သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်သတင်းမှန်ပြန်ကြားရေးဖေ့ဘွတ်စာမျက်နှာ ဖယ်ရှားခံရ


ရန်ကုန်မြို့ရှိ အမျိုးသမီးတဦး ဖေ့ဘွတ်သုံးနေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၄၊ ၂၀၂၁)
ရန်ကုန်မြို့ရှိ အမျိုးသမီးတဦး ဖေ့ဘွတ်သုံးနေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၄၊ ၂၀၂၁)

[Zawgyi/Unicode]

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ ဆန္ဒပြသူ နှစ် ဦး မန္တလေးမြို့မှာ သေဆုံးခဲ့ပြီးနောက် တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာကို Facebook က အပြီးဖျက်သိမ်း ဖယ်ရှားလိုက်ပါတယ်။ အကြမ်းဖက်မှု လှုံ့ဆော်ရေး တားဆီးတဲ့ Facebook ကုမ္ပဏီ မူအရ ဖယ်ရှားလိုက်တာဖြစ်တယ်လို့ မူဝါဒရေးရာဆိုင်ရာ ကုမ္ပဏီပြောခွင့်ရ Rafael Frankel ကပြောကြားပါတယ်။

Facebook ရဲ့ ကမ္ဘာအနှံ့ ချမှတ်ထားတဲ့ မူဝါဒအရ တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာကို Facebook က ဖယ်ရှားလိုက်ပါတယ်။

အကြမ်းဖက်မှုဖြစ်အောင် ထိခိုက်နစ်နာအောင် မလှုံ့ဆော်ရဆိုတဲ့ စည်းကမ်းကို အကြိမ်ကြိမ် ချိုးဖောက်တဲ့အတွက် ဖယ်ရှားလိုက်တာဖြစ်တယ်လို့ Facebook ကုမ္ပဏီပြောခွင့်ရက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီစာမျက်နှာကို Facebook က ဖျက်လိုက်တဲ့အတွက် အခုဆိုရင် ရှာကြည့်ရင်တောင် အဲဒီ Facebook page စာမျက်နှာ မရှိဘူးလို့သာ ဖော်ပြနေပါတယ်။

အခု အာဏာ သုံး ရပ်လုံးကို သိမ်းယူထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ Facebook စာမျက်နှာကို ၂၀၁၈ ခုနှစ်ထဲက Facebook က ဖယ်ရှားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေဖြစ်ခဲ့စဉ်အချိန်မှာ Facebook ပေါ်ကနေ အမုန်းတရားအခြေခံတဲ့ ရေးသားဖော်ပြမှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေကို Facebook က မတားဆီးခဲ့ဘူးလို့ ဝေဖန်ခံရပြီးနောက်မှာ ခုလိုဆောင်ရွက်လာတာဖြစ်ပါတယ်။ ၂၀၂၀ နိုဝင်ဘာလရွေးကောက်ပွဲ မတိုင်ခင်ကလည်း စစ်တပ်နဲ့ မကင်းတဲ့ နာမည်တုနဲ့ အကောင့်တွေ၊ စာမျက်နှာတွေကို ဖယ်ရှားခဲ့တယ်လို့ Facebook ကကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG