သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုပ္ရွင္သ႐ုပ္ေဆာင္ လူမင္း ဖမ္းဆီးခံရ


႐ုပ္ရွင္သ႐ုပ္ေဆာင္ လူမင္း။ (ဓာတ္ပုံ - လူမင္းေဖ့စ္ဘုတ္)

(Zawgyi / Unicode)

နာမည္ေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္နဲ႔ ျမန္မာ့႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ေဟာင္း သ႐ုပ္ေဆာင္ လူမင္းကို ျမန္မာစစ္တပ္က စေနေန႔ညက ဖမ္းဆီးလိုက္ပါတယ္။

ညအခ်ိန္မေတာ္ လူေျခတိတ္ခ်ိန္မွာ တံခါးေတြကို ခ်ိဳးဖ်က္ၿပီး ဝင္ေရာက္ဖမ္းဆီးတာလို႔ သ႐ုပ္ေဆာင္ လူမင္းရဲ႕ ဇနီးလို႔ ယူဆရသူက ေျပာတာကို လူမင္းရဲ႕ Facebook စာမ်က္ႏွာမွာ Live ၾကားၾကရပါတယ္။

“အခု ကိုလူမင္းကို ရဲေတြလာၿပီး ဖမ္းၿပီး ေခၚသြားပါတယ္။ ကိုလူမင္းကို ရဲကားေတြ အမ်ားႀကီးပဲ ဖမ္းၿပီး ေခၚသြားပါၿပီ။ သူတုိ႔ကားေနာက္ကုိလုိက္ဖို႔ ဘယ္ကိုလိုက္ရမလဲ မသိဘူး။ တံခါးကိုလည္း အတင္း႐ိုက္ဖ်က္ၿပီးေတာ့ ဖြင္ၿ့ပီးေတာ့ ေခၚသြားပါၿပီ။”

ဒါဟာ ႏုုိင္ငံေရးနဲ႔ ပါဝင္ပတ္သက္ခဲ့တဲ့ နာမည္ႀကီး သ႐ုပ္ေဆာင္တဦး ပထမဆုံးအႀကိမ္ ဖမ္းဆီးခံရတာလည္း ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ လူမင္းဟာ အခုလို အဖမ္းမခံရခင္မွာ မႏၲေလးမွာ အင္အားသုံး အၾကမ္းဖက္ခံရလို႔ ေသဆုံးသြားရသူေတြနဲ႔ ပတ္သက္ၿပီး Facebook ကေန live လႊင့္ထုတ္ခဲ့ၿပီး အခုလို ေျပာပါတယ္။

“မႏၱေလးမွာ ဒီေန႔ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္ရပ္က သိပ္ကုိ အ႐ုပ္ဆုိး အက်ည္းတန္လြန္းတယ္။ မဂၤလာလည္းမရွိဘူး။ ကေ်နာ္နဲ႔အတူ အားလုံး အားလုံး အရမ္းကို ခံျပင္း ေဒါသထြက္ နာၾကည္းေနၾကမယ္ဆုိတာ ထပ္တူခံစား နားလည္လို႔ ရပါတယ္။”

အၾကမ္းဖက္မႈေတြ လုပ္ေဆာင္ၿပီး ၁၉၈၈ ခုႏွစ္ကလို စစ္တပ္က အာဏာသုံး ၿဖိဳခြင္းဖို႔ ရွိေနတယ္လို႔လည္း သ႐ုပ္ေဆာင္ လူမင္းက သတိေပးသြားပါတယ္။

သ႐ုပ္ေဆာင္ လူမင္းဟာ ၂၀၁၃ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ ျမန္မာ့႐ုပ္ရွင္ အစည္းအ႐ုံး ဥကၠ႒အျဖစ္ ေဆာင္ရြက္ဖူးပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ လူမင္း ဖမ္းဆီးခံရ
please wait

No media source currently available

0:00 0:01:49 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ရုပ်ရှင်သရုပ်ဆောင် လူမင်း ဖမ်းဆီးခံရ

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်နဲ့ မြန်မာ့ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း သရုပ်ဆောင် လူမင်းကို မြန်မာစစ်တပ်က စနေနေ့ညက ဖမ်းဆီးလိုက်ပါတယ်။

ညအချိန်မတော် လူခြေတိတ်ချိန်မှာ တံခါးတွေကို ချိုးဖျက်ပြီး ဝင်ရောက်ဖမ်းဆီးတာလို့ သရုပ်ဆောင် လူမင်းရဲ့ ဇနီးလို့ ယူဆရသူက ပြောတာကို လူမင်းရဲ့ Facebook စာမျက်နှာမှာ Live ကြားကြရပါတယ်။

“အခု ကိုလူမင်းကို ရဲတွေလာပြီး ဖမ်းပြီး ခေါ်သွားပါတယ်။ ကိုလူမင်းကို ရဲကားတွေ အများကြီးပဲ ဖမ်းပြီး ခေါ်သွားပါပြီ။ သူတို့ကားနောက်ကိုလိုက်ဖို့ ဘယ်ကိုလိုက်ရမလဲ မသိဘူး။ တံခါးကိုလည်း အတင်းရိုက်ဖျက်ပြီးတော့ ဖွင်ြ့ပီးတော့ ခေါ်သွားပါပြီ။”

ဒါဟာ နိုင်ငံရေးနဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ နာမည်ကြီး သရုပ်ဆောင်တဦး ပထမဆုံးအကြိမ် ဖမ်းဆီးခံရတာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် လူမင်းဟာ အခုလို အဖမ်းမခံရခင်မှာ မန္တလေးမှာ အင်အားသုံး အကြမ်းဖက်ခံရလို့ သေဆုံးသွားရသူတွေနဲ့ ပတ်သက်ပြီး Facebook ကနေ live လွှင့်ထုတ်ခဲ့ပြီး အခုလို ပြောပါတယ်။

“မန္တလေးမှာ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်က သိပ်ကို အရုပ်ဆိုး အကျည်းတန်လွန်းတယ်။ မင်္ဂလာလည်းမရှိဘူး။ ကျေနာ်နဲ့အတူ အားလုံး အားလုံး အရမ်းကို ခံပြင်း ဒေါသထွက် နာကြည်းနေကြမယ်ဆိုတာ ထပ်တူခံစား နားလည်လို့ ရပါတယ်။”

အကြမ်းဖက်မှုတွေ လုပ်ဆောင်ပြီး ၁၉၈၈ ခုနှစ်ကလို စစ်တပ်က အာဏာသုံး ဖြိုခွင်းဖို့ ရှိနေတယ်လို့လည်း သရုပ်ဆောင် လူမင်းက သတိပေးသွားပါတယ်။

သရုပ်ဆောင် လူမင်းဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မြန်မာ့ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG