{{Zawgyi/Unicdoe}}
ၿဗိတိန္ဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္စြာမင္းကို တနလာၤေန႔မွာ ၿဗိတိန္ႏုိင္ငံျခားေရးဌာနက ဆင့္ေခၚၿပီး ဆႏၵျပပြဲေတြမွာ လူေသဆံုး ထိခိုက္ဒဏ္ရာရေစတဲ႔အထိ လံုၿခံဳေရးအဖြဲ႔ေတြက အင္အားသံုးေနတာကို ရႈတ္ခ်ခဲ႔သလို ဒီလုပ္ရပ္ေတြရပ္ဖို႔လည္း ေျပာဆိုခဲ႔ပါတယ္။
ၿဗိတိန္ဆိုင္ရာ ျမန္မာသံအမတ္ႀကီးကို အခု ေဖေဖာ္၀ါရီလအတြင္း ၿဗိတိန္က ဒုတိယအႀကိမ္ ဆင့္ေခၚမႈလည္း ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းစြာ ဆႏၵျပပြဲေတြကို လံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ တုံ႔ျပန္ကိုင္တြယ္ပံုကို ၿဗိတိန္ရဲ႕ အာရွဆိုင္ရာ ၀န္ႀကီး Nigel Adams က ရႈတ္ခ်ခဲ႔သလို လူေသဆံုးၿပီး အျပင္းအထန္ ထိခုိက္ဒဏ္ရာရေစတဲ႔ အင္အားသံုး ၿဖိဳးခြင္းမႈေတြကို ရပ္ဆိုင္းရမယ္လို႔လည္း ျမန္မာ သံအမတ္ႀကီးကို ေျပာဆိုခဲ႔ေၾကာင္း ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရရဲ႕ ေၾကညာခ်က္က ေဖာ္ျပပါတယ္။
စစ္အာဏာသိမ္းမႈ၊ ေနာက္ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ အရပ္သားေတြကို တရားမဲ႔ ဖမ္းဆီးမႈေတြကိုလည္း ၀န္ႀကီး Adams က ကန္႔ကြက္ ရႈတ္ခ်ခဲ႔ၿပီး ဖမ္းဆီးထားသူေတြကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔နဲ႔ ဒီမိုကေရစီလမ္းေၾကာင္းကို ၿငိမ္းခ်မ္းစြာ ျပန္လည္ က်င့္သံုးဖို႔လည္း တိုက္တြန္းခဲ႔ပါတယ္။
ၿငိမ္းခ်မ္းစြာ ဆႏၵျပပြဲေတြ အေပၚ အၾကမ္းဖက္ ကိုင္တြယ္မႈေတြ အတြက္ စစ္တပ္ဘက္က တာ၀န္ယူ တာ၀န္ခံေစေရး အတြက္ ႏုိင္ငံတကာ မိတ္ဖက္ေတြနဲ႔ ၿဗိတိန္က ဆက္လက္ ပူးေပါင္း ေဆာင္ရြက္သြားမယ္လို႔လည္း ေျပာဆိုခဲ႔ပါတယ္။
.........................................
{{Unicode}}
ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို တနလာၤနေ့မှာ ဗြိတိန်နိုင်ငံခြားရေးဌာနက ဆင့်ခေါ်ပြီး ဆန္ဒပြပွဲတွေမှာ လူသေဆုံး ထိခိုက်ဒဏ်ရာရစေတဲ့အထိ လုံခြုံရေးအဖွဲ့တွေက အင်အားသုံးနေတာကို ရှုတ်ချခဲ့သလို ဒီလုပ်ရပ်တွေရပ်ဖို့လည်း ပြောဆိုခဲ့ပါတယ်။
ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီးကို အခု ဖေဖော်ဝါရီလအတွင်း ဗြိတိန်က ဒုတိယအကြိမ် ဆင့်ခေါ်မှုလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တုံ့ပြန်ကိုင်တွယ်ပုံကို ဗြိတိန်ရဲ့ အာရှဆိုင်ရာ ဝန်ကြီး Nigel Adams က ရှုတ်ချခဲ့သလို လူသေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရစေတဲ့ အင်အားသုံး ဖြိုးခွင်းမှုတွေကို ရပ်ဆိုင်းရမယ်လို့လည်း မြန်မာ သံအမတ်ကြီးကို ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရရဲ့ ကြေညာချက်က ဖော်ပြပါတယ်။
စစ်အာဏာသိမ်းမှု၊ နောက်နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားတွေကို တရားမဲ့ ဖမ်းဆီးမှုတွေကိုလည်း ဝန်ကြီး Adams က ကန့်ကွက် ရှုတ်ချခဲ့ပြီး ဖမ်းဆီးထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းကို ငြိမ်းချမ်းစွာ ပြန်လည် ကျင့်သုံးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေ အပေါ် အကြမ်းဖက် ကိုင်တွယ်မှုတွေ အတွက် စစ်တပ်ဘက်က တာဝန်ယူ တာဝန်ခံစေရေး အတွက် နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ဗြိတိန်က ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။