောက်ခြေမှာတော့ ရှိနေကြမှာပဲ။ ကိုယ့်ဒေသမှာတော့ ကြည့်နေရတာပဲ ပါဝင်လာတယ်ဆိုတာကတော့ အတိအကျတော့ မသိသေးဘူး။ တချို့ကိုတော့ အောက်ခြေမှာ ပြန်မေးရဦးမှာပေါ့... လူထုထဲမှာသွားနေတဲ့အပိုင်းတော့ ရှိတယ်။"

မြဝတီမြို့မှာတော့ စစ်အုပ်ချုပ်ရေးကောင်စီကို ဆန္ဒပြမှုတွေ ဆက်တိုက်ရှိခဲ့ပြီး ကရင်ပြည်နယ်ရဲ့ တခြားမြို့နယ်တွေမှာတော့ ဆန္ဒပြတာတွေ သိပ်မရှိပါဘူး။ ကရင်ပြည်နယ် ဘားအံဘက်မှာတော့ လူထုတွေ ညဘက်သံပုံးတီးတာကအစ စောင့်ကြည့်နေတာတွေ ရှိနေတာကြောင့် မြဝတီမြို့လောက်တော့ လှုပ်ရှားမှုတွေ မရှိပါဘူး။ စစ်အာဏာသိမ်းပြီးတဲ့နောက် မြဝတီမြို့မှာ ဆန္ဒပြမှုတွေကို သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲတာတွေလည်း ရှိခဲ့ပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကတော့ ဆက်ရှိနေဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG