သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၾကားကာလ အုပ္ခ်ဳပ္ေရးအဖဲြ႔ ဖဲြ႔စည္းဖို႔ CRPH ေၾကညာ


[ Zawgyi ]

စစ္တပ္က အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ ျပည္သူေတြ လံုၿခံဳမႈရွိေစေရးအတြက္ အဖြဲ႔ဝင္ အနည္းဆံုး ၁၁ ဦးပါ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ကို ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်းရြာအုပ္စု အဆင့္ကေန စတင္ဖြဲ႔စည္းမွာ ျဖစ္ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီက ေၾကညာလိုက္ပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ၈၂ ရာခိုင္ႏႈန္းေက်ာ္နဲ႔ အႏိုင္ရတာကို လက္မခံဘဲ စစ္တပ္က အာဏာသိမ္းခဲ့တာကို ႏိုင္ငံတဝန္းလံုးက ျပည္သူေတြ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈနဲ႔ လက္မခံေၾကာင္း ျပေနတဲ့အျပင္ ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔မွာ အက်ဥ္းေထာင္ေတြကေန ရာဇဝတ္သားေတြကို လႊတ္ေပးခဲ့တဲ့အတြက္ ျပည္သူေတြ ကိုယ့္လံုၿခံဳေရး ကိုယ္ယူေနရတာေၾကာင့္ ျပည္သူ႔အုပ္ခ်ဳပ္ေရး အစီအစဥ္တရပ္ ခ်မွတ္ဖို႔ လိုအပ္ေနၿပီျဖစ္ေၾကာင္း ေဖေဖာ္ဝါရီ ၂၁ ရက္ တနဂၤေႏြေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆုိခဲ့တာပါ။

ဒီ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ CDM လႈပ္ရွားမႈမွာ ပါဝင္သူေတြ၊ ရပ္မိရပ္ဖေတြနဲ႔ ဖြဲ႔စည္းမွာျဖစ္ၿပီး ဒီအဖြဲ႔ကေန ၿမိဳ႕နယ္၊ ရပ္ကြက္ ေက်းရြာအဆင့္ အသီးသီးမွာ စုေပါင္းေခါင္းေဆာင္မႈနဲ႔ စီမံခန္႔ခြဲရမွာ ျဖစ္ပါတယ္။ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ဟာ လူထုလံုၿခံဳေရး၊ က်န္းမာေရးအျပင္ CDM လႈပ္ရွားသူေတြရဲ့ လိုအပ္ခ်က္ေတြ ျဖည့္ဆည္းေရးအတြက္ CRPH ရဲ့ ျပန္ၾကားေရးနဲ႔ ျပည္သူ႔ေရးရာ ေကာ္မတီနဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ရမွာျဖစ္ၿပီး ျပည္သူကို အေျခအေနမျပတ္ တင္ျပေပးရမွာ ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

အခုထုတ္ျပန္ခဲ့တဲ့ အခန္း ၆ ခန္းပါ ၾကားကာလျပည္သူ႔အုပ္ခ်ဳပ္ေရး အစီအစဥ္ဟာ စစ္တပ္အုပ္ခ်ဳပ္ေနတဲ့ အခ်ိန္ကာလအတြက္သာ ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီက ေျပာပါတယ္။

CRPH
CRPH
တိုက္႐ိုက္ လင့္ခ္

----------------------

[ Unicode ]

ၾကားကာလ အုပၡ္ဳပ္ေရးအဖဲျ႔ ဖဲျ႔စၫ္းဖို႔ CRPH ေၾကညာ

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေ လုံခြုံမှုရှိစေရေးအတွက် အဖွဲ့ဝင် အနည်းဆုံး ၁၁ ဦးပါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အဆင့်ကနေ စတင်ဖွဲ့စည်းမှာ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ကြေညာလိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၂ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရတာကို လက်မခံဘဲ စစ်တပ်က အာဏာသိမ်းခဲ့တာကို နိုင်ငံတဝန်းလုံးက ပြည်သူတွေ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုနဲ့ လက်မခံကြောင်း ပြနေတဲ့အပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အကျဉ်းထောင်တွေကနေ ရာဇဝတ်သားတွေကို လွှတ်ပေးခဲ့တဲ့အတွက် ပြည်သူတွေ ကိုယ့်လုံခြုံရေး ကိုယ်ယူနေရတာကြောင့် ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်တရပ် ချမှတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက် တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

ဒီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ဒီအဖွဲ့ကနေ မြို့နယ်၊ ရပ်ကွက် ကျေးရွာအဆင့် အသီးသီးမှာ စုပေါင်းခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ လူထုလုံခြုံရေး၊ ကျန်းမာရေးအပြင် CDM လှုပ်ရှားသူတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းရေးအတွက် CRPH ရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ရေးရာ ကော်မတီနဲ့ ချိတ်ဆက်ဆောင်ရွက်ရမှာဖြစ်ပြီး ပြည်သူကို အခြေအနေမပြတ် တင်ပြပေးရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အခုထုတ်ပြန်ခဲ့တဲ့ အခန်း ၆ ခန်းပါ ကြားကာလပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်ဟာ စစ်တပ်အုပ်ချုပ်နေတဲ့ အချိန်ကာလအတွက်သာ ဖြစ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG