[Zawgyi/Unicode]
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ရခိုင္ျပည္နယ္မွာ အေျခခံပညာေရးေက်ာင္းေတြ ဖြင့္လွစ္ႏိုင္ဖို႔အတြက္ ပညာေရးဝန္ထမ္းအားလံုး ဒီကေန႔ စတင္ၿပီး ပံုမွန္ေက်ာင္းတက္ဖို႔ ျပည္နယ္ ပညာေရးမွဴးရံုးက ထုတ္ျပန္ထားပါတယ္။ တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ အာဏာရွင္ အစိုးရကို ဆန္႔က်င္ေနၾကသလို ဌာနဆိုင္ရာ ဝန္ထမ္းေတြဟာလည္း အႏုနည္းနဲ႔ အာဏာဖီ ဆန္တဲ့ CDM ေတြမွာ ပါဝင္လာၾကၿပီး ရခိုင္ျပည္နယ္က ပညာေရးဝန္ထမ္းတခ်ိဳ႕လည္း CDM မွာ ပါဝင္ေနၾကပါတယ္။ ဒီအေၾကာင္း အျပည့္အစံုကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပပါမယ္။
ရခိုင္ျပည္နယ္မွာ အေျခခံပညာေရးေက်ာင္းေတြ ဖြင့္လွစ္ႏိုင္ဖို႔နဲ႔ ေက်ာင္း ဥပဓိရုပ္ ေကာင္းမြန္ဖို႔အတြက္ ပညာေရးဝန္ထမ္းအားလံုး ဒီကေန႔ စတင္ၿပီး ပံုမွန္ေက်ာင္းတက္ဖို႔ ျပည္နယ္ပညာေရးမႉးက မေန႔က ထုန္ျပန္လိုက္တာျဖစ္ပါတယ္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံအဝွမ္း အာဏာရွင္ဆန္႔က်င္တဲ့ လႈပ္ရွားမႉေတြ ၾကီးထြားလာေနေပမဲ့လည္း ရခိုင္ျပည္နယ္တစ္ခုတည္းမွာပဲ ပညာေရးဝန္ထမ္းေတြ ဒီကေန႔စၿပီး ေက်ာင္းပံုမွန္တက္ရမယ္ဆိုတဲ့အေပၚ ပညာေရးဝန္ထမ္းေတြၾကား စိုးရိမ္မႈေတြ လည္း ရွိေနၾကတာပါ။
ေပါက္ေတာၿမိဳ႕နယ္က မူလတန္းျပ ေက်ာင္းဆရာမ တစ္ဦးကေတာ့ ဒီကေန႔ ေက်ာင္းျပန္ တက္ဖို႔ အေၾကာင္းကို မေန႔က ညေနပိုင္းကမွ ဖုန္းဆက္လာတယ္လို႔ ေျပာပါတယ္။
“မေန႔ကက်ေတာ့ က်မတို႔ တာဝန္ခံ ေက်ာင္းအုပ္ကေပါ့ေနာ္... ေက်ာင္းဆရာမႀကီးက ဖုန္းဆက္တယ္။ မနက္ျဖန္ ေက်ာင္းလာရမယ္ေပါ့ေနာ္။ စာသင္ရမယ္လို႔ေတာ့ မေျပာဘူး။ သူတို႔လည္း အထက္က ၿမိဳ႕နယ္ပညာေရးမွဴးရံုးက ညြန္ၾကားလို႔ ဆရာ၊ ဆရာမေတြကို ၂၂ ရက္ေန႔ ေက်ာင္းကို အေရာက္ေခၚထားရမယ္ဆိုလို႔ ေခၚတာလို႔ ေျပာပါတယ္။”
ရခိုင္ျပည္နယ္ေျမာက္ပိုင္း ပုဏၰားကြ်န္းၿမိဳ႕နယ္ ပညာေရးမွဴး ဦးညီေထြးကေတာ့ ပိတ္ထားတဲ့ ေက်ာင္းေတြ ဥပဓိရုပ္ေကာင္းဖို႔နဲ႔ ေက်ာင္းျပန္ဖြင့္ႏိုင္ဖို႔အတြက္ ဆရာ၊ ဆရာမေတြကို ေက်ာင္းတက္ဖို႔ ေခၚရတာ ျဖစ္တယ္လို႔ ေျပာပါတယ္။
“မဟုတ္ဘူး။ ဒီလိုပါ အရင္တုန္းကတည္းက ေက်ာင္းဥပဓိရုပ္ေကာင္းဖို႔အတြက္ ေက်ာင္းအုပ္ႀကီးနဲ႔ ဆရာ၊ ဆရာမေတြက ေက်ာင္းမွာေနၿပီးေတာ့ ေဆာင္ရြက္ရမယ္ဆိုတာ ရွိၿပီးသားပါ။ ေက်ာင္းမွာေနရမယ့္ သေဘာပါ။ ေက်ာင္းဥပဓိရုပ္ေကာင္းေအာင္ လုပ္ေနရမယ့္ သေဘာပါ။ ဝန္ထမ္းက ဝန္ထမ္းေနရာမွာ ရွိေနရမယ့္ သေဘာပါပဲ... ပံုမွန္ပါပဲ။”
တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ အာဏာရွင္ အစိုးရကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြဟာလည္း ႀကီးထြားလာေနသလို သက္ဆိုင္ရာ ဌာနဆိုင္ရာဝန္ထမ္းေတြဟာလည္း အႏုနည္းနဲ႔ အာဏာဖီ ဆန္တဲ့ CDM လႈပ္ရွားမႈေတြမွာ ပါဝင္လာၾကပါတယ္။
ရခိုင္ျပည္နယ္ ေပါက္ေတာၿမိဳ႕နယ္က မူလတန္းျပဆရာမ တစ္ဦးကလည္း ညြန္ၾကားခ်က္ အတိုင္း ေက်ာင္းသြားတက္မွာ မဟုတ္သလို စစ္အာဏာရွင္ လက္ေအာက္မွာ ဝန္ထမ္းဆက္မလုပ္ဖို႔ ဆံုးျဖတ္ထားတယ္လို႔ ေျပာပါတယ္။
“က်မကေတာ့ ေက်ာင္းကို လံုးဝမသြားဖို႔ ဆံုးျဖတ္ထားပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အခုက စစ္တပ္က အာဏာသိမ္းထားတယ္ဆိုေတာ့ က်မတို႔ ေက်ာင္းကို သြားလိုက္လို႔ရွိရင္ သူတို႔ကို ေထာက္ခံသလို ျဖစ္သြားလိမ့္မယ္။ က်မကေတာ့ စစ္အာဏာရွင္ကို လံုးဝ ဆန္႔က်င္တယ္။ ကန္႔ကြက္တယ္။ အဲဒါေၾကာင့္ CDM လုပ္မယ္လို႔ ဆံုးျဖတ္ထားတယ္။ သူတို႔ အုပ္ခ်ဳပ္တဲ့ လက္ေအာက္မွာ က်မ အလုပ္မလုပ္ခ်င္ဘူးေပါ့ေနာ္။ အဲဒါေၾကာင့္ ေက်ာင္းကို လံုးဝမသြားပါဘူး။ ျပတ္ျပတ္သားသား တခုခု ဆံုးျဖတ္ရမယ္ဆိုရင္ အလုပ္ထြက္ဖို႔ ဆံုးျဖတ္ထားပါတယ္။”
ျမန္မာႏိုင္ငံမွာ အေျခခံပညာေက်ာင္းေတြကို ၿပီးခဲတဲ့ အရပ္သားအစိုးရလက္ထက္မွာက တည္းက ကိုရိုနာဗိုင္းရပ္စ္ ကုူးစက္မႈေတြေၾကာင့္ ပိတ္ထားခဲ့ရတာျဖစ္ၿပီး လက္ရွိမွာေတာ့ တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ အေျခခံေက်ာင္းေတြကို ဖြင့္လွစ္ႏိုင္ဖို႔ ေဆာင္ရြက္ေနတယ္လို႔ ရခိုင္ျပည္နယ္ ပညာေရးမႉးရံုးက ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။
[Unicode Version]
ရခိုင်ပညာရေးဝန်ထမ်းတွေ အလုပ်ပြန်ဝင်ဖို့ ညွှန်ကြား
စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်မှာ အခြေခံပညာရေးကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် ပညာရေးဝန်ထမ်းအားလုံး ဒီကနေ့ စတင်ပြီး ပုံမှန်ကျောင်းတက်ဖို့ ပြည်နယ် ပညာရေးမှူးရုံးက ထုတ်ပြန်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အာဏာရှင် အစိုးရကို ဆန့်ကျင်နေကြသလို ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာလည်း အနုနည်းနဲ့ အာဏာဖီ ဆန်တဲ့ CDM တွေမှာ ပါဝင်လာကြပြီး ရခိုင်ပြည်နယ်က ပညာရေးဝန်ထမ်းတချို့လည်း CDM မှာ ပါဝင်နေကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။
ရခိုင်ပြည်နယ်မှာ အခြေခံပညာရေးကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့နဲ့ ကျောင်း ဥပဓိရုပ် ကောင်းမွန်ဖို့အတွက် ပညာရေးဝန်ထမ်းအားလုံး ဒီကနေ့ စတင်ပြီး ပုံမှန်ကျောင်းတက်ဖို့ ပြည်နယ်ပညာရေးမှူးက မနေ့က ထုန်ပြန်လိုက်တာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအဝှမ်း အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှူတွေ ကြီးထွားလာနေပေမဲ့လည်း ရခိုင်ပြည်နယ်တစ်ခုတည်းမှာပဲ ပညာရေးဝန်ထမ်းတွေ ဒီကနေ့စပြီး ကျောင်းပုံမှန်တက်ရမယ်ဆိုတဲ့အပေါ် ပညာရေးဝန်ထမ်းတွေကြား စိုးရိမ်မှုတွေ လည်း ရှိနေကြတာပါ။
ပေါက်တောမြို့နယ်က မူလတန်းပြ ကျောင်းဆရာမ တစ်ဦးကတော့ ဒီကနေ့ ကျောင်းပြန် တက်ဖို့ အကြောင်းကို မနေ့က ညနေပိုင်းကမှ ဖုန်းဆက်လာတယ်လို့ ပြောပါတယ်။
“မနေ့ကကျတော့ ကျမတို့ တာဝန်ခံ ကျောင်းအုပ်ကပေါ့နော်... ကျောင်းဆရာမကြီးက ဖုန်းဆက်တယ်။ မနက်ဖြန် ကျောင်းလာရမယ်ပေါ့နော်။ စာသင်ရမယ်လို့တော့ မပြောဘူး။ သူတို့လည်း အထက်က မြို့နယ်ပညာရေးမှူးရုံးက ညွန်ကြားလို့ ဆရာ၊ ဆရာမတွေကို ၂၂ ရက်နေ့ ကျောင်းကို အရောက်ခေါ်ထားရမယ်ဆိုလို့ ခေါ်တာလို့ ပြောပါတယ်။”
ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် ပညာရေးမှူး ဦးညီထွေးကတော့ ပိတ်ထားတဲ့ ကျောင်းတွေ ဥပဓိရုပ်ကောင်းဖို့နဲ့ ကျောင်းပြန်ဖွင့်နိုင်ဖို့အတွက် ဆရာ၊ ဆရာမတွေကို ကျောင်းတက်ဖို့ ခေါ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
“မဟုတ်ဘူး။ ဒီလိုပါ အရင်တုန်းကတည်းက ကျောင်းဥပဓိရုပ်ကောင်းဖို့အတွက် ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမတွေက ကျောင်းမှာနေပြီးတော့ ဆောင်ရွက်ရမယ်ဆိုတာ ရှိပြီးသားပါ။ ကျောင်းမှာနေရမယ့် သဘောပါ။ ကျောင်းဥပဓိရုပ်ကောင်းအောင် လုပ်နေရမယ့် သဘောပါ။ ဝန်ထမ်းက ဝန်ထမ်းနေရာမှာ ရှိနေရမယ့် သဘောပါပဲ... ပုံမှန်ပါပဲ။”
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အာဏာရှင် အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာလည်း ကြီးထွားလာနေသလို သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းတွေဟာလည်း အနုနည်းနဲ့ အာဏာဖီ ဆန်တဲ့ CDM လှုပ်ရှားမှုတွေမှာ ပါဝင်လာကြပါတယ်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က မူလတန်းပြဆရာမ တစ်ဦးကလည်း ညွန်ကြားချက် အတိုင်း ကျောင်းသွားတက်မှာ မဟုတ်သလို စစ်အာဏာရှင် လက်အောက်မှာ ဝန်ထမ်းဆက်မလုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။
“ကျမကတော့ ကျောင်းကို လုံးဝမသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခုက စစ်တပ်က အာဏာသိမ်းထားတယ်ဆိုတော့ ကျမတို့ ကျောင်းကို သွားလိုက်လို့ရှိရင် သူတို့ကို ထောက်ခံသလို ဖြစ်သွားလိမ့်မယ်။ ကျမကတော့ စစ်အာဏာရှင်ကို လုံးဝ ဆန့်ကျင်တယ်။ ကန့်ကွက်တယ်။ အဲဒါကြောင့် CDM လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ သူတို့ အုပ်ချုပ်တဲ့ လက်အောက်မှာ ကျမ အလုပ်မလုပ်ချင်ဘူးပေါ့နော်။ အဲဒါကြောင့် ကျောင်းကို လုံးဝမသွားပါဘူး။ ပြတ်ပြတ်သားသား တခုခု ဆုံးဖြတ်ရမယ်ဆိုရင် အလုပ်ထွက်ဖို့ ဆုံးဖြတ်ထားပါတယ်။”
မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတွေကို ပြီးခဲတဲ့ အရပ်သားအစိုးရလက်ထက်မှာက တည်းက ကိုရိုနာဗိုင်းရပ်စ် ကုူးစက်မှုတွေကြောင့် ပိတ်ထားခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံကျောင်းတွေကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။