သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေရြးေကာက္ပဲြသစ္ ေထာက္ခံျခင္းမဟုတ္ အင္ဒိုျပန္ရွင္း


အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီး Retno Marsudi။ (ဓာတ္ပံု - Indonesian Ministry of Foreign Affairs)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ေရြးေကာက္ပြဲအသစ္ လုပ္မယ့္ကိစၥ အင္ဒိုနီးရွားနုိင္ငံက ေထာက္ခံတယ္ဆုိတာ မဟုတ္ပါဘူးလို႔ ဒီကေန႔မွာပဲ ျငင္းလိုက္ပါတယ္။

႐ိုက္တာသတင္းမွာ ေရးထားတာ မမွန္ဘူးလို႔ အင္ဒိုနီးရွားႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Teuku Faizasyah ကေျပာပါတယ္။ "ေရြးေကာက္ပြဲ ျပန္လုပ္မယ့္အစီအစဥ္ကို အင္ဒိုနီးရွားႏုိင္ငံအေနနဲ႔ မေထာက္ခံပါဘူး။" လို႔ ရန္ကုန္ၿမိဳ႕၊ ျမန္မာႏုိင္ငံဆိုင္ရာ အင္ဒိုနီးရွားသံ႐ံုးအျပင္ဘက္မွာ စုေဝးဆႏၵျပေနသူေတြကို သံ႐ံုးေျပာခြင့္ရတစ္ဦးက ကိုယ္တိုင္ထြက္ေျပာခဲ့တာပါ။

သံ႐ံုးေျပာခြင့္ရက အဲဒီလိုေျပာဆိုၿပီးခ်ိန္မွာ ဝုိင္းၿပီးနားေထာင္ေနတဲ့ ဆႏၵျပသူေတြက အားရဝမ္းသာ လက္ခုပ္တီး အားေပးခဲ့ၾကၿပီး ေက်းဇူးတင္စကား ျပန္ေျပာၾကပါတယ္။

အာဏာသိမ္း စစ္ေကာင္စီက ေရြးေကာက္ပဲြအသစ္ေတြ က်င္းပမယ္လုိ႔ ကတိေပးထားတဲ့အတိုင္း တည္ေအာင္လုပ္ဖို႔ အစီအစဥ္တစ္ရပ္ကို အင္ဒိုနီးရွားအစိုးရက အဆိုျပဳထားတယ္လုိ႔ သတင္းရင္းျမစ္ သံုးခုထက္္မနည္းကို ကိုးကားၿပီး ႐ိုက္တာသတင္းဌာနက အေစာပိုင္းမွာ ေရးခဲ့တာပါ။

အဲဒီသတင္း ထြက္လာၿပီးတဲ့ေနာက္ ရန္ကုန္ၿမိဳ႕က အင္ဒိုနီးရွားသံ႐ံုးေရွ႕မွာ ဒီကေန႔ ဆႏၵျပသူေတြစုေဝးၿပီး အင္ဒိုနီးရွားႏုိင္ငံကို ကန္႔ကြက္ ဆႏၵျပခဲ့ၾကၿပီးတဲ့ေနာက္ အင္ဒိုနီးရွားႏုိင္ငံဘက္က အခုလို တံု႔ျပန္ေျပာဆိုတာျဖစ္ပါတယ္။

ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ေတာ္က အင္ဒိုနီးရွားသံ႐ံုးအျပင္ဘက္မွာလည္း ဒီကေန႔ လူရာေပါင္းမ်ားစြာစုေဝးၿပီး အင္ဒိုနီးရွားႏုိင္ငံကို ကန္႔ကြက္ ဆႏၵျပခဲ့ၾကပါေသးတယ္။

ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔ (ASEAN) အေနနဲ႔ အထူးအစည္းအေဝးတရပ္ ေခၚယူက်င္းပဖို႔ အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီး Retno Marsudi က တြန္းအားေပးေနပါတယ္။

ဝန္ႀကီး Marsudi ဟာ အာဆီယံ လက္ရွိအလွည့္က်ဥကၠ႒ ဘ႐ူႏုိင္းႏုိင္ငံရဲ႕ ေစာ္ဘြား၊ စကၤာပူႏုိင္ငံျခားေရးဝန္ႀကီးတုိ႔နဲ႔ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း သီးျခားစီ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။

ဒီလိုအစည္းအေဝးမ်ဳိးေခၚယူဖို႔ ေထာက္ခဲ့တဲ့အေၾကာင္း စကၤာပူနဲ႔ မေလးရွားႏုိင္ငံေတြက ေျပာထားၾကပါတယ္။

အာဆီယံအဖြဲ႔ဟာ အဖြဲ႔ဝင္ႏုိင္ငံေတြရဲ႕ ျပည္တြင္းေရးကို ဝင္မစြက္ဘူးဆိုတဲ့မူကို ကိုင္စြဲထားသလို ကိစၥရပ္တစ္ခုအေပၚ အဖြဲ႔ဝင္ႏုိင္ငံအားလံုးရဲ႕ သေဘာတူညီခ်က္ရမွ ကိုင္တြယ္လုပ္ေဆာင္တဲ့မူလည္း ရွိထားတာမို႔ ျမန္မာ့အေရး အထူးအစည္းအေဝး ေခၚယူဖို႔ကိစၥ တကယ္တမ္းျဖစ္လာဖုိ႔ကေတာ့ မေရရာလွပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာရွေးကောက်ပွဲသစ် ထောက်ခံခြင်းမဟုတ် အင်ဒိုပြန်ရှင်း

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအသစ် လုပ်မယ့်ကိစ္စ အင်ဒိုနီးရှားနိုင်ငံက ထောက်ခံတယ်ဆိုတာ မဟုတ်ပါဘူးလို့ ဒီကနေ့မှာပဲ ငြင်းလိုက်ပါတယ်။

"ရိုက်တာသတင်းမှာ ရေးထားတာ မမှန်ဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရ Teuku Faizasyah ကပြောပါတယ်။ ရွေးကောက်ပွဲ ပြန်လုပ်မယ့်အစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မထောက်ခံပါဘူး။" လို့ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးအပြင်ဘက်မှာ စုဝေးဆန္ဒပြနေသူတွေကို သံရုံးပြောခွင့်ရတစ်ဦးက ကိုယ်တိုင်ထွက်ပြောခဲ့တာပါ။

သံရုံးပြောခွင့်ရက အဲဒီလိုပြောဆိုပြီးချိန်မှာ ဝိုင်းပြီးနားထောင်နေတဲ့ ဆန္ဒပြသူတွေက အားရဝမ်းသာ လက်ခုပ်တီး အားပေးခဲ့ကြပြီး ကျေးဇူးတင်စကား ပြန်ပြောကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲအသစ်တွေ ကျင်းပမယ်လို့ ကတိပေးထားတဲ့အတိုင်း တည်အောင်လုပ်ဖို့ အစီအစဉ်တစ်ရပ်ကို အင်ဒိုနီးရှားအစိုးရက အဆိုပြုထားတယ်လို့ သတင်းရင်းမြစ် သုံးခုထက်မနည်းကို ကိုးကားပြီး ရိုက်တာသတင်းဌာနက အစောပိုင်းမှာ ရေးခဲ့တာပါ။

အဲဒီသတင်း ထွက်လာပြီးတဲ့နောက် ရန်ကုန်မြို့က အင်ဒိုနီးရှားသံရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြသူတွေစုဝေးပြီး အင်ဒိုနီးရှားနိုင်ငံကို ကန့်ကွက် ဆန္ဒပြခဲ့ကြပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံဘက်က အခုလို တုံ့ပြန်ပြောဆိုတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အင်ဒိုနီးရှားသံရုံးအပြင်ဘက်မှာလည်း ဒီကနေ့ လူရာပေါင်းများစွာစုဝေးပြီး အင်ဒိုနီးရှားနိုင်ငံကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါသေးတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အနေနဲ့ အထူးအစည်းအဝေးတရပ် ခေါ်ယူကျင်းပဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က တွန်းအားပေးနေပါတယ်။

ဝန်ကြီး Marsudi ဟာ အာဆီယံ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ စော်ဘွား၊ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီလိုအစည်းအဝေးမျိုးခေါ်ယူဖို့ ထောက်ခဲ့တဲ့အကြောင်း စင်္ကာပူနဲ့ မလေးရှားနိုင်ငံတွေက ပြောထားကြပါတယ်။

အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဘူးဆိုတဲ့မူကို ကိုင်စွဲထားသလို ကိစ္စရပ်တစ်ခုအပေါ် အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်ရမှ ကိုင်တွယ်လုပ်ဆောင်တဲ့မူလည်း ရှိထားတာမို့ မြန်မာ့အရေး အထူးအစည်းအဝေး ခေါ်ယူဖို့ကိစ္စ တကယ်တမ်းဖြစ်လာဖို့ကတော့ မရေရာလှပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG