သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသူေတြကုိ အၾကမ္းဖက္ႏွိမ္နင္းတဲ့အေပၚ စိတ္ေသာကျဖစ္ရ - ရန္ကုန္ ကန္သံ႐ုံး


ရန္ကုန္ၿမိဳ႕၊ အေမရိကန္သံ႐ုံးေရွ႕တြင္ စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပၾကသူမ်ား။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

ဆန္႔က်င္သေဘာထားကြဲလြဲခြင့္ အခြင့္အေရးကို အသုံးခ်တာေၾကာင့္ ဘယ္သူတဦးတေယာက္ကိုမွ အႏၲရာယ္ မက်ေရာက္ေစသင့္ဘူးလို႔ ရန္ကုန္ၿမိဳ႕ အေမရိကန္သံ႐ုံးက စေနေန႔က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

မျမသြဲ႔သြဲ႔ခိုင္ ေနျပည္ေတာ္မွာ ေသဆုံးၿပီး ေနာက္တရက္မွာပဲ မႏၲေလးမွာ ဆႏၵျပသူေတြ အသက္ေသဆုံးေလာက္ေအာင္ ပစ္ခတ္တာေၾကာင့္ အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ အလြန္အမင္း စိတ္ေသာက ျဖစ္ရပါတယ္လို႔လည္း အေမရိကန္သံ႐ုံးရဲ႕ ေၾကညာခ်က္မွာ ပါရွိပါတယ္။

စစ္တပ္အေနနဲ႔ ျမန္မာျပည္သူလူထုအေပၚ အင္အားသုံး အၾကမ္းဖက္ေနတာေတြကို ရပ္တန္းက ရပ္ပစ္ရပါမယ္လို႔လည္း အေမရိကန္သံ႐ုံးက ေတာင္းဆိုထားပါတယ္။

ေသာၾကာေန႔က မျမသြဲ႔သြဲ႔ခိုင္ ေသဆုံးခဲ့တဲ့သတင္း ၾကားအၿပီး ျမန္မာစစ္တပ္အေနနဲ႔ အင္အားသုံး အၾကမ္းဖက္ျခင္း မျပဳလုပ္ဖို႔နဲ႔ အာဏာစြန္႔လႊတ္ဖို႔ကိုလည္း အေမရိကန္ ျပည္ေထာင္စုကလည္း ေတာင္းဆိုထားတာပါ။

ျမန္မာျပည္သူေတြအေပၚ ဘယ္လို အင္အားသုံး အၾကမ္းဖက္မႈမ်ိဳးကိုမဆို အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျပစ္တင္႐ႈတ္ခ်ေၾကာင္းနဲ႔ အင္အားမသုံးဖို႔ ထပ္မံေတာင္းဆိုေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ေသာၾကာေန႔တုန္းကလည္း သတင္းေထာက္ေတြကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတဲ့အပေါ် စိတ်သောကဖြစ်ရ - ရန်ကုန် ကန်သံရုံး

ဆန့်ကျင်သဘောထားကွဲလွဲခွင့် အခွင့်အရေးကို အသုံးချတာကြောင့် ဘယ်သူတဦးတယောက်ကိုမှ အန္တရာယ် မကျရောက်စေသင့်ဘူးလို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက စနေနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မမြသွဲ့သွဲ့ခိုင် နေပြည်တော်မှာ သေဆုံးပြီး နောက်တရက်မှာပဲ မန္တလေးမှာ ဆန္ဒပြသူတွေ အသက်သေဆုံးလောက်အောင် ပစ်ခတ်တာကြောင့် အမေရိကန် ပြည်ထောင်စု အနေနဲ့ အလွန်အမင်း စိတ်သောက ဖြစ်ရပါတယ်လို့လည်း အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

စစ်တပ်အနေနဲ့ မြန်မာပြည်သူလူထုအပေါ် အင်အားသုံး အကြမ်းဖက်နေတာတွေကို ရပ်တန်းက ရပ်ပစ်ရပါမယ်လို့လည်း အမေရိကန်သံရုံးက တောင်းဆိုထားပါတယ်။

သောကြာနေ့က မမြသွဲ့သွဲ့ခိုင် သေဆုံးခဲ့တဲ့သတင်း ကြားအပြီး မြန်မာစစ်တပ်အနေနဲ့ အင်အားသုံး အကြမ်းဖက်ခြင်း မပြုလုပ်ဖို့နဲ့ အာဏာစွန့်လွှတ်ဖို့ကိုလည်း အမေရိကန် ပြည်ထောင်စုကလည်း တောင်းဆိုထားတာပါ။

မြန်မာပြည်သူတွေအပေါ် ဘယ်လို အင်အားသုံး အကြမ်းဖက်မှုမျိုးကိုမဆို အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြစ်တင်ရှုတ်ချကြောင်းနဲ့ အင်အားမသုံးဖို့ ထပ်မံတောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က သောကြာနေ့တုန်းကလည်း သတင်းထောက်တွေကို ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG