သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးသူငယ္ေတြရဲ႕ ေဘးကင္းလံုၿခံဳေရးကို ဦးစားေပးဖို႔ စစ္ေကာင္စီကို UNICEF ေတာင္းဆို


မႏၲေလး စီးပြားေရးဘဏ္ေရွ႕ ပစ္ခတ္ႏွိမ္နင္းမႈ

{{Zawgyi/Unicode}}

မႏၱေလးမွာ စေနေန႔က ဆႏၵျပပြဲ ႏွိမ္နင္းခံရမႈ အတြင္းမွာ ကေလးတဦး ေသဆံုးခဲ႔ရၿပီးေနာက္ ျမန္မာလံုၿခံဳေရး အဖြဲ႔ေတြ အေနနဲ႔ ကေလးငယ္ေတြ၊ လူငယ္ေတြရဲ႕ ေဘးကင္းလံုၿခံဳေရးကို ဦးစားေပး ေဆာင္ရြက္ဖို႔ ကုလသမဂၢ ကေလးသူငယ္မ်ား ရန္ပံုေငြ အဖြဲ႔ UNICEF က ေတာင္းဆိုလုိက္ပါတယ္။

ဆႏၵျပသူေတြကို အၾကမ္းဖက္ၿဖိဳခြင္းမႈကိုလည္း ရႈတ္ခ်လိုက္ပါတယ္။ တခ်ိန္တည္းမွာဘဲ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener ကေတာ့ ျမန္မာ႔အေရးနဲ႔ ပတ္သက္ၿပီး ဆက္လက္ ဆက္သြယ္ေဆာင္ရြက္ေနေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က တနလာၤေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ျမန္မာျပည္သူေတြနဲ႔ စည္းလံုးညီညြတ္စြာ ရွိေနေၾကာင္း၊ ၿပီးခဲ႔တဲ႔ ႏို၀င္ဘာလ ေရြးေကာက္ပြဲေတြမွာ ျမန္မာျပည္သူေတြက သူတို႔ရဲ႕ဆႏၵကို ေဖာ္ျပခဲ႔ၾကၿပီးျဖစ္ၿပီး အစိုးရအာဏာအပ္ႏွင္းမႈဟာလည္း ျမန္မာျပည္သူေတြရဲ႕ ဆႏၵကို အေျခခံရမွာျဖစ္တယ္လို ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္က ေျပာဆိုထားတဲ႔ အေၾကာင္း အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရက ေျပာဆိုခဲ႔တာပါ။

တခ်ိန္တည္းမွာဘဲ လာမယ့္ ေသာၾကာေန႔မွာ ကုလသမဂၢအေထြေထြ ညီလာခံမွာ အလြတ္သေဘာ ေဆြးေႏြးပြဲ တခုလုပ္ဖို႔ ရွိၿပီး ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener က အစီရင္ခံတင္ျပဖို႔ ရွိေၾကာင္း ကုလသမဂၢ အေထြေထြ ညီလာခံ သဘာပတိရဲ႕ ေျပာခြင့္ရက ေျပာပါတယ္။

ကုလသမဂၢ အဖြဲ႔၀င္ ႏုိင္ငံတခ်ိဳ႕ရဲ႕ ပန္ၾကားခ်က္ အရ ျပဳလုပ္တာ ျဖစ္ေၾကာင္း ေျပာေပမယ့္လည္း ဘယ္ႏုိင္ငံေတြက ေတာင္းဆိုလဲ ဆိုတာကိုေတာ့ မသိရေသးပါဘူး။

...............................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

မန္တလေးမှာ စနေနေ့က ဆန္ဒပြပွဲ နှိမ်နင်းခံရမှု အတွင်းမှာ ကလေးတဦး သေဆုံးခဲ့ရပြီးနောက် မြန်မာလုံခြုံရေး အဖွဲ့တွေ အနေနဲ့ ကလေးငယ်တွေ၊ လူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ဖို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF က တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုကိုလည်း ရှုတ်ချလိုက်ပါတယ်။ တချိန်တည်းမှာဘဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆက်လက် ဆက်သွယ်ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာပြည်သူတွေနဲ့ စည်းလုံးညီညွတ်စွာ ရှိနေကြောင်း၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲတွေမှာ မြန်မာပြည်သူတွေက သူတို့ရဲ့ဆန္ဒကို ဖော်ပြခဲ့ကြပြီးဖြစ်ပြီး အစိုးရအာဏာအပ်နှင်းမှုဟာလည်း မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အခြေခံရမှာဖြစ်တယ်လို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောဆိုထားတဲ့ အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

တချိန်တည်းမှာဘဲ လာမယ့် သောကြာနေ့မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အလွတ်သဘော ဆွေးနွေးပွဲ တခုလုပ်ဖို့ ရှိပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener က အစီရင်ခံတင်ပြဖို့ ရှိကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိရဲ့ ပြောခွင့်ရက ပြောပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတချို့ရဲ့ ပန်ကြားချက် အရ ပြုလုပ်တာ ဖြစ်ကြောင်း ပြောပေမယ့်လည်း ဘယ်နိုင်ငံတွေက တောင်းဆိုလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

XS
SM
MD
LG