သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈနဲ႔ အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြကို ၿဗိတိန္ ဒဏ္ခတ္ အေရးယူ


ၿဗိတိန္ နိုင္ငံျခားေရးဝန္ႀကီး Dominic Raab

(Zawgyi/Unicode)

ျမန္မာ အာဏာသိမ္း ဗိုလ္ခ်ဳပ္ႀကီး ၃ ဦးအေပၚ လူ႔အခြင့္အေရး ဆိုးဆိုးရြားရြား ခ်ိဳးေဖာက္မႈနဲ႔ ၿဗိတိန္နိုင္ငံက ဒဏ္ခတ္ အေရးယူ ပိတ္ဆို႔မႈေတြ ခ်မွတ္လိုက္ၿပီ ျဖစ္ပါတယ္။

အာဏာသိမ္းမႈအတြင္း ျမန္မာျပည္သူေတြ အေပၚ လူ႔အခြင့္အေရး ဆိုးရြားစြာ ခ်ိဳးေဖာက္ခဲ့တဲ့ သူေတြကို ယူေကနိုင္ငံက ဒီကေန႔မွာ ဒဏ္ခတ္ အေရးယူလိုက္ပါၿပီလို႔ ၿဗိတိန္ နိုင္ငံျခားေရးဝန္ႀကီး Dominic Raab က တြစ္တာမွာလႈပ္ရွားစာမ်က္ႏွာနဲ႔ ေၾကညာလိုက္တာပါ။

ကာကြယ္ေရး ဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ျပည္ထဲေရးဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္နဲ႔ ျပည္ထဲေရး ဒုတိယ ဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး သန္းလိႈင္တို႔ အေပၚ ဒဏ္ခတ္ အေရးယူလိုက္တယ္လို႔ ရိုက္တာ သတင္းက ေျပာပါတယ္။

သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္လိုက္သလို ျပည္ဝင္ခြင့္ ဗီဇာလည္း ပိတ္ပင္လိုက္တာပါ။

ဒါ့အျပင္၊ ၿဗိတိန္နိုင္ငံက လုပ္ငန္း ကုမၸဏီေတြ ျမန္မာ စစ္အုပ္စုနဲ႔ စီးပြားေရး ဖက္စပ္ လုပ္ကိုင္တာေတြကို ရပ္ဆိုင္းပစ္ဖို႔ စတင္ လုပ္ေဆာင္ေနၿပီလို႔လည္း ၿဗိတိန္ႏိုင္ငံရဲ့ ေၾကညာခ်က္မွာ ပါရွိပါတယ္။

အာဏာသိမ္းမႈ မျဖစ္ပြားခင္မွာ ၿဗိတိန္နိုင္ငံက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ အပါအဝင္ ျမန္မာစစ္တပ္က လူပုဂၢိဳလ္ ၁၆ ဦးအေပၚ ဒဏ္ခတ္ ပိတ္ဆို႔ထားၿပီး ျဖစ္ပါတယ္။

Dominic Raab
please wait

No media source currently available

0:00 0:00:51 0:00
တိုက္႐ိုက္ လင့္ခ္


...............

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ဗြိတိန် ဒဏ်ခတ် အရေးယူ

(Unicode)

မြန်မာ အာဏာသိမ်း ဗိုလ်ချုပ်ကြီး ၃ ဦးအပေါ် လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုနဲ့ ဗြိတိန်နိုင်ငံက ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

အာဏာသိမ်းမှုအတွင်း မြန်မာပြည်သူတွေ အပေါ် လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်ခဲ့တဲ့ သူတွေကို ယူကေနိုင်ငံက ဒီကနေ့မှာ ဒဏ်ခတ် အရေးယူလိုက်ပါပြီလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab က တွစ်တာမှာလှုပ်ရှားစာမျက်နှာနဲ့ ကြေညာလိုက်တာပါ။

ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ အပေါ် ဒဏ်ခတ် အရေးယူလိုက်တယ်လို့ ရိုက်တာ သတင်းက ပြောပါတယ်။

သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်သလို ပြည်ဝင်ခွင့် ဗီဇာလည်း ပိတ်ပင်လိုက်တာပါ။

ဒါ့အပြင်၊ ဗြိတိန်နိုင်ငံက လုပ်ငန်း ကုမ္ပဏီတွေ မြန်မာ စစ်အုပ်စုနဲ့ စီးပွားရေး ဖက်စပ် လုပ်ကိုင်တာတွေကို ရပ်ဆိုင်းပစ်ဖို့ စတင် လုပ်ဆောင်နေပြီလို့လည်း ဗြိတိန်နိုင်ငံရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အာဏာသိမ်းမှု မဖြစ်ပွားခင်မှာ ဗြိတိန်နိုင်ငံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က လူပုဂ္ဂိုလ် ၁၆ ဦးအပေါ် ဒဏ်ခတ် ပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG