သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကို မထောက်ခံရေး အမေရိကန်တ၀ှမ်း တောင်းဆိုဆန္ဒပြ


ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့ ဆန္ဒပြနေသည့် မြန်မာများ ( ၂၀ ဖေဖေါ်ဝါရီ ၂၀၂၁ - Photo VOA/ Burmese )

[ Zawgyi ]

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ထောက်ခံ ကူညီ အားပေးနေတာတွေ ဆက်မလုပ်ဖို့နဲ့ ရွေးချယ်တင်မြှောက်ခံထားရတဲ့ အရပ်သားအစိုးရကို ထောက်ခံပြီး ၊ ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ Global Action Call on China ဆိုတဲ့လှုပ်ရှားမှုကို "China's Policy, Burma's Misery" ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့မှာ မြန်မာတွေက တရုတ်သံရုံးနဲ့ ကောင်စစ်ဝန် ရုံးတွေရှေ့ တောင်းဆိုဆန္ဒပြကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

"Global Action Call" ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို ဖေဖေါ်ဝါရီ(၂၀)ရက် တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့မှာ တပြိုင်နက်ထဲ လုပ်ခဲ့ကြတာပါ။



ဝါရှင်တန်ဒီစီမှာရှိတဲ့ တရုတ်သံရုံးရှေ့ သွားရောက် တိုက်တွန်း ဆန္ဒပြခဲ့တဲ့ ဦးတေဇက သူတို့ရဲ့သဘောထားကို ခုလို ပြောပါတယ်။

" ဒီနေ့ကတော့လေ ကျနော်တို့ အမေရိကန်မှာ ရောက်ရှိနေတဲ့ မြန်မာတိုင်းရင်းသားတွေ အားလုံးကနေပြီးတော့မှ ကမ္ဘာတဝှမ်းလှုပ်ရှားမှု Gloal Action ခေါ်ပြီးတော့မှ မြန်မာပြည်မှာ အာဏာသိမ်း စစ်အစိုးရကို အားပေး ထောက်ခံနေတဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်အစိုးရရဲ့ ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြကြ ၊ ဆန္ဒထုတ်ဖေါ်ကြတဲ့ပွဲပါ ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံအနေနဲ့ ၁၉၈၈ ခုနှစ်ကတည်းက မြန်မာပြည်သူလူထုကြီးက လိုလားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကောင်အထည်ဖေါ်မှု ဖြစ်စဉ်တွေမှာပေါ့နော် ... အတားအဆီးဖြစ်နေတဲ့ မြန်မာစစ်တပ်ကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံကနေပြီးမှ ကူညီကာကွယ်ပေးနေတဲ့ ဖြစ်ရပ်အပေါ်မှာ မြန်မာပြည်သူလူထုကြီးတရပ်လုံးက မနှစ်မြို့ဘူးဆိုတဲ့အကြောင်း သွားရောက်အသိပေး ကန့်ကွက်ဆန္ဒပြတဲ့ပွဲ ဖြစ်ပါတယ်။ "


ဖေဖေါ်ဝါရီ(၂၀)မှာကျရောက်တဲ့ ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် မေရီလန်း ချင်းတိုင်းရင်းသားများအဖွဲ့ CAM က ကမကထပြုပြီး ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့ဆန္ဒပြပွဲ ပြုလုပ်ခဲပါတယ်။ မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေနဲ့ အသင်းဝင်တွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေတာကို ထောက်ခံအားပေးတဲ့ မေရီလန်းပြည်နယ်က ချင်းတိုင်းရင်းသား သင်းအုပ်ဆရာ ဦးသောမတ်စ်လျန်ကလည်း တရုတ်သံရုံးရှေ့ လာရောက် ဆန္ဒပြသူပါ။

" တရုတ်နိုင်ငံဟာ အတင်းအဓမ္မ အာဏာသိမ်း မြန်မာစစ်ကောင်စီနဲ့ ပတ်သက်လာရင် လက်မခံဖို့နဲ့ အတည်မပြုပေးဖို့ ၊ တရုတ်အစိုးရကို ကျနော်တို့ တောင်းဆိုချင်တာဖြစ်တယ်။ ပြီးတော့လည်း သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရကို လက်ခံပြီးတော့မှ သူတို့နဲ့ လက်တွဲပြီးတော့ အလုပ်လုပ်ဖို့ အဲဒါကို ကျနော်တို့ တောင်းဆိုတာဖြစ်တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရယ် ဖမ်းဆီးထားတဲ့ ဒီမိုကရက်တစ် ခေါင်းဆောင်တွေကို ချွင်းချက်မရှိ လွှတ်ပေးဖို့ ၊ ကျနော်တို့ တိုင်းရင်းသားတွေ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး .. အဲဒါတွေကို အကောင်ထည်ဖေါ်လာအောင် မြန်မာစစ်ကောင်စီကို ဖိအားပေးဖို့ ကျနော်တို့ လာရောက်တောင်းဆိုတာ ဖြစ်တယ်။ "

ရာသီဥတု ဆိုးဝါးတဲ့ကြားကပဲ အင်ဒီယားနားပြည်နယ်ကနေ မိုင်ထောင်ချီခရီးကို ဖြတ်သန်း ကားမောင်းလာရင်း ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့ ဆန္ဒပြနေသူ ကိုပြည်လင်းထူးရဲ့အမြင်ကတော့ -

" ကျနော်တို့ ဒီကိုလာရတဲ့ အကြောင်းရင်းက ဗမာပြည်မှာ စစ်အာဏာရှင်က အာဏာသိမ်းမှုအပေါ် တရုတ်အစိုးရက မထောက်ခံဖို့အတွက်ရယ် ၊ ကျနော်တို့ရဲ့ အစိုးရဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ ဦးဆောင်တဲ့ အဲဒီအစိုးရကို ထောက်ခံဖို့ ၊ ပြီးတော့ လတ်တလောမှာ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကိုထောက်ခံဖို့ ကူညီပံ့ပိုးဖို့ အဲဒါတွေကို လာပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ မြစ်ဆုံကိစ္စကို စစ်အစိုးရနဲ့ တရုတ်နဲ့က ပြန်လည် အကောင်ထည်ဖေါ်မယ်လို့ ကျနော်တို့ယူဆတယ်။ အဲလိုသာဖြစ်လာမယ်ဆိုရင် မြန်မာပြည်သူ (၅၄)သန်းဘဝက ဒုက္ခရောက်သွားနိုင်တယ်။ အဲဒီအတွက် မလုပ်ဖို့လည်း သူတို့ကို တောင်းပန်တယ်။ ဒီမိုကရက်တစ်အစိုးရနဲ့သာ အလုပ်လုပ်မယ်ဆိုရင် တရုတ်တိုင်းပြည်သည် ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် ရေရှည်စီးပွားရေးမှာ သူတို့အရမ်းကောင်းလာမှာပဲ ဆိုတာကို ကျနော်တို့ လာပြောတာပါ။ "

ဒီစီ တရုတ်သံရုံး
ဒီစီ တရုတ်သံရုံး


နယူးယောက်မြို့မှာလည်း နေရာ ၂ ခုမှာ တရုတ်အစိုးရကို တောင်းဆို တိုက်တွန်းခဲ့ကြောင်း ဆန္ဒပြပွဲမှာပါတဲ့ ကိုကျော်သူရက ပြောပါတယ်။

" ဒီနေ့ နယူးယောက်မှာ ဆန္ဒပြတဲ့နေရာက ၂ နေရာပါခင်ဗျ။ ပထမတနေရာက မန်ဟန်တန်-မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြတယ်။ အခုဆန္ဒပြတာကတော့ ၇၄ လမ်းမှာရှိတဲ့ Jackson Heights ဆိုတဲ့နေရာမှာ ဆန္ဒပြနေတာ ဖြစ်ပါတယ်။ ဒီနေ့က Global Action အနေနဲ့ပေါ့နော် .. မြန်မာစစ်အစိုးရကို နောက်ကွယ်ကနေ တရုတ်ပြည်ရဲ့ ထောက်ပံ့မှုတွေ မရှိအောင်ပေါ့နော်။ တရုတ်ရဲ့ထောက်ပံ့မှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ မှန်မှန်ကန်ကန်နဲ့ မြန်မာပြည်သူလူထု ဘက်ကနေ ရပ်တည်ပြီးတော့ အခုစစ်အာဏာသိမ်းထားတဲ့ဟာကို မထောက်ခံဖို့ပေါ့နော် ဒါတွေကို ကျနော်တို့ ပြောချင်ပါတယ်ဗျ။ "

အလားတူ အမေရိကန် အနောက်ဖက်ခြမ်း Nevada ပြည်နယ် Las Vegas မြို့က Global Action Call ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မြို့ခံ ဦးနေလင်းက ခုလို ရှင်းပြပါတယ်။

" ဒီနေ့ဆန္ဒပြပွဲ အဓိက ဆောင်ပုဒ်ကတော့ဗျာ - "China's Policy, Burma's Misery" (တရုတ်ရဲ့မူဝါဒက မြန်မာပြည်အတွက် စိတ်ပျက်စရာဖြစ်တယ်) ပေါ့" ။ တရုတ်က တရားမဝင် စစ်အာဏာသိမ်း ကောင်စီကို ထောက်ခံနေတာ လူတိုင်းသိတဲ့ကိစ္စပါ။ အဲဒီတော့ ဒါကို ကျနော်တို့က တရုတ်ကို သတင်းစကားပါးချင်တာက - ဒီ စစ်ကောင်စီနောက်ကနေ ထောက်ခံနေသရွေ့ ကျနော်တို့ မြန်မာပြည်သူတွေနဲ့ တရုတ်နဲ့က အဆင်ပြေမှာ မဟုတ်ဘူ။ သူတို့အဓိက လုပ်ရမှာက ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုပါ။ ရွေးကောက်ခံအစိုးရကို အသိမှတ်ပြုပါ။ မြန်မာပြည်သူတွေရဲ့ဘက်မှာ ရပ်တည်ပေးပါလို့ ကျနော်တို့ ပြောချင်တယ်။ တကယ်လို့ အဲလို မရပ်တည်သေးဘူးဆိုရင် ကျနော်တို့က သူတို့သံရုံးတွေရှေ့မှာ ဆက်တိုက် ဆန္ဒထုတ်ဖေါ်သွားဖို့ ရှိပါတယ်။ "


တနင်္ဂနွေနေ့ အမေရိကန်ပြည်ထောင်စုတဝှမ်း လုပ်ကြတဲ့ Global Action Call on China ဆန္ဒပြပွဲကို ဆန်ဖရန်စစ္စကိုမြို့မှာလည်း ပြုလုပ်ခဲ့သလို ၊ ဝါရှင်တန်ပြည်နယ်မှာလည်း တရုတ်အစိုးရလုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြကြပြီး ၊ Seattle မြို့မှာ ဖွဲ့စည်းထားတဲ့ မြန်မာနဲ့တိုင်းရင်းသား မိသားစု၊ တက္ကသိုလ်ကျောင်းသူကျောင်းသားများ အသင်းက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ တရုတ်အစိုးရက မြန်မာအာဏာသိမ်း စစ်ကောင်စီကို ထောက်ပံ့ကူညီနေတာတွေ ရပ်သွားစေဖို့ ကုလသမဂ္ဂ၊ အမေရိကန် ၊ ဥရောပသမဂ္ဂတို့က ဝိုင်းဝန်း ဖိအားပေးစေလိုကြောင်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်



[ Unicode ]

တရုတ်အစိုးရအေနနဲ့ စစ်ကောင္စီကို မေထာက္ခံရေး အေမရိကန္တ၀ွမ်း တောင်းဆိုဆန္ဒျပ


ျမန္မာနိုင်ငံမွာ အာဏာသိမ်းထားတဲ့ စစ်ကောင္စီကို ထောက္ခံ ကူညီ အားပေးနေတာတြေ ဆက္မလုပ္ဖို့နဲ့ ရြေးခ်ယ္တင်ျေမွာက္ခံထားရတဲ့ အရပ်သားအစိုးရကို ထောက္ခံပြီး ၊ ပူးပေါင်းဆောင်ြရက္မှုလုပ္ဖို့ Global Action Call on China ဆိုတဲ့လှုပ်ရွားမှုကို "China's Policy, Burma's Misery" ဆိုတဲ့ခေါင်းစဥ္နဲ့ အေမရိကန်ျပည်ထောင္ဈုပည္နယ္တခို့မျွာမန္မာတြေက တရုတ်သံရုံးနဲ့ ကောင္စစ်ဝန် ရုံးတြေရွ့ တောင်းဆိုဆန္ဒျပကြတဲ့အေကြာင်း ကိုဉာဏ်ဝင်းအောင္က စုစည်း တင်ျပထားပါတယ်။


"Global Action Call" ကမ္ဘာလုံးဆိုင်ရာလှုပ်ရွားမှုကို ဖေဖ်ါဝါရီ(၂၀)ရက် တနင်္ဂနေနြေ့က အေမရိကန်ျပည်ထောင္ဈုပည္နယ္တခို့မွာ တပြိုင္နက္ထဲ လုပ္ခဲ့ကြတာပါ။

ဝါရွင္တန္ဒီစီမွာရွိတဲ့ တရုတ်သံရုံးရွေ့ သြားရောက် တိုက္တြန်း ဆန္ဒျပခဲ့တဲ့ ဦးတေဇက သူတို့ရဲ့သေဘာထားကို ခုလိုျေပာပါတယ်။

" ဒီနေ့ကေတာ့လေ က်န္တောို့ အေမရိကန္မွာ ရောက်ရွိနေတျဲ့မန္မာတိုင်းရင်းသားတြေ အားလုံးကေနပြီးတော့မွ ကမ္ဘာတဝွမ်းလှုပ်ရွားမှု Gloal Action ခေါ်ပြီးတော့မျွမန္မျာပည္မွာ အာဏာသိမ်း စစ်အစိုးရကို အားပေး ထောက္ခံနေတဲ့ တရုတ်ျပည်သူ့သမ္မတ နိုင်ငံတော်အစိုးရရဲ့ ဝါရွင္တန္ဒီစီ တရုတ်သံရုံးရွေ့မွာ ဆန္ဒျပကြ ၊ ဆန္ဒထုတ်ဖေါ်ကြတဲ့ပဲပြါ ။ ဘျာဖစ္လို့လဲဆိုတော့ တရုတ်နိုင်ငံအေနနဲ့ ၁၉၈၈ ခုနွစ္ကတည်းကျမန္မျာပည်သူလူထုကြီးက လိုလားတဲ့ ဒီမိုကေရစီနဲ့ လူ့အခြင့်အေရး အေကာင်အထည်ဖေါ်မျှုဖစ္စဉ်တြေမွာပေါ့နော် ... အတားအဆီျးဖစ်နေတျဲ့မန္မာစစ္တပ္ကို တရုတ်ျပည်သူ့သမ္မတ နိုင်ငံကေနပြီးမွ ကူညီကာကြယ်ပေးနေတျဲ့ဖစ်ရပ်ေအပ်ါမျွာမန္မျာပည်သူလူထုကြီးတရပ္လုံးက မနွစ်မြို့ဘူးဆိုတဲ့အေကြာင်း သြားရောက်အသိပေး ကန့်ကြက္ဆန္ဒျပတဲ့ပျြဲဖစ္ပါတယ်။ "

ဖေဖ်ါဝါရီ(၂၀)မွာက်ရောက္တဲ့ ခ်င်းအမိုးသားနေ့ အထိမ်းအမွတ်အျဖစ် မေရီလန်း ခ်င်းတိုင်းရင်းသားမ်ားအဖြဲ့ CAM က ကမကထျပုပြီး ဝါရွင္တန္ဒီစီ တရုတ်သံရုံးရွေ့ဆန္ဒျပပျြဲပုလုပ္ခဲပါတယ်။ျမန္မာနိုင်ငံမွာ ခရစ်ယာန္ဘာသာရေး ခေါင်းဆောင်တြေနဲ့ အသင်းဝင်တြေ ငြိမ်းခ်မ်းစြာ ဆန္ဒထုတ်ဖေါ်နေတာကို ထောက္ခံအားပေးတဲ့ မေရီလန်ျးပည္နယ္က ခ်င်းတိုင်းရင်းသား သင်းအုပ္ဆရာ ဦးသောမတ္စ္လ်န္ကလည်း တရုတ်သံရုံးရွေ့ လာရောက် ဆန္ဒျပသူပါ။

" တရုတ်နိုင်ငံဟာ အတင်းအဓမ္မ အာဏာသိမ်ျးမန္မာစစ်ကောင္စီနဲ့ ပတ်သက္လာရင် လက္မခံဖို့နဲ့ အတည္မျပုပေးဖို့ ၊ တရုတ်အစိုးရကို က်န္တောို့ တောင်းဆိုခ်င္တျာဖစ္တယ်။ ပြီးတော့လည်း သမ္မတဦးဝင်ျးမင့်နဲ့ ဒေါ်အောင္ဆန်းစုကြည် NLD အစိုးရကို လက္ခံပြီးတော့မွ သူတို့နဲ့ လက္တဲပြီးတော့ အလုပ္လုပ္ဖို့ အဲဒါကို က်န္တောို့ တောင်းဆိုတျာဖစ္တယ်။ ပြီးတော့ ဒေါ်အောင္ဆန်းစုကြည်ရယ် ဖမ်းဆီးထားတဲ့ ဒီမိုကရက္တစ် ခေါင်းဆောင်တြေကို ချငြ်းခ်က္မရွိ လွှတ်ပေးဖို့ ၊ က်န္တောို့ တိုင်းရင်းသားတြေ ဖက္ဒရယ္ဒီမိုကေရစီ ရရွိရေး .. အဲဒါတြေကို အေကာင္ထည်ဖေါ်လာအောင်ျမန္မာစစ်ကောင္စီကို ဖိအားပေးဖို့ က်န္တောို့ လာရောက်တောင်းဆိုတျာဖစ္တယ်။ "

ရာသီဥတု ဆိုးဝါးတဲ့ကြားကပဲ အင္ဒီယားနာျးပည္နယ္ကေန မိုင်ထောင္ခ်ီခရီးကျိုဖတ်သန်း ကားမောင်းလာရင်း ဝါရွင္တန္ဒီစီ တရုတ်သံရုံးရွေ့ ဆန္ဒျပေနသူ ကျိုပည္လင်းထူးရဲ့အျမင္ကေတာ့ -

" က်န္တောို့ ဒီကိုလာရတဲ့ အေကြာင်းရင်းက ဗမျာပည္မွာ စစ်အာဏာရွင္က အာဏာသိမ်းမှုအေပါ် တရုတ်အစိုးရက မေထာက္ခံဖို့အတြက်ရယ် ၊ က်န္တောို့ရဲ့အစိုးရျဖစ္တဲ့ ဒေါ်အောင္ဆန်းစုကြည္နဲ့ သမ္မတကြီး ဦးဝင်ျးမင့်တို့ ဦးဆောင္တဲ့ အဲဒီအစိုးရကို ထောက္ခံဖို့ ၊ ပြီးတော့ လတ္တေလာမွာ ဖြဲ့စည်းထားတျဲ့ပည်ထောင္စုလွှတ်တော် ကိုယ္စာျးပုက္မောတီ CRPH ကိုထောက္ခံဖို့ ကူညီပံ့ပိုးဖို့ အဲဒါတြေကို လျာေပာတာပါ။ ဘျာဖစ္လို့လဲဆိုတေျာ့မန္မျာပည္မျွာမစ္ဆုံကိစ္စကို စစ်အစိုးရနဲ့ တရုတ္နဲ့ကျပန္လည်ေအကာင္ထည်ဖေါ်မယ္လို့ က်န္တောို့ယူဆတယ်။ အဲလိုသျာဖစ္လာမယ္ဆိုရင်ျမန္မျာပည်သူ (၅၄)သန်းဘဝက ဒုက္ခရောက်ြသားနိုင္တယ်။ အဲဒီအတြက် မလုပ္ဖို့လည်း သူတို့ကို တောင်းပန္တယ်။ ဒီမိုကရက္တစ်အစိုးရနဲ့သာ အလုပ္လုပ္မယ္ဆိုရင် တရုတ္တိုင်ျးပည်သည် က်န္တောို့ရဲ့ အိမ္နီးခ်င်းနိုင်ငျံဖစ္တဲ့အတြက် ရေရွည္စီးပြားရေးမွာ သူတို့အရမ်းကောင်းလာမွာပဲ ဆိုတာကို က်န္တောို့ လျာေပာတာပါ။ "

photo - Ma Ei Aye
photo - Ma Ei Aye


နယူးယောက်မြို့မွာလည်း နေရာ ၂ ခုမွာ တရုတ်အစိုးရကို တောင်းဆို တိုက္တြန်းခဲ့ကြောင်း ဆန္ဒျပပဲမြွာပါတဲ့ ကိုကော််သူရကျေပာပါတယ်။

" ဒီနေ့ နယူးယောက္မွာ ဆန္ဒျပတဲ့နေရာက ၂ နေရာပါခင္ဗ်။ ပထမတေနရာက မန်ဟန္တန်-မွာရွိတဲ့ တရုတ်ကောင္စစ်ဝန်ရုံးရွေ့မွာ ဆန္ဒျပတယ်။ အခုဆန္ဒျပတာကေတာ့ ၇၄ လမ်းမွာရွိတဲ့ Jackson Heights ဆိုတဲ့နေရာမွာ ဆန္ဒျပေနတျာဖစ္ပါတယ်။ ဒီနေ့က Global Action အေနနဲ့ပေါ့နော် ..ျမန္မာစစ်အစိုးရကို နောက္ကြယ္ကေန တရုတ်ျပည်ရဲ့ ထောက္ပံ့မှုတြေ မရွိအောင်ပေါ့နော်။ တရုတ်ရဲ့ထောက္ပံ့မှုကို ဆန့်က်င္ကန့်ကြက္တဲ့အေနနဲ့ ဆန္ဒျပေနကြတျာဖစ္ပါတယ်။ မွန္မွန္ကန္ကန္နျဲ့မန္မျာပည်သူလူထု ဘက္ကေန ရပ္တည်ပြီးတော့ အခုစစ်အာဏာသိမ်းထားတဲ့ဟာကို မေထာက္ခံဖို့ပေါ့နော် ဒါတြေကို က်န္တောို့ျေပာခ်င္ပါတယ္ဗ်။ "

အလားတူ အေမရိကန် အေနာက္ဖက်ျခမ်း Nevadaျပည္နယ် Las Vegas မြို့က Global Action Call ဆန္ဒျပပဲနြဲ့ ပတ်သက္လို့ မြို့ခံ ဦးနေလင်းက ခုလို ရွင်ျးပပါတယ်။

" ဒီနေ့ဆန္ဒျပပြဲ အဓိက ဆောင္ပုဒ္ကေတာ့ဗ်ာ - "China's Policy, Burma's Misery" (တရုတ်ရဲ့မူဝါဒကျမန္မျာပည်အတြက် စိတ္ပ်က္စရျာဖစ္တယ်) ပေါ့" ။ တရုတ္က တရားမဝင် စစ်အာဏာသိမ်း ကောင္စီကို ထောက္ခံနေတာ လူတိုင်းသိတဲ့ကိစ္စပါ။ အဲဒီတော့ ဒါကို က်န္တောို့က တရုတ္ကို သတင်းစကားပါးခ်င္တာက - ဒီ စစ်ကောင္စီနောက္ကေန ထောက္ခံနေသေရြ့ က်န္တောိျု့မန္မျာပည်သူတြေနဲ့ တရုတ္နဲ့က အဆင်ျေပမွာ မဟုတ္ဘူ။ သူတို့အဓိက လုပ်ရမွာက ရြေးကောက္ပဲရြလဒ္ကို အသိမွတ်ျပုပါ။ ရြေးကောက္ခံအစိုးရကို အသိမွတ်ျပုပါ။ျမန္မျာပည်သူတြေရဲ့ဘက္မွာ ရပ္တည်ပေးပါလို့ က်န္တောို့ျေပာခ်င္တယ်။ တကယ္လို့ အဲလို မရပ္တည်သေးဘူးဆိုရင် က်န္တောို့က သူတို့သံရုံးတြေရွ့မွာ ဆက္တိုက် ဆန္ဒထုတ်ဖေါ်သြားဖို့ ရွိပါတယ်။ "


တနင်္ဂနေနြေ့ အေမရိကန်ျပည်ထောင္စုတဝွမ်း လုပ်ကြတဲ့ Global Action Call on China ဆန္ဒျပပဲကြို ဆန္ဖရန္စစ္စကိုမြို့မွာလည်ျးပုလုပ္ခဲ့သလို ၊ ဝါရွင္တန်ျပည္နယ္မွာလည်း တရုတ်အစိုးရလုပ်ရပ္ကို ကန့်ကြက္ဆန္ဒျပကြပြီး ၊ Seattle မြို့မွာ ဖြဲ့စည်းထားတျဲ့မန္မာနဲ့တိုင်းရင်းသား မိသားစု၊ တက္ကသိုလ်ကော်င်းသူကော်င်းသားမ်ား အသင်းက ထုတ်ျပန္တဲ့ ကြေညာခ်က္ထဲမွာတော့ တရုတ်အစိုးရကျမန္မာအာဏာသိမ်း စစ်ကောင္စီကို ထောက္ပံ့ကူညီနေတာတြေ ရပ်ြသားစေဖို့ ကုလသမဂ္ဂ၊ အေမရိကန် ၊ ဥရောပသမဂ္ဂတို့က ဝိုင်းဝန်း ဖိအားပေးစေလိုကြောင်း ဖေါ်ျပထားပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG