သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေသနတ္ထိမွန္ေသဆံုးသူ မျမသဲြ႔သဲြ႔ခိုင္စ်ာပန က်င္းပ


မျမသဲြ႔သြဲ႔ခိုင္ရဲ႕ စ်ာပန ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၁)

[Zawgyi/Unicode]

ရဲလက္ခ်က္နဲ႔ ေခါင္းကို ေသနတ္ထိမွန္ၿပီး ေသဆံုးသြားတဲ့ မျမသြဲ႕သြဲ႕ခိုင္ရဲ႕ စ်ာပနကို ဒီေန႔ေနျပည္ေတာ္မွာ က်င္းပတာမွာ ျပည္သူအမ်ားအျပား လိုက္ပါပို႔ေဆာင္ၾကပါတယ္။ သူ႔ရဲ႕ ႐ုပ္အေလာင္းကို ေဆး႐ံုကေန မီးသၿဂိဳလ္မယ့္ေနရာ သယ္ေဆာင္သြားရာ လမ္းတေလ ွ်ာက္ ဆိုင္ကယ္ေတြ၊ ေမာ္ေတာ္ကားေတြက ယာဥ္တန္းႀကီးေတြအျဖစ္နဲ႔ လိုက္ပါပို႔ေဆာင္ ႏႈတ္ဆက္ခဲ့ၾကပါတယ္။

လမ္းေပၚကေနလည္း တခ်ဳိ႕က ေစာင့္ၿပီး သူ႔ရဲ႕ေနာက္ဆံုးခရီးကုိ ႏႈတ္ဆက္ၾကပါတယ္။ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က သေျပကုန္းအဝိုင္းနားမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပေနသူေတြကို ရဲက ပစ္ခတ္ႏွိမ္ႏွင္းစဥ္ မျမသြဲ႔သြဲ႕ခိုင္ရဲ႕ ဦးေခါင္းကို က်ည္ထိမွန္ခဲ့တာျဖစ္ပါတယ္။ ၁၀ ရက္ၾကာေဆး႐ံုမွာ စက္ေတြနဲ႔ အသက္ဆက္ေနခဲ့ၿပီး ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔က ေသဆံုးခဲ့တာျဖစ္ပါတယ္။ သူဟာ ေသနတ္ဒဏ္ရာရထားစဥ္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ကမွ အသက္ ၂၀ ျပည့္ခဲ့တာပါ။

မျမသဲြ႔သြဲ႔ခိုင္ရဲ႕ စ်ာပန ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၁)
မျမသဲြ႔သြဲ႔ခိုင္ရဲ႕ စ်ာပန ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၁)

ေသဆံုးခဲ့ၿပီးေနာက္ သူ႔ဦးေခါင္းထဲက က်ည္ကို ဆရာဝန္ေတြက စစ္ေဆးခဲ့တာမွာ ရာဘာက်ည္မဟုတ္ဘဲ က်ည္အစစ္ျဖစ္တယ္လို႔ အတည္ျပဳေၾကာင္း မျမသြဲ႔သြဲ႕ခိုင္ရဲ႕ မိသားစုက သတင္းေထာက္ေတြကို ေျပာပါတယ္။ အာဏာသိမ္းစစ္ေကာင္စီရဲ႕ သတင္းစဥ္ထုတ္ျပန္ခ်က္ထဲမွာေတာ့ မျမသဲြ႕သဲြ႕ခိုင္ ဦးေခါင္းမွာ ေတြ႕ရတဲ့ က်ည္ထိပ္ဖူးဟာ အဓိက႐ုဏ္းႏွိမ္နင္းေရးတပ္ေတြရဲ႕ ခဲယမ္းက်ည္ေတြ မဟုတ္ဘူးလို႔ ျငင္းထားၿပီး ဒါဟာ ျပင္ပက အသံုးျပဳတဲ့ လက္နက္တစံုတရာေၾကာင့္ျဖစ္မယ္လို႔ ဒီကေန႔ထုတ္ႏိုင္ငံပိုင္သတင္းစာေတြမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သေနတ်ထိမှန်သေဆုံးသူ မမြသွဲ့သွဲ့ခိုင်ဈာပန ကျင်းပ

မျမသဲြ႔သြဲ႔ခိုင္ရဲ႕ စ်ာပန ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၁)
မျမသဲြ႔သြဲ႔ခိုင္ရဲ႕ စ်ာပန ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၁)

ရဲလက်ချက်နဲ့ ခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးသွားတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဈာပနကို ဒီနေ့နေပြည်တော်မှာ ကျင်းပတာမှာ ပြည်သူအများအပြား လိုက်ပါပို့ဆောင်ကြပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို ဆေးရုံကနေ မီးသဂြိုလ်မယ့်နေရာ သယ်ဆောင်သွားရာ လမ်းတလေ ျှာက် ဆိုင်ကယ်တွေ၊ မော်တော်ကားတွေက ယာဉ်တန်းကြီးတွေအဖြစ်နဲ့ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။

လမ်းပေါ်ကနေလည်း တချို့က စောင့်ပြီး သူ့ရဲ့နောက်ဆုံးခရီးကို နှုတ်ဆက်ကြပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က သပြေကုန်းအဝိုင်းနားမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသူတွေကို ရဲက ပစ်ခတ်နှိမ်နှင်းစဉ် မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို ကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။ ၁၀ ရက်ကြာဆေးရုံမှာ စက်တွေနဲ့ အသက်ဆက်နေခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့က သေဆုံးခဲ့တာဖြစ်ပါတယ်။ သူဟာ သေနတ်ဒဏ်ရာရထားစဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကမှ အသက် ၂၀ ပြည့်ခဲ့တာပါ။

သေဆုံးခဲ့ပြီးနောက် သူ့ဦးခေါင်းထဲက ကျည်ကို ဆရာဝန်တွေက စစ်ဆေးခဲ့တာမှာ ရာဘာကျည်မဟုတ်ဘဲ ကျည်အစစ်ဖြစ်တယ်လို့ အတည်ပြုကြောင်း မမြသွဲ့သွဲ့ခိုင်ရဲ့ မိသားစုက သတင်းထောက်တွေကို ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းစဉ်ထုတ်ပြန်ချက်ထဲမှာတော့ မမြသွဲ့သွဲ့ခိုင် ဦးခေါင်းမှာ တွေ့ရတဲ့ ကျည်ထိပ်ဖူးဟာ အဓိကရုဏ်းနှိမ်နင်းရေးတပ်တွေရဲ့ ခဲယမ်းကျည်တွေ မဟုတ်ဘူးလို့ ငြင်းထားပြီး ဒါဟာ ပြင်ပက အသုံးပြုတဲ့ လက်နက်တစုံတရာကြောင့်ဖြစ်မယ်လို့ ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG