သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းစစ္ေျပးဒုကၡသည္ေတြ အေရးေပၚအကူအညီ လိုအပ္


ရွမ္း စစ္ေဘးေရွာင္ဒုကၡသည္မ်ား။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

တပ္မေတာ္ကေန နိုင္ငံေတာ္အာဏာကို ထိန္းသိမ္းလိုက္ျပီးေနာက္ပိုင္း စစ္ေရးတင္းမာေနဆဲ ရွမ္းျပည္နယ္မွာရွိတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ စခန္းေတြမွာ အကူညီျပတ္ေတာက္ျပီး စားနပ္ရိကၡာအကူညီ လိုအပ္ေနတဲ့အေၾကာင္းကိုေတာ့ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္ကေန တင္ဆက္ေပးမွာပါ။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသက တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္းေတြအၾကား စစ္ေရးတင္းမာမႈေၾကာင့္ ေနရပ္ကေန တိမ္းရွာင္ေနရတဲ့ စစ္ေရွာင္ေတြဟာ လက္ရွိ တပ္မေတာ္ကေန နိုင္ငံေတာ္အာဏာကို ထိန္းသိမ္းလိုက္ျပီး ေနာက္ပိုင္း အကူညီေပးေဆာင္မႈကင္းမဲ့လာတာေၾကာင့္ စား၀တ္ေနေရးအခက္အခဲနဲ႔ ရင္ဆိုင္ေနၾကရတာပါ။

နမၼတူျမိဳ႕နယ္အတြင္းက စစ္ေရွာင္ ၇၀၀ ခန္႔ဟာ လက္ရွိမတည္ျငိမ္တဲ့ နိုင္ငံေရးအေျခအေနေၾကာင့္ အကူညီျပတ္ေနလို႔ အခက္ခဲရွိေနေၾကာင္း နမၼတူစစ္ေရွာင္ကယ္ဆယ္ေရးေကာ္မီတီဥကၠ႒ စိုင္းဘဥာဏ္ကေျပာပါတယ္။

“ျပတ္ေတာက္မႈဆိုတာက အခုကာလမွာလည္း ဆႏၵျပေန၊ ဘာျပ ေနတာဆိုေတာ့ လာျပီးေတာ့ လွဴဒါန္းတာေတြ၊ ေပးတာေတြ မရွိဘူးေပါ့။ စား၀တ္ေနေရးက ခုေလာေလာဆယ္က ၃၊ ၄ ရက္ေလာက္ေတာ့ ရေသးတယ္ဗ်။ ေနာက္ ရက္ပိုင္းျပီးရင္ေတာ့ လိုအပ္ျပီေပါ့။ စစ္ေဘးေရွာင္ေတြက လူေဟာင္း၊ လူသစ္အားလုံးေပါင္းမယ္ဆို ၇၀၀ ေလာက္ ရွိတယ္ေပါ့။ လူေဟာင္းက ၅၀၀ ေက်ာ္တယ္။ လူသစ္ကေတာ့ ၁၅၀ ေက်ာ္။”

နမၼတူျမိဳ႕နယ္ဘက္မွာ တအာင္းပေလာင္ TNLA အဖြဲ႕နဲ႔ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA တို႔အၾကား ဒီေန႔ အထိျဖစ္ပြါးေနဆဲတိုက္ပြဲေၾကာင့္ စစ္ေရွာင္ေတြ ထပ္တိုးလာတယ္လို႔ စိုင္းဘဥာဏ္က ဆက္ေျပာပါတယ္။

“တိုက္ပြဲအခုလည္း ျဖစ္ေနတုန္းပဲေလ။ ပစ္တာက က်ေနာ္တို႔ မန္စံအနီးတ၀ိုက္မွာ အဲဒီမွာျဖစ္ေနတာ ဒီမနက္ေလ။ TNLA နဲ႔ RCSS ပါ။ စစ္ေဘးေရွာင္ေတြက ေလာေလာဆယ္ က်ေနာ္ဆီေရာက္ေနတာက ၁၅၇ ေယာက္။ မန္စံဘက္က အခု ၃၀၀ ေက်ာ္သြားျပီး။ ဒီေန႔လည္း မန္စံအပိုင္းလည္း ျပန္တိုးလာတယ္။ က်ေနာ္တို႔အပိုင္းလည္း ျပန္တိုးလာတယ္။”

ေဒသတြင္း တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕အခ်င္းခ်င္းတိုက္ပြဲနဲ႔ တပ္မေတာ္တို႔အၾကားတိုက္ပြဲေၾကာင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသက ေက်ာက္မဲျမိဳ႕နယ္မွာလည္း စစ္ေရွာင္ ၂,၀၀၀ ေက်ာ္ဟာ စား၀တ္ေနေရး ခက္ခဲလာတယ္လို႔ ေက်ာက္မဲျမိဳ႕ ဇီ၀ိတလူမႈကူညီေရးအသင္းတာ၀န္ခံ ဦးတင္ေမာင္သိန္းကေျပာပါတယ္။

“ေက်ာက္မဲစစ္ေရွာင္ကေတာ့ ပထမတေနရာကေတာ့ လြယ္အန္တင္းအုပ္စုက ၇ ရြာေရွာင္လာတာ ၁,၀၀၀ ေက်ာ္ ေလာက္ရွိတာေပါ့။ အဲဒါကေက်ာက္မဲျမိဳ႕ေပၚမွာ ရွိတဲ့ ဘုန္းၾကီးေက်ာင္းတို႔၊ ဘာတို႔မွာ ထားထားတယ္။ ေနာက္တေနရာကေတာ့ ျပီးခဲ့တဲ့ တပတ္ေလာက္အခ်ိန္မွာေတာ့ စံဘက္နယ္ထဲမွာဗ်။ အဲဒီရြာထဲမွာလည္း ေနရာ ၃ ေနရာေလာက္ ခြဲထားတာေပါ့ေလ။ ဆိုေတာ့အဲဒီမွာလည္း လူဦးေရ ၁,၀၀၀ နီးပါးေလာက္ရွိတယ္။ အုပ္ခ်ဳပ္ေရးအေနနဲ႔ေတာ့ သူတို႔လည္း ပထမပိုင္းေတာ့ ကူနိုင္တာေပါ့ဗ်ာ။ ေနာက္ပိုင္း စစ္အုပ္ခ်ဳပ္ေရးေတာက္ေလွ်ာက္၀င္လာတဲ့အခ်ိန္မွာ မျဖစ္နိုင္ေတာ့ဘူးေပါ့ေနာ္။ သူတို႔ဘက္ကလည္း အခက္ခဲေတြရွိမွာပါ။”

ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္ဘက္မွာေတာ့ WFP ကမၻာ့စားနပ္ရိကၡာအစီအစဥ္နဲ႔ ရိကၡာအခက္ခဲမရွိေပမဲ့ ဆမီးျမိဳ႕ဘက္မွာေတာ့ စစ္ေရွာင္ေတြေန အိမ္ပ်က္စီးမႈေတြ ရွိေနတာေၾကာင့္ အကူညီလိုအပ္ေနတယ္လို႔ ဆမီးျမိဳ႕ခံတဦးက ေျပာပါတယ္။

“စစ္အာဏာသိမ္းတဲ့ေနာက္ပိုင္းမွာ အရင္တုန္းကလို အေထာက္အပံ့ေတြ မရေတာ့ဘူး။ အခုသူတို႕ရဲ႕ ယာယီစခန္း... ၀ါးေတြနဲ႔ လုပ္ထားတဲ့ စစ္ေဘးေရွာင္စခန္းေတြကလည္း အကုန္လုံး ပိုးထိုးျပီးေတာ့ ျပိဳက်ျပီးေတာ့ သူတို႕အတြက္ ေနေရးထိုင္ေရးလည္း အဆင္မေျပေတာ့ဘူးေပါ့။”

ပလက္၀ျမိဳ႕က စစ္ေရွာင္ေတြကေတာ့ WFP ကမၻာ့စားနပ္ရိကၡာအစီအစဥ္နဲ႔ ဆန္ရိကၡာ ၇ လစာ ရရွိထားျပီးလို႔လည္း ဒုကၡသည္ကူညီေရးေကာ္မီတီေတြကေျပာပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ ျမန္မာစစ္တပ္တို႔အၾကား စစ္ေရးပဋိပကၡေၾကာင့္ ခ်င္းျပည္နယ္ပလက္၀ၿမိဳ႕နယ္ေဒသခံ ၄,၀၀၀ ခန္႔ဟာ စစ္ေျပးဒုကၡသည္အျဖစ္နဲ႔ စစ္ေဘးတိမ္းေရွာင္ ေနရျပီး ေနရပ္ရင္းကိုျပန္လို႔ မရေသးတဲ့ အေျခအေနမွာ ရွိေနပါတယ္။

AA ရခိုင္လက္နက္ကိုင္အဖဲြ႕နဲ႔ ျမန္မာစစ္တပ္အၾကားမွာ ယာယီအားျဖင့္ အပစ္အခတ္ရပ္စဲမႈရထားတာေၾကာင့္ ရခိုင္နဲ႔ ခ်င္းျပည္နယ္တြင္းမွာေတာ့ တိုက္ပဲြေတြ လတ္တေလာ ျဖစ္ပြားမႈ မရွိေသးတဲ့အေျခအေနမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းစစ်ပြေးဒုက္ခသည်တွေ အရေးပေါ်အကူအညီ လိုအပ်

တပ်မတော်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ပြီးနောက်ပိုင်း စစ်ရေးတင်းမာနေဆဲ ရှမ်းပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည် စခန်းတွေမှာ အကူညီပြတ်တောက်ပြီး စားနပ်ရိက္ခာအကူညီ လိုအပ်နေတဲ့အကြောင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ တင်ဆက်ပေးမှာပါ။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းတွေအကြား စစ်ရေးတင်းမာမှုကြောင့် နေရပ်ကနေ တိမ်းရှာင်နေရတဲ့ စစ်ရှောင်တွေဟာ လက်ရှိ တပ်မတော်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ပြီး နောက်ပိုင်း အကူညီပေးဆောင်မှုကင်းမဲ့လာတာကြောင့် စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရတာပါ။

နမ္မတူမြို့နယ်အတွင်းက စစ်ရှောင် ၇၀၀ ခန့်ဟာ လက်ရှိမတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့် အကူညီပြတ်နေလို့ အခက်ခဲရှိနေကြောင်း နမ္မတူစစ်ရှောင်ကယ်ဆယ်ရေးကော်မီတီဥက္ကဋ္ဌ စိုင်းဘဉာဏ်ကပြောပါတယ်။

“ပြတ်တောက်မှုဆိုတာက အခုကာလမှာလည်း ဆန္ဒပြနေ၊ ဘာပြ နေတာဆိုတော့ လာပြီးတော့ လှူဒါန်းတာတွေ၊ ပေးတာတွေ မရှိဘူးပေါ့။ စားဝတ်နေရေးက ခုလောလောဆယ်က ၃၊ ၄ ရက်လောက်တော့ ရသေးတယ်ဗျ။ နောက် ရက်ပိုင်းပြီးရင်တော့ လိုအပ်ပြီပေါ့။ စစ်ဘေးရှောင်တွေက လူဟောင်း၊ လူသစ်အားလုံးပေါင်းမယ်ဆို ၇၀၀ လောက် ရှိတယ်ပေါ့။ လူဟောင်းက ၅၀၀ ကျော်တယ်။ လူသစ်ကတော့ ၁၅၀ ကျော်။”

နမ္မတူမြို့နယ်ဘက်မှာ တအာင်းပလောင် TNLA အဖွဲ့နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား ဒီနေ့ အထိဖြစ်ပွါးနေဆဲတိုက်ပွဲကြောင့် စစ်ရှောင်တွေ ထပ်တိုးလာတယ်လို့ စိုင်းဘဉာဏ်က ဆက်ပြောပါတယ်။

“တိုက်ပွဲအခုလည်း ဖြစ်နေတုန်းပဲလေ။ ပစ်တာက ကျနော်တို့ မန်စံအနီးတဝိုက်မှာ အဲဒီမှာဖြစ်နေတာ ဒီမနက်လေ။ TNLA နဲ့ RCSS ပါ။ စစ်ဘေးရှောင်တွေက လောလောဆယ် ကျနော်ဆီရောက်နေတာက ၁၅၇ ယောက်။ မန်စံဘက်က အခု ၃၀၀ ကျော်သွားပြီး။ ဒီနေ့လည်း မန်စံအပိုင်းလည်း ပြန်တိုးလာတယ်။ ကျနော်တို့အပိုင်းလည်း ပြန်တိုးလာတယ်။”

ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းတိုက်ပွဲနဲ့ တပ်မတော်တို့အကြားတိုက်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက ကျောက်မဲမြို့နယ်မှာလည်း စစ်ရှောင် ၂,၀၀၀ ကျော်ဟာ စားဝတ်နေရေး ခက်ခဲလာတယ်လို့ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းတာဝန်ခံ ဦးတင်မောင်သိန်းကပြောပါတယ်။

“ကျောက်မဲစစ်ရှောင်ကတော့ ပထမတနေရာကတော့ လွယ်အန်တင်းအုပ်စုက ၇ ရွာရှောင်လာတာ ၁,၀၀၀ ကျော် လောက်ရှိတာပေါ့။ အဲဒါကကျောက်မဲမြို့ပေါ်မှာ ရှိတဲ့ ဘုန်းကြီးကျောင်းတို့၊ ဘာတို့မှာ ထားထားတယ်။ နောက်တနေရာကတော့ ပြီးခဲ့တဲ့ တပတ်လောက်အချိန်မှာတော့ စံဘက်နယ်ထဲမှာဗျ။ အဲဒီရွာထဲမှာလည်း နေရာ ၃ နေရာလောက် ခွဲထားတာပေါ့လေ။ ဆိုတော့အဲဒီမှာလည်း လူဦးရေ ၁,၀၀၀ နီးပါးလောက်ရှိတယ်။ အုပ်ချုပ်ရေးအနေနဲ့တော့ သူတို့လည်း ပထမပိုင်းတော့ ကူနိုင်တာပေါ့ဗျာ။ နောက်ပိုင်း စစ်အုပ်ချုပ်ရေးတောက်လျှောက်ဝင်လာတဲ့အချိန်မှာ မဖြစ်နိုင်တော့ဘူးပေါ့နော်။ သူတို့ဘက်ကလည်း အခက်ခဲတွေရှိမှာပါ။”

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာတော့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နဲ့ ရိက္ခာအခက်ခဲမရှိပေမဲ့ ဆမီးမြို့ဘက်မှာတော့ စစ်ရှောင်တွေနေ အိမ်ပျက်စီးမှုတွေ ရှိနေတာကြောင့် အကူညီလိုအပ်နေတယ်လို့ ဆမီးမြို့ခံတဦးက ပြောပါတယ်။

“စစ်အာဏာသိမ်းတဲ့နောက်ပိုင်းမှာ အရင်တုန်းကလို အထောက်အပံ့တွေ မရတော့ဘူး။ အခုသူတို့ရဲ့ ယာယီစခန်း... ဝါးတွေနဲ့ လုပ်ထားတဲ့ စစ်ဘေးရှောင်စခန်းတွေကလည်း အကုန်လုံး ပိုးထိုးပြီးတော့ ပြိုကျပြီးတော့ သူတို့အတွက် နေရေးထိုင်ရေးလည်း အဆင်မပြေတော့ဘူးပေါ့။”

ပလက်ဝမြို့က စစ်ရှောင်တွေကတော့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နဲ့ ဆန်ရိက္ခာ ၇ လစာ ရရှိထားပြီးလို့လည်း ဒုက္ခသည်ကူညီရေးကော်မီတီတွေကပြောပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား စစ်ရေးပဋိပက္ခကြောင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်ဒေသခံ ၄,၀၀၀ ခန့်ဟာ စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ စစ်ဘေးတိမ်းရှောင် နေရပြီး နေရပ်ရင်းကိုပြန်လို့ မရသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်အကြားမှာ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲမှုရထားတာကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်တွင်းမှာတော့ တိုက်ပွဲတွေ လတ်တလော ဖြစ်ပွားမှု မရှိသေးတဲ့အခြေအနေမှာ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG