သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံျပႆနာ ဥပေဒေဘာင္အတြင္းေျဖ႐ွင္းႏိုင္ဖို႔ တ႐ုတ္ေမွ်ာ္လင့္


Chinese foreign ministry spokesman, Wang Wenbin, speaks during a routine press conference where he congratulated U.S. president-elect Joe Biden at the foreign ministry in Beijing on Friday, Nov. 13, 2020. China on Friday became one of the last major…

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲေတြ ႏုိင္ငံတ၀န္း ျဖစ္ေနခ်ိန္မွာဘဲ ျမန္မာ့ အေျခအေနကို စိုးရိမ္ေၾကာင္း၊ သက္ဆိုင္သူ အားလံုး ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ၾကဖို႔ ေမွ်ာ္လင့္ေၾကာင္း တရုတ္က ေျပာဆိုပါတယ္။

အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲေတြအတြင္း ရဲတပ္ဖြဲ႔ရဲ႕ ၿဖိဳခြင္းမႈေၾကာင့္ ၿပီးခဲ႔တဲ႔ စေနေန႔တုန္းက မႏၱေလးမွာ အမ်ိဳးသား ၂ ဦး ေသဆံုးခဲ႔ရမႈ အေပၚ တရုတ္ရဲ႕ ရပ္တည္ခ်က္နဲ႔ ပတ္သက္ၿပီး တနလာၤေန႔မွာ သတင္းေထာက္ေတြက ေမးျမန္းခဲ႔ၾကတာ ျဖစ္ပါတယ္။

တရုတ္ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Wang Wenbin က ေမးျမန္းခ်က္ကို တိုက္ရိုက္ မေျဖပါဘူး။ အေျခအေနကို ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ဖို႔ ေမွ်ာ္လင္႔ေၾကာင္းသာ ေျဖၾကားခဲ႔ပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိ ျဖစ္ေနတဲ႔ အေျခအေနေတြကို တရုတ္ဘက္က စိုးရိမ္ပါတယ္။ ႏုိင္ငံရဲ႕ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဖြံ႔ၿဖိဳးေရးကို သက္ဆိုင္သူ အားလံုးက အေလးထားၿပီး၊ ထိန္းထိန္းသိမ္းသိမ္းရွိၾကဖို႔၊ မေျပလည္မႈေတြကိုလည္း အေျခခံဥပေဒနဲ႔အညီ ဥပေဒေဘာင္အတြင္းကေန ေျဖရွင္းၾကဖို႔နဲ႔ ႏုိင္ငံေရး လူမႈေရး တည္ၿငိမ္မႈကို ထိန္းသိမ္းၾကဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျဖၾကားသြားတာပါ။

ျမန္မာျပည္မွာ စစ္အာဏာသိမ္းတာကို တရုတ္က ေထာက္ခံေနတယ္ဆိုတဲ႔ ေျပာဆိုခ်က္ေတြကိုေတာ့ တရုတ္က ျငင္းပါတယ္။ ဒါေပမယ့္ စစ္အာဏာသိမ္းမႈကေတာ့ ျမန္မာ့ ျပည္တြင္းေရး ျဖစ္တယ္လုိ႔ ေျပာဆိုၿပီး အတိအလင္း ကန္႔ကြက္မထားပါဘူး။

..........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဖြစ်နေချိန်မှာဘဲ မြန်မာ့ အခြေအနေကို စိုးရိမ်ကြောင်း၊ သက်ဆိုင်သူ အားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ မျှော်လင့်ကြောင်း တရုတ်က ပြောဆိုပါတယ်။

အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုကြောင့် ပြီးခဲ့တဲ့ စနေနေ့တုန်းက မန္တလေးမှာ အမျိုးသား ၂ ဦး သေဆုံးခဲ့ရမှု အပေါ် တရုတ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး တနလာၤနေ့မှာ သတင်းထောက်တွေက မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Wang Wenbin က မေးမြန်းချက်ကို တိုက်ရိုက် မဖြေပါဘူး။

အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းသာ ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကို တရုတ်ဘက်က စိုးရိမ်ပါတယ်။ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို သက်ဆိုင်သူ အားလုံးက အလေးထားပြီး၊ ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့၊ မပြေလည်မှုတွေကိုလည်း အခြေခံဥပဒေနဲ့အညီ ဥပဒေဘောင်အတွင်းကနေ ဖြေရှင်းကြဖို့နဲ့ နိုင်ငံရေး လူမှုရေး တည်ငြိမ်မှုကို ထိန်းသိမ်းကြဖို့ မျှော်လင့်ကြောင်း ဖြေကြားသွားတာပါ။

မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကို တရုတ်က ထောက်ခံနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ တရုတ်က ငြင်းပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းမှုကတော့ မြန်မာ့ ပြည်တွင်းရေး ဖြစ်တယ်လို့ ပြောဆိုပြီး အတိအလင်း ကန့်ကွက်မထားပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG