သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေခ်ာက္ေရနံေျမဆႏၵျပသူ တဦးနဲ႔ ဆက္သြယ္ေမးျမန္းခ်က္


ေခ်ာက္ၿမိဳ႕ CDM လႈပ္ရွားမႈ။ (ဓာတ္ပုံ-ေဒသခံမ်ား)

[Zawgyi/Unicode]

ေခ်ာက္ေရနံေျမအလုပ္သမားေတြ တစုတစည္းတည္းဆႏၵျပလာတာ အခုဆိုရင္ သီတင္း ႏွစ္ ပတ္ရွိလာပါၿပီ။ တုိင္းျပည္ရဲ႕အဓိက လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးေနတဲ့ စြမ္းအင္က႑ရဲ႕ အၾကမ္းမဖက္အာဏာဖီဆန္မႈဟာ စစ္အာဏာသိမ္းတဲ့အစိုးရအေပၚမွာ ဘယ္လို သက္ေရာက္မႈ ရွိသလဲ၊ ေရနံေျမအလုပ္သမားထုရဲ႕လိုလားခ်က္က ဘာေတြလဲဆိုတာကို ေခ်ာက္ေရနံေျမက CDM အၾကမ္းမဖက္ အာဏာဖီဆန္ေရးမွာ ပါဝင္လႈပ္ရွားေနတဲ့ မပြင့္လႊာကို မခြာညိဳက ဆက္သြယ္ေမးျမန္းထားပါတယ္။

ခြါညိဳ။ ။ မပြင့္လႊာေရ-ဘာေၾကာင့္ ေရနံထုတ္လုပ္မႈေတြ ရပ္ဆုိင္းတဲ့နည္းနဲ႔ ဆႏၵေဖာ္ထုတ္ဖို႔ ဆံုးျဖတ္တာပါလဲ။

မပြင့္လႊာ။ ။ အာဏာသိမ္း စစ္ေကာင္စီအစိုးရလက္ေအာက္မွာ မလုပ္ႏိုင္ဘူးဆိုၿပီးေတာ့ က်မတို႔ ေရနံေျမမိသားစုေတြက ျပည္သူတင္ေျမွာက္တဲ့အစိုးရႀကီးေရာက္လာမွသာ ဝန္ထမ္းေတြက တာဝန္ထမ္းေဆာင္ေတာ့မယ္ဆိုတဲ့ သႏိၷဌာန္မ်ိဳးနဲ႔ ရပ္ခဲ့တာျဖစ္တယ္။

ခြါညိဳ။ ။ ဒီလိုရပ္ဆုိင္းလုိက္တဲ့အတြက္ အက်ဳိးသက္ေရာက္မႈကေရာ ဘယ္လိုေတြ႔ရပါသလဲရွင့္။

မပြင့္လႊာ။ ။ က်မတို႔ေခ်ာက္ေရနံေျမတခုတည္းမွာကို တေန႔ရဲ႕ေရနံထြက္ရွိမႈသည္ အေမရိကန္စည္ဂါလံေပါင္း ၁,၇၀၀ ထြက္ရွိတာျဖစ္တယ္။ ေရနံရွာေဖြေရး ယႏၱရားႀကီးတခုလံုး ရပ္ဆုိင္းသြားရတာ။ ဒီေရနံရွာေဖြေရးေတြက ရပ္တန္႔ျဖတ္ေတာက္လိုက္တဲ့အခ်ိန္မွာ မန္းသံပုရာကန္က ေလယာဥ္ဆီထုတ္လုပ္တဲ့ စက္႐ံုကလည္း အားလံုးက အလိုအေလ်ာက္ကို Shut-down ျဖစ္သြားတယ္။ ေရနံခ်က္လုပ္မယ့္ ဝန္ထမ္းေတြကလည္း လံုးဝရပ္တန္႔ပစ္လုိက္တဲ့ပံုစံျဖစ္တဲ့အတြက္ အခု စစ္ေကာင္စီအစိုးရမွာ ေလယာဥ္ဆီထုတ္လုပ္မႈ၊ ေလယာဥ္ဆီေပးပို႔မႈေတြက ေတာ္ေတာ္ေလ်ာ့နည္းသြားၿပီ။ လက္က်န္ရွိတာပဲ ေပးႏုိင္တယ္။ ေနာက္ထပ္အသစ္ဆိုတာ မေပးႏုိင္ေတာ့တဲ့အေျခအေနအထိ ေအာင္ျမင္မႈတခုေတာ့ လက္ရွိအခ်ိန္အထိ ရေနတယ္ေပါ့ေနာ္။ အဲလိုပံုစံမ်ဳိးျဖစ္တယ္။ အခု ေရနံေျမအသီးသီးမွာရွိတဲ့ေနရာေတြက စက္ယႏၱရားေတြက အားလံုးေမာင္းႏွင္တြင္းေတြကအစ အကုန္ရပ္ထားတဲ့အတြက္ ထုတ္လုပ္မႈမွာ လံုးဝရပ္တန္႔သြားတယ္။

ခြါညိဳ။ ။ ေခ်ာက္ MOGE နဲ႔ ဖက္စပ္လုပ္ကိုင္ေနတဲ့ တ႐ုတ္နဲ႔ အင္ဒို GoldPetrol ကုမၸဏီလည္း CDM ထဲမွာ ပါဝင္လာတယ္ဆိုေတာ့ ဒီလို ပါဝင္လာေအာင္ ဘယ္လိုစည္း႐ုံးခဲ့လဲဆိုတာ ရွင္းျပေပးပါအံုး။

မပြင့္လႊာ။ ။ အဲဒီကုမၸဏီကက်ေတာ့ Product ထုတ္လုပ္တ့ဲေနရာပဲ။ က်မတို႔က အဲဒီေရနံထုတ္လုပ္မႈက ဝန္ထမ္းေတြကို CDM လုပ္ဖို႔ စည္း႐ံုးတယ္။ စည္း႐ံုးတဲ့အခ်ိန္မွာ သူတို႔ကလည္း ဒီအာဏာသိမ္းစစ္ေကာင္စီေအာက္မွာပဲ မလုပ္ခ်င္ဘူး။ “က်ေနာ္တို႔က ျပည္သူတင္တဲ့အစိုးရမွာပဲ လုပ္ခ်င္တယ္။ အခုလက္ရွိမွာ GoldPetrol ဆိုတဲ့ကုမၸဏီကို ေတာ္လွန္တာမဟုတ္ဘူး။ က်ေနာ္တို႔က စစ္ေကာင္စီအစိုးရကိုပဲ က်ေနာ္တို႔ရဲ႕သယံဇာတလံုးဝမေပးႏုိင္ဘူး။” ဆိုတဲ့ပံုစံမ်ဳိးနဲ႔ ရပ္တန္႔တာျဖစ္တယ္ေပါ့ေနာ္။ ဟုတ္ကဲ့။ မည္သူရဲ႕ဖိအားေပးျခင္းနဲ႔မွလည္းမဟုတ္ဘဲနဲ႔မိမိရဲ႕အသိစိတ္ဓာတ္နဲ႔ ဒါမ်ဳိးရပ္တည္တာျဖစ္တယ္။ ထိုနည္းအတူပဲ - မန္းေရနံေျမမွာရွိတဲ့ MPRI ကုမၸဏီကလည္း ဒီကေန က်မတို႔ ေရနံပို႔လႊတ္တာေတြ မရွိတဲ့အတြက္ သူတို႔ေတြ ရပ္တန္႔သြားရတဲ့သေဘာျဖစ္တယ္။

ခြါညိဳ။ ။ ေနာက္တခုက လံုၿခံဳေရးအေျခအေနေပါ့- အခုဆိုရင္ မႏၱေလးမွာလည္း ပစ္တာ ခတ္တာေတြရွိလာတယ္။ အဲဒီေတာ့ ဆႏၵျပေနၾကတဲ့ ေရနံေျမအလုပ္သမားေတြရဲ႕ လံုၿခံဳေရးအေျခအေနနဲ႔ လုံၿခံဳေရးတပ္ဖြဲ႔ဝင္ေတြဘက္က တုံ႔ျပန္မႈကေရာ ဘယ္လိုမ်ားရွိလဲ။

မပြင့္လႊာ။ ။ အခုခ်ိန္ထိေတာ့ ထိပ္တိုက္ေတြ႔မႈေတြမရွိေသးပါဘူး။ သူတို႔လည္း သူတို႔အလုပ္သူတို႔လုပ္ေနသလို က်မတို႔ကလည္း က်မတို႔ဆႏၵျပမႈေတြမွာ၊ ဆႏၵေဖာ္ထုတ္တဲ့ေနရာေတြမွာ အခုအခ်ိန္အထိ ေအးခ်မ္းစြာနဲ႔လုပ္ေဆာင္ခဲ့တယ္ေပါ့။ အဲဒီေတာ့ ထိပ္တိုက္ေတြ႔မႈေတာ့ မရွိေသးပါဘူးရွင့္။

ခြါညိဳ။ ။ အဲဒီေတာ့ အခုလုပ္ေနတာက ေခ်ာက္ေရနံေျမတခုတည္းမွာပဲ ကိုယ့္အစုနဲ႔ကိုယ္လုပ္သလား၊ ေရနံေျမ ၁၃ ခုလံုးကို ခ်ိတ္ဆက္ၿပီးေတာ့ ေခါင္းေဆာင္မႈအခ်င္းခ်င္း ညွိႏႈိင္းေဆာင္ရြက္တာေတြေရာ ရွိလား။

မပြင့္လႊာ။ ။ ရွိတယ္ရွင့္။ က်မတို႔ ေရနံေျမအဖြဲ႔ေတြ၊ ၿမိဳ႕ေတြ ၁၃ ဖြဲ႔လံုးမွာ အစုအဖြဲ႔ေတြရွိတယ္၊ အလုပ္သမားသမဂၢေတြရွိတယ္။ အဲဒီမွာ အလုပ္သမားေခါင္းေဆာင္ေတြရွိတယ္။ အဲဒီေတြကေနၿပီးေတာ့ ညွိႏႈိင္းေဆြးေႏြးၿပီး တၿပိဳင္တည္းလုပ္ေဆာင္ၾကတာရွင့္။

ခြါညိဳ။ ။ ဟုတ္ကဲ့။ အခုလိုမ်ဳိး ဆႏၵေဖာ္ထုတ္လို႔ အစုိးရအေျပာင္းအလဲျဖစ္လာမယ္ဆိုရင္ ေရနံေျမအလုပ္သမားေတြရဲ႕ ဘဝအေျခအေနေတြ၊ လစာဝင္ေငြအေျခအေနေတြ တိုးတက္ေျပာင္းလဲမႈအေပၚမွာေရာ ဘယ္လိုမ်ဳိး ခန္႔မွန္းထားတာ ရွိပါလဲ။ ဘယ္လိုေျပာင္းလဲသြားႏုိင္လဲ။

မပြင့္လႊာ။ ။ က်မတို႔ေတြက ေမွ်ာ္လင့္ခ်က္ထက္ - ပထမဆံုး စစ္အာဏာရွင္ရဲ႕ ခ်ဳပ္ကိုင္မႈကို က်မတို႔ေရနံေျမက အေတာ္ခံရတယ္ရွင့္။ က်မတို႔ေရနံေျမမွာ ေရနံတူးေဖာ္ေရး၊ ေရနံရွာေဖြေရးေတြမွာ သာမန္ ပညာတတ္တဲ့သူေတြမဝင္လာဘဲနဲ႔ ဘာမွမတတ္၊ ဘာမွမသိဘဲနဲ႔ စစ္ဘက္ကအရာရွိေတြ ေဘာင္းဘီခၽြတ္ၿပီး ဝင္လာတာျဖစ္တဲ့အတြက္ မသိနားမလည္တဲ့လူေတြနဲ႔ အလုပ္လုပ္ရျခင္းဟာလည္း ဆင္းရဲမႈတခုပဲေပါ့ေနာ္။ က်မတို႔ ဒီစစ္ေကာင္စီ၊ စစ္အာဏာရွင္ကို ေတာ္လွန္တယ္၊ အာဏာဖီဆန္တယ္ဆိုတာလည္း အဲဒါမ်ဳိးေတြ ေနာက္တႀကိမ္ က်မတို႔မရခ်င္ေတာ့ဘူး။ က်မတို႔ေမွ်ာ္လင့္တဲ့အရာက ျပည္သူတင္ထားတဲ့အစိုးရနဲ႔ ေအးအတူ ပူအမွ်-ဆိုတဲ့အရာမ်ဳိးေတြနဲ႔ပဲ မရွိလည္းအတူတူ၊ ရွိလည္းအတူတူ ျပည္သူတင္တဲ့အစိုးရနဲ႔ပဲ လုပ္ေဆာင္ခ်င္တယ္။ စိတ္ေအးခ်မ္းသာစြာနဲ႔ပဲ က်မတို႔သယံဇာတေတြကို ႏိုင္ငံအတြက္ ျဖန္႔ျဖဴးခ်င္တယ္ဆိုတဲ့စိတ္နဲ႔ပဲ က်မတို႔ လုပ္ၾကတာျဖစ္တယ္။ ဒီစစ္ေကာင္စီအစိုးရက်သြားၿပီဆိုရင္ က်မတို႔ ေရနံေျမဝန္ထမ္းေတြက ဘာႀကီးေပးရမွ၊ ဘယ္ဥစၥာမ်ဳိး၊ ဘယ္ေလာက္ထိရပါမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္မ်ဳိးနဲ႔ လုပ္တာမဟုတ္တဲ့အတြက္ - စိတ္ခ်မ္းသာမႈနဲ႔ လူကိုလူခ်င္းအုပ္ခ်ဳပ္တဲ့အစိုးရကိုပဲ က်မတို႔ေမွ်ာ္လင့္တယ္။ လူကိုလူလိုျမင္တဲ့အစိုးရတရပ္ေပၚထြန္းဖို႔ ဆႏၵျပေဖာ္ထုတ္တာျဖစ္ပါတယ္။

ခြါညိဳ။ ။ ဟုတ္ကဲ့။ မပြင့္။ အခုလို ဗီြအိုေအကို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ချောက်ရေနံမြေဆန္ဒပြသူ တဦးနဲ့ ဆက်သွယ်မေးမြန်းချက်

ချောက်ရေနံမြေအလုပ်သမားတွေ တစုတစည်းတည်းဆန္ဒပြလာတာ အခုဆိုရင် သီတင်း နှစ် ပတ်ရှိလာပါပြီ။ တိုင်းပြည်ရဲ့အဓိက လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ စွမ်းအင်ကဏ္ဍရဲ့ အကြမ်းမဖက်အာဏာဖီဆန်မှုဟာ စစ်အာဏာသိမ်းတဲ့အစိုးရအပေါ်မှာ ဘယ်လို သက်ရောက်မှု ရှိသလဲ၊ ရေနံမြေအလုပ်သမားထုရဲ့လိုလားချက်က ဘာတွေလဲဆိုတာကို ချောက်ရေနံမြေက CDM အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ မပွင့်လွှာကို မခွာညိုက ဆက်သွယ်မေးမြန်းထားပါတယ်။

ခွါညို။ ။ မပွင့်လွှာရေ-ဘာကြောင့် ရေနံထုတ်လုပ်မှုတွေ ရပ်ဆိုင်းတဲ့နည်းနဲ့ ဆန္ဒဖော်ထုတ်ဖို့ ဆုံးဖြတ်တာပါလဲ။

မပွင့်လွှာ။ ။ အာဏာသိမ်း စစ်ကောင်စီအစိုးရလက်အောက်မှာ မလုပ်နိုင်ဘူးဆိုပြီးတော့ ကျမတို့ ရေနံမြေမိသားစုတွေက ပြည်သူတင်မြှောက်တဲ့အစိုးရကြီးရောက်လာမှသာ ဝန်ထမ်းတွေက တာဝန်ထမ်းဆောင်တော့မယ်ဆိုတဲ့ သန္နိဌာန်မျိုးနဲ့ ရပ်ခဲ့တာဖြစ်တယ်။

ခွါညို။ ။ ဒီလိုရပ်ဆိုင်းလိုက်တဲ့အတွက် အကျိုးသက်ရောက်မှုကရော ဘယ်လိုတွေ့ရပါသလဲရှင့်။

မပွင့်လွှာ။ ။ ကျမတို့ချောက်ရေနံမြေတခုတည်းမှာကို တနေ့ရဲ့ရေနံထွက်ရှိမှုသည် အမေရိကန်စည်ဂါလံပေါင်း ၁,၇၀၀ ထွက်ရှိတာဖြစ်တယ်။ ရေနံရှာဖွေရေး ယန္တရားကြီးတခုလုံး ရပ်ဆိုင်းသွားရတာ။ ဒီရေနံရှာဖွေရေးတွေက ရပ်တန့်ဖြတ်တောက်လိုက်တဲ့အချိန်မှာ မန်းသံပုရာကန်က လေယာဉ်ဆီထုတ်လုပ်တဲ့ စက်ရုံကလည်း အားလုံးက အလိုအလျောက်ကို Shut-down ဖြစ်သွားတယ်။ ရေနံချက်လုပ်မယ့် ဝန်ထမ်းတွေကလည်း လုံးဝရပ်တန့်ပစ်လိုက်တဲ့ပုံစံဖြစ်တဲ့အတွက် အခု စစ်ကောင်စီအစိုးရမှာ လေယာဉ်ဆီထုတ်လုပ်မှု၊ လေယာဉ်ဆီပေးပို့မှုတွေက တော်တော်လျော့နည်းသွားပြီ။ လက်ကျန်ရှိတာပဲ ပေးနိုင်တယ်။ နောက်ထပ်အသစ်ဆိုတာ မပေးနိုင်တော့တဲ့အခြေအနေအထိ အောင်မြင်မှုတခုတော့ လက်ရှိအချိန်အထိ ရနေတယ်ပေါ့နော်။ အဲလိုပုံစံမျိုးဖြစ်တယ်။ အခု ရေနံမြေအသီးသီးမှာရှိတဲ့နေရာတွေက စက်ယန္တရားတွေက အားလုံးမောင်းနှင်တွင်းတွေကအစ အကုန်ရပ်ထားတဲ့အတွက် ထုတ်လုပ်မှုမှာ လုံးဝရပ်တန့်သွားတယ်။

ခွါညို။ ။ ချောက် MOGE နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တရုတ်နဲ့ အင်ဒို GoldPetrol ကုမ္ပဏီလည်း CDM ထဲမှာ ပါဝင်လာတယ်ဆိုတော့ ဒီလို ပါဝင်လာအောင် ဘယ်လိုစည်းရုံးခဲ့လဲဆိုတာ ရှင်းပြပေးပါအုံး။

မပွင့်လွှာ။ ။ အဲဒီကုမ္ပဏီကကျတော့ Product ထုတ်လုပ်တဲ့နေရာပဲ။ ကျမတို့က အဲဒီရေနံထုတ်လုပ်မှုက ဝန်ထမ်းတွေကို CDM လုပ်ဖို့ စည်းရုံးတယ်။ စည်းရုံးတဲ့အချိန်မှာ သူတို့ကလည်း ဒီအာဏာသိမ်းစစ်ကောင်စီအောက်မှာပဲ မလုပ်ချင်ဘူး။ “ကျနော်တို့က ပြည်သူတင်တဲ့အစိုးရမှာပဲ လုပ်ချင်တယ်။ အခုလက်ရှိမှာ GoldPetrol ဆိုတဲ့ကုမ္ပဏီကို တော်လှန်တာမဟုတ်ဘူး။ ကျနော်တို့က စစ်ကောင်စီအစိုးရကိုပဲ ကျနော်တို့ရဲ့သယံဇာတလုံးဝမပေးနိုင်ဘူး။” ဆိုတဲ့ပုံစံမျိုးနဲ့ ရပ်တန့်တာဖြစ်တယ်ပေါ့နော်။ ဟုတ်ကဲ့။ မည်သူရဲ့ဖိအားပေးခြင်းနဲ့မှလည်းမဟုတ်ဘဲနဲ့မိမိရဲ့အသိစိတ်ဓာတ်နဲ့ ဒါမျိုးရပ်တည်တာဖြစ်တယ်။ ထိုနည်းအတူပဲ - မန်းရေနံမြေမှာရှိတဲ့ MPRI ကုမ္ပဏီကလည်း ဒီကနေ ကျမတို့ ရေနံပို့လွှတ်တာတွေ မရှိတဲ့အတွက် သူတို့တွေ ရပ်တန့်သွားရတဲ့သဘောဖြစ်တယ်။

ခွါညို။ ။ နောက်တခုက လုံခြုံရေးအခြေအနေပေါ့- အခုဆိုရင် မန္တလေးမှာလည်း ပစ်တာ ခတ်တာတွေရှိလာတယ်။ အဲဒီတော့ ဆန္ဒပြနေကြတဲ့ ရေနံမြေအလုပ်သမားတွေရဲ့ လုံခြုံရေးအခြေအနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က တုံ့ပြန်မှုကရော ဘယ်လိုများရှိလဲ။

မပွင့်လွှာ။ ။ အခုချိန်ထိတော့ ထိပ်တိုက်တွေ့မှုတွေမရှိသေးပါဘူး။ သူတို့လည်း သူတို့အလုပ်သူတို့လုပ်နေသလို ကျမတို့ကလည်း ကျမတို့ဆန္ဒပြမှုတွေမှာ၊ ဆန္ဒဖော်ထုတ်တဲ့နေရာတွေမှာ အခုအချိန်အထိ အေးချမ်းစွာနဲ့လုပ်ဆောင်ခဲ့တယ်ပေါ့။ အဲဒီတော့ ထိပ်တိုက်တွေ့မှုတော့ မရှိသေးပါဘူးရှင့်။

ခွါညို။ ။ အဲဒီတော့ အခုလုပ်နေတာက ချောက်ရေနံမြေတခုတည်းမှာပဲ ကိုယ့်အစုနဲ့ကိုယ်လုပ်သလား၊ ရေနံမြေ ၁၃ ခုလုံးကို ချိတ်ဆက်ပြီးတော့ ခေါင်းဆောင်မှုအချင်းချင်း ညှိနှိုင်းဆောင်ရွက်တာတွေရော ရှိလား။

မပွင့်လွှာ။ ။ ရှိတယ်ရှင့်။ ကျမတို့ ရေနံမြေအဖွဲ့တွေ၊ မြို့တွေ ၁၃ ဖွဲ့လုံးမှာ အစုအဖွဲ့တွေရှိတယ်၊ အလုပ်သမားသမဂ္ဂတွေရှိတယ်။ အဲဒီမှာ အလုပ်သမားခေါင်းဆောင်တွေရှိတယ်။ အဲဒီတွေကနေပြီးတော့ ညှိနှိုင်းဆွေးနွေးပြီး တပြိုင်တည်းလုပ်ဆောင်ကြတာရှင့်။

ခွါညို။ ။ ဟုတ်ကဲ့။ အခုလိုမျိုး ဆန္ဒဖော်ထုတ်လို့ အစိုးရအပြောင်းအလဲဖြစ်လာမယ်ဆိုရင် ရေနံမြေအလုပ်သမားတွေရဲ့ ဘဝအခြေအနေတွေ၊ လစာဝင်ငွေအခြေအနေတွေ တိုးတက်ပြောင်းလဲမှုအပေါ်မှာရော ဘယ်လိုမျိုး ခန့်မှန်းထားတာ ရှိပါလဲ။ ဘယ်လိုပြောင်းလဲသွားနိုင်လဲ။

မပွင့်လွှာ။ ။ ကျမတို့တွေက မျှော်လင့်ချက်ထက် - ပထမဆုံး စစ်အာဏာရှင်ရဲ့ ချုပ်ကိုင်မှုကို ကျမတို့ရေနံမြေက အတော်ခံရတယ်ရှင့်။ ကျမတို့ရေနံမြေမှာ ရေနံတူးဖော်ရေး၊ ရေနံရှာဖွေရေးတွေမှာ သာမန် ပညာတတ်တဲ့သူတွေမဝင်လာဘဲနဲ့ ဘာမှမတတ်၊ ဘာမှမသိဘဲနဲ့ စစ်ဘက်ကအရာရှိတွေ ဘောင်းဘီချွတ်ပြီး ဝင်လာတာဖြစ်တဲ့အတွက် မသိနားမလည်တဲ့လူတွေနဲ့ အလုပ်လုပ်ရခြင်းဟာလည်း ဆင်းရဲမှုတခုပဲပေါ့နော်။ ကျမတို့ ဒီစစ်ကောင်စီ၊ စစ်အာဏာရှင်ကို တော်လှန်တယ်၊ အာဏာဖီဆန်တယ်ဆိုတာလည်း အဲဒါမျိုးတွေ နောက်တကြိမ် ကျမတို့မရချင်တော့ဘူး။ ကျမတို့မျှော်လင့်တဲ့အရာက ပြည်သူတင်ထားတဲ့အစိုးရနဲ့ အေးအတူ ပူအမျှ-ဆိုတဲ့အရာမျိုးတွေနဲ့ပဲ မရှိလည်းအတူတူ၊ ရှိလည်းအတူတူ ပြည်သူတင်တဲ့အစိုးရနဲ့ပဲ လုပ်ဆောင်ချင်တယ်။ စိတ်အေးချမ်းသာစွာနဲ့ပဲ ကျမတို့သယံဇာတတွေကို နိုင်ငံအတွက် ဖြန့်ဖြူးချင်တယ်ဆိုတဲ့စိတ်နဲ့ပဲ ကျမတို့ လုပ်ကြတာဖြစ်တယ်။ ဒီစစ်ကောင်စီအစိုးရကျသွားပြီဆိုရင် ကျမတို့ ရေနံမြေဝန်ထမ်းတွေက ဘာကြီးပေးရမှ၊ ဘယ်ဥစ္စာမျိုး၊ ဘယ်လောက်ထိရပါမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ လုပ်တာမဟုတ်တဲ့အတွက် - စိတ်ချမ်းသာမှုနဲ့ လူကိုလူချင်းအုပ်ချုပ်တဲ့အစိုးရကိုပဲ ကျမတို့မျှော်လင့်တယ်။ လူကိုလူလိုမြင်တဲ့အစိုးရတရပ်ပေါ်ထွန်းဖို့ ဆန္ဒပြဖော်ထုတ်တာဖြစ်ပါတယ်။

ခွါညို။ ။ ဟုတ်ကဲ့။ မပွင့်။ အခုလို ဗွီအိုအေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG