သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဆႏၵျပသူေတြကို အၾကမ္းမဖက္ဖို႔ G7 ႏိုင္ငံျခားေရးဝန္ႀကီးမ်ား သတိေပး


ရန္ကုန္ၿမိဳ႕ အင္ဒိုနီးရွားသံရံုးေရွ႕ စစ္အာဏာသိမ္းဆန္႔က်င္ ဆႏၵျပျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပသူေတြအေပၚ အင္အားသံုး အၾကမ္းဖက္ ႏွိမ္နင္းတာကို လက္မခံႏုိင္ဘူးလို႔ ကမာၻ႔ စက္မႈထိပ္သီး ၇ ႏုိင္ငံ G7 အဖြဲ႔ဝင္ႏုိင္ငံေတြရဲ႕ ႏုိင္ငံျခားေရးဝန္ႀကီးေတြက ဒီကေန႔ေျပာပါတယ္။

အင္အားသံုး အၾကမ္းဖက္ ႏွိမ္နင္းမႈအတြက္ တာဝန္ရွိသူေတြ ကိုယ့္လုပ္ရပ္အတြက္ ကိုယ္တာဝန္ခံမႈရွိေအာင္ လုပ္ရမယ္လုိ႔လည္း သတိေပးလိုက္ပါတယ္။

"လက္နက္မဲ့လူထုကို က်ည္အစစ္သံုးၿပီး ႏွိမ္နင္းတာကို လက္မခံႏုိင္ပါဘူး။ ၿငိမ္းခ်မ္းတဲ့ဆႏၵျပပြဲေတြကို အၾကမ္းဖက္ႏွိမ္နင္းတဲ့ ဘယ္သူမဆို ကိုယ့္လုပ္ရပ္အတြက္ တာဝန္ခံမႈရွိေစရမယ္။" လို႔ G7 ႏုိင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ဒီကေန႔ ပူးတြဲထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

"အာဏာသိမ္းမႈအေပၚ ဆန္႔က်င္သူေတြကို ၿခိမ္းေျခာက္ ဖိႏွိပ္တာ မိမိတုိ႔ ျပစ္တင္႐ႈတ္ခ်ပါတယ္။ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈအေပၚ ျပစ္တင္႐ႈတ္ခ်တာမွာ မိမိတို႔ တညီတၫြတ္ထဲ ဆက္ရွိေနပါတယ္။ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္အပါအဝင္ အေၾကာင္းမဲ့ ဖမ္းဆီးထားသူေတြကို ခ်က္ျခင္းနဲ႔ ႁခြင္းခ်က္မရွိ ျပန္လႊတ္ေပးဖုိ႔ မိမိတို႔ ထပ္ၿပီး ေတာင္းဆိုပါတယ္။" လို႔လည္း G7 ႏုိင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ပူးတြဲထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို အင္အားသံုး ပစ္ခတ္ ႏွိမ္နင္းတဲ့အေပၚ ႏုိင္ငံတကာက အျပင္းအထန္ ျပစ္တင္႐ႈတ္ခ်ေနခ်ိန္မွာပဲ G7 ႏုိင္ငံျခားေရးဝန္ႀကီးေတြကလည္း အခုလုိ ေတာင္းဆိုလိုက္တာပါ။

G7 အဖြဲ႔မွာ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ဂ်ပန္၊ ၿဗိတိန္၊ အေမရိကန္နဲ႔ ဥေရာပသမဂၢ EU ရဲ႕ အဆင့္ျမင့္ကိုယ္စားလွယ္တို႔ ပါဝင္ပါတယ္။

ဆႏၵျပသူေတြ၊ ဆရာဝန္ေတြ၊ အရပ္ဘက္လူမႈအဖြဲ႔အစည္းေတြ၊ သတင္းေထာက္ေတြအေပၚ အေသအခ်ာ ဦးတည္ခ်က္ထား ႏွိမ္နင္းေနတာကို အဆံုးသတ္ဖို႔နဲ႔ ႏုိင္ငံေတာ္ အေရးေပၚအေျခအေန ေၾကညာထားတာကို ႐ုပ္သိမ္းဖို႔လည္း G7 အဖြဲ႔က ေတာင္းဆိုထားပါတယ္။

ဒါ့အျပင္ အကူအညီ အလိုအပ္ဆံုးသူေတြကို ကူညီေထာက္ပံ့ႏုိင္ေရး လူသားစာနာမႈဆိုင္ရာလုပ္ငန္းေတြ အျပည့္အဝ ျပန္ၿပီးခြင့္ျပဳဖို႔လည္း အာဏာသိမ္းစစ္ေကာင္စီကို G7 အဖြဲ႔က တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာဆန္ဒပြသူတွေကို အကြမ်းမဖက်ဖို့ G7 နိုင်ငံခြားရေးဝန်ကြီးများ သတိပေး

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေအပေါ် အင်အားသုံး အကြမ်းဖက် နှိမ်နင်းတာကို လက်မခံနိုင်ဘူးလို့ ကမ္ဘာ့ စက်မှုထိပ်သီး ၇ နိုင်ငံ G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကနေ့ပြောပါတယ်။

အင်အားသုံး အကြမ်းဖက် နှိမ်နင်းမှုအတွက် တာဝန်ရှိသူတွေ ကိုယ့်လုပ်ရပ်အတွက် ကိုယ်တာဝန်ခံမှုရှိအောင် လုပ်ရမယ်လို့လည်း သတိပေးလိုက်ပါတယ်။

"လက်နက်မဲ့လူထုကို ကျည်အစစ်သုံးပြီး နှိမ်နင်းတာကို လက်မခံနိုင်ပါဘူး။ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းတဲ့ ဘယ်သူမဆို ကိုယ့်လုပ်ရပ်အတွက် တာဝန်ခံမှုရှိစေရမယ်။" လို့ G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒီကနေ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

"အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သူတွေကို ခြိမ်းခြောက် ဖိနှိပ်တာ မိမိတို့ ပြစ်တင်ရှုတ်ချပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပေါ် ပြစ်တင်ရှုတ်ချတာမှာ မိမိတို့ တညီတညွတ်ထဲ ဆက်ရှိနေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် အကြောင်းမဲ့ ဖမ်းဆီးထားသူတွေကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မိမိတို့ ထပ်ပြီး တောင်းဆိုပါတယ်။" လို့လည်း G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံး ပစ်ခတ် နှိမ်နင်းတဲ့အပေါ် နိုင်ငံတကာက အပြင်းအထန် ပြစ်တင်ရှုတ်ချနေချိန်မှာပဲ G7 နိုင်ငံခြားရေးဝန်ကြီးတွေကလည်း အခုလို တောင်းဆိုလိုက်တာပါ။

G7 အဖွဲ့မှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ EU ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တို့ ပါဝင်ပါတယ်။

ဆန္ဒပြသူတွေ၊ ဆရာဝန်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းထောက်တွေအပေါ် အသေအချာ ဦးတည်ချက်ထား နှိမ်နင်းနေတာကို အဆုံးသတ်ဖို့နဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာထားတာကို ရုပ်သိမ်းဖို့လည်း G7 အဖွဲ့က တောင်းဆိုထားပါတယ်။

ဒါ့အပြင် အကူအညီ အလိုအပ်ဆုံးသူတွေကို ကူညီထောက်ပံ့နိုင်ရေး လူသားစာနာမှုဆိုင်ရာလုပ်ငန်းတွေ အပြည့်အဝ ပြန်ပြီးခွင့်ပြုဖို့လည်း အာဏာသိမ်းစစ်ကောင်စီကို G7 အဖွဲ့က တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG