သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းဆန္႔က်င္မႈ "ႏွစ္" ငါးလံုးသပိတ္ ႏိုင္ငံတဝန္း ပါဝင္


ရန္ကုန္ၿမိဳ႕ရွိ အေမရိကန္သံ႐ုံးေရွ႕ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၂၊ ၂၀၂၁)

[Zawgyi/Unicode]

ဒီေန႔ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔မွာ ျမန္မာႏိုင္ငံတဝန္းလံုးမွာ ႏွစ္ငါးလံုး ၿမိဳ႕ေတြ၊ ေတာ၊ နယ္ေတြက ျပည္သူေတြ ႏွစ္ ငါးလံုး ျပည္လံုးကြ်တ္ အေထြေထြသပိတ္မွာ ပါဝင္ဆႏၵျပခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံ ေျမာက္ဖ်ား ကခ်င္ျပည္နယ္ ပူတာအို၊ ျမစ္ႀကီးနားၿမိဳ႕ေတြကစလို႔၊ အလယ္ပိုင္း ပခုကၠဴ၊ မေကြးကေန ေတာင္ပိုင္း ထားဝယ္၊ ေကာ့ေသာင္းၿမိဳ႕ေတြအထိ တႏိုင္ငံလံုး အႏွံ႔ အေထြေထြသပိတ္မွာ ပါဝင္ၾကတဲ့ ဆႏၵျပသူ လူပင္လယ္ႀကီးေတြကို ျမင္ေတြ႕ရပါတယ္။ ပုဂံ၊ ေညာင္ေရႊ၊ ဖ်ာပံုၿမိဳ႕ေတြလည္း မက်န္ပါဘူး။ ရန္ကုန္မွာဆိုလည္း လံုျခံဳေရးအင္အားေတြ ျဖည့္ထားေပမဲ့ ဆႏၵျပျပည္သူေတြကို လမ္းမေတြေပၚမွာ အျပည့္ျမင္ေတ႔ြရပါတယ္။ လူ ၅ ေယာက္ထက္ ပိုမစုရလို႔ မေန႔ညက လိုက္လံသတိေပးမႈေတြ ရွိခဲ့ေပမဲ့ ဒီေန႔မွာေတာ့ ေနရာစံုကေန ထြက္လာၿပီးဆႏၵျပခဲ့ၾကပါတယ္။

"မင္းတို႔ေျပာေတာ့ မဲခိုးတယ္ဆို... ျပည္သူေတြကို ထြက္ၾကည့္ပါအံုး။ မင္းတို႔ေျပာေတာ့ မဲခိုးတယ္ဆို... ျပည္သူေတြကို ထြက္ၾကည့္ပါအံုး။ မင္းတို႔ေျပာေတာ့ မဲခိုးတယ္ဆို... ျပည္သူေတြကို ထြက္ၾကည့္ပါအံုး။"

ကုလသမဂၢ၊ အေမရိကန္၊ တ႐ုတ္စတဲ့ ႏိုင္ငံျခားသံရံုးေတြရွိရာ လမ္းတခ်ဳိ႕ကို လံုျခံဳေရးေတြက ပိတ္ထားခဲ့ေပမဲ့ ဆႏၵျပသူေတြက အနီးဆံုးေနရာေတြ အထိ ေရာက္ေအာင္သြားၿပီး ဆႏၵျပခဲ့ၾကပါတယ္။ ၿမိဳ႕ထဲက လွည္းတန္း၊ ေျမနီကုန္း၊ ဆူးေလစတဲ့ ဆံုရပ္ေနရာေတြမွာလည္း ဆႏၵျပသူ ေထာင္ေသာင္းခ်ီ စုေဝး ေဟာေျပာ ဆႏၵျပၾကပါတယ္။ CDM မွာပါဝင္ၾကတဲ့ က႑စံုက ဝန္ထမ္းေတြ၊ ေက်ာင္းသားလူငယ္ေတြ၊ ရဟန္းျပည္သူေတြစတဲ့ အလႊာစံုက ဆႏၵျပသူေတြက အာဏာသိမ္းမႈဆန္႔က်င္တဲ့ သူတို႔ရဲ႕ ဆႏၵကို မေၾကာက္ မရြံ႕ ထြက္ၿပီး ေဖာ္ထုတ္ခဲ့ၾကတာပါ။ ႏိုင္ငံအႏွံ႔က ပုဂၢလိကပိုင္ဘဏ္ေတြ၊ Supermarket ေတြ၊ ကုန္တိုက္ႀကီးေတြ၊ ေစ်းေတြ၊ စားေသာက္ဆိုင္ေတြ၊ စီးပြားေရး လုပ္ငန္းေတြ အားလံုးနီးပါး ဒီေန႔ ပိတ္ထားပါတယ္။

"တႏိုင္ငံလံုး ဒီေန႔က ဆႏၵျပတဲ့ ရက္ဆိုေတာ့ေလ.... က်ေနာ္တို႔ သူငယ္ခ်င္းေတြလည္း စစ္အာဏာရွင္ေအာက္မွာ မေနခ်င္ဘူး။ လစာအျဖတ္ခံၿပီးေတာ့ကို က်ေနာ္တို႔လာျပတယ္။ လစာျဖတ္ခံရတာ ဘာမွေတာ့ ျဖစ္မသြားဘူးေလ။ စစ္အာဏာရွင္လက္ေအာက္မွာ ေနမယ္ဆိုရင္က်ေနာ္တို႔ တသက္လံုး သူတို႔ရဲ႕ ကြ်န္ဘဝနဲ႔ ေနရမွာေလ။ အဲဒီေတာ့ လစာအျဖတ္ခံၿပီးေတာ့ သူတို႔ကြ်န္ခံရတဲ့ဘဝမွာေတာ့ မေနဘူး။ လစာပဲ အျဖတ္ခံမယ္ဆိုၿပီး က်ေနာ္တို႔သူငယ္ခ်င္းေတြ တိုင္ပင္ၿပီး လာၾကတာပါ။"

ရန္ကုန္ၿမိဳ႕က တခ်ဳိ႕ေနရာေတြမွာ အင္အားျဖည့္ထားတဲ့ လံုျခံဳေရးေတြက ခ်ီတက္ ဆႏၵျပသူေတြကို တားဆီးဖို႔ ႀကိဳးစားမႈေတြရွိခဲ့ေပမဲ့ ဆႏၵျပသူေတြက ေရွာင္သြားခဲ့ၾကတဲ့အတြက္၊ ထိပ္တိုက္ေတ႔ြမႈေတြေတာ့ မရွိခဲ့ပါဘူး။ ေနျပည္ေတာ္မွာလည္း CDM မွာ လႈပ္ရွားမႈမွာပါဝင္ၾကတဲ့ ဝန္ထမ္းေတြ၊ ျပည္သူေတြ အမ်ားအျပား ခ်ီတက္ဆႏၵျပၾကပါတယ္။ ပ်ဥ္းမနားၿမိဳ႕မွာေတာ့ ဆႏၵျပသူေတြကို လံုျခံဳေရးေတြ လူစုခဲြ ဖမ္းဆီးခဲ့ပါတယ္။

"ရဲကားကေနၿပီးေတာ့ ေနာက္ထပ္ ၁၅ ေယာက္ေလာက္ဆင္းလာတယ္။ ၁၅ ေယာက္ေလာက္ဆင္းလာေတာ့ က်ေနာ္တို႔ ဘာျဖစ္လဲဆိုေတာ့ ဒီ ကားသမားေလးကို မွန္ရိုက္ခဲြမယ္လုပ္ေတာ့ ကားသမားက ရိုက္ခဲြမွာ ေၾကာက္ေတာ့ မွန္ကို ခ်ေပးလိုက္ၿပီးေတာ့ အတင္းဆဲြထုတ္သြားတယ္ ကားသမားကို။ အဲဒါက်ေနာ္တို႔ ျမင္လိုက္တယ္။ အဲဒီအခ်ိန္မွာ က်ေနာ္တို႔ ညီအကို ေလးေယာက္က ဆိုင္ကယ္ကို တက္ၿပီး တန္းေမာင္းၿပီး ေျပးတာပဲ။"

ေနျပည္ေတာ္ ပ်ဥ္းမနား ေနရာ ၃ ခုေလာက္မွာ လံုျခံဳေရးေတြက ဝိုင္းပိတ္ဖမ္းဆီးခဲ့တယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

"ထိုင္သပိတ္ဆင္ႏဲႊမယ္ဆိုၿပီးေတာ့ က်ေနာ္တို႔ ဒီနားမွာ အကုန္လံုး စုရံုးၾကတယ္။ စုရံုးၾကေတာ့ ေနာက္ကေန အင္အားသံုးၿပီးေတာ့ ရဲတပ္ဖဲြ႔ဝင္ေတြက ဝင္ၿပီးေတာ့ ျဖိဳခြင္းတယ္။ ျဖိဳခြင္းတဲ့ ရဲတပ္ဖဲြ႔ဝင္ေတြကလည္း အင္အားမ်ားတယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ဖမ္းတာ၊ ဆီးတာေတြလည္း ရွိတယ္။"

ေလာေလာဆယ္အခ်ိန္အထိ ေနျပည္ေတာ္ ပ်ဥ္းမနားမွာ ဖမ္းဆီးခံရသူ ၁၀၀ ေက်ာ္ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ခုလို အေျခအေနမွာပဲ စစ္တပ္အေနနဲ႔ ျပည္သူေတြအေပၚ ဖိႏွိပ္ေနတာ ခ်က္ခ်င္း ရပ္ပါလို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က ေျပာၾကားလိုက္ပါတယ္။

စစ္တပ္အေနနဲ႔ ဖိႏွိ္ပ္မႈေတြကို ခ်က္ခ်င္းရပ္ဖို႔၊ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔၊ အၾကမ္းဖက္မႈေတြ အဆံုးသတ္ဖို႔၊ လူ႔အခြင့္အေရးကို ေလးစားလိုက္နာဖို႔နဲ႔ ဆႏၵမဲေပးထားၾကတဲ့ ျပည္သူေတြရဲ႕ ဆႏၵကို ေလးစားဖို႔ ေတာင္းဆိုတယ္လို႔ Switzerland ႏိုင္ငံ ဂ်နီဗာၿမိဳ႕မွာ က်င္းပတဲ့ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ အစည္းအေဝးပြဲမွာ ကုလအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က Video မိန္႔ခြန္းထဲ ထည့္ေျပာသြားတာျဖစ္ပါတယ္။ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီရဲ႕ ၄၆ ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝးကို ဒီေန႔စတင္ၿပီး မတ္လ ၂၃ ရက္ေန႔အထိ ဂ်နီဗာၿမိဳ႕မွာ က်င္းပမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ဆႏၵျပျပည္သူေတြအေပၚ ႏွိမ္နင္းေနတာကို မရပ္ရင္ EU ဥေရာပသမဂၢအေနနဲ႔ အေရးယူ ဒဏ္ခတ္တဲ့နည္းကို ေနာက္ဆံုးသံုးရလိမ့္မယ္လို႔ ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးက ဒီေန႔ ေျပာၾကားပါတယ္။

ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ အေျခအေနေတြကို ေစာင့္ၾကည့္ေနပါတယ္။ အေျခအေနေတြ ပံုမွန္ျပန္ျဖစ္ေအာင္ သံတမန္နည္းလမ္းအားလံုးသံုး ေဆာင္ရြက္သြားမယ္။ တကယ္လို႔ သံတမန္နည္းလမ္းနဲ႔ လုပ္လို႔မရရင္ေတာ့ စစ္အာဏာသိမ္းထားသူေတြအေပၚ အေရးယူ၊ ဒဏ္ခတ္တဲ့နည္းကို EU ကေနာက္ဆံုး သံုးရလိမ့္မယ္လို႔ ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီး Heiko Mass ကေျပာၾကားခဲ့တာပါ။ Belgium ႏိုင္ငံ Brussels ၿမိဳ႕မွာ က်င္းပေနတဲ့ EU ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးတက္ေရာက္စဥ္မွာ ခုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံကလည္း ျမန္မာႏိုင္ငံမွာ အေျခအေနကို ထိန္းထိန္းသိမ္းသိမ္းလုပ္ဖို႔ ဒီေန႔ေျပာၾကားပါတယ္။

အိမ္နီးခ်င္းႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံက လက္ရွိအေျခအေနကို စိုးရိမ္တယ္။ သက္ဆိုင္သူအားလံုးအေနနဲ႔ ျဖစ္ေနတဲ့ အေျခအေနအားလံုးကို ျခံဳငံုသံုးသပ္ၿပီး ႏိုင္ငံ ဖြံ႔ၿဖိဳးတိုးတက္ တည္ၿငိမ္ေရးအတြက္ ေဆာင္ရြက္ၾကမယ္လို႔ ေမွ်ာ္လင့္တယ္။ အေျခေနေတြကို ထိန္းထိန္းသိမ္းသိမ္းလုပ္ဖို႔၊ အျမင္ကြဲေနတာေတြကို အေသအခ်ာကိုင္တြယ္ေျဖရွင္းၾကဖို႔နဲ႔ ႏိုင္ငံေရး လူမႈေရး မတည္ၿငိမ္မႈေတြကို ဖဲြ႕စည္းပံုနဲ႔ ဥပေဒ မူေဘာင္ေတြ ထဲကအတိုင္း လုပ္ၾကဖို႔ ေမွ်ာ္လင့္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Wang Wenbin က ဒီေန႔သတင္းစာရွင္းပြဲမွာ ေျပာသြားတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္ၿပီး အရပ္သားအစိုးရေခါင္းေဆာင္ေတြကို ဖမ္းဆီးကာ အာဏာသိမ္းယူထားတဲ့ အေပၚ ျပည္တြင္းက ျပည္သူအမ်ားက ဆန္႔က်င္ေနၾကသလို ျပည္ပႏိုင္ငံေတြကလည္း သံတမန္ေရးနည္းလမ္းနဲ႔ အာဏာျပန္လႊဲေပးဖို႔ တိုက္တြန္းေနၾကတာျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ ေရြးေကာက္ခံ NLD ပါတီလႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဖဲြ႕စည္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က ႏိုင္ငံတကာနဲ႔ ဆက္ဆံဖို႔ ကိ္ုယ္စားလွယ္ေတြကို ခန္႔အပ္တာဝန္ေပးလိုက္ပါတယ္။

CRPH ရဲ႕ ကုလသမဂၢဆိုင္ရာ လုပ္ငန္းတာဝန္ေတြကို ေကာ္မတီကိုယ္စား ေဆာင္႐ြက္ဖို႔အတြက္ ကုလသမဂၢဆိုင္ရာ အထူးသံတမန္အျဖစ္ ေဒါက္တာဆာဆာကို တာဝန္ေပးပါတယ္။ သူဟာ ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲတုန္းက ခ်င္းျပည္နယ္မွာ NLD ပါတီအႏိုင္ရေရးအတြက္ ခ်င္းျပည္နယ္ေအာင္ႏိုင္ေရးေကာ္မတီမွာ ပါဝင္ခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ CRPH ရဲ႕ ႏိုင္ငံတကာဆက္ဆံေရးကိုယ္စားလွယ္အျဖစ္ အေမရိကန္ျပည္ေထာင္စု Maryland ျပည္နယ္မွာ ေနထိုင္သူ ဦးထင္လင္းေအာင္ကို ခန႔္အပ္တာဝန္ေပးပါတယ္။

ႏိုင္ငံတကာေရးရာကိစၥေတြမွာ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ သင့္ေတာ္တဲ့ ပုဂၢိဳလ္ေတြကိုလည္း ဆက္လက္တာဝန္ေပးအပ္သြားမယ္လို႔ CRPH က ဒီေန႔ ထုတ္ျပန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းဆန့်ကျင်မှု "နှစ်" ငါးလုံးသပိတ် နိုင်ငံတဝန်း ပါဝင်

ဒီနေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံတဝန်းလုံးမှာ နှစ်ငါးလုံး မြို့တွေ၊ တော၊ နယ်တွေက ပြည်သူတွေ နှစ် ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်မှာ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ် ပူတာအို၊ မြစ်ကြီးနားမြို့တွေကစလို့၊ အလယ်ပိုင်း ပခုက္ကူ၊ မကွေးကနေ တောင်ပိုင်း ထားဝယ်၊ ကော့သောင်းမြို့တွေအထိ တနိုင်ငံလုံး အနှံ့ အထွေထွေသပိတ်မှာ ပါဝင်ကြတဲ့ ဆန္ဒပြသူ လူပင်လယ်ကြီးတွေကို မြင်တွေ့ရပါတယ်။ ပုဂံ၊ ညောင်ရွှေ၊ ဖျာပုံမြို့တွေလည်း မကျန်ပါဘူး။ ရန်ကုန်မှာဆိုလည်း လုံခြုံရေးအင်အားတွေ ဖြည့်ထားပေမဲ့ ဆန္ဒပြပြည်သူတွေကို လမ်းမတွေပေါ်မှာ အပြည့်မြင်တေ့ွရပါတယ်။ လူ ၅ ယောက်ထက် ပိုမစုရလို့ မနေ့ညက လိုက်လံသတိပေးမှုတွေ ရှိခဲ့ပေမဲ့ ဒီနေ့မှာတော့ နေရာစုံကနေ ထွက်လာပြီးဆန္ဒပြခဲ့ကြပါတယ်။

"မင်းတို့ပြောတော့ မဲခိုးတယ်ဆို... ပြည်သူတွေကို ထွက်ကြည့်ပါအုံး။ မင်းတို့ပြောတော့ မဲခိုးတယ်ဆို... ပြည်သူတွေကို ထွက်ကြည့်ပါအုံး။ မင်းတို့ပြောတော့ မဲခိုးတယ်ဆို... ပြည်သူတွေကို ထွက်ကြည့်ပါအုံး။"

ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်စတဲ့ နိုင်ငံခြားသံရုံးတွေရှိရာ လမ်းတချို့ကို လုံခြုံရေးတွေက ပိတ်ထားခဲ့ပေမဲ့ ဆန္ဒပြသူတွေက အနီးဆုံးနေရာတွေ အထိ ရောက်အောင်သွားပြီး ဆန္ဒပြခဲ့ကြပါတယ်။ မြို့ထဲက လှည်းတန်း၊ မြေနီကုန်း၊ ဆူးလေစတဲ့ ဆုံရပ်နေရာတွေမှာလည်း ဆန္ဒပြသူ ထောင်သောင်းချီ စုဝေး ဟောပြော ဆန္ဒပြကြပါတယ်။ CDM မှာပါဝင်ကြတဲ့ ကဏ္ဍစုံက ဝန်ထမ်းတွေ၊ ကျောင်းသားလူငယ်တွေ၊ ရဟန်းပြည်သူတွေစတဲ့ အလွှာစုံက ဆန္ဒပြသူတွေက အာဏာသိမ်းမှုဆန့်ကျင်တဲ့ သူတို့ရဲ့ ဆန္ဒကို မကြောက် မရွံ့ ထွက်ပြီး ဖော်ထုတ်ခဲ့ကြတာပါ။ နိုင်ငံအနှံ့က ပုဂ္ဂလိကပိုင်ဘဏ်တွေ၊ Supermarket တွေ၊ ကုန်တိုက်ကြီးတွေ၊ ဈေးတွေ၊ စားသောက်ဆိုင်တွေ၊ စီးပွားရေး လုပ်ငန်းတွေ အားလုံးနီးပါး ဒီနေ့ ပိတ်ထားပါတယ်။

"တနိုင်ငံလုံး ဒီနေ့က ဆန္ဒပြတဲ့ ရက်ဆိုတော့လေ.... ကျနော်တို့ သူငယ်ချင်းတွေလည်း စစ်အာဏာရှင်အောက်မှာ မနေချင်ဘူး။ လစာအဖြတ်ခံပြီးတော့ကို ကျနော်တို့လာပြတယ်။ လစာဖြတ်ခံရတာ ဘာမှတော့ ဖြစ်မသွားဘူးလေ။ စစ်အာဏာရှင်လက်အောက်မှာ နေမယ်ဆိုရင်ကျနော်တို့ တသက်လုံး သူတို့ရဲ့ ကျွန်ဘဝနဲ့ နေရမှာလေ။ အဲဒီတော့ လစာအဖြတ်ခံပြီးတော့ သူတို့ကျွန်ခံရတဲ့ဘဝမှာတော့ မနေဘူး။ လစာပဲ အဖြတ်ခံမယ်ဆိုပြီး ကျနော်တို့သူငယ်ချင်းတွေ တိုင်ပင်ပြီး လာကြတာပါ။"

ရန်ကုန်မြို့က တချို့နေရာတွေမှာ အင်အားဖြည့်ထားတဲ့ လုံခြုံရေးတွေက ချီတက် ဆန္ဒပြသူတွေကို တားဆီးဖို့ ကြိုးစားမှုတွေရှိခဲ့ပေမဲ့ ဆန္ဒပြသူတွေက ရှောင်သွားခဲ့ကြတဲ့အတွက်၊ ထိပ်တိုက်တေ့ွမှုတွေတော့ မရှိခဲ့ပါဘူး။ နေပြည်တော်မှာလည်း CDM မှာ လှုပ်ရှားမှုမှာပါဝင်ကြတဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေ အများအပြား ချီတက်ဆန္ဒပြကြပါတယ်။ ပျဉ်းမနားမြို့မှာတော့ ဆန္ဒပြသူတွေကို လုံခြုံရေးတွေ လူစုခွဲ ဖမ်းဆီးခဲ့ပါတယ်။

"ရဲကားကနေပြီးတော့ နောက်ထပ် ၁၅ ယောက်လောက်ဆင်းလာတယ်။ ၁၅ ယောက်လောက်ဆင်းလာတော့ ကျနော်တို့ ဘာဖြစ်လဲဆိုတော့ ဒီ ကားသမားလေးကို မှန်ရိုက်ခွဲမယ်လုပ်တော့ ကားသမားက ရိုက်ခွဲမှာ ကြောက်တော့ မှန်ကို ချပေးလိုက်ပြီးတော့ အတင်းဆွဲထုတ်သွားတယ် ကားသမားကို။ အဲဒါကျနော်တို့ မြင်လိုက်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ ညီအကို လေးယောက်က ဆိုင်ကယ်ကို တက်ပြီး တန်းမောင်းပြီး ပြေးတာပဲ။"

နေပြည်တော် ပျဉ်းမနား နေရာ ၃ ခုလောက်မှာ လုံခြုံရေးတွေက ဝိုင်းပိတ်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ထိုင်သပိတ်ဆင်နွဲှမယ်ဆိုပြီးတော့ ကျနော်တို့ ဒီနားမှာ အကုန်လုံး စုရုံးကြတယ်။ စုရုံးကြတော့ နောက်ကနေ အင်အားသုံးပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ပြီးတော့ ဖြိုခွင်းတယ်။ ဖြိုခွင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း အင်အားများတယ်ပေါ့နော်။ နောက်ပြီးတော့ ဖမ်းတာ၊ ဆီးတာတွေလည်း ရှိတယ်။"

လောလောဆယ်အချိန်အထိ နေပြည်တော် ပျဉ်းမနားမှာ ဖမ်းဆီးခံရသူ ၁၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလို အခြေအနေမှာပဲ စစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် ဖိနှိပ်နေတာ ချက်ချင်း ရပ်ပါလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။

စစ်တပ်အနေနဲ့ ဖိနှိပ်မှုတွေကို ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ ဆန္ဒမဲပေးထားကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့ တောင်းဆိုတယ်လို့ Switzerland နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးပွဲမှာ ကုလအတွင်းရေးမှူးချုပ် Antonio Guterres က Video မိန့်ခွန်းထဲ ထည့်ပြောသွားတာဖြစ်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီနေ့စတင်ပြီး မတ်လ ၂၃ ရက်နေ့အထိ ဂျနီဗာမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ဆန္ဒပြပြည်သူတွေအပေါ် နှိမ်နင်းနေတာကို မရပ်ရင် EU ဥရောပသမဂ္ဂအနေနဲ့ အရေးယူ ဒဏ်ခတ်တဲ့နည်းကို နောက်ဆုံးသုံးရလိမ့်မယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်အောင် သံတမန်နည်းလမ်းအားလုံးသုံး ဆောင်ရွက်သွားမယ်။ တကယ်လို့ သံတမန်နည်းလမ်းနဲ့ လုပ်လို့မရရင်တော့ စစ်အာဏာသိမ်းထားသူတွေအပေါ် အရေးယူ၊ ဒဏ်ခတ်တဲ့နည်းကို EU ကနောက်ဆုံး သုံးရလိမ့်မယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Mass ကပြောကြားခဲ့တာပါ။ Belgium နိုင်ငံ Brussels မြို့မှာ ကျင်းပနေတဲ့ EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်စဉ်မှာ ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အိမ်နီးချင်းတရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ဒီနေ့ပြောကြားပါတယ်။

အိမ်နီးချင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက လက်ရှိအခြေအနေကို စိုးရိမ်တယ်။ သက်ဆိုင်သူအားလုံးအနေနဲ့ ဖြစ်နေတဲ့ အခြေအနေအားလုံးကို ခြုံငုံသုံးသပ်ပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက် တည်ငြိမ်ရေးအတွက် ဆောင်ရွက်ကြမယ်လို့ မျှော်လင့်တယ်။ အခြေနေတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့၊ အမြင်ကွဲနေတာတွေကို အသေအချာကိုင်တွယ်ဖြေရှင်းကြဖို့နဲ့ နိုင်ငံရေး လူမှုရေး မတည်ငြိမ်မှုတွေကို ဖွဲ့စည်းပုံနဲ့ ဥပဒေ မူဘောင်တွေ ထဲကအတိုင်း လုပ်ကြဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်ပြီး အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးကာ အာဏာသိမ်းယူထားတဲ့ အပေါ် ပြည်တွင်းက ပြည်သူအများက ဆန့်ကျင်နေကြသလို ပြည်ပနိုင်ငံတွေကလည်း သံတမန်ရေးနည်းလမ်းနဲ့ အာဏာပြန်လွှဲပေးဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ရွေးကောက်ခံ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က နိုင်ငံတကာနဲ့ ဆက်ဆံဖို့ ကိုယ်စားလှယ်တွေကို ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ကော်မတီကိုယ်စား ဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ဒေါက်တာဆာဆာကို တာဝန်ပေးပါတယ်။ သူဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်မှာ NLD ပါတီအနိုင်ရရေးအတွက် ချင်းပြည်နယ်အောင်နိုင်ရေးကော်မတီမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်အဖြစ် အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်မှာ နေထိုင်သူ ဦးထင်လင်းအောင်ကို ခန့်အပ်တာဝန်ပေးပါတယ်။

နိုင်ငံတကာရေးရာကိစ္စတွေမှာ ဆောင်ရွက်နိုင်ဖို့အတွက် သင့်တော်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဆက်လက်တာဝန်ပေးအပ်သွားမယ်လို့ CRPH က ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG